မေတ္တာတရားရဲ့ အတိမ်အနက်နဲ့ မေတ္တာတရားကိုဖော်ပြတတ်မှုပညာ
ကျမနဲ့ သူက အသက်ငယ်ငယ်နဲ့ အိမ်ထောင်ကျခဲ့တာပါ။ ကျမတို့က ကလေးတွေအများကြီးမွေးပြီး မိသားစုအကြီးကြီးနဲ့ သိုက်သိုက်ဝန်းဝန်းနေကြမယ်လို့ သဘောတူထားခဲ့ကြတယ်။ ကျမလည်း ကလေးတွေ သိပ်ချစ်တတ်တော့ အိမ်ထောင်သက် ၈ နှစ်အတွင်းမှာ သမီးလေး ၄ ယောက် သားလေး ၂ ယောက်တောင် မွေးပြီးနေပြီ။ ကလေးတွေကို ကျမတစ်ယောက်တည်း ပြုစုပျိုးထောင်ရတော့ ကလေးတို့ရဲ့ အဖေခမျာ စီးပွားကိုတစ်ယောက်တည်း ကုန်းရုန်းရှာပြီး အရမ်းပင်ပန်းနေခဲ့တာပေါ့။ သူ့မှာ ကလေး ၆ ယောက်ရဲ့ပညာရေး ၊ရှေ့ရေးတွေအတွက်ပါ ပူပင်ရပြီး ငွေတွေစုဆောင်းနိုင်ဖို့ပါ စဉ်းစားရတာကိုး။ ကျမကတော့ သူ့ကိုပဲ အားကိုးတယ်လေ။ သူ့ကို အားကိုးပြီး သူနဲ့ကျမတို့ရဲ့ အနာဂတ်ဖြစ်တဲ့ သားသမီးလေးတွေကို ပင်ပင်ပန်းပန်း ကိုယ်ဝန်ဆောင်ပေး၊ အသက်နဲ့ရင်းပြီး မွေးဖွားပေး၊ အစစအရာရာ ဂရုစိုက်ပေးတဲ့အတွက် သူနောက်ကြောင်း စိတ်အေးရလို့ ကျမကို ကျေးဇူးတင်တယ်လို့တောင် သူကပြောသေးတယ်။ ဒီတော့ ကျမက သူ့ကို အားကိုးတကြီးမှီခိုရင်း နဲ့ သူစိတ်အေးအောင် သားသမီးလေးတွေနဲ့ အေးချမ်းသာယာတဲ့မိသားစုလေး ဖန်တီးပေးတာပေါ့။
တစ်နေ့ကျတော့ သူ့သူငယ်ချင်းက ဖားကန့်မှာကျောက်သွားတူးရအောင်လို့ အဖော်စပ်တယ်။ အဲဒီခေတ်တုန်းက ကျောက်စိမ်းတွေကို ကိုယ်တိုင်တူရွင်းတွေ ဘာတွေနဲ့ တူးရတဲ့ခေတ်ပေါ့။ ကျောက်အောင်သွားရင်လည်း တရုတ်ပြည်ကိုယ်တိုင်တက်ပြီး သွားရောင်းနိုင်ရင် တခါတည်းချမ်းသာသွားနိုင်တဲ့ ခေတ်ပေါ့။ လုပ်တဲ့သူတွေနည်းသေးတာကိုး။ သူလည်း ဒီမှာ ကျဘန်းအလုပ်တွေပါ အစုံလုပ်ရင်း ငွေရှာနေရတော့ အရမ်းပင်ပန်းပြီးငွေလည်းမစု မိတာနဲ့ လိုက်သွားမယ်လို့ ကျမကိုပြောတယ်။ ကျမရင်ထဲ အားကိုးရာမဲ့သလို ၀မ်းနည်းအားငယ်သွားခဲ့ပေမဲ့ ကျမသူ့ကိုလုပ်ပေးနိုင်တာတစ် ခုက သူစိတ်အေးလက်အေး စီးပွားရှာနိုင်ဖို့ပဲဆိုတော့ ကျမအပြုံးမပျက် သွားခွင့်ပြုခဲ့တယ်။ သူ လစဉ်ပုံမှန်ငွေပို့ပေးလို့ ကျမတို့သားအမိတွေ အရမ်းမပြည့်စုံပေမဲ့ မချို့တဲ့ခဲ့ပါဘူး။
