Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, November 22, 2014

ဖားချင်ပေမယ့် အဖားမတော်တဲ့ သမီးတော်ရဲ့ လက်ဝဲရံ၊ လက်ယာရံများ (သမီးတော်ရာဇ၀င်-၁၇)


Kyaw Swar Myint added 2 new photos — with Ko Nyo and 11 others.

ဖားချင်ပေမယ့် အဖားမတော်တဲ့ သမီးတော်ရဲ့ လက်ဝဲရံ၊ လက်ယာရံများ
(သမီးတော်ရာဇ၀င်-၁၇)
================================================
လက်စောင်းထက်
၁၉၉၀ ခုနှစ်ကျော် ကာလကစပြီး တပ်မတော်ထဲမှာရော အစိုးရထဲမှာပါ
ဗိုလ်ချုပ်ကြီး စောမောင် အာဏာအသိမ်းခံရပြီးတဲ့ နောက်ပိုင်း ဘယ်သူကမှ
အာဏာရှင်ကြီးကို အံမတုရဲတဲ့ အခြေအနေကို ဆိုက်ရောက်သွားခဲ့ပါတယ်။
တပ်မတော်မှာရှိတဲ့ စစ်သားကောင်း ပီသတယ်ဆိုတဲ့ တိုင်းမှူး ဖိုက်တာကြီး
တွေလည်း အဆီအဆိမ့်တွေစားပြီး အသံတိတ်သွားကြပါတယ်။ အထူးသဖြင့်
အာဏာရှင်ကြီးနဲ့ တည့်အောင်ပေါင်းနိုင်လေလေ အကျိုးရှိလေဆိုတာကို
သဘောပေါက် လာခဲ့တဲ့ အတွက် ဘယ်သူကမှ တိုင်းပြည်အတွက် အမုန်းခံပြီး မပြောကြတော့ပါဘူး။

ဒီအခြေအနေတွေကြောင့် အာဏာရှင်ကြီးနဲ့ သမီးတော်တွေကို ခစားပြီး အလို
လိုက်၊ အကြိုက် ဆောင်ချင်တဲ့ လက်ဝဲရံ၊ လက်ယာရံတွေ ပိုပြီးတော့ တိုးပွား
လာပါတယ်။ တပ်ထဲမှာလည်း များလာသလို စီးပွားရေး လောကမှာလည်း
သမီးတော်တွေကို ခစားဖို့ တန်းစီနေသူတွေ အတော်များပါတယ်။ အဲဒီအချိန်
ကလည်း တိုင်းပြည်မှာ အာဏာရှင်ကြီး လက်ညှိုးညွှန်ရာ ရေဖြစ်တဲ့ အချိန်အခါ
လည်း ဖြစ်နေပါတယ်။ ဒီလိုမျိုး ဖြစ်ချင်သလို ဖြစ်ပျက်နေပေမယ့် ယဉ်ကျေးတဲ့
နိုင်ငံတကာ အသိုင်းအ၀ိုင်းကတော့ လက်မခံခဲ့ပါဘူး။
တိုင်းသူပြည်သားတွေကို လက်နက်နဲ့ အနိုင်ကျင့် အုပ်ချုပ်နေတဲ့ အစိုးရကို သင်ခန်းစာပေးဖို့၊ ပြစ်ဒဏ်ခတ်ဖို့ စိုင်းပြင်းလာကြပါတယ်။ မြန်မာအစိုးရကို
ပြစ်ဒဏ်ခတ်ဖို့အတွက် အဓိက ဦးဆောင်နေတဲ့ အမေရိကန် ပြည်ထောင်စု
