Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, November 14, 2014

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်သင့် မဖြစ်သင့် (ကိုရဲမိုးသို့ ပြန်လည်ချေပချက်)

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်သင့် မဖြစ်သင့် (ကိုရဲမိုးသို့ ပြန်လည်ချေပချက်)
---------------------------------------------------------------------------------------
မင်္ဂလာပါကိုရဲမိုးရေ....
ဦးစွာပဏာမအနေနဲ့ကိုရဲမိုးရဲ့ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်သင့်မဖြစ်သင့်ဆိုတဲ့
ခေါင်းစဉ်အောက်မှာ မဖြစ်သင့်ဘက်က ကိုရဲမိုးအနေနဲ့ ထောက်ပြဝေဖန်ချက်တွေကို
ကျွန်တော်ဖတ်ရပါတယ်။ ကောင်းတာလေးတွေလည်းတွေ့ရှိပါတယ်။ လိုအပ်နေတဲ့
အချက်လေးတွေလည်းတွေ့ရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံကောင်းမွန်ဖို့အတွက်
ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်သင့် မဖြစ်သင့် ဒီလိုဆွေးနွေးကြတဲ့အခါ ကျွန်တော်
တို့ဟာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်သင့်လားမဖြစ်သင့်လားလို့ပူပေါင်းဆွေးနွေး
ကြတာ နိုင်ငံတိုးတက်ရေး ဘက်ကို ရောက်စေချင်တဲ့ဆန္ဒတွေအစ်ကိုကောကျွန်တော့်
မှာပါရှိနေတဲ့အတွက်အစ်ကို့ကိုလည်း လေးစားပါတယ်။
အစ်ကို့ရဲ့ ဒေါ်အောင်ဆန်းစု
ကြည်သမ္မတမဖြစ်သင့်ပါဘူး ဆွေးနွေးချက်မှာဖတ်ရင်းနဲ့ဒေါ်အောင်ဆန်းစုကြည်အပေါ်
ကျွန်တော်သမ္မတမဖြစ်စေချင်တဲ့စိတ်တွေတောင်တဖွားဖွားဖြစ်သွားတယ်။တိုင်းပြည်ကိုဖျက်မယ့်မိန်းမတစ်ဦးလူထုကိုလမ်းပေါ်ရောက်အောင်ဆွဲခေါ်နိုင်သူတစ်ဦးလို့ မြင်လိုက်
တယ်။ အစ်ကို့ရဲ့အရေးအသားတွေ အရမ်းပြောင်မြောက်လွန်းတာကြောင့်ပါ။ ဒါပေမဲ့
ကျွန်တော်က ဒေါ်အောင်ဆန်းစုကြည်ကို အစ်ကိုတွက်ထားသလောက် ဘာမှတွက်မ
ထားဘူး။ ဒေါ်အောင်ဆန်းစုကြည်အပေါ်ကျွန်တော့်အမြင်ကသာမန်မိန်းမသားတစ်ဦး
အနေနဲ့ပဲ မြင်ကြည့်ပါတယ်။ကိုရဲမိုးအနေနဲ့က ဒေါ်အောင်ဆန်းစုကြည်အပေါ် မြင်နေ
တဲ့အမြင်ဟာအရိပ်တွေလွှမ်းမိုးခံနေရတယ်လို့ကျွန်တော်ထင်တယ်။

