Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, November 29, 2014

ကျရူံးသူရဲ့ အောင်မြင်မှု


ကျရူံးသူရဲ့ အောင်မြင်မှု
-------------------------

Schulz လို့ခေါ်တဲ့ ကလေးငယ်တစ်ဦးဟာ သူ့ရဲ့ကျောင်းတက်ရက်တွေကို ပင်ပင်ပန်းပန်းနဲ့ ဖြတ်ကျော်နေရတယ်။ မူလတန်းကတည်းက သူဟာ သင်သမျှ ဘာသာတိုင်းမှာ မင်နီတွေနဲ့ ပြည့်နေတတ်တယ်။ အလယ်တန်းရောက်တော့ သူ့ရဲ့ ရူပဗေဒအမှတ်က အမြဲသုညဖြစ်နေတယ်။ သူဟာ သူတက်တဲ့ကျောင်းမှာ ရူပဗေဒအမှတ် အညံ့ဆုံးအဖြစ် စံချိန်တင်ခဲ့တယ်။ တစ်ခြားသာသာရပ်မှာလည်း အမှတ်တွေ အမြဲနည်းနေခဲ့တဲ့အပြင် အားကစားအမှတ်လည်း ထင်သလောက် မဖြစ်ခဲ့ဘူး။

သူကြီးပြင်းလာခဲ့တဲ့ ဘ၀တစ်လျှောက်မှာလည်း ထုံအတဲ့သူ့မှာ သူငယ်ချင်း၊ အပေါင်းအသင်းတွေ မရှိခဲ့ဘူး။ လူတွေက သူ့ကို မနှစ်သက်တာ မဟုတ်ပေမယ့် ကျောင်းအဖွဲ့အစည်းတွေမှာလည်း သူ့အရိပ်ကို မမြင်ခဲ့ရဘူး။ မိသားစုရဲ့ အကြည့်ထဲမှာလည်း သူမဝင်ဆန့်ခဲ့ဘူး။ တစ်ယောက်ယောက်ကများ သူ့ကို ယောင်ပြီး နှုတ်ဆက်မိရင် သူဟာ အရမ်းပျော်မိတတ်တယ်။

မိန်းကလေးတွေနဲ့ ချိန်းတွေ့မယ့် တုံးအ,အ သူ့ပုံကို ဘယ်သူမှ မမြင်ဖူးဘူး။ သူ့ကိုလည်း ဘယ်မိန်းကလေးကမှ လက်မခံခဲ့ဖူးဘူး။ Schulz ဟာ ကယ်တင်စရာဆေး လုံးဝမရှိတဲ့ ကျရှုံးသူဖြစ်ခဲ့တယ်။ ဒါကို သူ့ကိုယ်သူလည်း သိတယ်။ ဒါကြောင့် ငယ်ရာကနေ ကြီးလာတဲ့အထိ ဘဝဟာ ဘာဖြစ်နေဖြစ်နေ သူဂရုမစိုက်ခဲ့ဘူး။ ဒါပေမယ့် ကာတွန်းဆွဲဖို့ တစ်ခုကိုပဲ သူဂရုစိုက်ခဲ့တယ်။

Schulzဟာ ကာတွန်းကိုတော့ ကောင်းကောင်းဆွဲနိုင်မယ်လို့ သူ့ကိုယ်သူ ယုံကြည်ခဲ့တယ်။ ကိုယ်ဆွဲတဲ့ပုံတွေကိုလည်း ဂုဏ်ယူခဲ့တယ်။ ဒါပေမယ့် သူဆွဲတဲ့ပုံကို ဘယ်သူမှ လှည့်မကြည့်ခဲ့ဘူး။ အလယ်တန်းတုန်းက ဂျာနယ်တချို့ကို သူ့ပုံတွေ ပို့ခဲ့ဖူးတယ်။ အမြဲတမ်း အပယ်ခံခဲ့ရပေမယ့် ကာတွန်းဆွဲနိုင်တဲ့ ကိုယ့်ရဲ့ယုံကြည်မှုကိုတော့ သူလက်မလွှတ်ခဲ့တဲ့အပြင် အောင်မြင်တဲ့ ကာတွန်းဆရာတစ်ဦးဖြစ်ရမယ်လို့လည်း သူဆုံးဖြတ်ခဲ့တယ်။