ဟာ မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကို လက်ခံခဲ့သလို မြန်မာစင်ပြိုင် အစိုးရကို ကုလသမဂ္ဂက လက်ခံ အသိအမှတ်
ပြုဖို့ အထိပါ အားထုတ်လာပါတယ်။ အမေရိကန် အထက်လွှတ်တော်အမတ် မက်မတ်ခ်ျကောနယ်လ်က မြန်မာစစ် အစိုးရ အားကောင်းမလာဖို့အတွက် သူ့ရဲ့စီးပွားရေး ခြေတံလက်တံတွေကို ဖြတ်တောက်ပစ်ရမယ်လို့ ကွန်ဂရက်
မှာ အကြံပြုခဲ့ပါတယ်။ အဲဒီ့ နောက်မှာတော့ မြန်မာနိုင်ငံဟာ အမေရိကန်
ပြည်ထောင်စုနဲ့ ဥရောပ နိုင်ငံတွေရဲ့ စီးပွားရေး ပြစ်ဒဏ်ခတ်မှုနဲ့ ရင်ဆိုင်ခဲ့
ရပါတော့တယ်။
စီးပွားရေး ပိတ်ဆို့ခံရတဲ့အတွက် မြန်မာနိုင်ငံက စီးပွားရေးသမားတွေဟာ
နိုင်ငံခြားကို ဘဏ်ကတစ်ဆင့် ငွေပေးငွေယူတွေ လုပ်လို့မရတော့သလို နိုင်ငံ
ရပ်ခြားမှာ အလုပ်လုပ်နေတဲ့ သင်္ဘောသားတွေ၊ နိုင်ငံသားတွေလည်း ပြည်တွင်း
ကို ငွေလွှဲဖို့ အခက်အခဲများစွာနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ အထူးသဖြင့် စီးပွားရေး
ပိတ်ဆို့မှုကြောင့် အနစ်နာဆုံး လူတွေကို ပြပါဆိုရင် စစ်အုပ်စုကို အသုံးချပြီး
စီးပွားရေး လုပ်ကိုင်ဆောင်ရွက်နေတဲ့ ခရိုနီတွေနဲ့ စစ်တပ်အတွင်းက ငွေကြေး
မြောက်မြားစွာ ရရှိထားတဲ့ အရာရှိကြီးတွေပဲ ဖြစ်ပါတယ်။ နိုင်ငံရပ်ခြားမှာ ရင်းနှီးမြှုပ်နှံထားတဲ့ငွေတွေ၊ ဘဏ်မှာ အပ်နှံထားတဲ့ ငွေတွေဟာ တစ်ပြားမှ
ပြန်မရတော့ပါဘူး။
ဒီအခြေအနေဟာ တိုင်းပြည်ရဲ့ အာဏာအရှိဆုံးဖြစ်တဲ့ သူကြီးကိုလည်း စိတ်ထိခိုက်စေခဲ့ပါတယ်။ ဖခင်ဖြစ်သူ စိတ်မကြည်လင်တဲ့အတွက် သမီးတော်
တွေကလည်း စိတ်မချမ်းမသာ ဖြစ်နေရပါတယ်။ သမီးတော်တွေ စိတ်မ
ချမ်းသာတော့ သမီးတော်တွေ ဘေးနားက လက်ဝဲရံ၊ လက်ယာရံတွေလည်း မျက်နှာညှိုးနေတာပေါ့။ ဒီအခြေအနေဆိုးက ကျော်လွှားလွတ်မြောက်ချင်တဲ့
နောက်တော်ပါ တစ်ဦးက (နာမည်ကိုတော့ မဖော်ပြလိုတော့ပါဘူး။ အခုတော့ မတရားရရှိထားတဲ့ ပိုက်ဆံတွေနဲ့ အတော် ချမ်းသာနေပါပြီ။) စီးပွားရေး