သူသွားပြီး တစ်နှစ်တောင်မပြည့်သေးဘူး သူနဲ့အတူသွားတဲ့သူငယ်ချင်းက ငှက်ဖျားဖြစ်ပြီး ပြန်ရောက်လာတယ်။ သူ့အကြောင်းမေးတော့ သူက ကျန်းမာတယ်၊အလုပ်ကြိုးစားတယ်တဲ့။ ဒါပေမဲ့ သူ့သူငယ်ချင်းက မျက်နှာမကောင်းတော့ ကျမသေချာထပ်မေးတယ်။ပြောပြပါ ကျမခံနိုင်ရည်ရှိပါတယ်ဆိုတော့ သူ နောက်မိန်းမတစ်ယောက်နဲ့ အတူနေတယ်တဲ့။ ကျမရင်ထဲ ဗလောင်ဆူပြီးမေ့လဲမတတ်ပါပဲ။ ဒါနဲ့ကျမ အိမ်ပြန်လာပြီး ငိုနေရင်းစဉ်းစားတယ်။ သူဘာလို့ ဒီလိုလုပ်တာလဲ။ တကယ်တော့ ကျမမှာကလေးတွေတစ်ယောက်နဲ့တစ်ယောက် အဆက်မပြတ်မွေးတော့ သူ့ကိုအချိန်လည်းမပေးနိုင်၊ ဂရုလည်းမစိုက်နိုင်တာ ကြာခဲ့ပြီကိုး။ သာယာမှုနောက် ပါသွားခဲ့တာ သူ့အပြစ်တစ်ခုတည်းလည်း မဟုတ်ပါဘူးလေ။ အခြေအနေက ဖန်တီးလို့ဖြစ်သွားခဲ့တာကို ပိုဆိုးအောင် လုပ်မလား ပိုကောင်းအောင် လုပ်မလား ကျမသေချာစဉ်းစားခဲ့တယ်။
အဲလိုနဲ့ ကျမသူ့ဆီ လူကြုံနဲ့စာတစ်စောင်ထည့်တယ် ။ ကလေးတွေက အဖေ့ကို လွမ်းလှပြီ။ တစ်ခါလောက်တော့ ပြန်လာခဲ့ပါလားလို့ပေါ့။ တပတ်အကြာမှာပဲ သူပြန်ရောက်လာခဲ့တယ်။ သူကတော့ ပုံမှန်လိုပဲ ကလေးတွေကို ချီပွေ့ချောမြှူပြီး ကျမကိုလည်း ဟင်းချက်ကူပေးတယ်။ ကျမရင်ထဲမှာတော့ ဘလောင်ဆူပြီး ဘယ်လိုပြောရမလဲခေါင်းခြောက် နေခဲ့တာပေါ့။ အဲနေ့ညက သူထိုင်နေကျ ကုလားထိုင်မှာ ဆေးတံခဲပြီး သူထိုင်နေတယ်။ ကျမသူ့ခြေထောက်လေးတွေကို အမှတ်တမဲ့ကြည့်မိတော့ မျက်ရည်ဝဲသွားမိတယ်။ သူ့ခြေထောက်တွေ အသားမာတက်ပြီး မည်းနေပါလား။ သူဘာတွေပဲလုပ်နေနေ ကျမတို့အတွက် ပင်ပန်းခံရှာဖွေကျွေးမွေးတာ အရမ်းကိုကျေးဇူးတင်စရာပါ။ ကျမရေနွေးတစ်ဇလုံသွားယူလာခဲ့ ပြီး သူ့ခြေထောက်တွေကို စိမ်ပေးပြီးနှိပ်ပေးခဲ့တယ်။ "ရှင့်ခြေထောက်တွေကြည့်ပြီး ကျမစိတ်ထဲမကောင်းလိုက်တာ"လို့ တဖွဖွပြောပြီး သူ့ခြေထောက်လေးတွေ နူးညံ့သွားအောင် နှိပ်ပေးနေတာပေါ့။
