ရေအောက်မှာ မြို့တည်မယ့် ဂျပန်ကုမ္ပဏီတစ်ခုရဲ့ စီမံကိန်း
ကမ္ဘာမှာ လူအများစုက မိမိတို့ မြို့ ရေအောက်ရောက်သွား မှာ ကြောက်လန့်နေကြတဲ့ ဂျပန်နိုင်ငံက Shimizu Corporation လို့ အမည်ရတဲ့ ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခု ကတော့ ရေအောက်မြို့တော် စီမံကိန်း ကို စတင်လိုက်ပါပြီ။
ကမ္ဘာကြီး ရေလွမ်းပြီး ပျက်သွားသည့်တိုင် မပျက်ပဲ ကျန်ခဲ့မယ့် နေရာ ကတော့ ပင်လယ်သမုဒ္ဒရာ ကြမ်းပြင် ဖြစ်ပါတယ်။ ဒါကလည်း ပုံသေမဟုတ်ပါဘူး။ ချော်ရည်ထွက်တဲ့ ကျောက်တောင်နေရာတွေကလွဲလို့ အခြားသော ရေအောက်ကြမ်းပြင်များက ဘယ်လို မုန်တိုင်းနဲ့ ရာသီဥတု ဆိုးတွေ ကြုံကြုံ မပျက်ပဲ ကျန်ပါတယ်။ ဒါကို သိရှိပြီးတော့ Shimizu Corporation ဟာ ရေအောက်မှာ မြို့တည်ဖို့ အိုင်ဒီယာရသွား ပါတယ်။ ရေအောက်ကနေလည်း လျှပ်စစ်နဲ့ အခြားသော စွမ်းအင်များကို ထုတ်လုပ်ရန် နည်းပညာလည်း ရှိထားပြီ ဖြစ်တာကြောင့် မြို့ဆောက်ရန် စီမံကိန်း ကို အတည်ပြုလုပ်ပြီ ဖြစ်ပါတယ်။ ကနဦး ကုန်ကျစရိတ်က ဗြိတိန်ပေါင် ၁၆.၄ ဘီလျံလောက် ရှိပါတယ်။
ရေပေါ်ကနေ ရေအောက်အထိ မြွှေလိမိမြွှေခေါက်ပုံစံနဲ့ ဆင်းသွားတဲ့ ဒီဇိုင်းမျိုးလည်း ပါဝင်ပြီး ရေလှိုင်းဒဏ်ကိုလည်း လွယ်တကူ ခံနိုင်မယ့် တည်ဆောက်ပုံ အမျိုးအစား ဖြစ်ပါတယ်။ သက္ကရာဇ် ၂၀၃၀ ဆိုရင် လူတို့ စတင် ပြောင်းရွှေ့ နေထိုင်နိုင်တော့မှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: Metro
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com
ကမ္ဘာမှာ လူအများစုက မိမိတို့ မြို့ ရေအောက်ရောက်သွား မှာ ကြောက်လန့်နေကြတဲ့ ဂျပန်နိုင်ငံက Shimizu Corporation လို့ အမည်ရတဲ့ ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခု ကတော့ ရေအောက်မြို့တော် စီမံကိန်း ကို စတင်လိုက်ပါပြီ။
ကမ္ဘာကြီး ရေလွမ်းပြီး ပျက်သွားသည့်တိုင် မပျက်ပဲ ကျန်ခဲ့မယ့် နေရာ ကတော့ ပင်လယ်သမုဒ္ဒရာ ကြမ်းပြင် ဖြစ်ပါတယ်။ ဒါကလည်း ပုံသေမဟုတ်ပါဘူး။ ချော်ရည်ထွက်တဲ့ ကျောက်တောင်နေရာတွေကလွဲလို့
ရေပေါ်ကနေ ရေအောက်အထိ မြွှေလိမိမြွှေခေါက်ပုံစံနဲ့
.
Ref: Metro
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။