Kyaw Swar Myint added 2 new photos — with Ko Nyo and 11 others.
ပြည်သူတွေမသိသေးတဲ့ သူတို.လက်တွေ.ဘ၀များ
=================================
မနေ့က Park Royal မှာ လုပ်တဲ့ ရွှေအသင်းနှစ်ပတ်လည်မှာ သတင်းထောက်
တွေကို မတ်တပ်ရပ်စောင့်နေတုန်း Duty ကျတဲ့ ရဲတွေက ညည်းနေတာ နားစွင့်
မိတယ်။သူတို့ပြောနေတာက ''ဘယ်အချိန်ထိ စောင့်ရမလည်း မသိဘူးတဲ့။ အပြန်
လမ်းစရိတ် မရှိဘူးကွာ'' တဲ့။ တစ်ယောက်က အားပေးတယ်။ မုန့်ဖိုးရချင်ရမှာပါတဲ့။
အင်း မရရင် ဘယ်လိုပြန်ရမလည်းဆိုတော့။ အားပေးနေတဲ့ တစ်ယောက်က ပါးစပ်
ပိတ်သွားတယ်။ ဘေးနားကို ရောက်လာလို့ ကြည့်မိတော့ ရိုးရိုးတပ်သားတွေ။

အဲ့ဒါနဲ့ ဖိတ်စာထဲမှာပါတဲ့ အချိန်က ည ၉ ခွဲအထိလို့ ပြောလိုက်တော့။ တစ်ယောက်
က အင်း ဒီညလည်း အိမ်မပြန်ဖြစ်လောက်ပါဘူး ညည်းတယ်။ခဏနေတော့
တပ်သားတစ်ယောက်က ရေသန့်ဘူးအလွတ်လေး ကိုင်လာပြီး ညီလေး ဟိုတယ်ထဲမှာ ရေတောင်းလို့ရလားတဲ့။မရလောက်ဘူး ခင်ဗျ။ Water Cooler
တောင် မတွေ့ဘူး ပြန်ပြောတော့စိတ်ပျက်လက်ပျက်နဲ့ ပန်းခြုံထဲ ရေသန့်ဘူး အလွတ်လေးထိုးထည့်ပြီးအေးပေါ့ ဟိုတယ်ကြီးပဲ ရေသန့်ဘူးပဲ ထားမှာပေါ့တဲ့။

စိတ်ထဲမှာ နင့်ခနဲ ဖြစ်မိသွားတယ်။
သူက ဆက်ပြောတယ်။ အိုဘားမားလာတုန်းက တစ်ပတ်တိတိ နေ့ရောညရော တပ်သားနှစ်ယောက်ပဲ ချပေးတယ်တဲ့။ တစ်ယောက်တစ်လှည့် မတ်တပ်ရပ်
စောင့်ရ၊ ရေမချိုးရ အစားကောင်းကောင်းမစားရ ရေမသောက်ရနဲ့ ခွေတောင်
လဲချင်တာ မနည်းထိန်းထားရတယ်တဲ့။ ကျွန်တော့်မျက်စိထဲ U 19 တုန်းက
သုဝဏ္ဍကွင်းဘေးက တပ်သားတွေ တပ်ကြပ်တွေ ထမင်းစားနေတဲ့ ထမင်းထုပ်
လေးကို မြင်မိတယ်။

