ကျွန်မ မပြောခဲ့ရင် ရှင်သိနိုင်မှာလား
-------------------------- -----------
အေးစက်စက်မိုးရေစက်တွေက ပြတင်းပေါက်မှန်ကို လာရိုက်နေတယ်။ ခွဲစိတ်ခံထားရလို့ အစကတည်းက မကြည်မလင်ဖြစ်နေတဲ့ ကျွန်မရဲ့စိတ်က ဒီလိုရာသီဥတုကြောင့် ပိုဆိုးသွားခဲ့တယ်။ ကျွန်မဘေးပတ်လည်မှာ လူသူကင်းရှင်းနေလို့ အထီးကျန်မှုတစ်မျိုးကို ကျွန်မ ခံစားနေရတယ်။ လောကကြီးတစ်ခုလုံးက ကျွန်မကို မေ့လျှော့ထားသလိုပဲ... ကျွန်မ,မရှိလည်း ဒီလောကကြီး သာယာနိုင်လောက်ပါတယ်။
အဲဒီအချိန်မှာ စာပို့လုလင်တစ်ဦးက စာတစ်စောင်လာပို့တယ်။ မနက်တိုင်း ကျွန်မကျောင်းသွားတဲ့လမ်းက ခင်မင်ခဲ့တဲ့ဆရာမတစ်ဦးရဲ့စာဖြစ်တယ်။ စာက ဒီလိုရေးထားပါတယ်။
Dear Jenny,
ကျောင်းတက်ခါနီးပေမယ့် ကျောင်းသားတွေ စာသင်ခန်းထဲမရောက်ခင် ဒီစာကို ကျွန်မရေးလိုက်ပါတယ်။ ဒီမနက်လည်း ရှင့်ရဲ့အပြုံးနဲ့ လက်ပြနှုတ်ဆက်တာကို ကျွန်မ မမြင်ခဲ့ရပြန်ဘူး။ ရှင်နေမကောင်းတဲ့အချိန်ကစပြီး ဒီကနေ့အထိပါပဲ။ ရှင်မြန်မြန် နေကောင်းကျန်းမာပါစေလို့ ဆုတောင်းလိုက်ပါတယ်။ ဒီစာကိုရလို့ ရှင်အံ့သြကောင်း အံ့သြနေလိမ့်မယ်။ ဒါပေမယ့် ကျွန်မအတွက် ရှင်မရှိရင် ဒီလောကကြီးက ပျော်ရွှင်မှုနည်းသွားသလိုပါပဲ။ တကယ်လို့ ဒီအကြောင်းကို ကျွန်မ မပြောခဲ့ရင် ရှင်သိနိုင်မှာလား....
စာဖတ်ပြီး တခဏအတွင်းမှာ မျှော်လင့်ချက်မဲ့လို့ ထုံကျင်နေတဲ့ ကျွန်မခံစားချက်တွေ ကြက်ပျောက်ငှက်ပျောက် ပျောက်ခဲ့ရတယ်။ လူတချို့ ကျွန်မကိုသတိရနေတယ်။ လူတချို့ ကျွန်မကိုလိုအပ်နေတယ်။ ဒီလိုအသိလေးက ဆရာဝန်ပေးတဲ့ ဆေးတွေထက်တောင် ပိုစွမ်းခဲ့ပါတယ်။
စာထဲကပါတဲ့ စကားလုံးတိုင်းရဲ့ အဓိပ္ပာယ်ကိုခံစားရင်း စာကို ကျွန်မဂရုတစိုက် အစအဆုံး ပြန်ဖတ်မိတယ်။ "ကျွန်မ မပြောခဲ့ရင် ရှင်သိနိုင်မှာလား" ဆိုတဲ့ နောက်ဆုံးတစ်ခွန်းက ကျွန်မကိုအတွေးပွားစေခဲ့တယ် ။ တကယ်ပဲ ကျွန်မ မသိခဲ့ပါဘူး။ တကယ်လို့ စာလုံးတချို့၊ ကိုယ်ဟန်အမူအရာတချို့ကို ကျွန်မတို့ မရခဲ့ရင် တစ်ပါးသူရဲ့ရင်ထဲမှာ ဘာတွေတွေးနေမယ်ဆိုတာကို ကျွန်မတို့သိနိုင်မှာ မဟုတ်ပါဘူး။