အစ်ကို့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် သူများသမ္မတဖြစ်သွားလေမလားဆိုတဲ့
စိုးရိမ်စိတ်တွေလွန်ကဲနေတယ်လို့ကျွန်တော်မြင်တယ်။ ဒေါ်အောင်ဆန်းစုကြည်သမ္မတ
တစ်ယောက်ဖြစ်ဖို့ မဖြစ်ဖို့ ကျွန်တော်မှာပြောနိုင်တဲ့ အင်အားမရှိဘူး။အဆုံးဖြတ်လည်း
မပေးနိုင်ဘူး။ ပြည်သူတစ်ရပ်လုံးကဆုံးဖြတ်ပြီး ပြည်သူတွေကရွေးချယ်ရတဲ့ကိစ္စ။ ပြည်
သူတစ်ရပ်လုံးသန်း(၆၀)ရဲ့အသိပညာ၊အတတ်ပညာတွေထက်ပိုတော်ပိုတတ်သ
ယောင်နဲ့ကျွန်တော်က ဒေါ်အောင်ဆန်းစုကြည်ကိုသမ္မတခန့်ပါခင်ဗျာလို့ ပြောရင်
နောက်က သန်း(၆၀)က လက်ခံချင်မှ လက်ခံမယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတ
မဖြစ်သင့်ပါဘူးလို့ ပြောရင် နောက်က သန်း(၆၀)က မင်းကဘယ်လောက်သိလို့လဲ။
မင်းက သန်း(၆၀) ရွေးချယ်မှုထက် မင်းဘယ်လောက် သိလို့လဲ၊ တတ်လို့လဲဆိုရင်
ကျွန်တော်က သန်း(၆၀)ရဲ့ပညာ၊အတွေးအခေါ်လောက်မတတ်တဲ့အတွက် ဒေါ်အောင်
ဆန်းစုကြည် သမ္မတဖြစ်သင့်၊ မဖြစ်သင့် အဆုံးအဖြတ်မပေးနိုင်ပါဘူး။ အစ်ကို့အနေနဲ့ အဆုံးအဖြတ်ပေးနိုင်တော့အစ်ကိုကသန်း(၆၀)ထက်တော်တဲ့လူစွမ်းကောင်းကြီးမို့
လေးစားပါတယ်အစ်ကို။
ကျွန်တော်သိသလောက် နိုင်ငံအုပ်ချုပ်တဲ့ သမ္မတကို ကျွန်တော်က သူဖြစ်သင့်ပါတယ်။ ဟိုလူဖြစ်သင့်ပါတယ်ဆိုပြီး အဆုံးအဖြတ်သွားပေးလို့ မရဘူးလို့ ထင်ပါတယ်။ သမ္မတ
တစ်ယောက်ရွေးချယ်မှုအပိုင်းဟာ ပြည်သူတစ်ရပ်လုံးကဘယ်သူ့ကိုရွေးချင်လဲ၊ဘယ်သူ့
ကိုသမ္မတဖြစ်စေချင်လဲဆိုတာသူတို့ဘာသာဆုံးဖြတ်ရမယ့်အပိုင်း။သူတို့ဆုံးဖြတ်ချက်က
အက္ခရာပါ။ ပြည်သူကကောင်းတဲ့သူတင်မြှောက်ရင်ကောင်းတဲ့သူရမယ်။မကောင်းတဲ့သူရွေးရင် မကောင်းတဲ့ သမ္မတရမယ်။ အဲ့ဒီလို သူတို့ ရွေးချယ်ကြတဲ့အခါမှာဘယ်သူက
ငါတို့ပြည်သူတွေအတွက် အကျိုးရှိမယ့်၊ ကောင်းကျိုးပေးမယ့်သမ္မတလဲ။သူတို့ဝေဖန်ဆုံး
ဖြတ်ပါမယ်။ အစ်ကိုအဆုံးအဖြတ်သွားပေးလို့ ဘောင်မ၀င်ပါဘူး။ကျွန်တော်အဆုံးဖြတ်
ပေးလို့လည်း ဘောင်မ၀င်ပါဘူး။ကျွန်တော်ကတော့ရှင်းတယ်အစ်ကို။ကျွန်တော်တို့နိုင်
