Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, November 15, 2014

U.S Secret Service အကြောင်း တစေ့တစောင်း...


U.S Secret Service အကြောင်း တစေ့တစောင်း...

၁၉၈၁ ခုနှစ်က အမေရိကန်သမ္မတ ရော်နယ်ရေဂင်ကို သေနတ်နဲ့ ပစ်ခတ်လုပ်ကြံ လိုက်ချိန်မှာ အထူးအေ့ဂျင့် တီမိုသီမက်ကာသီက ကြားဝင်ခံလိုက်ပါတယ်.. စက္ကန့်ပိုင်းအတွင်း အခြားအေ့ဂျင့်ဖြစ်သူ ဂျယ်ရီပါးက အတူလိုက်ပါလာတဲ့ သမ္မတလီမိုဆင်း ကားထဲကို တွန်းသွင်းကာ ဘေးကင်းရာသို့ မောင်းထွက်ပျောက်ကွယ်သွားပါတယ်.. အဖြစ်အပျက်ဟာ လွန်စွာလျင်မြန်လှသလို ရုပ်ရှင်ဇာတ်ကား ကြည့်ရသလို ပိရိသေသပ်လွန်းတာမို့ တွေ့မြင်လိုက်ရသူ အပေါင်းဟာ မှင်သက်မိသွားပါတယ်.. ထို့အတူပဲ သမ္မတသက်တော်စောင့် Secret Service Agent တွေရဲ့ ဂုဏ်သတင်းဟာလဲ ကျော်ကြားသွားပါတယ်..

USSS လို့အမည်ရတဲ့ အမေရိကန် လျှို့ဝှက် အမှု့ ထမ်းအဖွဲ့ကို ၁၈၆၅ ခုနှစ် ဇူလိုင် ၅ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်.. စတင်ဖွဲ့စည်းစဉ်ကတော့ အမေရိကန်ငွေကြေး ခိုင်မာစေဖို့ ငွေစက္ကူအတု ပြုလုပ်ဖြန့်ချီခြင်းများကို စုံစမ်းဖော်ထုတ် ရတဲ့တာဝန်များကို ဆောင်ရွက်ရပါတယ်.. ၁၉၀၂ ခုနှစ်မှာတော့ မူလတာဝန်များနဲ့အတူ သမ္မတလုံခြုံရေးများကို တွဲဖက်တာဝန် ယူလာရပါတယ်.. အခုအခါမှာတော့ သမ္မတမိသားစုနဲ့ အိမ်ဖြူတော် လုံခြုံရေးသာမက သမ္မတဟောင်းများရဲ့ ဘဝတစ်သက်စာ လုံခြုံရေးတို့ကိုပါ ယူလာရပါတယ်..

ဒီမှာတာဝန်ထမ်းဆောင်ဖို့ ဝန်ထမ်းရွေးချယ်ရာမှာတော့ တင်းကြပ်တဲ့ စည်းကမ်းစည်းမျဉ်းများနဲ့ လေ့ကျင်မှု့ အထပ်ထပ်ကို ကျော်ဖြတ်ရပါတယ်.. ဒီထဲကမှ အတော်ဆုံး.. စိတ်အချရဆုံးဆိုတဲ့လူတွေကို ခေါင်ခေါက်ပြီး ခန့်အပ်ပါတယ်.. ဝန်ထမ်းတွေရဲ့ ဘဝရှင်သန်နေထိုင်မှု့ ကိုလဲ မျက်ခြေမပြတ် စောင့်ကြည့်ပါတယ်..

ဒီလိုလုံခြုံရေးဆိုင်ရာ ကျင့်ဝတ်တွေ များပြားလှပြီး စက္ကန့်မလပ်သတိနဲ့ တာဝန်ထမ်းဆောင်ရတဲ့ Secret Service Agent တွေရဲ့ ပေါ့လျော့မှု့ တွေဟာ ၂၀၁၀ နောက်ပိုင်းမှာ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာပါတယ်.. ၂၀၁၁ ခုနှစ်တုန်းက အိမ်ဖြူတော် သန့်ရှင်းရေးဝန်ထမ်း တာဝန်ထမ်းဆောင်စဉ် အိမ်နံရံမှာ အပေါက်ရာများကို တွေ့ရှိခဲ့ပါတယ်.. စီစစ်လေ့လာကြည့်တဲ့အခါမှာ သေနတ်နဲ့ပစ်ခတ်ထားတဲ့ အပေါက်တွေ ဖြစ်နေကြောင်း သိရပြီး လေးရက်အတွင်း ပစ်ခတ်ခဲ့ရာမှာ လုံခြုံရေးတာဝန်ရှိသူများ လုံးဝမသိခဲ့တာပါ..

၂၀၁၂ ခု ဧပြီလအတွင်းက တောင်အမေရိကတိုက် ခရီးစဉ် ရှေ့ပြေးသွားခဲ့ကြတဲ့ အေ့ဂျင် ၁၁ ယောက်ဟာ ဟိုတယ်လ်မှာ မူးယစ်သောက်စားပြီး ပြည်တန်ဆာများနဲ့ ပျော်ပါးခဲ့တာကြောင့် တာဝန်မှ ထုတ်ပယ်ခဲ့ပြီး ညွှန်ကြားရေးမှူးကိုလဲ ဂျူလီယာပီယာဆန်နဲ့ အစားထိုးခဲ့ပါတယ်.. ဒါပေမဲ့ ၂၀၁၃ ခုနှစ်မှာပဲ အိုဘားမားဇနီးဦးစီးတဲ့ မိဘမဲ့ကလေးငယ်များ ထောက်ပံ့ကူညီရေး အခမ်းအနားတစ်ခုမှာ ကိုးနှစ်အရွယ် ကလေးငယ် တစ်ဦးက အိုဘားမားနားရွက်ကိုဆွဲမိခဲ့ရာမှာ အနားက ကိုယ်ရံတော်တွေ ဘာမှ မကာကွယ်ပေးနိုင်ခဲ့ပါဘူး..

