Ko Nyo added 6 new photos to the albumမြန်မာ့အရေးနော်ဝေးမီဒီယာတွေစပြောနေပြီ..။
နော်ဝေးက မြန်မာအာဏာရှင်ဟောင်းတွေကို အပြုသဘောနဲ့ချည်းကပ်ပြီး ၂ပြည်ထောင် ရွှေလမ်းငွေလမ်းဖောက်ဖို့ ကျိုးစားနေစဉ်ကစလို့ ( ၂၀၁၀ခုနှစ်နောက်ပိုင်း) မြန်မာ့နိုင်ငံရေးပဋိပက္ခတွေနဲ့ လူ့အခွင့်အရေးသတင်းတွေကို နော်ဝေး သတင်းမီဒီယာတွေမှာ သိပ်မဖော်ပြတော့ဘူး။ အရင်က တိုင်းရင်းသားနယ်မြေကသတင်းတွေ၊ ဒေါ်အောင်ဆန်းစုကြည်လှုပ်ရှားမှု၊ ဒီမိုအတိုက်အခံလှုပ်ရှားမှု၊ စစ်ပွဲနဲ့ ပဋိပက္ခ၊ ဒုက္ခသည်အရေးအရာ တွေကို အနည်းဆုံး တပတ်တခါတော့ သတင်းစာ၊ တီဗွီ၊ ရေဒီယိုတွေမှာမြင်ကြားနေကြ။
သမတဦးသိန်းစိန် အရပ်သားအစိုးရတက်လာတော့ အကြွေးလျှော်၊ ငွေချေး၊ ရင်းနှီးမြှုတ်နှံ၊ သံတမန်ဆက်သွယ်လုပ်လာတော့ အစိုးရနဲ့ ကြည်ဖြူအောင်၊ ဂရုတစိုက်ဆက်ဆံတယ်။ နောက်ပိုင်းတော့ ယခင်ခေါ်နေကျ ဘားမားကိုတောင် မြန်မာလို့ သုံးသွားပြီ။ ဒီမိုအတိုက်အခံသတင်းဆို သတိပြု ရှောင်ရှားသုံးတဲ့အထိ စိမ်းကားသွားတယ်။
ဒါပေမယ့် နော်ဝေးအစိုးရလိမ္မာပါးနပ်သလို မြန်မာအစိုးရက မနပ်ဘူး။ နိုင်ငံတကာက တံခါးဖွင့်ပေးလို့ နည်းနည်းလေး လူရာဝင်လာတာနဲ့ ဇာတိရုပ်က ပြန်ပေါ်လာတယ်။ လူ့အခွင့်ချိုးဖောက်လာတယ်၊ မီဒီယာသမားတွေကို အရေးယူလာတယ်၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် ကျေးဇူးကန်းလာတယ်၊ ကိုယ့်ကိုယ်ကို အဟုတ်ထင် မာန်တက်လာတယ်။သူ့ကို နိုင်ငံတကာက မသင်္ကာစောင့်ကြည့်အဆင့်သာရှိနေတယ်ဆိုတာကို သတိမထားမိဘူး။အာဏာရှင်ဟောင်းတွေ ဆက်ဆံရေးညံ့၊ သွေးနားထင်ရောက်နေပုံက...။
လွန်ခဲ့တဲ့ အောက်တိုဘာလဆန်းပိုင်းက အလွတ်သတင်းထောက် ကိုပါကြီးကို ရက်ရက်စက်စက် ညှင်းပမ်းသတ်ဖြတ်လိုက်တဲ့အခါ မြန်မာ့လူ့အခွင့်အရေးချိုးဖောက်မှုသတင်းက သူတို့ကို စောင့်ကြည့်လေ့လာနေတဲ့ နိုင်ငံတကာအစိုးရတွေအပေါ် နှာခေါင်းရှုံ့စေခဲ့တယ်။
