Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, November 19, 2014

ဘောင်ဘင်ခေတ်သံများ


(ဘာဖြစ်လို့အသံတွေထွက်သလဲ??? - မိမိယုံကြည်ရာကိုဖော်ထုတ်ခွင့်ရှိပါသည်၊ပါဝင်ဆွေးနွေးခွင့်ရှိပါသည်)

ဘောင်ဘင်ခေတ်သံများ

မပြည့်တဲ့အိုး ဘောင်ဘင်ခတ်။ ~မြန်မာစကားပုံ~

ရေမပြည့်သော အိုးများသည် ဘောင်ဘင်ခတ်တတ်သည်။ ရေပြည့်နေသော အိုးများသည် ဘောင်ဘင်မခတ်။ လျှံသာ လျှံကျတတ်၏။ သို့သော် ထည့်သွင်းစဉ်းစားရန် လိုသည်က ရေတစ်စက်မျှမရှိသည့် အိုးများသည်လည်း ဘောင်ဘင် မခတ်တတ်ခြင်းပင် ဖြစ်ပါသည်။ သူတို့က ဘောင်ဘင်မခတ်တတ်ဘဲ ဟောင်းလောင်းပေါက်ကြီး အဆံချောင်နေ၏။ ရှင်းရှင်းပြောရလျှင် ဘောင်ဘင်ခတ်နိုင်စွမ်း မရှိ။ ၎င်းတို့ ဘောင်ဘင်မခတ်ခြင်းသည် ရေပြည့်နေလို့မဟုတ်။ ခတ်စရာ “ရေတစ်စက်မျှမရှိ” ခြင်းကြောင့် ဖြစ်ပါသည်။ ဘောင်ဘင်ခတ်သည့် အိုးတစ်အိုးဖြစ်ဖို့ အနည်းဆုံး ရေ “ဖင်ကပ်” လောက်တော့ ရှိရပါလိမ့်မည်။ သို့မှသာ ပလုံပလုံ ဘောင်ဘင်ခတ်သံလေးများ တလွင်လွင် ထွက်ပေါ်လာနိုင်သည်။ တစ်နည်းအားဖြင့် ဘောင်ဘင်ခတ်ခြင်းသည် ရေအနည်းငယ်တော့ ရှိကြောင်း သက်သေပြနေခြင်းပင် ဖြစ်ပါသည်။

မိန်းမတို့သည် ကွေ့ကောက်တတ်သည်ဟု ဆို၏။ မိန်းမဟူသည် လူသားများသာဖြစ်ရာ လူတို့သည် ကွေ့ကောက်တတ်သည့် သဘာဝ ရှိသည်ဟုဆိုလျှင်လည်း မှားမည်မထင်။ စကားမစပ် ဤနေရာတွင် လူဟူသမျှ မိန်းမရော ယောက်ျားပါ ကွေ့ကောက်တတ်သည်ချည်းအတူတူ မိန်းမကိုမှ ကွေ့ကောက်သည်ဟူသော စကားရပ်ထွက်ပေါ်လာခြင်းမှာ ယောက်ျားအသိုင်းအ၀ိုင်းမှ အခြေခံအမြစ်တွယ်လာခဲ့ခြင်း ဖြစ်ကြောင်း ကျွန်တော် ရမ်းသမ်းစွပ်စွဲပါမည်။ ဤသို့ ရမ်းသမ်းစွပ်စွဲခြင်းသည်လည်း သဘောကောင်းသည့် မိန်းကလေး တစ်ယောက်ယောက်ကများ ကြင်နာလာလိမ့်မလားဟု အခမဲ့ရှေ့နေလိုက် ပေးနေခြင်း မဟုတ်ကြောင်း မည်သူမျှ တိုက်စစ်မဆင်ပါပဲ ကြိုတင်ခုခံထားပါမည်။ လိုရင်းပြန်ကောက်ရလျှင် လူတို့သည် ကွေ့ကောက်တတ်သည့် သဘာဝရှိသည့်အလျောက် အိုးများသည်လည်း လူနှင့်ပမာပြုလိုက်မိသည်နှင့် တစ်ပြိုင်နက် ကွေ့ကောက်သွားကြတော့၏။ မပြည့်တဲ့အိုး ဘောင်ဘင်ခတ်ခြင်းသည် ခပ်သာသာ နှိမ်လိုက်ခြင်းပင်ဖြစ်ရာ ရေတစ်စက်မျှမရှိသော အိုးတို့သည်လည်း ပြည့်သည့်အိုးဖြစ်သယောင်ယောင် ဟန်ဆောင်ပန်ဆောင် လုပ်နိုင်ကြတော့သည်။ ရေရှိသယောင် နှုတ်ဆိတ်နေတတ်ကြသည်။ ထိုထက်ပို၍ “တိတ်တိတ်နေထောင်တန်” ဟူသည့် အခြား ဆိုရိုးစကားများနှင့် အားဖြည့်လိုက်သောအခါ “ပါးစပ်” ဟူသည့် အင်္ဂါသည် ထမင်းစားခြင်းနှင့် ရေသောက်ခြင်းမှတစ်ပါး တခြားလုပ်စရာ မရှိတော့သလို ဖြစ်သွားရသည်။ မပြည့်တဲ့အိုး ဘောင်ဘင်ခတ်ဟူသည့်စကားကို ရေလျှံနေသည့် အိုးကြီးတွေက ပြောသလား၊ လမ်းဘေးသောက်ရေအိုးစင်က ရေဖြည့်ပေးမည့်အလှူရှင်မရှိသည့် အိုးကပြောသလား၊ ဘယ်အိုးက ပြောသနည်း စဉ်းစားကြည့်ရန် လိုအပ်သည်။