၂၀၁၄ စက်တင်ဘာ ၁၆ ရက်နေ့က အိုဘားမားနဲ့အတူ ဓာတ်လှေကားစီးနင်း လိုက်ပါခွင့်ရသူ တစ်ဦးမှာ လက်နက်လျှို့ဝှက်သယ်ဆောင်လာကြောင်း သိခဲ့ရသလို သူဟာပြစ်မှု့ မှတ်တမ်းရှိသူ ဖြစ်နေလို့ လုံခြုံရေးတာဝန်ရှိသူများ မျက်ကလဲ ဆန်ပြာဖြစ်ခဲ့ရပါတယ်.. နှစ်ရက်ခြားပြီး စက်တင်ဘာ ၁၉ ရက်နေ့မှာ လူတစ်ဦးဟာ လုံခြုံရေးစည်း အထပ်ထပ်ကို ကျော်ဖြတ်ပြီး အိမ်ဖြူတော်ထဲအထိ ဝင်ရောက်ခဲ့လို့ ကွန်ဂရက်မှာ သမ္မတလုံခြုံရေးအတွက် အရေးပေါ်ဆွေးနွေးရတဲ့ အဆင့်ထိရောက်ခဲ့ရတယ်..

အကျိုးဆက်အဖြစ် ဂျူလီယာပီယာဆန် ရာထူးမှ နှုတ်ထွက်ခဲ့ပြီး ဂျိုးဆက်ကလင်စီကို ယာယီဒါရိုက်တာအဖြစ် ခန့်အပ်ကာ လုံခြုံရေးကိုလဲ မြှင့်တင်ခဲ့ပါတယ်.. အဲ့ဒီနောက်ပိုင်း အိမ်ဖြူတော်ကို ဝင်ရောက်ဖို့ ကြိုးပမ်းမှု့  နှစ်ကြိမ်ဖြစ်ခဲ့ပေမဲ့ အချိန်မှီတားဆီးနိုင်ခဲ့ပါတယ်.. USSS အဖွဲ့ကြီးရဲ့ တာဝန်ပေါ့လျော့မှု့ နဲ့ ဝန်ထမ်းများစွမ်းရည် ကျဆင်းလာနေမှု့ တို့ကို ကွန်ဂရက်မှာ မေးခွန်းထုတ် ဝေဖန်ခဲ့ကြလို့ အဖွဲ့ရဲ့ ဂုဏ်သိက္ခာလဲ ကျဆင်းခဲ့ရပါတယ်.. ယခုအခါ ပြည်ထဲရေး ဝန်ကြီးဌာနလက်အောက်မှာ အပြည့် အဝစီမံ အုပ်ချုပ်နေပါတယ်..

၂၀၁၄ ခုနှစ် နိုဝင်ဘာလအတွင်း သမ္မတအိုဘားမား သွားရောက်မဲ့ အာရှနဲ့ သြစတြေးလျခရီးစဉ်တို့ဟာ လွန်စွာအရေးကြီးပြီး စိန်ခေါ်မှု့ တွေနဲ့ ရှိနေခဲ့တာပါ.. အမှားအယွင်းရှိခဲ့ရင်တော့ အဖွဲ့ကြီးကို လုံးဝဥဿုံဖျက်သိမ်းပြီး အသစ်ပြန်ဖွဲ့စည်းဖို့ စီမံထားပြီးသား ဖြစ်လို့ပါ.. မြန်မာနိုင်ငံ ခရီးစဉ်မှာတော့ အောက်တိုဘာလဆန်းကတည်းက လုံခြုံရေးအေ့ဂျင့်များ နေရာယူပြီး စိတ်ကြိုက်စီမံခဲ့ပါတယ်.. ထောင်နဲ့ချီတဲ့ အင်အားကို အသုံးပြုထားပြီး အထောက်အကူပြု အီလက်ထရောနစ်ကိရိယာ၊ ယန္တယားများနဲ့ လက်နက်ခဲယမ်း ကိရိယာများလဲ အများအပြား အသုံးပြုထားပါတယ်.. ဒါပေမဲ့ သမ္မတ နှစ်ညတာ အိပ်စက်မဲ့ နေပြည်တော်မြို့ရဲ့ လုံခြုံရေးစနစ်မှာ အဆင့်မြင့် လေကြောင်းရန်ကာကွယ်ရေး စနစ်များစီမံထားတာမို့ ဗျူဟာမြောက် လက်နက်ကြီးများကိုတော့ သယ်ယူခွင့်မရခဲ့ကြပါဘူး.. ဒီခရီးစဉ်ဟာ စိမ်ခေါ်မှု့ အသစ်တွေနဲ့ နိုင်ငံတကာကလဲ စိတ်ဝင်တစား စောင်ကြည့်ခဲ့ကြကြောင်း လက်လှမ်းမီသမျှ သတင်းများနဲ့ ရေးသားလိုက်ပါတယ်....။

အက်ရှင်ဘဘ ဒီမို ( ၁၄.၁၁.၂၀၁၄ )

Ref : United State Secret Service Official Webpage & News

https://www.google.com/search?q=secret+service+agency&rls=org.mozilla%3Aen-GB%3Aofficial&source=lnms&tbm=isch&sa=X&ei=otBeVMmeFtGGuASE2ICgCA&ved=0CAkQ_AUoAg&biw=480&bih=828

Photo Credit : Reuters
 

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။