စစ်မှန်သော ခေါင်းဆောင်
==================
ကျမ Hawaii (ဟာဝိုင်ရီ) သွားတုန်းက
သေသေချာချာစဉ်းစားတယ်
ဘာဖြစ်လို့လဲဆိုတော့ Hawaii က
အင်မတန်မှ ပထဝီအားဖြင့်လည်း လှပတယ်
လူမှုအသိုင်းအဝိုင်းအားဖြင့် လည်း
အင်မတန်မှ စိတ်ချမ်းသာစရာကောင်းတယ်
ကျမရောက်ဖူးတဲ့နိုင်ငံတွေ
သူက နိုင်ငံရယ်လို့တော့ မဟုတ်ဘူးပေါ့နော်။
အမေရိကန်ပြည်ထောင်စုရဲ့ တစိတ်တပိုင်းပေါ့။
ဒါပေမဲ့လည်း ကျမရောက်ဖူးတဲ့နေရာတွေထဲမှာ
ဆိုလို့ရှိရင် လူမျိုးအချင်းချင်း ခြားနားမှုမထားတာ
တယောက်ပေါ်တယောက် စာနာတာ ချစ်ခင်တာ
ဖော်ရွေတာ အဲ့ဒါတွေက Hawaii မှာ
အင်မတန်မှ များပါတယ်။
ချမ်းလည်းချမ်းသာကြတယ်။
ဒါပေမဲ့ ကျမစဉ်စားတယ်။
Hawaii ကမ်းခြေမှာထိုင်ပြီးတော့
ပစိဖိတ်သမုဒ္ဒရာကြီးကို ကြည့်လိုက်တဲ့အခါကျတော့
ကျမဒီလိုနေရာမျိုးမှာ နေချင်သလား?
ဒီလိုနေရာမျိုးမှာ နေလို့ရှိရင် စိတ်ချမ်းသာမလားဆိုပြီး
စဉ်းစားကြည့်တော့ အမှန်ပြောရရင်ကျမ
စိတ်ချမ်းသာမှာမဟုတ်ဘူး!
ဘာဖြစ်လို့လဲဆိုတော့
ကျမတို့မြန်မာနိုင်ငံမှာပြည်သူတွေနဲ့
အတူတူလှုပ်ရှားရတာ ရုန်းကန်ရတာ
ဆင်းရဲမယ်ဆိုလည်း အတူတူဆင်းရဲတာ ပိုပြီးတော့
ကျေနပ်မှုရှိတယ်လို့ ကျမဒီလိုခံစားရတယ်။
ကျေနပ်မှုရှိတယ်ဆိုတာ
ဆင်းရဲတာကိုကျေနပ်တာမဟုတ်ဘူး။
ဘယ်သူမှ ဆင်းရဲတာကို ကျေနပ်စရာမလိုဘူး။
ဒါပေမဲ့ အတူတူ ဒီဆင်းရဲတဲ့ အခြေအနေကနေပြီးတော့
ဖောက်ထွက်အောင်လို့ လုပ်မယ်… လုပ်နိုင်တယ်……
လုပ်လည်းလုပ်ချင်တယ်ဆိုတဲ့ အဲ့ဒီစိတ်ဓါတ်ကြောင့်မို့လို့
ကျမပိုပြီးတော့ အဆင်ပြေတဲ့နေရာ
ပိုပြီးတော့ ချမ်းသာတဲ့နေရာ
ပိုပြီးတော့သက်သာတဲ့နေရာမှာ နေချင်တဲ့စိတ်မရှိတာပါ…"
ဒေါ်အောင်ဆန်းစုကြည်
ပြန်လည်မျှဝေပါတယ်။
လေးစားလျက်
Tun Wai
========
၂၄-၂၅-၂၆မောရှသည်
အသက် အရွယ်ကြီးသောအခါ အပြစ်ရှိသော
ကာမဂုဏ်ကို ခဏခံစားခြင်းထက်၊
ဘုရားသခင်၏ လူတို့နှင့်အတူ ညှဉ်းဆဲခြင်းကို
သာ၍အလိုရှိသဖြင့်၎င်း၊ အဲဂုတ္တုပြည်၏စည်းစိမ်ထက်
ခရစ်တော်ကြောင့် ကဲ့ရဲ့ခြင်းဒုက္ခသည် သာ၍မြတ်သော
စည်းစိမ်ဖြစ်သည်ကို စိတ်ထင်သဖြင့်၎င်း၊
ယုံကြည်ခြင်းစိတ်ရှိ၍ ဖာရောဘုရင်သမီး၏
သားဟူ၍ ခေါ်ဝေါ်ခြင်းအခွင့် ကိုပယ်၏။
အကြောင်းမူကား၊ နောက်ရလတံ့သောအကျိုးကို ထောက်စာမြော်လင့်လျက်နေ၏။
.
