စစ်ဘီလူးတွေကို ငါတို့ အကြိမ်ကြိမ် နိုင်ခဲ့တယ်..။
အာဏာကိုင်ထားတိုင်း သူတို့ အထက်ရောက်နေတာမဟုတ်ဖူး။
ညံ့ဖျင်းအောက်ကျတဲ့ စိတ်ကြောင့် အဲဒီ အာဏာထိုင်ခုံတွေက သူတို့ဘ၀ကို ကံခေစေတာဖြစ်တယ်။
တို့အားလုံးရဲ့ ညီညွတ်မှုအောက် သူတို့စိတ်ဓာတ်တွေနစ်ကျဆုံး ရှုံးစေတာဖြစ်တယ်။ ပြီးတော့ သမလွန်မရောက်ခင် အများတံတွေးစက် လူးကျံစေဖို့ ဖြစ်ကုန်တယ်။
ကိုပါကြီးရဲ့ အသက်ကို သူတို့ ခဲရာခဲဆစ်ထုတ်ယူခဲ့ရသလို ကိုပါကြီးဝိဥာဉ်ကိုတော့ သူတို့ ဒူးထောက်အညံ့ခံလိုက်ရတယ်။ ဒီပွဲဟာ ကိုပါကြီး နိုင်တဲ့ပွဲ။ အပြတ်အသတ်ကို နိုင်တဲ့ပွဲဖြစ်တယ်။တကယ်တော့  ကိုပါကြီးဟာ ပြည်သူတွေ၊ ကျဆုံးခဲ့သူတွေ၊ ဒီမိုကရေစီနဲ့ အမှန်တရားသာ ဖြစ်တယ်ဆိုတာ သူတို့ မသိလိုက်ကြတာပဲ..။
မသန္တာကို ကိုပါကြီးဝိဥာဉ်ဝင်စီးခဲ့တယ်။ နေမျိုးဇင်ကို ကိုပါကြီးသွေးတွေလောင်းပေးတ ယ်။ နော်အုန်းလှကို ကိုပါကြီး စိတ်ဓာတ်ကလွှမ်းပေးတယ်။ မီဒီယာသမားလူငယ်တွေကို သတင်းထောက်ကိုပါကြီးကခွန်အားတွေပေးခဲ့တယ်။ ရှေ့နေတွေ၊ ၈၈ပွင့်လင်းတွေ၊ နိုင်ငံရေးသမားတွေ၊ မွန်၊ ကရင် နဲ့ တိုင်းရင်းသားညီနောင်တွေ၊ လူမှုဝန်ထမ်းတွေ၊ လှုပ်ရှားတက်ကြွသူတွေ၊ နိုင်ငံတကာက မြန်မာတွေ၊ ဖေ့စ်ဘွတ်ပေါ်က မိတ်ဆွေတွေ၊ပြီးတော့ မြန်မာပြည်သူပြည်သားတွေ..။သူတို့အားလုံးကိုကျေးဇူးတင်ဘို့ကောင်းတယ်။
သူတို့အားလုံး ကိုပါကြီးကို ချစ်စိတ်၊ရဲဘော်ရဲဘက်စိတ်၊ စာနာဂရုဏာစိတ်၊ လေးစားခင်မင်စိတ်၊ လူသားချင်းစာနာယိုင်းပင်းလိုစိတ် နဲ့ ကိုပါကြီးနောက် တကောက်ကောက်လိုက်ခဲ့တယ်။မြန်မာပြည်အရှေ့ဖျား တောကြိုအုံကြား ရွှေဝါချောင် ရွာလေးကနေ မြို့တော်ရန်ကုန်အထိ ကိုပါကြီးရဲ့ ၀ိဥာဉ်နဲ့အတူ စိတ်ဓာတ်ရေးရာ တိုက်ပွဲတွေ အလီလီတိုက်ခဲ့တယ်။ အဆင့်တိုင်းမှာ အကြိမ်ကြိမ် အောင်ခဲ့တယ်။ အဲဒါ ညီညွတ်မှုအားရဲ့ သရုပ်သကန်..။
အာဏာကို ဒင်းတို့လက်ထဲ အသေအကြေ ဆုတ်ကိုင်ထားလို့ ယာယီအခိုက်အတန့်တော့ အမှန်တရားဟာ နှုတ်ဆိတ်ကောင်းနှုတ်ဆိတ်နေလိ မ့်မယ်။ ဒါပေမယ့် ကျုပ်တို့နိုင်တယ်။
ကိုပါကြီးရဲ့ သက်မဲ့ ရုပ်ကလပ်နဲ့ ညီညွတ်မှုအားတွေက ရန်သူရဲ့ ၀ိဥာဉ်ကိုချုပ်ငြိမ်းစေခဲ့တ ယ်။ရန်သူရဲ့ စိတ်ဓာတ်ကို အလဲထိုးခဲ့တယ်။ သူတို့ရဲ့ ဂုဏ်သိက္ခာ တပြားသားမှ မကျန်အောင် ဇီဝိန်ချုပ်ပေးလိုက်တယ်။
ဒီတပွဲကလည်း အရင်ကပွဲတွေလိုပဲ ရန်သူ့အပေါ် ရှုံးလည်းနိုင်၊ နိုင်လည်း အနိုင်ယူခဲ့ပြီ..။
ကိုပါကြီး ရုပ်ကလပ်ကနေ သိတ်လှတဲ့ သင်ခန်းစာတွေလည်းရခဲ့တယ်။
စိတ်ဓာတ်ခွန်အားတွေရခဲ့တယ်။ ညီညွတ်မှုတွေရခဲ့တယ်။ အောင်ပွဲကို ယူဆောင်ပေးမယ့် သတ္တိသွေးတွေရခဲ့တယ်။ တောင်ပေါ်မြေပြန့် သွေးစည်းခိုင်မာမှုတွေရခဲ့တယ်။ အမှန်တော့ ကိုပါကြီးက တကယ်မသေသွားဘူး..။
