Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, November 24, 2014

( အဆိုတော်မွန်းအောင်နဲ့ အင်တာဗျူး)


သီချင်းဆိုပြဘို့ကလွဲလို့ ဘာတခုမှမျော်လင့်မထားခဲ့ဘူး။

( အဆိုတော်မွန်းအောင်နဲ့ အင်တာဗျူး)

၁၉၈၈ကတည်းကတောခိုခဲ့ပြီး ထိုင်းမြန်မာ နယ်စပ်တော်လှန်ရေးနယ်မြေမှာ ၅နှစ်ကျော်နေထိုင်လှုပ်ရှားခဲ့တဲ့ 
အဆိုတော်မွန်းအောင်ဟာ ၁၉၉၃ မှာနော်ဝေးနိုင်ငံအခြေစိုက် DVB ရေဒီယိုမှာ ၃နှစ်ကြာအမှုထမ်းခဲ့တယ်။ 
၂၁နှစ်ကြာနော်ဝေးနိုင်ငံမှာ နေထိုင်ပြီး နိုင်ငံသားခံယူထားပြီးမှ မြန်မာနိုင်ငံကိုခေတ္တသွားရောက်ပြီးကချင်တိုင်းရင်းသားစစ်ပြေး၊စစ်ရှောင်ဒုက္ခသည်များရံပုံငွေတေးသီချင်းသီဆိုဘို့နဲ့ သူ့ရဲ့နောက်ဆုံးထုတ် တေးသီချင်းခွေဖြန့်ချိဘို့စီစဉ်ခဲ့ပေမယ့် 
ထိုင်းနိုင်ငံဘန်ကောက်အခြေစိုက်မြန်မာသံရုံးက ကိုမွန်းအောင်နဲ့ဇနီးမဆွေဆွေညွန့် တို့ရဲ့ ပြည်ဝင်ခွင့်ဗီဇာကိုငြင်းပယ်ခဲ့ပါတယ်။


အဆိုတော်မွန်းအောင်ဟာ ၁၉၈၄ခုနှစ်မှစပြီး ၁၉၈၈ထိ တကိုယ်တော်တေးစီးရီး ၄ခွေ
(၈/၈၂အင်းလျှား၊ မိုးလုံးမှိုင်း၊စိဉ္စမာဏဥာဏ်၊ လွမ်းရတဲ့ညတွေလွန်ပါစေ)ထုတ်ခဲ့တဲ့ အောင်မြင်ကျော်ကြားတဲ့အဆိုတော်တဦးဖြစ်သလို
 ပြည်ပမှာလည်း တကိုယ်တော်တော်လှန်တေးသီချင်း၂ခွေ
( ငြိမ်းချမ်းရေးတိုက်ပွဲ၁၉၉၂၊ လွတ်မြောက်ရာလမ်း( ၁၉၉၈) အပြင် ပြည်ပထုတ် တော်လှန်တေးသီချင်းခွေများမှာ
 အခါအားလျှော်စွာသီဆိုခဲ့ပါတယ်။
 လောလောဆယ် ငြိမ်းချမ်းရေးမိုးစက်များဆိုတဲ့ တေးသီချင်းခွေကို ထိုင်းနိုင်ငံချင်းမိုင်မြို့မှာအသံသွင်းပြီးစီးခဲ့ပြီး လာမယ့် ဒီဇင်ဘာလအတွင်း ရန်ကုန်မြို့မှာဖြန့်ချိဘို့စီစဉ်နေပါတယ်။
လတ်တလောမြန်မာပြည်လည်ပတ်ခွင့်ဗီဇာပိတ်ပင်ခံရတာနဲ့ပတ်သက်လို့ အဆိုတော်မွန်းအောင်နဲ့ဆက်သွယ်မေးမြန်းထားပါတယ်။

