(စိတ်ဓာတ်ကျမှုကို ကျော်လွှားဖို့နည်းလမ်းအချို့ )
လူတွေစိတ်ဓာတ်ကျနေတဲ့အခါ လုပ်ချင်ကိုင်ချင်စိတ်မရှိဘဲ စိတ်အာရုံတွေပြန့်ကျဲပြီး ငေးမှိုင်နေတတ်တဲ့သဘာဝရှိတတ် ကြပါတယ်။ လူအများနဲ့ ပြောချင်စိတ်လည်းကုန်ခမ်းကာ တစ်ယောက်တည်း သီးသန့်ခံစားနေတတ်တာလည်းရှိ ပါတယ်။စိတ်ဓာတ်ကျမှုဟာ ရောဂါဆိုးတစ်ခုကို ခံစားရသလိုမျိုး ဖြစ်ပြီး စိတ်ရောကိုယ်ပါ ပင်ပန်းစေကာ လုပ်ငန်းခွင်မှာပါ အဆင်မပြေမှုတွေကြုံတွေ့ရတတ်ပါတယ်။
ဒါကြောင့် စိတ်ဓာတ်ကျမှုကို ဖြေရှင်းကျော်လွှားပြီး ပြန်လည်အင်အားမွေးနိုင်ဖို့ အောက်ဖော်ပြပါ နည်းလမ်းအချို့က အထောက်အကူပြုနိုင်လိမ့်မယ် လို့ ထင်ပါတယ်။ WHO က စာရင်းပြုစုပြီး ဖော်ပြထားတာကတော့ ဝင်ငွေမြင့်မားတဲ့ နိုင်ငံတွေမှာ လူတွေ 15%လောက်ဟာ သူတို့ရဲ့ နေထိုင်ရာဘဝကာလတစ်လျောက်မှာ မမျော်လင့်ဘဲ စိတ်အားညှိုးငယ်မှုတွေခံစားတတ်ကြရတယ်လို့ပြောဆိုထားပါတယ် ။
(၁) ပရဟိတအလုပ်တစ်ခုကိုလုပ်လိုက်ပါ။
လူ့လောကမှာမိမိထက် ဒုက္ခရောက်နေတဲ့သူတွေ အများကြီးရှိတယ်ဆိုတာ အရင်ဆုံးခံစားနားလည်လိုက်ပါ။ ပြီးတော့ တကယ်လိုအပ်မှုရှိနေတဲ့နေရာတစ်ခုခုကိုသွားပြီး နှလုံးသားအပြည့်နဲ့မိမိတတ်နိုင်တဲ့ ကူညီဆောက်ရွက်မှုတွေပေးလိုက် ပါ။ ပရဟိတ လုပ်တယ်ဆိုတာကလဲကုသိုလ်ပြုတဲ့နည်းတစ်ခုပါပဲ။အဲဒီလိုလုပ်နေတဲ့ကာလမှာပဲစိတ်ကျေနပ်မှု ကိုရရှိပြီးရှေ့ဆက်ဖို့အားအ င်တွေလဲရရှိစေမှာဖြစ်ပါတယ်။
(၂) မိတ်ဆွေအပေါင်းအသင်းနဲ့ စကားပြောဆိုပါ။
စိတ်ဓာတ်ကျနေတဲ့အခါ တစ်ယောက်တည်းမနေဘဲ ခင်မင်တဲ့မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ ပွင့်ပွင်းလင်းလင်းပြောဆိုေ နထိုင်ခြင်းဟာလည်း စိတ်ကိုပေါ့ပါးသက်သာစေပြီး စိတ်ဓာတ်ကျတာကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေဆီမှ နှစ်သိမ့်အားပေးမှုတွေ၊ အကြံဥာဏ်တွေရရှိပြီး မိမိစိတ်ကို ပြန်လည်တည်ဆောက်မယ့်ခွန်အား တွေ ရရှိနိုင်ပါတယ်။
(၃) လမ်းလျောက်ပါ။
လမ်းလျောက်တာဟာ စိတ်ဖိစီးမှုကိုလျော့ကျစေပါတ ယ်။ ဒါဟာ ပေါ့ပေါ့ပါးပါးလေး နဲ့လေ့ကျင့်ခန်းလုပ်တာဖြစ်ြ ပီး ဦးနှောက်အတွင်းကို အောက်ဆီဂျင်များများရောက်ရှိစေတဲ့အတွက်ခေါင်းကိုကြည်လင်စေပြီး စိတ်ကိုလန်းဆန်းစေပါတယ်။
(၄) အကောင်းအဆိုးကို ခွဲခြားသိမြင်အောင်ကြိုးစား ပါ။
ဘယ်အကြောင်းအရာအပေါ် စိတ်ဓာတ်ကျနေရသလဲဆိုတာ မိမိကိုယ်မိမိ ခွဲခြားသိမြင်အောင်ကြိုးစား ပါ။ မကောင်းမြင်ဝါဒက အကျိုး ဆုတ်ယုတ်စေရုံမက ကျဆုံးမှု ကို ဖြစ်စေတတ်ပါတယ်။ အကောင်းမြင်ဝါဒ ကတော့ စိတ်ဓာတ်ကို အင်အားဖြစ်စေသလိုနွေးနွေးထွေးထွေးနဲ့ ယုံကြည်မှုရစေတာကြောင့် စိတ်လုံခြုံမှုဖြစ်စေပါတယ်။
