ဒါရိုက်တာ Steve McQueen ရိုက်ကူးတဲ့ "12 years a slave" ဆိုတဲ့ ရုပ်ရှင်ကားဟာ ၂ဝ၁၄ မတ်လ ၂ရက်နေ့မှာ ကျင်းပခဲ့တဲ့ ၈၆ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ တစ်ကမ္ဘာလုံးကအာရုံစိုက်တဲ့ အကောင်းဆုံးဇာတ်ကားဆုကို ဆွတ်ခူးရရှိခဲ့တယ်။ အကောင်းဆုံးဇာတ်ကားဆုရတယ်ဆိုတော့ ရုပ်ရှင်ထဲက ဇာတ်ကောင်၊ ရုပ်ရှင်ဇာတ်ကြောင်း နောက်ပြီး ဒီရုပ်ရှင်ဇာတ်လမ်းရဲ့မူရင်းကို လူတွေစိတ်ဝင်စားလာကြတယ်။
ဒီရုပ်ရှင်ကိုလူပြောများလာေ လလေ ရုပ်ရှင်ကို ရှုထောင့်ပေါင်းစုံကနေကြည့်တဲ့ အကြည့်ကများလာလေလေနဲ့ နောက်ဆုံးမှာ ဒီရုပ်ရှင်ဟာ ဝတ္ထုတစ်ပုဒ်ကို ဇာတ်ညွှန်းရေးသားရိုက်ကူးထား တယ်ဆိုတာကို လူတချို့က ရှာဖွေသိလိုက်ရတယ်။
Twitter သုံးစွဲသူတစ်ဦးဟာ ဒီရုပ်ရှင်ကားရဲ့သတင်းအချက် အလက်တွေကို လိုက်ရှာဖတ်ရင်းက ၁၈၅၃ခုနှစ် ဇန်နဝါရီလ ၂ဝရက်နေ့မှာ ထုတ်ဝေခဲ့တဲ့ နယူးယောက်သတင်းစာထဲမှာ ဒီမူရင်းဝတ္ထုရေးသူရဲ့အကြောင်း ရေးသားထားတဲ့ ဆောင်းပါးတစ်ပုဒ်ကို သွားဖတ်မိတယ်။ ဒါပေမယ့် အဲဒီဆောင်းပါးထဲမှာ ဝတ္ထုရေးဆရာရဲ့နာမည်ကို Northrop လို့ရေးထားပြီး ဆောင်းပါးခေါင်းစဉ်မှာက Northrup လို့ရေးသားထားတယ်။ ဒါဟာ သိသာထင်ရှားတဲ့ အမှားတစ်ခုဖြစ်တယ်။
အဲဒီ Twitter သုံးစွဲသူက အဲဒီအမှားကို အင်တာနက်ပေါ်တင်လိုက်တယ်။ Like ကြ၊ share ကြ၊ comment ရေးကြတာပေါ့။
ဒါကို နယူးယောက်သတင်းစာစီမံခန့်ခွဲရေးက အမြန်ဆုံးသိသွားပြီး ပြန်လည်စစ်ဆေးကြတော့တယ်။ အဲဒီနောက် ၂ဝ၁၄ခုနှစ် မတ်လ ၄ရက်နေ့မှာ သူတို့သတင်းစာမှာပဲ အမှားပြင်ဆင်ချက်ဆိုတဲ့ တောင်းပန်စာတစ်ခုပါလာပြီး အဲဒီအမှားကို တွေ့ရှိခဲ့သူကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားထားပါတယ်။
ဒါဟာ နှစ်ပေါင်း ၁၆၁နှစ်ကြာခဲ့ပါပြီ။ ဒါကို နယူးယောက်သတင်းစာက ရေးကြီးခွင်ကျယ်လုပ်ပြီး ပြောနေ၊ ရှင်းနေ၊ တောင်းပန်နေစရာ မလိုဘူးလို့ တချို့ကဆိုကြတယ်။ ဒါပေမယ့် နယူးယောက်သတင်းစာက တာဝန်သိစိတ်၊ ဝန်ခံရဲတဲ့စိတ်ကို ရွေးချယ်ပြသခဲ့ပါတယ်။
*** အလုပ်ကြီးကြီးလုပ်တဲ့သူက စိတ်ထားကြီးကြီးထားကြတယ်တဲ့ ....
ဒီရုပ်ရှင်ကိုလူပြောများလာေ
Twitter သုံးစွဲသူတစ်ဦးဟာ ဒီရုပ်ရှင်ကားရဲ့သတင်းအချက်
အဲဒီ Twitter သုံးစွဲသူက အဲဒီအမှားကို အင်တာနက်ပေါ်တင်လိုက်တယ်။ Like ကြ၊ share ကြ၊ comment ရေးကြတာပေါ့။
ဒါကို နယူးယောက်သတင်းစာစီမံခန့်ခဲ
ဒါဟာ နှစ်ပေါင်း ၁၆၁နှစ်ကြာခဲ့ပါပြီ။ ဒါကို နယူးယောက်သတင်းစာက ရေးကြီးခွင်ကျယ်လုပ်ပြီး ပြောနေ၊ ရှင်းနေ၊ တောင်းပန်နေစရာ မလိုဘူးလို့ တချို့ကဆိုကြတယ်။ ဒါပေမယ့် နယူးယောက်သတင်းစာက တာဝန်သိစိတ်၊ ဝန်ခံရဲတဲ့စိတ်ကို ရွေးချယ်ပြသခဲ့ပါတယ်။
***
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။