လူအများက ရင်ထဲမှာရှိတဲ့ခံစားချက်ကို ထုတ်ဖော်မပြကြဘူး။ ဟန်ဆောင်ဖုံးကွယ် ထားတတ်ကြတယ်။ ကျွန်မတို့ကလည်း ထိခိုက်နာကျင်ခံစားနေတဲ့ လူတစ်ယောက်ရဲ့ ဝေဒနာကို ခေတ္တခဏပြေပျောက်အောင် ကြင်နာခြင်း၊ ချီးမွမ်းခြင်း၊ ကိုယ်ချင်းစာခြင်းစတဲ့ စကားလုံးတွေနဲ့နှစ်သိမ့်ဖို့  ကျင့်သားမရခဲ့ကြဘူး။ မွန်းကြပ်နေတဲ့ သူတို့ရဲ့စိတ်တွေ ကြည်လင်လာအောင် ကျွန်မတို့ မစွမ်းနိုင်ခဲ့ကြဘူး။
တစ်ခါက စူပါမားကက်ကအဖြစ်တစ်ခုကို ကျွန်မသတိရလိုက်မိတယ်။ ကျွန်မရှေ့မှာရပ်နေတဲ့ အမျိုးသားတစ်ဦးက သူ့မျက်နှာချင်းဆိုင်မှာ မျက်နှာထားတင်းတင်းနဲ့ လက်ဆောင်ပစ္စည်းထုပ်နေတဲ့ အရောင်းစာရေးမကိုပြုံးပြပြီး သူထုပ်တဲ့ လက်ဆောင်ထုပ်လေးက ဘယ်လောက်လှကြောင်း ချီးမွမ်းနေခဲ့တယ်။ မမျှော်လင့်တဲ့ချီးမွမ်းစကားကြောင့် အရောင်းစာရေးမရဲ့မျက်နှာမှာ အံ့သြမှုတွေ ယှက်သန်းသွားတယ်။ နဂိုတင်းမာအေးစက်တဲ့ သူ့မျက်နှာပေါ်မှာ အပြုံးပန်းလေးတွေ ဖူးပွင့်လာခဲ့တယ်။ ပင်ပန်းတဲ့အရိပ်အယောင်လည်း ပျောက်သွားခဲ့တယ်။ ချီးမွမ်းသူကို သူကျေးဇူးတင်စကားပြောပြီး ငွေရှင်းမယ့်ကျွန်မအလှည့်ကို အပြုံးနဲ့ ကြိုဆိုနေခဲ့တယ်။ အဲဒီနေ့က သူဝန်ဆောင်လိုက်တဲ့ ထောင်ပေါင်းများစွာသော
ဈေးဝယ်သူတွေထဲက မထင်မှတ်တဲ့ချီးမွမ်းစကားတစ်ခွန်းကြောင့် သူတစ်နေ့လုံး ပျော်ရွှင်ခဲ့တယ်။ အဲဒီပျော်ရွှင်မှုကို တခြားသူအတွက် သူထပ်ဝေမျှခဲ့ပြန်တယ်။
တကယ်လို့ လူတစ်ယောက်က သူတတ်နိုင်တဲ့အလုပ်တစ်ခုကို အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်ပြီးနောက် လူတွေရဲ့ဂရုစိုက်မှု၊ ချီးကျူးစကား၊ ဝေဖန်မှုတွေကို လိုလားလာတတ်ကြတယ်။