နော်ဝေးမှာနေတဲ့ မြန်မာ့ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေက ကိုပါကြီး သတင်းကို နော်ဝေးမီဒီယာတွေမှာ မဖော်ပြပဲထိန်ချန်နေတာကို မကြေမနပ်ဖြစ်ကြတယ်။ ဒါကြောင့် လူ၄၀ကျော်လောက်က လက်မှတ်ထိုးပြီး နော်ဝေးမီဒီယာတွေ၊ ၀န်ကြီးချုပ်ရုံးနဲ့ အန်ဂျီအိုအဖွဲ့တွေသာမက နော်ဝေးဘုရင်ကြီးကိုပါ အိပ်ဖွင့်ပေးစာပေးပြီး မြန်မာ့ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအပေါ် မျက်နှာလွှဲဖို့မသင့်ကြောင်းလွန်ခဲ့တဲ့ အောက်တိုဘာ ၂၈ရက်နေ့က တင်ပြခဲ့တယ်။
နောက်၂ရက်အကြာ နော်ဝေးသတင်းစာတချို့မှာ ကိုပါကြီး လုပ်ကြံခံရတဲ့သတင်း၊ မန္တလေးဆန္ဒပြမှု ကိုဖော်ပြခဲ့တယ်။ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှုပ်ရှားမှုသတင်းတွေကိုပါ ပြန်တင်လာတယ်။
နောက်၂ရက်အကြာ နော်ဝေးသတင်းစာတချို့မှာ ကိုပါကြီး လုပ်ကြံခံရတဲ့သတင်း၊ မန္တလေးဆန္ဒပြမှု ကိုဖော်ပြခဲ့တယ်။ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှုပ်ရှားမှုသတင်းတွေကိုပါ ပြန်တင်လာတယ်။
မနေ့က နော်ဝေးအခြေစိုက် NRK -TV သတင်းမှာတော့ လာမယ့် ဒီဇင်ဘာ(၁)ရက်မှ(၃)ရက်နေ့အထိ နော်ဝေးဘုရင် ဟာဒါးလ် နှင့်မိဘုရား ဆွန်ဂျား မြန်မာပြည်ကို (၃)ရက်ကြာသွားရောက်လည်ပတ်မှာနဲ့ပတ်သက်ပြီး နော်ဝေးအခြေစိုက်မြန်မာတွေရဲ့ သဘောထားကိုပါ အင်တာဗျူးလုပ် လာတယ်။
ကိုမြင့်အေး ( ၈၈ကျောင်းသားဟောင်း) က နော်ဝေးဘုရင်အနေနဲ့ မြန်မာအစိုးရခေါင်းဆောင်တွေနဲ့ တွေ့ရင် မြန်မာ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရပ်တန့်ပေးဘို့ မေတ္တာရပ်ခံသင့်ကြောင်း တိုက်တွန်းခဲ့တယ်။ပြီးတော့ ဒီကနေ့ မြန်မာအစိုးရဟာ လူ့အခွင့်ချိုးဖောက်မှု၊ ဥပဒေမဲ့ ဖမ်းဆီးမှုတွေ ရှိနေတဲ့အကြောင်း ထောက်ပြပြီး အရင်က မြန်မာ့ဒီမိုကရေစီအရေးတစိုက်မတ်မတ် အားပေးခဲ့တဲ့ နော်ဝေးနိုင်ငံဟာဒီကနေ့ မြန်မာနဲ့ စီးပွားရေးအရဆက်ဆံဖို့တခုထဲသာ အာရုံမစိုက်ဘို့ ပြောခဲ့တယ်။
နော်ဝေးဘုရင်နဲ့မိဘုရား မြန်မာပြည်ကိုမကြာခင် ရက်သတ္တပတ် ၂ပတ်အတွင်းသွားလည်တော့မှာပါ။အစိုးရအဖွဲ့ထဲက နိုင်ငံခြားရေးဝန်ကြီး ဘိုဂဲဘရန်ဒဲ၊ စက်မှုဝန်ကြီး မိုနီကာမဲလဲန်းတို့လည်း လိုက်ပါသွားမှာဖြစ်တယ်။ လတ်တလောမြန်မာနိုင်ငံမှာ အခြေစိုက်ရင်းနှီးလုပ်ကိုင်နေတဲ့တယ်လီနော်ကုမ္မဏီရဲ့ စီအီးအို ဂျွန်ဖရယ်ဘက်ခ်ဆား ကလည်း နော်ဝေးနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအဖွဲ့ကို ဦးဆောင်ခေါ်သွားမှာဖြစ်ပါတယ်။