တကယ်သေသွားတာက စစ်ဘီလူးတွေ၊ အာဏာရူးတွေ၊ စွမ်းအားရှင်တွေ၊ ကြံ့ဖွတ်တွေ၊ အမျိုးဘာသာ သာသနာ့ အယောင်ဆောင်တွေ။
သေချာတယ်။ သူတို့အကြိမ်ကြိမ်သေရလိမ့်မ ယ်။ လူသေပြီးလဲ နာမည်သေရမယ်။ သေပြီးလည်း အကြိမ်ကြိမ် အခါအခါ သေရလိမ့်မယ်။
ဆက်လက် ရှင်သန်နေမှာက ကိုပါကြီးနဲ့ ဒီမိုကရေစီနဲ့ အမှန်တရားအတွက် တိုက်ပွဲဝင်သွားခဲ့တဲ့ ရဲဘော်ရဲဘက်၊ ရဟန်း ရှင် လူတွေ။ ပြီးတော့ ကျုပ်တို့အားလုံးနဲ့တိုင်းရ င်းသား ပြည်သူတရပ်လုံးဖြစ်တယ်။ ညီညွတ်မှုနဲ့ စိတ်ဓာတ်ခွန်အားတွေလည်းဖြစ် တယ်။
ပြီးတော့ဒီမိုကရေစီ၊ ပြီးတော့ အမိမြန်မာပြည်ကြီးဖြစ်တယ်။
နောက်ထပ်ရန်သူရှိရင် နောက်ထပ် အောင်ပွဲခံကြအုံးမယ်..။
ကိုညို( အော်စလို)
၀၇နိုဝင်ဘာ၂၀၁၄
အာဏာကိုင်ထားတိုင်း သူတို့ အထက်ရောက်နေတာမဟုတ်ဖူး။
ညံ့ဖျင်းအောက်ကျတဲ့ စိတ်ကြောင့် အဲဒီ အာဏာထိုင်ခုံတွေက သူတို့ဘ၀ကို ကံခေစေတာဖြစ်တယ်။
တို့အားလုံးရဲ့ ညီညွတ်မှုအောက် သူတို့စိတ်ဓာတ်တွေနစ်ကျဆုံး
ကိုပါကြီးရဲ့ အသက်ကို သူတို့ ခဲရာခဲဆစ်ထုတ်ယူခဲ့ရသလို ကိုပါကြီးဝိဥာဉ်ကိုတော့ သူတို့ ဒူးထောက်အညံ့ခံလိုက်ရတယ်။ ဒီပွဲဟာ ကိုပါကြီး နိုင်တဲ့ပွဲ။ အပြတ်အသတ်ကို နိုင်တဲ့ပွဲဖြစ်တယ်။တကယ်တော
မသန္တာကို ကိုပါကြီးဝိဥာဉ်ဝင်စီးခဲ့တယ
သူတို့အားလုံး ကိုပါကြီးကို ချစ်စိတ်၊ရဲဘော်ရဲဘက်စိတ်၊ စာနာဂရုဏာစိတ်၊ လေးစားခင်မင်စိတ်၊ လူသားချင်းစာနာယိုင်းပင်းလိ
အာဏာကို ဒင်းတို့လက်ထဲ အသေအကြေ ဆုတ်ကိုင်ထားလို့ ယာယီအခိုက်အတန့်တော့ အမှန်တရားဟာ နှုတ်ဆိတ်ကောင်းနှုတ်ဆိတ်နေလိ
ကိုပါကြီးရဲ့ သက်မဲ့ ရုပ်ကလပ်နဲ့ ညီညွတ်မှုအားတွေက ရန်သူရဲ့ ၀ိဥာဉ်ကိုချုပ်ငြိမ်းစေခဲ့တ
ဒီတပွဲကလည်း အရင်ကပွဲတွေလိုပဲ ရန်သူ့အပေါ် ရှုံးလည်းနိုင်၊ နိုင်လည်း အနိုင်ယူခဲ့ပြီ..။
ကိုပါကြီး ရုပ်ကလပ်ကနေ သိတ်လှတဲ့ သင်ခန်းစာတွေလည်းရခဲ့တယ်။
စိတ်ဓာတ်ခွန်အားတွေရခဲ့တယ်။
တကယ်သေသွားတာက စစ်ဘီလူးတွေ၊ အာဏာရူးတွေ၊ စွမ်းအားရှင်တွေ၊ ကြံ့ဖွတ်တွေ၊ အမျိုးဘာသာ သာသနာ့ အယောင်ဆောင်တွေ။
သေချာတယ်။ သူတို့အကြိမ်ကြိမ်သေရလိမ့်မ
ဆက်လက် ရှင်သန်နေမှာက ကိုပါကြီးနဲ့ ဒီမိုကရေစီနဲ့ အမှန်တရားအတွက် တိုက်ပွဲဝင်သွားခဲ့တဲ့ ရဲဘော်ရဲဘက်၊ ရဟန်း ရှင် လူတွေ။ ပြီးတော့ ကျုပ်တို့အားလုံးနဲ့တိုင်းရ
ပြီးတော့ဒီမိုကရေစီ၊ ပြီးတော့ အမိမြန်မာပြည်ကြီးဖြစ်တယ်။
နောက်ထပ်ရန်သူရှိရင် နောက်ထပ် အောင်ပွဲခံကြအုံးမယ်..။
ကိုညို( အော်စလို)
၀၇နိုဝင်ဘာ၂၀၁၄
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။