ငယ်ရွယ်တဲ့ ဆရာမတစ်ဦးနဲ့ ကျွန်မသိကျွမ်းခဲ့ဖူးတယ်။ နယ်မြို့ကျောင်းတစ်ကျောင်းကို အစားထိုးဆရာမအဖြစ် တစ်ပတ်ကြာ သူတာဝန်သွားရောက်ထမ်းဆောင်ခဲ့ရတယ်။ တစ်ပတ်ဆိုတဲ့ အချိန်ကို ကျောင်းသားတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်း ဖို့ သူ တက်ကြွနေခဲ့တယ်။ တောရွာသဘာဝ သစ်တော၊ ဥယျာဉ်တွေလေ့လာဖို့ သူနိုးကြားနေခဲ့တယ်။ ဒါပေမယ့် အဲဒီတစ်ပတ်က တကယ်ပဲ အဖြစ်ဆိုးခဲ့ပါတယ်။ ၅ရက်မှာ ၄ရက်က မိုးတွေရွာနေခဲ့တယ်။ ကျောင်းသားတွေက ရိုင်းစိုင်းပြီး စာမလုပ်ကြဘူး။ နောက်ဆုံးတစ်ရက် ကျောင်းသားတွေ စာအုပ်သိမ်းပြီး အိမ်ပြန်ဖို့ အသင့်ဖြစ်နေချိန်မှာ ကျွန်မကို မျက်ရည်အဝိုင်းသားနဲ့ သူလာရှာခဲ့တယ်။
"ကျွန်မသိလိုက်ပါပြီ ဆရာမ၊ ဒီအလုပ်က ကျွန်မနဲ့ မထိုက်တန်ဘူး.. ကလေးတွေနဲ့ ကျွန်မအတူ မနေသင့်ဘူး"
ဘယ်လောက်နှမြောစရာ ကောင်းလိုက်သလဲ၊ တကယ်လို့ သူသာ ဒီ့ထက်အတွေ့အကြုံ ပိုယူခဲ့မယ်၊ ပိုလေ့ကျင့်ခဲ့မယ်ဆိုရင် သူဟာ အောင်မြင်တဲ့ ဆရာမကောင်းတစ်ဦး ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် သူရဲ့စဉ်းစားဉာဏ်ကို ကျွန်မပြောင်းလဲနိုင်စွမ်း မရှိခဲ့ပါဘူး။
နောက်တော့ ကျောင်းသားတွေ ကားပေါ်တိုးတက်ကြတဲ့အချိန်
ကျောင်းသူတစ်ဦးက သူ့နောက်လိုက်ပြီး "ဆရာမ... ဒီတစ်ပတ်အတွက် ဆရာမကို အရမ်းကျေးဇူးတင်တယ်။ ကျွန်မတို့ကို ဗဟုသုတတွေ အများကြီးရစေတဲ့အတွက် ကျေးဇူးတင်တယ်။ အရင်တုန်းက တောအုပ်ထဲကလေသံကို ကျွန်မတစ်ခါမှ နားမထောင်ခဲ့ဖူးဘူး။ အခုတော့ အဲဒီလေသံလေးတွေ ဘယ်လောက်နားဝင်ချိုတယ် ဆိုတာကို ကျွန်မသိလိုက်ရတယ်။ ဒီ့အတွက် ကျွန်မ ဘယ်တော့မှမမေ့ဘူး ဆရာမ။ ဒါက ဆရာမအတွက် ကျွန်မရေးထားတဲ့ကဗျာလေးပါ။ ဆရာမကိုပေးဖို့ ကျွန်မသတ္တိမွေးခဲ့ရတယ်" ကျောင်းသူလေးက ပြောပြောဆိုဆို သူ့ကို စာရွက်တစ်ရွက်ထုတ်ပေးပြီး ကျောင်းသားအုပ်ထဲဝင်ပြေးသွားခဲ့တယ်။