နော်ဝေးရောက်မြန်မာ့နိုင်ငံရေးလှုပ်ရှားသူတွေ၊တိုင်းရင်းသားညီနောင်တွေ စုစည်းပြီး နော်ဝေးဘုရင်မြန်မာပြည်မသွားခင် တစုံတရာလှုပ်ရှားဆောင်ရွက်ဖို့ အစီအစဉ်တွေလည်း ရှိနေကြတယ်။
နော်ဝေးရောက်မြန်မာ့နိုင်ငံရေးလှုပ်ရှားသူတွေ၊တိုင်းရင်းသားညီနောင်တွေ စုစည်းပြီး နော်ဝေးဘုရင်မြန်မာပြည်မသွားခင် တစုံတရာလှုပ်ရှားဆောင်ရွက်ဖို့ အစီအစဉ်တွေလည်း ရှိနေကြတယ်။
လောလောဆယ် မြန်မာနိုင်ငံထဲကပညာရေးစနစ်ကို ကန့်ကွက်ရှုံ့ချသပိတ်မှောက်နေကြတဲ့ ကျောင်းသားလှုပ်ရှားမှုကိုထောက်ခံတဲ့ အစီအစဉ်တွေ လုပ်နေကြတယ်။ နော်ဝေးအစိုးရနဲ့ ကျောင်းသားသမဂ္ဂအဖွဲ့တွေကတဆင့် မြန်မာကျောင်းသားတွေအပေါ် မြန်မာအာဏာပိုင်တွေ အကြမ်းဖက်မကိုင်တွယ်ပဲ ဆွေးနွေးညှိနှိုင်းလာအောင် ဖိအားပေး ပြောဆိုဖို့၊ မြန်မာ့နိုင်ငံရေးပဋိပက္ခတွေကို သေချာစောင့်ကြည့်လေ့လာဖို့ မေတ္တာရပ်ခံစာပေးပို့နေတယ်လို့ သိရတယ်။
သေချာတာကတော့ နော်ဝေးအစိုးရဟာ မြန်မာ့အရေးအပေါ် ပြန်လည်သုံးသပ်နေပြီ..။
ပြည်တွင်းမှာ အခြေစိုက်လှုပ်ရှားနေတဲ့ နော်ဝေးအန်ဂျီအိုတွေ၊ အဖွဲ့အစည်းတွေကလည်း ထင်သလောက် တိုးတက်မလာတဲ့ နိုင်ငံရေးအနေအထားတွေကို စိတ်မရှည်တဲ့အကြောင်း သတင်းစာရှင်းပွဲနဲ့ စီမီနာတွေမှာ ပြောလာပြီ။
မြန်မာငြိမ်းချမ်းရေးစင်တာ အမ်ပီစီ ရဲ့ လှုပ်ရှားမှုအပေါ် ပြန်လည်သုံးသပ်နေတယ်။
မြန်မာပိစ်စင်တာကို နော်ဝေးအစိုးရကအဓိကထောက်ပံ့နေတာဖြစ်တယ်။
နော်ဝေးအခြေစိုက် မြန်မာ့နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေက ဒီကိစ္စတွေကို ပြန်လည် လေ့လာသုံးသပ်ပြီး တစုံ
တရာအရေးယူမှုတွေပြုလုပ်ဖို့ အစီအစဉ်တွေရှိနေကြတယ်။

သေချာတာကတော့ မြန်မာအစိုးရ ဒီအတိုင်းဆက်သွားရင် မချောင်ဘူး။ နိုင်ငံရေး နဲ့ ဘဏ္ဍာရေး ဘေးကြပ်နံကြပ်တွေ ထပ်တွေ့လိမ့်မယ်။
ကိုညို( အော်စလို)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။