ငံမှာ ပြည်သူတွေ သန်း(၆၀) တောင်ရှိတာ ကျွန်တော်အာရုံများပြီး ခေါင်းကိုက်မခံဘူး။
ကျွန်တော်မရွေးတော့ဘူး။ ပြည်သူတစ်ရပ်လုံးက ထောက်ခံတဲ့သမ္မတ ဖြစ်သင့်ပါတယ်
လို့ ရွေးချယ်တဲ့ သမ္မတကို ကျွန်တော်မဲပေးပြီးတင်မြှောက်မယ်။ ကိုယ့်ထက်တတ်တဲ့
သိတဲ့ သန်းပေါင်း(၆၀)က ရွေးချယ်မှုကိုပဲ ကျွန်တော်လက်ခံမယ်။ ဘာလို့လဲဆိုတော့ သန်း(၆၀)ရဲ့အသိပညာအတတ်ပညာလောက် ကျွန်တော်ပိုမသိနိုင်ဘူး။ အစ်ကိုက
ကျွန်တော့်ထက်ကော သန်း (၆၀) ထက်ပါပိုတော်ပြီး မဖြစ်သင့်ဘူးလို့ ရဲရဲပြောရဲတာ
အရမ်းဂုဏ်ယူပါတယ်။ စကားမစပ်ဒါနဲ့ဦးသိန်းစိန်သမ္မတမလုပ်ခင်မှာသမ္မတမဖြစ်သင့်
ဘူး၊ ဖြစ်သင့်တယ် အစ်ကိုမှတ်ချက်ပေးခဲ့ရပါသလား။ သမ္မတဦးသိန်းစိန်သမ္မတဖြစ်ဖို့ ကျွန်တော်ပြည်သူတစ်ယောက်အနေနဲ့မဲမပေးခဲ့ရဘူး။ ဘယ်လိုသမ္မတဖြစ်လဲဆိုတာ
ကျွန်တော်မသိဘူး။ ဘယ်သူတွေကရွေးချယ်တင်မြှောက်ပြီး နိုင်ငံသမ္မတလုပ်နေလည်း
ကျွန်တော်မသိဘူး။ဘုန်းကြီးတွေသင်္ကန်းချွတ် ထောင်ချခံရတဲ့ကိစ္စမှာသမ္မတတစ်ယော
က်အနေနဲ့တာဝန်ယူမှုတာဝန်ခံမှုမရှိဘူး။ ကျေးရွာတွေဘူဒိုဇာနဲ့ထိုး၊ကျူးကျော်လို့အမည်
တပ်၊ တပ်ပိုင်လို့ သိမ်းချင်သလိုသိမ်း ဒီလိုလုပ်ရပ်တွေဟာ မတရားမှုဖြစ်နေတဲ့အတွက်
လက်ရှိနိုင်ငံဥလျှောင် သမ္မတကြီးကို နှုတ်ထွက်ပါ။ အရေးယူပေးပါ ကျွန်တော်တိုင်ချင်
တယ်။ဘယ်ပုဒ်မနဲ့တပ်ပြီး၊ဘယ်ရုံး၊ဘယ်တရားရေးဌာနမှာဘယ်လိုပုဒ်မနဲ့တပ်ပြီး ပြည်
သူအပေါ် တာဝန်မကျေတဲ့ သမ္မတပါဆိုပြီး တိုင်ရမလဲ။ ရှာကြည့်ပါဦးကိုရဲမိုးကျွန်တော်
တာဝန်ယူမှုတာဝန်ခံမှုမရှိတဲ့သမ္မတကိုအရေးယူချင်လို့ဖွဲ့စည်းပုံတွေ၊ နောက်ထပ်ထုတ်
တဲ့ မူကွဲဥပဒေတွေ လိုက်ဖတ်ရှာတယ်။ မရှိဘူးအစ်ကို။ရဲအရေးပိုင်ကိစ္စရပ်တွေတောင်
အမှုကဖွင့်ချင်တိုင်းဖွင့်မရဘူး။ သေလောက်အောင်မတရားမှုဖြစ်နေပါစေ။ပိုင်ရာဆိုင်
ရာနဲ့ငြိရင်ရဲကအမှုဖွင့်ပေးချင်မှဖွင့်ပေးတာ။ အဲ့ဒီတော့တရားဥပဒေအထက်မှာ ရဲရှိနေ
သလားလို့ကျွန်တော်မေးချင်တယ်။တရားဥပဒေမဏ္ဍိုင်ဆိုတာ ကျောသားရင်သားခွဲခြား
လို့ မရဘူးအစ်ကို။ဥပဒေမဏ္ဍိုင်မှာတောင်ဒီလိုဖြစ်ရပ်တွေ ဖြစ်နေရင်တရားဥပဒေစိုးမိုး