ခဲတံနဲ့ရေးထားတဲ့ကဗျာလေးကို ဖတ်ပြီး သူမျက်ရည်ကျခဲ့တယ်။ ဒီတစ်ခေါက် ကျတဲ့မျက်ရည်က ဝမ်းသာလို့ကျတဲ့ မျက်ရည်တွေဖြစ်တယ်။ မှန်ကန်တဲ့ ရွေးချယ်မှုတစ်ခုကိုပြုလုပ်ခဲ့တဲ့ ကျောင်းသူလေးကို ကျွန်မ ကျေးဇူးတင်နေမိတယ်။ ကျောင်းသူလေးရဲ့ အပြုအမူကြောင့် ကျောင်းသားတိုင်းအတွက် ဆရာမကောင်းတစ်ဦးကို သူတို့လက်မလွတ်ခဲ့ကြဘူး။
တကယ်လို့ လှပတဲ့ချီးမွမ်းစကားတစ်ခွန်းဟာ လူတစ်ယောက်ရဲ့ ဘဝခရီးလမ်းအတွက် အရေးပါတဲ့အရာဖြစ်ခဲ့မယ်ဆိုရ င် လူတစ်ယောက်ရဲ့ ဘဝအစမှာ ပိုလို့အရေးပါပါလိမ့်မယ်။ ကလေးတွေက နာကျင်တဲ့ဝေဒနာကို မခံစားတတ်ကြသေးခင် နာကျင်ခြင်းရဲ့နောက်မှာ ပျော်ရွှင်ခြင်း ကပ်လိုက်တယ်၊ အောင်မြင်ခြင်းကို ရှုံးနိမ့်ခြင်းနဲ့ အမြဲတန်ဆာဆင်ထားတယ် ဆိုတာကိုလည်း သူတို့နားမလည်ကြပါဘူး။ ဒါကြောင့် သူတို့လေးတွေ လူတော်လူကောင်းတစ်ယောက်ဖြစ် ဖို့ သွန်သင်ဆုံးမသူရှိရတယ်။ ကလေးတွေက စစ်မှန်တဲ့မေတ္တာနဲ့ ချီးကျူးစကားကို မျှော်လင့်တတ်ကြတယ်။ သူတို့ရဲ့ ခံစားချက်လေးတွေ ပြည့်ဝနေအောင် "သား(သမီး)ကို ချစ်တယ်" "သား(သမီး) အတွက်နဲ့ ဂုဏ်ယူတယ်" "သား(သမီး)နဲ့ အတူနေရတာကို ပျော်တယ်".. စတဲ့ နူးညံ့တဲ့အသံ၊ ကြင်နာတဲ့အကြည့်၊ ယဉ်ကျေးတဲ့စကားလုံးတွေနဲ့ ကလေးတိုင်းဆီရောက်အောင် ပိုနိုင်ဖို့က ပိုလို့အရေးကြီးပါတယ်။
ကျွန်မအတွေးကိုနယ်ချဲ့စေတဲ့ ဆရာမရဲ့စာရွက်က ကျွန်မလက်မှာ ဆုတ်ကိုင်ထားဆဲပါ။ အခုအချိန်မှာ ဟိုးအရင်ကတည်းက ဖြစ်ပျက်ခဲ့တဲ့ အဖြစ်တစ်ခုကို လူတွေသိအောင် ကျွန်မပြောပြချင်နေမိတယ်။ အဲဒီအဖြစ်က ကျွန်မအိမ်နဲ့သိပ်မဝေးတဲ့နေ ရာမှာနေတဲ့ လယ်သမားတစ်ဦးရဲ့ဇနီးက သူတို့အိမ်ရှေ့က လမ်းမကို နေ့တိုင်းလည်းကျင်းပြီး လမ်းတစ်ဖက်တစ်ချက်မှာ ပန်းတွေစိုက်ထားခဲ့တယ်။ အဲဒီလမ်းကိုကျွန်မဖြတ်တိုင်း သင်းပျံ့တဲ့ပန်းရနံ့ကို ရှုရှိုက်ခဲ့ရတယ်။ နေ့တစ်နေ့ ပင်ပန်းတဲ့ဒဏ်ကို အဲဒီလမ်းဖြတ်လျှောက်ပြီး ဖြည်လျှော့ခဲ့ရတယ်။ ဒီအကြောင်းကို လယ်သမားရဲ့ဇနီးသာသိရင် အရမ်းဝမ်းသာမှာပဲ... ဒါပေမယ့် ကျွန်မ မပြောခဲ့ရင် သူသိနိုင်မှာလား.....