ဒါကြောင့် မကောင်းတဲ့ အမြင်ဝါဒတွေ ကို စာရင်းပြုစုပြီး တတ်နိုင်သလောက် အမြစ်ဖြတ်ချပါ။ အပြုသဘောဆောင်တဲ့အကောင်းမြင်ဝါဒတွေကို လည်း စာရင်းပြုစုပြီး ဘဝခရီးလမ်းအတွက် အင်အားတစ်ရပ်အဖြစ်အသုံးချပါ ။ ဒီလိုနဲ့ မိမိရဲ့ စိတ်ဓာတ်အင်အား ကို ပြန်လည် ရယူထိန်းသိမ်းနိုင်ပါတယ်။
(၅) တရားထိုင်ပါ။
နေ့စဉ်ပုံမှန် မိမိတတ်နိုင်သလောက် မိနစ်အနည်းငယ်ပေးပြီး တရားထိုင်တာဟာတစ်နေ့တာလုံးအ တွက် စိတ်ကိုကြည်လင်စေပြီး သက်တောင့်သက်သာဖြစ်စေပါတယ်။ တရားထိုင်တဲ့အခါ လေကို ပြင်းပြင်း ရှုလိုက်သွင်းလိုက်လုပ်ရတာဖြ စ်ပြီး အကျိုးဆက်အနေနဲ့ ခန္ဓာအတွင်းသိုလှောင်ထားတဲ့ သွေးတွေကို ဦးနှောက်ဆီအပြည့်အဝရောက်ရှိစေပြီး အာရုံကြောစနစ်ကို ငြိမ်သက်စေပါတယ်။ဒါ့ကြောင့် စိတ်ငြိမ်သက်ခြင်းဆိုတာ ဖြစ်ပေါ်လာရခြင်းဘဲဖြစ်ပါတယ် ။
စိတ်ငြိမ်သက်လာတဲ့အခါ အကျိုးအကြောင်းကို မှန်ကန်စွာ စဉ်းစားဆင်ခြင်နိုင်ပြီး မိမိကိုယ်မိမိ ပြန်လည်ထူထောင်လာနိုင်မှာဖြ စ်ပါတယ်။
Author: Michael A. Gordon
Source:Yangon Life Myanmar
လူတွေစိတ်ဓာတ်ကျနေတဲ့အခါ လုပ်ချင်ကိုင်ချင်စိတ်မရှိဘ
ဒါကြောင့် စိတ်ဓာတ်ကျမှုကို ဖြေရှင်းကျော်လွှားပြီး ပြန်လည်အင်အားမွေးနိုင်ဖို့
(၁) ပရဟိတအလုပ်တစ်ခုကိုလုပ်လိုက
လူ့လောကမှာမိမိထက် ဒုက္ခရောက်နေတဲ့သူတွေ အများကြီးရှိတယ်ဆိုတာ အရင်ဆုံးခံစားနားလည်လိုက်ပ
(၂) မိတ်ဆွေအပေါင်းအသင်းနဲ့ စကားပြောဆိုပါ။
စိတ်ဓာတ်ကျနေတဲ့အခါ တစ်ယောက်တည်းမနေဘဲ ခင်မင်တဲ့မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ ပွင့်ပွင်းလင်းလင်းပြောဆိုေ
(၃) လမ်းလျောက်ပါ။
လမ်းလျောက်တာဟာ စိတ်ဖိစီးမှုကိုလျော့ကျစေပါတ
(၄) အကောင်းအဆိုးကို ခွဲခြားသိမြင်အောင်ကြိုးစား
ဘယ်အကြောင်းအရာအပေါ် စိတ်ဓာတ်ကျနေရသလဲဆိုတာ မိမိကိုယ်မိမိ ခွဲခြားသိမြင်အောင်ကြိုးစား
ဒါကြောင့် မကောင်းတဲ့ အမြင်ဝါဒတွေ ကို စာရင်းပြုစုပြီး တတ်နိုင်သလောက် အမြစ်ဖြတ်ချပါ။ အပြုသဘောဆောင်တဲ့အကောင်းမြင
(၅) တရားထိုင်ပါ။
နေ့စဉ်ပုံမှန် မိမိတတ်နိုင်သလောက် မိနစ်အနည်းငယ်ပေးပြီး တရားထိုင်တာဟာတစ်နေ့တာလုံးအ
စိတ်ငြိမ်သက်လာတဲ့အခါ အကျိုးအကြောင်းကို မှန်ကန်စွာ စဉ်းစားဆင်ခြင်နိုင်ပြီး မိမိကိုယ်မိမိ ပြန်လည်ထူထောင်လာနိုင်မှာဖြ
Author: Michael A. Gordon
Source:Yangon Life Myanmar
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။