မှုဆိုတာဘာလဲအစ်ကို။ နောက်ဆက်တွဲစဉ်းစားမိတော့ဥပဒေပြုရေးနဲ့တရားစီရင်ရေး
ကိုပါ ကျွန်တော်ဘယ်လိုဖြစ်အောင် စုတ်ပြတ်နေပြီလဲ တွေးမိတယ်။
နောက်ထပ်စကားတွေကြားရတယ်။အခြေခံဥပဒေကိုတစ်ဦးတစ်ယောက်တည်းအ
တွက် မပြင်ဆင်နိုင်ပါဘူးလို့ပြောတယ်။ မှန်တာပေါ့ထောက်ခံပါတယ်။ ဒါပေမဲ့ တစ်ဦး
တစ်ယောက်ကို ရည်ညွှန်းပြီး ရေးထားတဲ့ ဖွဲ့စည်းပုံ(၅၉/စ)ဟာဥပဒေမဟုတ်ဘူး။
သောက်မြင်ကပ်လို့ တမင်စွဲစိပြီး တစ်ဦးတစ်ယောက်တည်းကို ရည်ရွယ်ရေးတာလို့မြင်
ပါတယ်။အမျိုးသားရေးရှုထောင့်ကကြည့်မယ်ဆိုရင်လည်း(၅၉/ခ)မှာတင်ပြီးပြည့်စုံနေပြီ
ဖြစ်ပါတယ်။တစ်ဦးတစ်ယောက်ကိုအမြင်ကပ်ပုဒ်မနဲ့ရေးထားတဲ့ဥပဒေမျိုးဖြစ်တဲ့အ
တွက်ဥပဒေပြုရေးဟာပြည်သူအတွက်မားမားမတ်မတ်ရပ်ပါမယ်လို့ကျွန်တော်မယုံ
ကြည်နိုင်တော့ဘူး။ လူတစ်ယောက်တည်း တစ်ဦးတည်းအတွက် (၅၉/စ)ဆိုပြီးပြဌာန်း
တာကလေးဆန်လွန်းတယ်။ ဥပဒေဆိုတာ တစ်ဦးတစ်ယောက်တည်းအတွက်ဆိုပြီး ရည်ရွယ်ရေးလို့ရလားဆိုတာ (၂၀၀၈) ဖွဲ့စည်းပုံကိုဖတ်မိမှပဲ ကျွန်တော်သိတော့တယ်
အစ်ကို။ဒီဥပဒေရဲ့နောက်ဆက်တွဲထပ်ပြောရရင်တစ်ဦးတစ်ယောက်တည်းကိုသာမက
မိသားစုတစ်စုရဲ့ ပုံသဏ္ဍန်ထိပါ လိုက်ပြီးရေးထားတာသဘာဝမကျဘူးအစ်ကို။(၅၉/စ)
လို ဥပဒေထုတ်မယ်ဆိုရင် ဆွေမျိုးအသိုင်းအ၀ိုင်း၊ဘိုးစဉ်ဘောင်ဆက်ဥပဒေတွေပါထပ်
ထုတ်ရင်ကောင်းမလား။ကျွန်တော်တို့ဘိုးဘွားဘီဘင်တွေဟာ နိုင်ငံခြားသားသွေးမ
ရောခဲ့ပါဘူးလို့မျိုးရိုးအစထိကိုအစ်ကိုအာမခံနိုင်မလား။DNA တွေစစ်ကြည့်ရဲကြမလား။
ရှေးဦးဆုံးကရုပ်ကြွင်းတွေရဲ့ DNA နဲ့ အခုမြန်မာတွေရဲ့DNAတထပ်တည်းကျပါ့မလား။
မကျတဲ့သူ အကုန်သတ်ဆိုရင် ဗမာတွေမျိုးတုန်းကုန်မယ်အစ်ကို။
အစ်ကို့ရဲ့အမျိုးသားရေးဆိုတဲ့အမြင်တွေနဲ့ ရေးထားတာတွေကျွန်တော်ဖတ်ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်သင့်ဘူးလို့ ချက်ကျလက်ကျဝေဖန်ရာမှာ
Emotion တွေထုတ်သုံးတယ်။သမ္မတမဖြစ်သင့်ဘူးလို့ ဝေဖန်ရင်အစ်ကို့အနေနဲ့ နိုင်ငံတကာရဲ့ သမ္မတရွေးချယ်မှု စံနှုန်းတွေ လေ့လာထားဖို့လိုတယ်။ အစ်ကိုလေ့လာပြီးရင်