---
မူရင်းလင့် -- http://www.duwenzhang.com/ wenzhang/renshengzheli/ ganwu/20101002/157834.html
နိုင်းနိုင်းစနေ (Friday, April 10, 2009)
--------------------------
အေးစက်စက်မိုးရေစက်တွေက ပြတင်းပေါက်မှန်ကို လာရိုက်နေတယ်။ ခွဲစိတ်ခံထားရလို့ အစကတည်းက မကြည်မလင်ဖြစ်နေတဲ့ ကျွန်မရဲ့စိတ်က ဒီလိုရာသီဥတုကြောင့် ပိုဆိုးသွားခဲ့တယ်။ ကျွန်မဘေးပတ်လည်မှာ လူသူကင်းရှင်းနေလို့ အထီးကျန်မှုတစ်မျိုးကို ကျွန်မ ခံစားနေရတယ်။ လောကကြီးတစ်ခုလုံးက ကျွန်မကို မေ့လျှော့ထားသလိုပဲ... ကျွန်မ,မရှိလည်း ဒီလောကကြီး သာယာနိုင်လောက်ပါတယ်။
အဲဒီအချိန်မှာ စာပို့လုလင်တစ်ဦးက စာတစ်စောင်လာပို့တယ်။ မနက်တိုင်း ကျွန်မကျောင်းသွားတဲ့လမ်းက ခင်မင်ခဲ့တဲ့ဆရာမတစ်ဦးရဲ့စ
Dear Jenny,
ကျောင်းတက်ခါနီးပေမယ့် ကျောင်းသားတွေ စာသင်ခန်းထဲမရောက်ခင် ဒီစာကို ကျွန်မရေးလိုက်ပါတယ်။ ဒီမနက်လည်း ရှင့်ရဲ့အပြုံးနဲ့ လက်ပြနှုတ်ဆက်တာကို ကျွန်မ မမြင်ခဲ့ရပြန်ဘူး။ ရှင်နေမကောင်းတဲ့အချိန်ကစပြ
စာဖတ်ပြီး တခဏအတွင်းမှာ မျှော်လင့်ချက်မဲ့လို့ ထုံကျင်နေတဲ့ ကျွန်မခံစားချက်တွေ ကြက်ပျောက်ငှက်ပျောက် ပျောက်ခဲ့ရတယ်။ လူတချို့ ကျွန်မကိုသတိရနေတယ်။ လူတချို့ ကျွန်မကိုလိုအပ်နေတယ်။ ဒီလိုအသိလေးက ဆရာဝန်ပေးတဲ့ ဆေးတွေထက်တောင် ပိုစွမ်းခဲ့ပါတယ်။
စာထဲကပါတဲ့ စကားလုံးတိုင်းရဲ့ အဓိပ္ပာယ်ကိုခံစားရင်း စာကို ကျွန်မဂရုတစိုက် အစအဆုံး ပြန်ဖတ်မိတယ်။ "ကျွန်မ မပြောခဲ့ရင် ရှင်သိနိုင်မှာလား" ဆိုတဲ့ နောက်ဆုံးတစ်ခွန်းက ကျွန်မကိုအတွေးပွားစေခဲ့တယ်
လူအများက ရင်ထဲမှာရှိတဲ့ခံစားချက်ကို
တစ်ခါက စူပါမားကက်ကအဖြစ်တစ်ခုကို ကျွန်မသတိရလိုက်မိတယ်။ ကျွန်မရှေ့မှာရပ်နေတဲ့ အမျိုးသားတစ်ဦးက သူ့မျက်နှာချင်းဆိုင်မှာ မျက်နှာထားတင်းတင်းနဲ့ လက်ဆောင်ပစ္စည်းထုပ်နေတဲ့ အရောင်းစာရေးမကိုပြုံးပြပြီ