--------------------------

  အဆိုတော်မွန်းအောင်နဲ့ အင်တာဗျူး


မေး..။ ကိုမွန်းအောင်ကို သံရုံးက ဘာကြောင့်ဗီဇာထုတ်မပေးတာလဲ.။
ဖြေ။ ။  သံရုံးဗီဇာဌာန ၀န်ထမ်းတွေကတိတိကျကျဖြေဆိုတာမျိုးတော့ မဟုတ်ဖူး။ သူတို့ပြောတာက ဒီလိုစာအုပ်မျိုးတွေကိုဗီဇာထုတ်မပေးရဘူးလို့အထက်ကညွှန်ကြားထားတယ်တဲ့..။

မေး.။ ကိုမွန်းအောင်ကိုင်ထားတာ နော်ဝေးနိုင်ငံသား နိုင်ငံကူးစာအုပ်မှုတ်ဖူးလား၊ဘာပြဿနာရှိထားလို့လဲ။
ဖြေ.။ ဘာပြဿနာမှမရှိပါဘူး။ သူတို့ဆိုလိုတာက မြန်မာပြည်မှာမွေးဖွားပြီး၊နိုင်ငံခြားမှာနေထိုင်ပြီးအဲဒီကပတ်စ်ပို့စ်ကိုင်ထားသူပေါ့၊
 အထက်ကခွင့်မပြုဘူးတဲ့။

မေး.။ လွန်ခဲ့တဲ့သီတင်းပတ်လောက်ကပဲ ကိုမွန်းအောင်လိုပဲ နော်ဝေးပတ်စ်ပို့စ်ကိုင်ဆောင်ထားတဲ့
 ဒေါ်အေးအေးမွန်ကိုတော့ ဘာ့ကြောင့်ဗီဇာပေးရတာလဲ၊ မြန်မာပြည်ဘွားပေမယ့် 
သက်ဆိုင်ရာနိုင်ငံရဲ့ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူတွေအများကြီးပဲလေ၊ 
အရင်ကတည်းကနေအခုချိန်ထိဝင်ထွက်သွားလာနေကြတာပဲမဟုတ်လား။
ဖြေ။ သူတို့ပြောတာကတော့ မအေးအေးမွန်က သူ့အမေနေမကောင်းတာကိုစာရေးတင်လို့လူမှုရေးအရခွင့်ပြုတာတဲ့။
 နောက်ထပ် ကျနော်မေးတာက ဒီလိုစာအုပ်မျိုး ဗီဇာမရနိုင်ဘူးဆိုတာ ဘန်ကောက်သံရုံးရဲ့ ၀က်ဘ်ဆိုက်ဒ်မှာလည်းမရေးထားဘူးပေါ့၊
 ဘာကြောင့်လဲ ဆိုတော့ သူတို့ပြောတာက ၀က်ဘ်ဆိုဒ်က သံရုံးရဲ့ တရားဝင်မဟုတ်ဖူးတဲ့၊ ဒီတော့ထပ်မေးတယ်၊
 သံရုံးဝက်ဘ်ဆိုက်ဒ်က သံရုံးနဲ့ မဆိုင်ဘူးလားဆိုတော့၊ သူပြောတာက တရားမ၀င်ပါဘူးတဲ့။ 
သူတို့ဘက်ကတော့ အထက်ကညွှန်ကြားချက်ကိုပဲ တရားဝင်လို့သတ်မှတ်လုပ်ဆောင်တယ်လို့သိရပါတယ်။

မေး။ ဒီကိစ္စအပေါ် ကိုမွန်းအောင်ဘယ်လိုမြင်သလဲ။
ဖြေ။ လက်ရှိအစိုးရနဲ့ မပူးပေါင်းရင်၊ မညှိရင်၊ ဘာမှခွင့်မပြုဘူးဆိုတာမျိုးပေါ့။ကျနော်ကလည်း သာမန်တိုးရစ်ဗီဇာပဲတောင်းတာပါ။
 နိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံဘို့၊စီးပွားရေးသမားတွေနဲ့တွေ့ဖို့လည်းမပါဘူး။  
လွန်ခဲ့တဲ့ အပတ်က ခရီးသွားအေးဂျင့်တခုကတဆင့်ဗီဇာလျှောက်သေးတယ်။ 
ဗမာပြည်ဘွား နိုင်ငံခြားစာအုပ်ကိုင်ရင်မရဘူး၊ ဖိတ်စာတောင်းပါဆိုလို့ ကျနော့အကိုတယောက်ရဲ့မှတ်ပုံတင်မိတ္ထူနဲ့ဖိတ်စာတောင်းပြီးတွဲတင်တယ်။လိုအပ်တဲ့စာရွက်ဖောင်တွေလည်းဖြည့်ပါတယ်၊တိုးရစ်တွေဖြည့်သလိုပဲ၊
 ဟိုမှာ ၀င်ငွေရတာဖြစ်စေ၊ မရတာဖြစ်စေဘာလှုပ်ရှားမှုမျိုးမှမလုပ်ပါဘူးဆိုတာပါ။

