Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, November 22, 2014

အိမ်


အိမ်
===

တစ်ည .... ရီဝေဝေနဲ့ သူအိမ်ပြန်ရောက်လာခဲ့တယ်။ တံခါးဖွင့်အိမ်ထဲဝင်ပြီး မီးဖွင့်ရင်း မိန်းမဖြစ်သူကိုသူလှမ်းအော်တယ်။
ပြန်ထူးသံ မကြားရဘူး။

ခေါင်းငုံ့ဖိနပ်ချွတ်တော့ ဖိနပ်စင်ပေါ်တင်ထားတဲ့ စာရွက်တစ်ရွက်ကို သူတွေ့လိုက်တယ်။
ကောက်ယူကြည့်တော့ လင်မယားကွာရှင်းစာချုပ်ဖြစ်နေတယ်။ သူတစ်ချက် တွေဝေသွားတယ်။

သူမ တကယ်လုပ်လိမ့်မယ်လို့ သူထင်မထားခဲ့ဘူး။အရင်တုန်းကလည်း သူတို့ဒီလိုပဲရန်ဖြစ်နေကျ၊ သူ့ကို သူမစိတ်ဆိုးပြီး စကားမပြောတာ ဒါမှမဟုတ် မိဘအိမ်ခဏ ပြန်တာလောက်ပဲရှိခဲ့တယ်။ နောက်တော့လည်း အလိုအလျောက် ပြန်ကောင်းသွားတာပါပဲ။

ဒါပေမယ့် ဒီတစ်ခေါက်မှာတော့ သူမ တကယ်လုပ်လိုက်မှန်း သိသာနေတယ်။
သမီးလေးအတွက် အုပ်ထိန်းသူ အစည်းအဝေးသွားဖို့ သူ မအားဘူး၊ အချိန်မရှိဘူးလို့ ပြောလိုက်တာနဲ့ သူမ စိတ်တိုပြီး "ရှင်တစ်နေကုန် တစ်နေခန်း နေဝင်နေထွက် အလုပ်တွေများနေလိုက်တာ ကျွန်မနဲ့သမီးလေး၊ နောက်ပြီး ဒီအိမ်ကိုရော ရှင်စိတ်ထဲမှာ ထည့်ထားရဲ့လား? ဒီလိုဘဝမျိုး ကျွန်မ မလိုချင်တော့ဘူး။ ကျွန်မတို့ ကွာရှင်းမယ်" လို့ ပြောတော့ ဒါတွေဟာ ဘာမှမဖြစ်လောက်တဲ့အရာတွေ၊ ဘယ်အရာကမှာ အလုပ်လောက် အရေးမကြီးဘူး။ အလုပ်ကို အလေးထားတာဟာ ဒီမိသားစု၊ ဒီအိမ်ကို အလေးထားတာပဲလို့
သူထင်ထားခဲ့တယ်။

သူ့လုပ်ရပ်တွေမမှားဘူးလို့ သူထင်ခဲ့တယ်။ အခုတော့ ဟာလာဟင်းလင်း ဒီအိမ်ကြီးထဲမှာ သူရပ်နေခဲ့တယ်။ မိန်းမ မရှိတော့တဲ့အိမ်ကို အိမ်လို့တင်စားလို့မရတော့မှန်း အခုမှ သူခံစားမိတယ်။

သူ့ရဲ့အောင်မြင်မှုကို အတူမျှဝေမယ့်မိန်းမ,မရှိတော့ အောင်မြင်မှုတွေက
အဓိပ္ပာယ်မဲ့သွားတယ်လို့ သူထင်နေမိတယ်။

နောက်တစ်နေ့မှာ သူ့မိဘအိမ် သူပြန်ခဲ့တယ်။ မိဘတွေက သူ့ကိုတွေ့တော့ တအံ့တသြနဲ့မေးတယ်။

"သား ဒီလောက်အလုပ်များတာတောင် အိမ်ပြန်လာချိန်ရှိသေးတယ်လား သား? တစ်ခုခုဖြစ်လာခဲ့သလား? ကလေးအမေနဲ့ ရန်ဖြစ်လာကြတာလား?"ဆက်တိုက်မေးတဲ့မေးခွန်းတွေကြားမှာ သူ့မျက်နှာထူပူသွားမိတယ်။

ဒါဟာလည်း မိဘအိမ်ဆီ သူပြန်ချိန် နည်းခဲ့တဲ့အတွက်ကြောင့်ဖြစ်မယ်။သူ အိမ်ပြန်လာတာကို မိဘတွေက ဝမ်းသာကြတယ်။ အိမ်ပြန်လာတဲ့ သားအတွက် အဖေဖြစ်သူက ဟင်းထွက်ဝယ်တယ်။ အမေက သူနဲ့စကားစမြည်းပြောရင်း ကျန်ရစ်ခဲ့တယ်။ အမေက သူစားဖို့ မြေပဲဆံလှော်တွေထုတ်လာတယ်။