သူ့မှာ ကလေးနှစ်ယောက်ရှိကြောင်း မိန်းမက အခု ကိုယ်ဝန်နဲ့ဖြစ်ကြောင်း တစ်ရစ်ရဘူးကြောင်း ပြသနာဖြစ်လို့ ပြုတ်သွားကြောင်း လက်ရှိလစာနဲ့
အဆင်မပြေကြောင်း ညည်းနေတော့စိတ်ထဲမှာ ပိုနင့်သွားတယ်။ပွဲက စတော့
မယ်။ ကျွန်တော်လည်း အထဲဝင်တော့မယ်။ အဲ့ဒီအချိန် ဟိုတယ်ထဲ ဝင်လာတဲ့
ကားက အဲ့ဒီရဲကို ကားဘယ်မှာ ရပ်ရမလည်းဆိုပြီး အထက်စီးလေသံနဲ့ မေးတော့ ကားပါကင်အောက်မှာ ရှိပါတယ် ခင်ဗျ လို ပြာပြာသလည်း ပြန်ဖြေတယ်။ ရဲတစ်ယောက်က ဟေ့ကောင် မင်းဂျူတီက အပြင်မှာ အထုခံနေရမယ်။ ဟိုတယ်
ထဲ ကိစ္စသူ့ဘာသာ လုပ်လိမ့်မယ်ဆိုတော့ ရဲတပ်သားက ရယ်ကျဲကျဲနဲ့ May I Help You လေကွာတဲ့ရင်ထဲမကောင်းတာနဲ့ လမ်းတစ်ဖက်မှာ မြင်နေရတဲ့ ဆိုင်လေးကို လမ်းကူးသွားပြီး ရေသန့်ဘူးဝယ်တော့ နှစ်ဘူးပဲ ရှိတယ်။

ရှိတဲ့ နှစ်ဘူးကိုင်လာပြီး Park Royal ရှေ့ပြန်လာချိန်မှာ ထောင့်နားက ရဲတပ်သား
လေးက ရေဆာငတ်မွတ်နေတဲ့ အကြည့်နဲ့ ရေဘူးနှစ်ဘူးကို လှမ်းကြည့်နေတော့ လှမ်းလက်စခြေလှမ်းတောင် တန့်သွားတယ်။ခုနက ရဲတပ်သားဆီပြန်သွားပြီး
ရေသန့် ၂ ဘူးပေးပြီး လှည့်ကြည့်တော့ ရဲတချို့ရဲ့ မျက်နှာတွေက ပျော်သွားသလိုပဲ။
သြော်ဒီရဲ ၅ ယောက်လောက်မှာ ရေတစ်ဘူးဖိုး ၃၀၀ တောင် မသုံးနိုင်ပါ့လား။

အဲ့ဒါနဲ့ အိတ်ထဲပါလာတဲ့ ကော်ဖီမစ်ထုပ် ၃၀ ပါတဲ့ အထုပ်ကို ထုတ်ပြီး အကိုတို့
သောက်လိုက်ပါဆိုပြီး ထပ်ပေးလိုက်တယ်။ ဟိုတယ်ထဲ ဝင်တဲ့ ကျွန်တော့်အတွေး
ထဲမှာ မိတ်ဆွေရဲမှူးတစ်ယောက်ပြောတဲ့ သုဝဏ္ဍကွင်းမှာ ရဲတွေထမင်းစားနေတဲ့
ပုံကို တင်တဲ့သူ အရေးယူဖို့ စုံစမ်းနေတယ်။ သူတို့လည်း လိုအပ်ချက်ဖြည့်မပေးဘူး။
အရေးကျ ယူချင်တယ်။ ဒီလိုမျိုးတွေဖြစ်နေတာ အထက်က လူကြီးတွေ သိဖို့လိုတယ်
ဆိုတဲ့ ပြောသံကို ပြန်တွေးနေမိတယ်။

ခဏနေတော့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေက သိန်းထောင်ကျော်တန်
ကားကြီးနဲ့ ဝင်လာတယ်။ ပြီးရင် သူက Park Royal မှာ သီးသန့်ခန်းမှာ စိမ်ပြေနပြေ
ထိုင်ဦးမယ်။ သူမပြန်မချင်း ထိုင်စောင့်ရမဲ့ ရေသန့်ဗူးဖိုး ၃၀၀ တောင် မသုံးနိုင်တဲ့
ရဲတပ်သားတွေ ၂၂ ရက်ညက အိမ်တောင် ပြန်ဖြစ်ကြရဲ့လားလို့ပဲ တွေးမိလိုက်တယ်။

သတင်းဆောင်းပါး -ဖြိုးဝေဝင်း
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။