မေး။ ဘန်ကောက်သံရုံးက ဗီဇာမပေးဘူးဆိုတော့ တခြားသံရုံးကဆိုရင်ရော..။
ဖြေ။ ကျနော်အခုနားလည်သလောက်တော့ ဗီဇာကဘယ်မှာတောင်းတောင်းရမှာမဟုတ်ဘူး။ ဥပမာကျနော်တို့ ဥရောပစာအုပ်ဆို လန်ဒန်နဲ့ ဂျာမဏီ၊ ဘရပ်ဆဲလ်မှာ သွားတောင်းရတယ်။ ဒါပေမယ့်ဘန်ကောက်မှာတောင်မရနိုင်တော့အဲဒီမှာကောရနိုင်ပါ့မလား..။

မေး.။ ဒီတော့ ဘယ်လိုသုံးသပ်လဲ.။
ဖြေ။ သူတို့ဘက်က မြန်မာပြည်ကိုပြန်လာကြည့်ပါ၊ အဝေးကကြည့်ပြီး မပြောပါနဲ့တဲ့.။အခုကျနော်လာတာပဲလေ၊ လာခွင့်မှမပေးတာ။ တဖက်ကစဉ်းစားကြည့်တော့ ကျနော်တို့အပေါ် ဒီအစိုးရကဘာကြောင့်အညှိုးထားနေရသလဲဆိုတာပေါ့။ သူတို့ကိုမထောက်ခံရင် မကြိုက်ရင်၊ အတိုက်အခံလုပ်ရင်တိုင်းပြည်ထဲဝင်လို့မရဘူးဆိုတဲ့သဘောသက်ရောက်နေပါတယ်။ ဒီမိုကရေစီကိုလိုလားရင် ဒီမိုကရေစီရဲ့သဘောသဘာဝအရ အတိုက်အခံပြုတာကိုလည်း လက်ခံရမှာပါ။  အစိုးရနဲ့မပူးပေါင်းလို့ မ၀င်ရဘူးဆိုလည်း မ၀င်ရုံပဲရှိတာပဲ။အစိုးရကို မကြိုက်တာတော့၊ မကြိုက်ဖူးပဲပြောရမှာပဲ။ ပြည်ဝင်ခွင့်ရဖို့ ဟိုလူ့အကူညီတောင်း၊ဟိုဘက်တောင်းပန်နဲ့မလုပ်နိုင်ဘူး၊ ကျနော်နားလည်သလောက်က အခုနော်ဝေးနိုင်ငံသားဖြစ်နေပြီ၊နော်ဝေးနိုင်ငံသားတယောက်ရဲ့အခွင့်အရေးမျိုး ကျနော့မှာရှိတယ်၊နော်ဝေးနိုင်ငံသားတွေဗီဇာရသလိုမျိုးကျနော်လည်း ရခွင့်ရှိတယ်။ ဒါလူ့အခွင့်အရေးကိုလည်း ချိုးဖောက်တာဖြစ်တယ်။ ခွဲခြားဆက်ဆံတာဖြစ်တယ်။  အသားဖြူတဲ့နော်ဝေးကိုဆက်ဆံတာတမျိုး ဗမာပြည်မှာမွေးတဲ့နော်ဝေးနိုင်ငံသားကိုဆက်ဆံတာတမျိုး။ဗမာပြည်ဘွားအချင်းချင်းတောင် သူတို့နဲ့ပေါင်းတဲ့ နိုင်ငံခြားသားကိုတမျိုး၊ မပေါင်းနိုင်တဲ့လူကိုတမျိုးခွဲခြားထားတာပါ။ကျနော့အတွက်ကတော့ မ၀င်ရလည်းရပါတယ်။ မ၀င်ပဲ အပြင်မှာနေခဲ့တာလည်းကြာလှပြီ၊ခံနိုင်ရည်ရှိပါတယ်။အခုတော့ ကျနော်တို့ကို ဒီအစိုးရက ဘယ်လိုသဘောထားနေသလဲ ရှင်းရှင်းလင်းလင်းသိရတာပေါ့။