ထိုင်ပြီး သိပ်မကြာသေးခင် အမေ့အိမ်ကဖုန်း မြည်လာတယ်။ အဖေ့အသံကို ဖုန်းထဲကနေ သူကြားနေရတယ်။

"မိန်းမရေ... နင့်အတွက် ဂန္ဓာမာပျားရည် ငါဖျော်ပြီး ပြတင်းပေါက်ဘောင်ပေါ် တင်ထားခဲ့တယ်။ အခုသောက်ရင် အနေတော်ပဲ။ မအေးခင် သောက်လိုက်ဦးနော်"အဖေဖုန်းချတော့ အမေက ဖျော်ရည်ကိုယူပြီး တစ်ငုံသောက်လိုက်တယ်။

ဖုန်း မြည်လာပြန်တယ်။ အဖေ့ဆီက ဖုန်းဖြစ်တယ်။"မေကြီး.. ငါတို့ ရေဖိုးဆောင်ရတော့မယ်ထင်တယ်။ ကြည့်လိုက်ဦး.. ငါ စာရွက်ယူခဲ့ဖို့ မေ့သွားလို့။ စာရွက်နံပါတ် ငါကို ရွတ်ပေးကြည့်ပါဦး။ လမ်းကြုံလို့ ငါရေဖိုးဆောင်ခဲ့မယ်"ဖုန်းချပြီး အပြုံးမျက်နှာနဲ့ အမေကရေရွတ်တယ်။

"သားရဲ့ဖေဖေကလေ အလုပ်အရမ်းများတဲ့လူ.... အပြင်ခဏလေး ထွက်တာတောင် အိမ်ကို ဖုန်းဆယ်ခေါက်လောက်ခေါ်တတ်တယ်။ သူ့လခတွေက ဆက်သွယ်ရေးဌာနအတွက် လှူထားသလား မှတ်ရတယ်"အမေပြောနေတုန်းမှာပဲ အဖေ့ဆီက ဖုန်းဝင်လာပြန်တယ်။

အဖေ့အသံက ဝမ်းသာအားရပဲ....
"မေကြီးရေ.... နင် ငါးကြင်းတွေကြိုက်တယ် မဟုတ်လား? ဒီနေ့ ဈေးထဲမှာ ငါးကြင်းလတ်လတ်ဆတ်ဆတ်တွေဟေ့... ငါဝယ်ပြန်ပြီး နင့်ကိုချက်ကျွေးဦးမယ်"

အချိန်မိနစ်၂ဝအတွင်းမှာ အဖေ့ဆီက ဖုန်းတွေ အဆက်မပြတ်ဝင်လာခဲ့တယ်။ အဖေ့ဖုန်းကြောင့် အမေ စိတ်မရှည်ဟန်မပြခဲ့ဘူး။ အမေက သူနဲ့ စကားစမြည်းပြောနေတယ်
ဆိုပေမယ့် တကယ်တော့ အဖေနဲ့ပြောနေတာပါပဲ။

နောက်ဆုံး သူ မအောင့်နိုင်ဘဲ မကျေမနပ်ပြောမိတယ်။

"ဖေဖေက ဘာဖြစ်လို့ ကြာလာလေ လေးနက်မှုမရှိလာလေပါလား မေမေ... တကယ်ဆို တချို့ဖုန်းကဆက်စရာတောင် မလိုပါဘူး။ အိမ်ရောက်မှပြောလဲ ရရက်သားနဲ့"သူ့စကားကို အမေက အရယ်နဲ့ပြောပြတယ်။

"မဟုတ်သေးဘူး သား... သားဖေဖေရဲ့ လေးနက်တဲ့စိတ်ကို သားဘယ်နားလည်လိမ့်မလဲ! သားဖေဖေက သူ့စိတ်ကို အိမ်မှာပဲထားခဲ့လို့၊ အိမ်ကိုပဲ စိတ်ရောက်နေလို့ ဖုန်းတွေဆက်ဆက်နေတာပေါ့။ လူက အပြင်ရောက်နေတယ်ဆိုပေမယ့် စိတ်ကို အိမ်မှာထားခဲ့လို့၊ အိမ်မှာ ဘာကိစ္စထွေထွေထူးထူးမှ မရှိဘူးဆိုပေမယ့် သူက အိမ်ကိုပဲအောက်မေ့နေလို့ပါ။ လိုတဲ့ငွေကို အိမ်ကနေယူရင် ရပြီလို့မထင်လိုက်နဲ့... အိမ်က ငွေထားတဲ့နေရာ မဟုတ်ဘူး သား။ စိတ်နှလုံးထားတဲ့နေရာပါ။ စိတ်နှလုံးကို အိမ်မှာထားမှ ချစ်ခြင်းမေတ္တာနဲ့ ပျော်ရွှင်ခြင်းတွေက အိမ်မှာမြဲမှာပါ။ နားလည်လား.. သား!"