အလယ်တန်းပြီးတဲ့နှစ်မှာပဲ သူဟာ Walt Disney ကုမ္ပဏီကို မိတ်ဆက်စာတစ်စောင် ရေးခဲ့တယ်။ Disneyက သတ်မှတ်ထားတဲ့ပုံနဲ့ သူ့လက်ရာကိုကြည့်ဖို့ တောင်းဆိုခဲ့တယ်။ ဒါဟာ သူ့အတွက် လမ်းစပဲဆိုပြီး Schulzဟာ ကိုယ်ရောစိတ်ပါနစ်ပြီး ပုံတွေကို ဆွဲခဲ့တယ်။ ဒါပေမယ့် Disneyက သူ့ကို ငြင်းပယ်လိုက်ပါတယ်။ ကျောက်တုံးကို ရေထဲပစ်ချလိုက်သလိုပဲ ကျရူံးသူဟာ နောက်ထပ်တစ်ဖန်ကျရူံးတာကိုခံခဲ့ရတယ်။

Schulzရဲ့ ဘဝဟာ မည်းမှောင်ပြီး ချောက်ကမ်းပါးထိပ်ကို ရောက်နေသလိုပါပဲ။ ရှေ့ဆက်ဖို့ လမ်းစပျောက်နေချိန်မှာ အဓိပ္ပာယ်မဲ့တဲ့ ကိုယ့်ဘဝကို ခဲတံလေးနဲ့ ဆွဲခြစ်ဖို့ သူစိတ်ကူးမိတယ်။ ကာတွန်းထဲမှာပြောမယ့် စကားလုံးတွေကိုလည်း အရောင်မလှခဲ့တဲ့ သူ့ငယ်ဘဝ စကားလုံးတွေ၊ မအောင်မြင်ခဲ့တဲ့ စာမေးပွဲတွေ၊ အပယ်ခံရတဲ့ အညတရ အနုပညာသည် သူ့အကြောင်း၊ လူတွေ လျစ်လျူရှုခံထားရတဲ့ ကျရူံးသူ... စတဲ့ သူကြုံတွေ၊ ခံခဲ့ရတဲ့ ခံစားချက်တွေကို သူမြတ်နိုးတဲ့၊ အောင်မြင်အောင်လုပ်မယ်လို့ သူဆုံးဖြတ်ထားတဲ့ ကာတွန်းနဲ့ ခြယ်မှုန်းခဲ့တယ်။

အဲဒီလိုနဲ့ သူဖန်တီးတဲ့ ဇာတ်ကောင်တစ်ကောင် “Peanuts” ဟာ အောင်မြင်လာလိမ့်မယ်လို့ သူ့ကိုယ်သူတောင် တွေးမထားမိခဲ့ဘူး။ ဒါပေမယ့် Peanuts ဇာတ်လမ်းတွဲတွေက တစ်ကမ္ဘာလုံးကို တောမီးလို ခဏတွင်းချင်း ဟုန်းဟုန်းတောက် ကူးစက်အောင်မြင်ခဲ့တယ်။

သူ့ရဲ့စုတ်ချက်အောက်မှာပဲ “Charlie Brown” ဆိုတဲ့ ဇာတ်ကောင်တစ်ကောင် ထွက်လာခဲ့တယ်။ Charlie Brownဟာလည်း သူ့လို ကျရူံးသူတစ်ဦးပါပဲ။ Charlie Brown လွှတ်တဲ့လေတံခွန်ဟာ ဘယ်တော့မှ ကောင်းကင်အထက်ကို မပျံဝဲနိုင်ခဲ့သလို ဘောလုံးကိုလည်း ကောင်းကောင်းမကန်တတ်ခဲ့ဘူး။ တုံးအတဲ့ သူ့ကို သူငယ်ချင်းတွေက “သစ်တုံးဦးနှောက်”လို့ ခေါ်ခဲ့ကြတယ်။

အဲလို ခပ်တုံးတုံးစရိုက်နဲ့ ခပ်တုံးတုံး ဇာတ်ကောင်တွေကို ကမ္ဘာကျော်အောင် ဆွဲခဲ့တဲ့လူက နိုင်ငံကျော် ကာတွန်းဆရာ “Charles M. Schulz” ပဲဖြစ်တယ်။ သူ့ဇာတ်ကောင်ထဲက တစ်ကောင်ဖြစ်တဲ့ “Snoopy dog” ဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ ကလေး၊ လူကြီးပါမကျန် မသိသူ မရှိအောင် နာမည်ကျော်ကြားခဲ့တယ်။

မူရင်းလင့် -- http://www.people.com.cn/BIG5/paper53/16093/1422617.html

နိုင်းနိုင်းစနေ (Sunday, April 27, 2008)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။