မေး.။ ကိုမွန်းအောင် မကြာသေးခင်လပိုင်းက ထိုင်းနိုင်ငံမှာ အသံသွင်းပြီးစီးတဲ့ငြိမ်းချမ်းရေးမိုးစက်များသီချင်းခွေလည်းပြည်တွင်းမှာဖြန့်ချိဘို့ရှိတယ်ကြားပါတယ်၊အဲဒီကိစ္စကရောကြန့်ကြာသွားမလား.။
ဖြေ။ ကျနော်မူလကတော့ သီချင်းခွေစီဒီထုတ်ဖို့ ပြင်ဆင်စရာ၊ ကာဗာ၊ စာအုပ်၊ ဒီဇိုင်းအားလုံးကိုကူညီဆောင်ရွက်နေသူတွေနဲ့ ညှိနှိုင်း လုပ်ကိုင်မလို့ပါ။ အခွေမထုတ်ခင် သီချင်းတိုက်ပြီးကချင်စစ်ပြေးစစ်ရှောင်ဒုက္ခသည်ရံပုံငွေအတွက် ရှိုးပွဲအရင်ဆိုမယ်၊ ပွဲဆိုပြီး တီးပြီးမှသီချင်းခွေထုတ်မယ်လို့စဉ်းစားထားတာပါ။ အခုတော့ပွဲဆိုမယ့်အစီအစဉ်လည်း ပျက်သွားပြီမို့သီချင်းခွေထုတ်ဖို့လုပ်ရမှာပေါ့။


မေး..။ လာမယ့်နှစ်သစ်မှာထုတ်မှာလား။
ဖြေ။ ကျနော်ထင်တယ်၊ ဒီဇင်ဘာလထဲမှာထုတ်မှာပါ။ နှစ်မကူးပါဘူး။

မေး.။ ကိုမွန်းအောင် ခုလိုဗီဇာငြင်းပယ်ခံရတော့ ဘယ်လိုထိခိုက်နစ်နာမှုတွေ့ရလဲ။
ဖြေ။ ဗီဇာမပေးလို့ ရှုံးတယ်လို့လည်းမခံယူပါဘူး။ အစောကတည်းက ကြိုတွေးထင်ပြီးသားပါ။ငြင်းခံရလိုလည်းအသဲကွဲပြီး အရုပ်ကြိုးပြတ်ဖြစ်မသွားပါဘူး။
 တခုတော့ရှိတယ် ကျနော်မျော်လင့်ခဲ့တဲ့၊ ကျနော့သီချင်းတွေကိုနှစ်သက်တဲ့ပရိဿတ်တွေကိုသီချင်းတွေမဆိုပြနိုင်ခဲ့ဘူး၊ကိုယ့်ပရိဿတ်တွေနဲ့ဆုံစည်းခွင့်မရတဲ့အပေါ်မှာတော့စိတ်မကောင်းပါဘူး။အခွင့်အရေးရရင် သီချင်းဆိုမယ်၊ သူတို့နဲ့မျက်နှာချင်းဆိုင်ပြန်တွေ့မယ်၊
 နှုတ်ဆက်မယ်၊စကားပြောမယ်ပေါ့။ ကျနော့ပရိဿတ်တွေကို သီချင်းဆိုပြဘို့ကလွဲလို့ ဘာတခုမှလညှ်း မျော်လင့်ထားတာမဟုတ်ပါဘူး။

ကိုညို( အော်စလို)

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။