သူ့မျက်ဝန်းထဲကို ကျမ အမှတ်တမဲ့လိုလိုနဲ့ စိုက်ကြည့်လိုက်တော့ မျက်ရည်လေးတွေ နည်းနည်းဝေ့နေတယ်။ ကျမသိလိုက်ပြီ။ သူ ဒီမိသားစုကိုပဲ တကယ်ချစ်တယ်ဆိုတာ။ ဒါဆို ကျမဘာဆက်လုပ်ရမလဲသိသွားခြဲ့ ပီလေ။ "ရှင်အခုလိုခရီးဝေးသွားပြီး ပင်ပင်ပန်းပန်းစီးပွားရှာတာ အရမ်းကို ကျေးဇူးတင်
ပါတယ်။ ကျမလေ ကလေးတွေနဲ့ ညညဆိုလည်း သိပ်ကြောက်ပြီး ကူဖော်လောင်ဖက်လည်း မရှိပဲ အရမ်းပင်ပန်းခဲ့ပေမဲ့ ရှင်က ကျမထက်ပိုပင်ပန်းခံပြီး စီးပွားရှာနေတာ တွေးမိရင်း အားတင်းပြီး ရှေ့ဆက်နေခဲ့တယ်။ ရှင်ဟာ ကျမတို့အားလုံးရဲ့ကျေးဇူးရှ င်
ပါ ယောက်ျားရယ်။ ကျမကလည်း ကျမတို့ရဲ့ အနာဂတ်ဖြစ်တဲ့ ဒီသားသမီးလေးတွေကို အပင်ပန်းခံပြုစုပျိုးထောင်ြ ပီး ရှင်ဂုဏ်ယူရတဲ့ သားသမီးလေးတွေ ဖြစ်လာစေမှာပါ။ ဒါဟာ ရှင့်ကျေးဇူးကို ဆပ်ရာရောက်တယ်မလားဟင်။" သူ ဆို့နင့်နေတဲ့မျက်ဝန်းတွေ
နဲ့ ခေါင်းညိတ်ပြရှာတယ်။ စကားတစ်ခွန်းမှမပြောပဲ ကျမပုခုံးကိုဆွဲထူမပြီး ပွေ့ဖက်ထားခဲ့တယ်။
ကျမသူ့ရဲ့မေတ္တာကို အဲဒီနေ့ကတည်းက တစ်ဦးတည်း ပြန်လည်ပိုင်ဆိုင်လာ
ခဲ့တာ ဒီနေ့အထိပါပဲ။ ကျမဘာလို့ အဲလောက်သေချာပြောနိုင်လဲဆို တာတော့ ကျမလည်းမရှင်းပြတတ်ဘူး။ ဒါဟာ "မေတ္တာတရားရဲ့ အတိမ်အနက်
နဲ့ မေတ္တာတရားကိုဖော်ပြတတ်မှုပညာ " အပေါ်မှာပဲ မူတည်တယ်လို့ ထင်မိပါတယ်။ ကျမဟာ ရိုးအတဲ့အိမ်ရှင်မဆိုပေမဲ့ ကိုယ်လိုချင်တာ
ကို သေချာသိမြင်ပြီး ကိုယ့်ယောက်ျားရဲ့ သိက္ခာကိုမညှိုးနွမ်းစေပဲ သူ့မှာရှိသင့်တဲ့ မိမိကိုယ်ကိုယုံကြည်မှုစွမ်း အားကို တိုးမြင့်စေပြီး အောင်မြင်စေခဲ့သူပါပဲ။ အခုကျမတို့နှစ်ယောက်ဟာ ကလေးတွေထပ်မွေးခဲ့ပြီး လိမ္မာပြီးတော်တဲ့ သားသမီး ၉ ယောက်နဲ့ ပြည့်စုံအေးချမ်းတဲ့ဘ၀မှာ အတူတူ နေထိုင်ရင်း တသက်တာချစ်မြဲချစ်လျှက်ချစ် ဆဲပါပဲရှင်။#yangonlife#marriage