ပိတ်ဆို့မှုကို ဖွင့်ပေးအောင် လုပ်နိုင်မယ့် နာမည်ကြီး ဗေဒင်ဆရာ ရှိတယ်လို့
ပြောလာပါတယ်။ အားလုံးကလည်း အကြံကုန်နေတဲ့ အချိန်ဆိုတော့
သူပြောတဲ့ ဗေဒင် ဆရာဆီကို သွားဖို့ စိတ်ပါလာကြပါတယ်။
နောက်ဆုံး ဗေဒင်ဆရာဆီကို သမီးတော်နဲ့ လက်ဝဲရံ၊ လက်ယာရံတွေ
ရောက်ရှိသွားပါတယ်။ ဗေဒင်ဆရာကလည်း (သူ့နာမည်ကိုလည်း စာနာထောက်
ထားတဲ့ အနေနဲ့ မပြောတော့ပါဘူး။) သမီးတော်ကိုယ်တိုင် ဗေဒင်လာ မေးတာ
ဖြစ်တဲ့အတွက် ပျာပျာသလဲ တွက်ချက်ပေးပါတယ်။ နောက်ဆုံးတော့ စီးပွားရေး
ပိတ်ဆို့မှု ပွင့်ချင်ရင် ယတြာချေရမယ်လို့ ဆိုပါတယ်။ ချေရမယ့် ယတြာကတော့
ခြေရှစ်ချောင်းရှိတဲ့ သတ္တ၀ါ အများအပြားကို လွှတ်ပေးရမယ်လို့ ဆိုပါတယ်။
ရုတ်တရက် ယတြာကို ကြားကြားချင်း လက်ဝဲရံ၊ လက်ယာရံတွေလည်း ဦးနှောက်
ခြောက် သွားပါတယ်။ ခြေထောက်ရှစ်ချောင်းရှိတဲ့ သတ္တ၀ါဆိုတော့ ပင့်ကူတွေပဲ
ရှာရမှာလား၊ ကင်းခြေများတွေပဲ ရှာရမှာလား၊ ကင်းမ လက်မည်းတွေပဲ ရှာရ
မှာလား ဘာလားပေါ့။ ဒါပေမဲ့ ဗေဒင်ဆရာက ပြုံးပြုံးကြီးကြည့်ပြီး “ဂဏန်းတွေ
ဝယ်ပြီး လွှတ်လိုက်လည်း ရတာပါပဲဗျာ”လို့ ဆိုပါတယ်။ ဒီစကား ကြားမှပဲ
လက်ဝဲရံတွေ သက်ပြင်း ချနိုင်ပါတော့တယ်။
အဲဒီနောက်တော့ အချိန်မဆိုင်းဘဲ ရန်ကုန်မြို့မှာရှိတဲ့ ဂဏန်း ဒိုင်တွေနဲ့ သံဈေးကို
အားချင်းပြေး ကြပါတော့တယ်။ ပင်လယ်ထဲက ဖမ်းမိသမျှ ဂဏန်းကြီး၊ ဂဏန်း
လတ်၊ ဂဏန်းငယ်တွေမကျန် အကုန်ဝယ်ပါတော့တယ်။ ဒီလိုနဲ့ အာဏာရှင်ကြီး
အိမ်ထဲကို ဂဏန်းတွေ ရာချီပြီး ရောက်လာပါတယ်။ အဲဒီတုန်းက နေပြည်တော်
ဆိုတာ မပေါ်သေးတာမို့ ရန်ကုန်မြို့ထဲမှာပဲ ဂဏန်းတွေလွှတ်ဖို့ ပြင်ဆင်ရ ပါတော့တယ်။ နောက်ဆုံး ကုန်းမြင့်သာထဲမှာရှိတဲ့ ရေကန်မှာပဲ ဂဏန်းတွေကို
လွှတ်ဖို့ စီစဉ်ကြပါတယ်။
ဒီအစီအစဉ်ကို သမီးတော်ကို ပြောပြတော့လည်း ခေါင်းတငြိမ့်ငြိမ့်နဲ့ သဘောကျ
