ရေမျက်နှာပြင်ပေါ်မှာ လူသားတွေပုံဖော်တဲ့ ကမ္ဘာ့အကြီးဆုံး အမှတ်တံဆိပ်
ရေမျက်နှာပြင်မှာ ပေါလောပေါ်နေတဲ့ အနေအထားနဲ့ လူသားတွေ ပုံဖော်သမျှ အမှတ်တံဆိပ်တွေအနက် ဂျော်ဒန်နိုင်ငံ ပင်လယ်သေမှာ ပုံဖော်ခဲ့တဲ့ ငြိမ်းချမ်းရေး အမှတ်တံဆိပ်က ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနက်စ်မှတ်တမ်း ၀င်ခဲ့ပါတယ်။ ဂျော်ဒန်နိုင်ငံက ပင်လယ်သေဟာ ကမ္ဘာ့ရေမျက်နှာပြင်အောက် ၄၁၂မီတာ နိမ့်ပြီး ကမ္ဘာပေါ်က အနိမ့်ဆုံးနေရာတစ်ခုဖြစ်ပါတ ယ်။
၂၀၁၄ခုနှစ် အောက်တိုဘာလအတွင်း ပင်လယ်သေ ရေမျက်နှာပြင်ပေါ်မှာ
လူ ၂၆၂ယောက်က ပေါလောပေါ်နေတဲ့ အနေအထားနဲ့
ငြိမ်းချမ်းရေးအမှတ်တံဆိပ် ပုံဖော်ခဲ့တာပါ။ အဲဒီလို ပုံဖော်ဖို့အတွက် ၁၀မိနစ် ရေပေါ်ပေါ်နေနိုင်အောင် ကြိုးစားခဲ့ရတယ်လို့ သိရပါတယ်။
မြေပြင်ပေါ်မှာ လူသားတွေနဲ့ ပုံဖော်တဲ့ အမှတ်တံဆိပ်တွေအနက် ကမ္ဘာ့အကြီးဆုံးအဖြစ် သတ်မှတ်ခံထားရတာကတော့ ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့က အမျိုးသား အားကစားကွင်းမှာ ပုံဖော်ခဲ့တဲ့ အမှတ်တံဆိပ်ဖြစ်ပါတယ်။ ယူရို ၂၀၀၄ ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရခဲ့တဲ့ ပေါ်တူဂီအသင်းက ယူရို ၂၀၀၄ပြိုင်ပွဲ အမှတ်တံဆိပ်ကို လူ ၃၄၃၀၉ဦးနဲ့ ပုံဖော်ပြီး ကမ္ဘာ့စံချိန်တင်ခဲ့တာပါ။
Ref: worldrecordacademy
Nz(ရိုးရာလေး)
www.yoyarlay.com
ရေမျက်နှာပြင်မှာ ပေါလောပေါ်နေတဲ့ အနေအထားနဲ့ လူသားတွေ ပုံဖော်သမျှ အမှတ်တံဆိပ်တွေအနက် ဂျော်ဒန်နိုင်ငံ ပင်လယ်သေမှာ ပုံဖော်ခဲ့တဲ့ ငြိမ်းချမ်းရေး အမှတ်တံဆိပ်က ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနက်စ်မှတ်တမ်း ၀င်ခဲ့ပါတယ်။ ဂျော်ဒန်နိုင်ငံက ပင်လယ်သေဟာ ကမ္ဘာ့ရေမျက်နှာပြင်အောက် ၄၁၂မီတာ နိမ့်ပြီး ကမ္ဘာပေါ်က အနိမ့်ဆုံးနေရာတစ်ခုဖြစ်ပါတ
၂၀၁၄ခုနှစ် အောက်တိုဘာလအတွင်း ပင်လယ်သေ ရေမျက်နှာပြင်ပေါ်မှာ
လူ ၂၆၂ယောက်က ပေါလောပေါ်နေတဲ့ အနေအထားနဲ့
ငြိမ်းချမ်းရေးအမှတ်တံဆိပ် ပုံဖော်ခဲ့တာပါ။ အဲဒီလို ပုံဖော်ဖို့အတွက် ၁၀မိနစ် ရေပေါ်ပေါ်နေနိုင်အောင် ကြိုးစားခဲ့ရတယ်လို့ သိရပါတယ်။
မြေပြင်ပေါ်မှာ လူသားတွေနဲ့ ပုံဖော်တဲ့ အမှတ်တံဆိပ်တွေအနက် ကမ္ဘာ့အကြီးဆုံးအဖြစ် သတ်မှတ်ခံထားရတာကတော့ ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့က အမျိုးသား အားကစားကွင်းမှာ ပုံဖော်ခဲ့တဲ့ အမှတ်တံဆိပ်ဖြစ်ပါတယ်။ ယူရို ၂၀၀၄ ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရခဲ့တဲ့ ပေါ်တူဂီအသင်းက ယူရို ၂၀၀၄ပြိုင်ပွဲ အမှတ်တံဆိပ်ကို လူ ၃၄၃၀၉ဦးနဲ့ ပုံဖော်ပြီး ကမ္ဘာ့စံချိန်တင်ခဲ့တာပါ။
Ref: worldrecordacademy
Nz(ရိုးရာလေး)
www.yoyarlay.com
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။