မလုံလောက်သော ဗဟုသုတသည် အန္တရာယ်ရှိ၏။ သို့တိုင်အောင် မည်သူမည်ဝါသည် လုံလောက်သည့် အသိပညာဗဟုသုတ ရှိပါသနည်း။ လူ့သက်တမ်းသည် တိုတောင်းလွန်းလှသည်။ လူတို့သိစရာ အရာများသည် များပြားလွန်းလှသည်။ အသိဉာဏ်ပညာအရာတွင် “လုံလောက်သည်” ဆိုသည့်စကားလုံး သုံးစွဲနိုင်သည်အထိ လူတစ်ယောက်သည် အသက်ရှင်နေထိုင်နိုင်ခြင်းမရှိ။ မိမိသိသည့်အရာကို သိသလောက်ပြောမည်။ သိသလိုပြောမည်။ ဤအသံများသည် ဘောင်ဘင်ခတ်သံများလား။ ဤသို့ဆိုလျှင် သာယာသော ဘောင်ဘင်ခတ်သံများပင် ဖြစ်ပါလိမ့်မည်။ ယဉ်ကျေးမှုနှင့် ဆန့်ကျင်ဖီလာမဖြစ်လျှင်၊ မိမိထင်မြင်သည့်အရာကို ထုတ်ဖော်ပြော ဆိုနိုင်ခြင်းသည် “အခွင့်အရေးတစ်ရပ်” ဖြစ်ပါသည်။ ထင်ရှားသည့်ဥပမာတစ်ခုပြရလျှင် မြန်မာနိုင်ငံသားအားလုံး မိမိတို့၏ ထင်မြင်ချက်ကို ရဲရဲရင့်ရင့် ထုတ်ဖော်ဝန်ခံခွင့် ရရှိပြီး၊ ကျားကုတ်ကျားခဲ တောင်းဆိုခွင့်ရှိခဲ့လျှင် ဘာဖြစ်မည်လဲ ချိန်ထိုးစဉ်းစားကြည့်ရန် လိုသည်။ ထင်မြင်ချက်သည် ထင်မြင်ချက်သာဖြစ်သောကြောင့် ထုတ်ဖော်ပြောဆိုဖို့ “အခွင့်အရေး” ရှိနေခြင်း ဖြစ်ပါသည်။ သူတစ်ပါးအား ထိခိုက်နစ်နာမှု မရှိစေရန်သာ လိုအပ်သည်။