ဈေးဝယ်သူတွေထဲက မထင်မှတ်တဲ့ချီးမွမ်းစကားတစ
တကယ်လို့ လူတစ်ယောက်က သူတတ်နိုင်တဲ့အလုပ်တစ်ခုကို
ငယ်ရွယ်တဲ့ ဆရာမတစ်ဦးနဲ့ ကျွန်မသိကျွမ်းခဲ့ဖူးတယ်။ နယ်မြို့ကျောင်းတစ်ကျောင်းက
"ကျွန်မသိလိုက်ပါပြီ ဆရာမ၊ ဒီအလုပ်က ကျွန်မနဲ့ မထိုက်တန်ဘူး.. ကလေးတွေနဲ့ ကျွန်မအတူ မနေသင့်ဘူး"
ဘယ်လောက်နှမြောစရာ ကောင်းလိုက်သလဲ၊ တကယ်လို့ သူသာ ဒီ့ထက်အတွေ့အကြုံ ပိုယူခဲ့မယ်၊ ပိုလေ့ကျင့်ခဲ့မယ်ဆိုရင် သူဟာ အောင်မြင်တဲ့ ဆရာမကောင်းတစ်ဦး ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် သူရဲ့စဉ်းစားဉာဏ်ကို ကျွန်မပြောင်းလဲနိုင်စွမ်း မရှိခဲ့ပါဘူး။
နောက်တော့ ကျောင်းသားတွေ ကားပေါ်တိုးတက်ကြတဲ့အချိန်
ကျောင်းသူတစ်ဦးက သူ့နောက်လိုက်ပြီး "ဆရာမ... ဒီတစ်ပတ်အတွက် ဆရာမကို အရမ်းကျေးဇူးတင်တယ်။ ကျွန်မတို့ကို ဗဟုသုတတွေ အများကြီးရစေတဲ့အတွက် ကျေးဇူးတင်တယ်။ အရင်တုန်းက တောအုပ်ထဲကလေသံကို ကျွန်မတစ်ခါမှ နားမထောင်ခဲ့ဖူးဘူး။ အခုတော့ အဲဒီလေသံလေးတွေ ဘယ်လောက်နားဝင်ချိုတယ် ဆိုတာကို ကျွန်မသိလိုက်ရတယ်။ ဒီ့အတွက် ကျွန်မ ဘယ်တော့မှမမေ့ဘူး ဆရာမ။ ဒါက ဆရာမအတွက် ကျွန်မရေးထားတဲ့ကဗျာလေးပါ။ ဆရာမကိုပေးဖို့ ကျွန်မသတ္တိမွေးခဲ့ရတယ်" ကျောင်းသူလေးက ပြောပြောဆိုဆို သူ့ကို စာရွက်တစ်ရွက်ထုတ်ပေးပြီး ကျောင်းသားအုပ်ထဲဝင်ပြေးသွာ
ခဲတံနဲ့ရေးထားတဲ့ကဗျာလေးကို
တကယ်လို့ လှပတဲ့ချီးမွမ်းစကားတစ်ခွန်
ကျွန်မအတွေးကိုနယ်ချဲ့စေတဲ့
---
မူရင်းလင့် -- http://www.duwenzhang.com/
နိုင်းနိုင်းစနေ (Friday, April 10, 2009)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။