နေတာပေါ့။ နောက်တစ်နေ့ မနက် အာရုဏ်မတက်ခင်မှာ ကင်းစောင့် ရဲဘော်
တွေရဲ့ အကူအညီနဲ့ ဂဏန်းတွေကို ကြိုးဖြည်ပေးပြီး ရေကန်ထဲ လွှတ်ပေးလိုက်
ပါတယ်။ ရုပ်ရှင်ဇာတ်လမ်းတွေထဲကလို လက်ဝဲရံ၊ လက်ယာရံတွေက “အောင်ပြီ အောင်ပြီ အောင်ပြီ”လို့တော့ မအော်ဘူးပေါ့။ ဒီလိုနဲ့ ယတြာချေတဲ့ အစီအစဉ် အောင်မြင်စွာ ပြီးဆုံးသွားပါတယ်။
နောက်တစ်နေ့ ရောက်တဲ့အခါ ယတြာရဲ့ အစွမ်းကတော့ ချက်ချင်း ပြလာ
ပါတယ်။ အမေရိကန်တွေ ဘက်က ဘာတုံ့ပြန်မှုမှ မကြားပေမယ့် ကုန်းမြင့်သာ ရေကန်ကြီး ဘေးပတ်ဝန်းကျင်မှာရှိတဲ့ အိမ်တွေမှာတော့ ပုပ်စော်
တလှိုင်လှိုင် ကြိုင်သင်းလို့ နေပါတယ်။ အကြောင်းရင်းကို ရှာဖွေကြည့်လိုက်တော့
ကန်ထဲကို လွှတ်လိုက်တဲ့ ဂဏန်းတွေ အားလုံး သေပြီး ဂဏန်းသေတွေကြောင့် အဲဒီ့နားဝန်းကျင်မှာ ပုပ်စော်နံနေတာပဲ ဖြစ်ပါတယ်။ ရေငန်မှာ ရှင်သန်တဲ့ ဂဏန်း
ကြီးတွေကို ပိုက်ဆံရှိလို့ လိုချင်သလောက် ရခဲ့ပေမယ့် လက်ဝဲရံတွေက ရေငန်
ဂဏန်းတွေကို ရေချိုမှာ ရှင်သန်နိုင်အောင်တော့ ဘုန်းတန်ခိုး မစွမ်းနိုင်ခဲ့ပါဘူး။
ရေငန်ဂဏန်းတွေ အားလုံး သေကုန်ပါတယ်။ နောက်ဆုံး ရဲဘော်တွေကို ခေါ်ပြီး ဂဏန်းသေတွေကို ပြန်ရှင်းရပြန်ပါတယ်။
ဒီသတင်းကိုလည်း ကြားရော သမီးတော် တစ်ယောက် အကြီးအကျယ် ဒေါသ
ထွက်တော့တာပေါ့။ သူ့အဖေအတွက် အကူအညီ ရမလားဆိုပြီး ဗေဒင်မေး၊
ယတြာချေ မိပါတယ်။ နောက်ဆုံးတော့ ပုပ်စော်နံတာသာ အဖတ်တင်ပါတယ်။
သမီးတော် မျက်နှာသာပေးအောင် ဘေးက ၀ိုင်းဝန်း စီမံပေးကြတဲ့ လက်ဝဲရံ၊ လက်ယာရံတွေလည်း ဒီတစ်ကြိမ်မှာတော့ မျက်နှာမရ ခြေထောက် ရခဲ့ပါတယ်။
သမီးတော်ကို ဖားချင်ပေမယ့် အဖားမတော်တဲ့ မင်းမြှောင်တွေအဖြစ် သူတို့ကို
သမိုင်းမှာ မှတ်တမ်းဝင် စေချင်တဲ့အတွက် ဒီဆောင်းပါးကို ရေးဖြစ်ပါတယ်။
လက်စောင်းထက်
( Tomorrow သတင်းဂျာနယ်အမှတ် (၃၈)ပါ ဆောင်းပါး )

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။