အမေရဲ့လေးနက်ကြင်နာတဲ့ မျက်ဝန်းအောက်မှာ သူရုတ်တရက် လန့်နှိုးလာခဲ့တယ်။ အလုပ်များတဲ့အချိန် အိမ်ကို သူဖုန်းမဆက်ခဲ့ဖူးကြောင်းကို သူသတိရလာမိတယ်။

သူ မဆက်တဲ့အပြင် သူမ ဆက်လာတဲ့ဖုန်းကိုလည်း သူ အလျင်စလို ချပစ်လိုက်တတ်တယ်။ အထက်လူကြီး၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ သူပျော်ပါးစားသောက်ချိန် အိမ်မှာရှိတဲ့ မီးတစ်ဆောင်က သူအိမ်ပြန်မရောက်မချင်း ညနက်သန်းခေါင်အထိ လင်းထိန်နေတတ်ကြောင်းကို သူသတိရလာမိတယ်။

မိန်းမရဲ့ အထီးကျန်တဲ့ခံစားချက်၊ သူ့ကိုစောင့်မျှော်နေတဲ့ ခံစားချက်ကို သူတစ်ခါမှ မတွေးခဲ့မိဘူး။ အသက်(၆)နှစ်ရှိပြီဖြစ်တဲ့ သမီးလေးက တိရစ္ဆာန်ဥယျာဉ်လိုက်ပို့ဖို့၊ ကစားကွင်းလိုက်ပို့ဖို့ သူ့ကို အထပ်ထပ်တောင်းဆိုခဲ့ပေမယ့် ကတိသာပေးပြီး ကတိမတည်မိခဲ့တာကို သူသတိရလာမိတယ်။

ဒါတွေဟာ သူတကယ်အလုပ်များခဲ့လို့ပဲလား? ဒါမှမဟုတ် သူ့စိတ်နှလုံးကို အိမ်မှာ မထားခဲ့မိလို့လား?

အဲဒီနေ့ ညနေက သူမအိမ်သွားပြီး သူမကို သူသွားခေါ်ခဲ့တယ်။ သူမ မပြန်နိုင်ဘူးလို့ဆိုတော့
သူ အလောတကြီး သူမကို ဖြေရှင်းချက်ပေးတယ်။

"မောင် အရင်လို မလုပ်တော့ပါဘူး။ အရင်လို ခင့်ကို လျစ်လျူရှုမထားတော့ပါဘူး။ အိမ်ကိုလည်း လျစ်လျူရှုမထားတော့ပါဘူး။ ခင့်ကို ငွေတွေပုံအပ်ပေးပြီး လိုအပ်တဲ့ငွေကို
အိမ်မှာပြန်ယူရရင် ပျော်ရွှင်ပြီးလို့ မောင်ထင်ထားခဲ့မိတယ်။ တော်ပါသေးတယ်... "အချစ်"ကို မောင်ပျောက်ဆုံးစေတော့မလို့.. နောက်ဆိုရင် မောင့်စိတ်၊ မောင့်နှလုံးသားကို အိမ်မှာထားပါမယ်။ အိမ်ကို နှလုံးသားမှာထားပါမယ်။
မောင်နဲ့ ပြန်လိုက်ခဲ့ပါနော်"

သူ့စကားကို သူမ ပြန်မဖြေခဲ့ဘူး။
သူ့ရင်ခွင်ဆီကိုပဲ သူမ ဖြေးဖြေးသာသာလှမ်းဝင်ပြီး ပွေ့ဖက်ငိုချလိုက်တော့တယ်။

အိမ်ဆိုတာ နှလုံးသားထားတဲ့နေရာပါ။ ချစ်ခြင်းမေတ္တာတွေ ဖြည့်တင်းတဲ့နေရာပါ။ အလုပ်များတယ်ဆိုတာ ဆင်ခြေတစ်ခု မဟုတ်ပါဘူး။ အိမ်မှာ နှလုံးသားရှိတယ်၊ အချစ်ရှိတယ်၊ အောက်မေ့တမ်းတမှုတွေရှိတယ်ဆိုရင်ပျော်ရွှင်ခြင်းတွေ အဆုံးမရှိ ပိုပိုတိုးလာမှာဖြစ်ပါတယ်။

Credit :::::: Nine Nine Sanay @ နိုင်းနိုင်းစနေ
 ဂျုံးစ်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။