ကွတ်ခိုင်မြို့မှ ဖြစ်ရပ်မှန်တစ်ခုကို ရေးဖွဲ့ထားခြင်းဖြစ်ပါတယ်။
Win Pa Pa San
ကျမနဲ့ သူက အသက်ငယ်ငယ်နဲ့ အိမ်ထောင်ကျခဲ့တာပါ။ ကျမတို့က ကလေးတွေအများကြီးမွေးပြီး မိသားစုအကြီးကြီးနဲ့ သိုက်သိုက်ဝန်းဝန်းနေကြမယ်လ
တစ်နေ့ကျတော့ သူ့သူငယ်ချင်းက ဖားကန့်မှာကျောက်သွားတူးရအေ
သူသွားပြီး တစ်နှစ်တောင်မပြည့်သေးဘူး သူနဲ့အတူသွားတဲ့သူငယ်ချင်းက
အဲလိုနဲ့ ကျမသူ့ဆီ လူကြုံနဲ့စာတစ်စောင်ထည့်တယ်
သူ့မျက်ဝန်းထဲကို ကျမ အမှတ်တမဲ့လိုလိုနဲ့ စိုက်ကြည့်လိုက်တော့ မျက်ရည်လေးတွေ နည်းနည်းဝေ့နေတယ်။ ကျမသိလိုက်ပြီ။ သူ ဒီမိသားစုကိုပဲ တကယ်ချစ်တယ်ဆိုတာ။ ဒါဆို ကျမဘာဆက်လုပ်ရမလဲသိသွားခြဲ့
ပါတယ်။ ကျမလေ ကလေးတွေနဲ့ ညညဆိုလည်း သိပ်ကြောက်ပြီး ကူဖော်လောင်ဖက်လည်း မရှိပဲ အရမ်းပင်ပန်းခဲ့ပေမဲ့ ရှင်က ကျမထက်ပိုပင်ပန်းခံပြီး စီးပွားရှာနေတာ တွေးမိရင်း အားတင်းပြီး ရှေ့ဆက်နေခဲ့တယ်။ ရှင်ဟာ ကျမတို့အားလုံးရဲ့ကျေးဇူးရှ
ပါ ယောက်ျားရယ်။ ကျမကလည်း ကျမတို့ရဲ့ အနာဂတ်ဖြစ်တဲ့ ဒီသားသမီးလေးတွေကို အပင်ပန်းခံပြုစုပျိုးထောင်ြ
နဲ့ ခေါင်းညိတ်ပြရှာတယ်။ စကားတစ်ခွန်းမှမပြောပဲ ကျမပုခုံးကိုဆွဲထူမပြီး ပွေ့ဖက်ထားခဲ့တယ်။
ကျမသူ့ရဲ့မေတ္တာကို အဲဒီနေ့ကတည်းက တစ်ဦးတည်း ပြန်လည်ပိုင်ဆိုင်လာ
ခဲ့တာ ဒီနေ့အထိပါပဲ။ ကျမဘာလို့ အဲလောက်သေချာပြောနိုင်လဲဆို
နဲ့ မေတ္တာတရားကိုဖော်ပြတတ်မှုပညာ
ကို သေချာသိမြင်ပြီး ကိုယ့်ယောက်ျားရဲ့ သိက္ခာကိုမညှိုးနွမ်းစေပဲ သူ့မှာရှိသင့်တဲ့ မိမိကိုယ်ကိုယုံကြည်မှုစွမ်း
ကွတ်ခိုင်မြို့မှ ဖြစ်ရပ်မှန်တစ်ခုကို ရေးဖွဲ့ထားခြင်းဖြစ်ပါတယ်။
Win Pa Pa San
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။