Holy Bible, ဟေဗြဲ Heb 11:25-26
===========
==================
ကျမ Hawaii (ဟာဝိုင်ရီ) သွားတုန်းက
သေသေချာချာစဉ်းစားတယ်
ဘာဖြစ်လို့လဲဆိုတော့ Hawaii က
အင်မတန်မှ ပထဝီအားဖြင့်လည်း လှပတယ်
လူမှုအသိုင်းအဝိုင်းအားဖြင့်
အင်မတန်မှ စိတ်ချမ်းသာစရာကောင်းတယ်
ကျမရောက်ဖူးတဲ့နိုင်ငံတွေ
သူက နိုင်ငံရယ်လို့တော့ မဟုတ်ဘူးပေါ့နော်။
အမေရိကန်ပြည်ထောင်စုရဲ့ တစိတ်တပိုင်းပေါ့။
ဒါပေမဲ့လည်း ကျမရောက်ဖူးတဲ့နေရာတွေထဲမှာ
ဆိုလို့ရှိရင် လူမျိုးအချင်းချင်း ခြားနားမှုမထားတာ
တယောက်ပေါ်တယောက် စာနာတာ ချစ်ခင်တာ
ဖော်ရွေတာ အဲ့ဒါတွေက Hawaii မှာ
အင်မတန်မှ များပါတယ်။
ချမ်းလည်းချမ်းသာကြတယ်။
ဒါပေမဲ့ ကျမစဉ်စားတယ်။
Hawaii ကမ်းခြေမှာထိုင်ပြီးတော့
ပစိဖိတ်သမုဒ္ဒရာကြီးကို ကြည့်လိုက်တဲ့အခါကျတော့
ကျမဒီလိုနေရာမျိုးမှာ နေချင်သလား?
ဒီလိုနေရာမျိုးမှာ နေလို့ရှိရင် စိတ်ချမ်းသာမလားဆိုပြီး
စဉ်းစားကြည့်တော့ အမှန်ပြောရရင်ကျမ
စိတ်ချမ်းသာမှာမဟုတ်ဘူး!
ဘာဖြစ်လို့လဲဆိုတော့
ကျမတို့မြန်မာနိုင်ငံမှာပြည
အတူတူလှုပ်ရှားရတာ ရုန်းကန်ရတာ
ဆင်းရဲမယ်ဆိုလည်း အတူတူဆင်းရဲတာ ပိုပြီးတော့
ကျေနပ်မှုရှိတယ်လို့ ကျမဒီလိုခံစားရတယ်။
ကျေနပ်မှုရှိတယ်ဆိုတာ
ဆင်းရဲတာကိုကျေနပ်တာမဟုတ်ဘူ
ဘယ်သူမှ ဆင်းရဲတာကို ကျေနပ်စရာမလိုဘူး။
ဒါပေမဲ့ အတူတူ ဒီဆင်းရဲတဲ့ အခြေအနေကနေပြီးတော့
ဖောက်ထွက်အောင်လို့ လုပ်မယ်… လုပ်နိုင်တယ်……
လုပ်လည်းလုပ်ချင်တယ်ဆိုတဲ့ အဲ့ဒီစိတ်ဓါတ်ကြောင့်မို့လိ
ကျမပိုပြီးတော့ အဆင်ပြေတဲ့နေရာ
ပိုပြီးတော့ ချမ်းသာတဲ့နေရာ
ပိုပြီးတော့သက်သာတဲ့နေရာမှာ
ဒေါ်အောင်ဆန်းစုကြည်
ပြန်လည်မျှဝေပါတယ်။
လေးစားလျက်
Tun Wai
========
၂၄-၂၅-၂၆မောရှသည်
အသက် အရွယ်ကြီးသောအခါ အပြစ်ရှိသော
ကာမဂုဏ်ကို ခဏခံစားခြင်းထက်၊
ဘုရားသခင်၏ လူတို့နှင့်အတူ ညှဉ်းဆဲခြင်းကို
သာ၍အလိုရှိသဖြင့်၎င်း၊ အဲဂုတ္တုပြည်၏စည်းစိမ်ထက်
ခရစ်တော်ကြောင့် ကဲ့ရဲ့ခြင်းဒုက္ခသည် သာ၍မြတ်သော
စည်းစိမ်ဖြစ်သည်ကို စိတ်ထင်သဖြင့်၎င်း၊
ယုံကြည်ခြင်းစိတ်ရှိ၍ ဖာရောဘုရင်သမီး၏
သားဟူ၍ ခေါ်ဝေါ်ခြင်းအခွင့် ကိုပယ်၏။
အကြောင်းမူကား၊ နောက်ရလတံ့သောအကျိုးကို ထောက်စာမြော်လင့်လျက်နေ၏။
.
Holy Bible, ဟေဗြဲ Heb 11:25-26
===========
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။