အခြားတစ်ဘက်ကပြန်ကြည့်သော် မင်းတုန်းမင်း၏ ဘုန်းတော်ဘွဲ့ကို မင်းတုန်းမင်းကိုယ်တိုင် ဖွဲ့၍ မရ။ စာဆိုတော်တစ်ဦးဦးက ဖွဲ့ဆိုပြရပေလိမ့်မည်။ ထိုစာဆိုတော်သည်ပင် “မောင်မင်း... ငါကိုယ်တော်မြတ်ရဲ့ ဘုန်းတော်ဘွဲ့တွေကို သီကုံးစေ... အမိန့်တော်…” ဟု မင်းတုန်းမင်းကိုယ်တိုင် မိန့်ထားသည်လား စဉ်းစားရပေဦးမည်။ ထိုစာဆိုတော် ဖွဲ့ထားသည့် “ဘုန်းတော်ဘွဲ့” သည်ပင် “စာဆိုတော်တစ်ဦး၏ မင်းတုန်းမင်းကြီး၏ ဘုန်းတော်ဘွဲ့” သာဖြစ်ပေသည်။ “မင်းတုန်းမင်း ဘုန်းတော်ဘွဲ့” မဟုတ်တော့။ ထို့အတူ အခြားစာဆိုတော် တစ်ဦးဦးမှလည်း မင်းတုန်းမင်းကြီး၏ ကာမဂုဏ်စည်းစိမ်ကို ဖွဲ့ပေလိမ့်မည်။ တစ်ယောက်တစ်ပေါက် ဖွဲ့ဆိုခြင်းများ၏ အလယ်တွင် အမှန်တရားနှင့် ရုပ်ချင်းဆင်သည့်အရာတစ်ခုတော့ ရှိနိုင်ကောင်းသည်။ ဤအရေးအသားတို့မှ မင်းတုန်းမင်းဆန်ဆန် ပုဂ္ဂိုလ်တစ်ဦး၏ ပုံရိပ်ကို နှောင်းလူများ မှန်းဆကြည့်နိုင်ပါလိမ့်မည်။ ဤသို့ “ငါ့စကားနွားရ” အယူအဆကို ခုခံထားနိုင်လျှင် ကျွန်တော်တို့ လွတ်လွတ်လပ်လပ် ဘောင်ဘင်ခတ်ခွင့် ရနိုင်ကောင်းသည်။ သို့မဟုတ်ပြန်လျှင်လည်း တစ်လောကလုံး ပလုံပလုံအသံများ ဆူညံပြီး ရေတစ်စက်မျှ ကျန်တော့မည်မဟုတ်ပါ။

သူငယ်ချင်းတစ်ယောက်က “မင်းက ထင်ရာတွေ စွတ်ပြောလွန်းတယ်” ဟု ကျွန်တော့်ကိုပြောချိန်တွင်“ထင်ရာတွေမပြောကြေးဆိုရင်တော့ မင်းခုလိုသတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” ဟု ကျွန်တော် မထင်သည့်အရာကို ပြန်ပြောမိခဲ့သည်။ လူတစ်ယောက်ကို မင်းထင်ရာတွေ မပြောနဲ့ဟု ပြောလျှင် သူ့အနေဖြင့် မထင်ရာကိုသာ ပြောဖို့ကျန်တော့သည်။ “အိုဘားမားဟာ ကျွန်တော်နဲ့ခပ်ဆင်ဆင်ပါ” ဟု ပြောသောသူသည် အင်ဒိုနီးရှားနိုင်ငံမှ ကုလားဆင်လေးတစ်ဦး ဖြစ်ပါသည်။ ကျွန်တော်ကလည်း တူသည်ဟု ထင်ပါသည်။ ဘာပြဿနာများရှိပါသလဲ။ ရုပ်ရည်ချင်းဆင်တူချင်းသာရှိပြီး သူက သမ္မတတက်လုပ်ခွင့်ရှိသည် မဟုတ်။ လိုရင်းပြောရလျှင် ထင်ရာကိုပြောခြင်းသည် “အကျိုးတစ်စုံတစ်ရာအတွက် မိမိမထင်သည့်အရာကို ပြောနေရခြင်းထက် ပို၍ကောင်းပါသည်။ ပို၍ အပြစ်ကင်းပါသည်” ပါးစပ်ပေါက်ပါသည့်အတွက် ပြောမိပါသည်။ စာ (အနည်းငယ်) ရေးတတ်သည့်အတွက် အခု ရေးနေပါသည်။ ထို့ကြောင့် ပလုံပလွမ် အသံလေးများ ထွက် (သည်ဟုယူဆ) နိုင်ပါသည်။ မျောက်တစ်ကောင်ဆီမှ ထွက်သည့်အသံသည် မျောက်အသံသာ ဖြစ်ပါမည်။ မျောက်တို့တွင်လည်း ထင်ရာလုပ်ခွင့်ရှိသည့်မျောက်နှင့် မထင်သည့် အရာများကိုသာ ငှက်ပျောသီးအတွက် လုပ်ပြနေကြရသည့် မျောက်များ ရှိပါသည်။ ဆပ်ကပ်ဆရာ၏ ပယောဂမပါဘဲ အနောက်ကျွမ်းထိုးသည့် မျောက်များကို လက်ခုပ်တီး အားပေးပါမည်။ အခုမြည်နေသည့် ဘောင်ဘင်ခတ်သံများသည် အိုးကို ကိုယ်တိုင်လှုပ်ယမ်းလိုက်၍ ထွက်ကျလာသော အသံများသာ ဖြစ်ပါသည်။
တေဇာ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။