လည်း လေ့လာပြီးမှာပေါ့။အဲ့ဒီလိုလေ့လာပြီးရင်(၅၉/စ)လိုပုဒ်မအမျိုးသားရေးစိတ်ပြင်း
ထန်လွန်းတဲ့ဘယ်နိုင်ငံတွေမှာ ပြဌာန်းခဲ့ဖူးသလဲရှိရင်ပြပါအစ်ကို။ကျွန်တော်တို့မြန်မာ
တွေက ကိုယ့်နည်းကိုယ့်ဟန် သိပ်ကောင်းတယ်ဗျ။ ၀ါးလုံးခေါင်းထဲလသာကိုယ့်အရပ်နဲ့
ကိုယ့်ဇာတ်တည့်ရင်ပြီးရောဆိုတဲ့လုပ်ပေါက်တွေသိပ်လုပ်တယ်။ဒါ့ကြောင့်ကျွန်တော်တို
့နိုင်ငံကြီး ဘယ်နိုင်ငံနဲ့မှမတူအောင် ဆင်းရဲသွားတာဗျ။ ဗမာကွ ဗမာကွနဲ့ အဲ့ဒီဗမာတွေ
တိုင်းပြည်မှာလက်တွေ့အသုံးချလို့မရလို့ နိုင်ငံခြားထွက်လို့ဘွဲ့ရတောင်ကျွန်ခံနေရ
တယ်။ သမ္မတကြီးကိုယ်တိုင်တောင် ဘွဲ့ရတွေအိမ်ဖော်လုပ်ဖို့ တခြားနိုင်ငံတင်ပို့
သူများတွေက ထုတ်ကုန်မရှိဘူးလို့ ပြောတာကျွန်တော်ရင်နာတယ်အစ်ကိုရာ။ ကျွန်တော်တို့နိုင်ငံ ဘာထုတ်ကုန်မရှိရမှာလဲ မတွေ့ဘူးလား အိမ်ဖော်(ကျွန်)တွေ။
သမ္မတကြီးဆင်းရဲသားပပျောက်ရေးလုပ်မယ်ဆိုပြီးဝမ်းသာအားရလက်ခုပ်တွေတီးကြ။
ဆင်းရဲသားတွေနေစရာပျောက်ပြီးလမ်းဘေးမှာခွက်စွဲနေရတာသမ္မတကြီးကျေးဇူးပေါ့
ဗျာ။သမ္မတကြီးရဲ့ ပြုပြင်ပြောင်းလဲရေးကိုလည်းလူတွေကသဘောကျလက်ခုပ်တွေတီး။
အမှန်က သမ္မတကြီးစကားမပီလို့ဗျ။ သူပြောတာ ပြုပြင်ပြောင်းပြေးရေးဗျ။ တပ်မြေ၊
ကျူးကျော်၊ စီမံကိန်း အကုန်ပြုပြင်တော့လူတွေကပြောင်းပြေးရတာပေါ့။ဘာပဲပြောပြော
အခုအချိန်ထိ ပြည်သူတွေက သမ္မတကြီးကို ဘုန်းကြီးပါစေ။ သက်ရှည်ပါစေ။ ငါတို့ဒီဘ
ဝရောက်သလို ဒင်းတို့မရောက်ပါစေနဲ့လို့ဆုတောင်းပေးနေသံတွေအစ်ကိုကြားမှာပေါ့။
အခုကိုရဲမိုးက ဒေါ်အောင်ဆန်းစုကြည်သမ္မတမဖြစ်သင့်ဘူးလို့ ငြင်းချက်ထုတ်တဲ့အပေါ်
မှာတစ်ဖက်သတ်ကြီးမုန်းတီးနေတဲ့ဝါဒနဲ့ကိုယ်ထင်တာကိုယ်ပြောနေတယ်လို့မြင်တယ်။ဒါကအစ်ကို့ personal အပိုင်းပါ။ ဒီမိုကရေစီစနစ်ဆိုတော့ဒီမိုကရေစီဆန်ဆန်တွေးတဲ့
အတွေးကိုကျွန်တော်အပြစ်မမြင်ပါဘူး။ဒါပေမဲ့သမာသမတ်မကျတဲ့တစ်ဖက်သတ်အ
တွေးနဲ့ဒီမိုကရေစီစကားလုံးနဲ့တွဲမချမိဖို့တော့လိုပါတယ်။ကျွန်တော်က ဒေါ်အောင်ဆန်း
စုကြည်သမ္မတ ဖြစ်သင့်တဲ့ဘက်မှာမရပ်သလိုမဖြစ်သင့်တဲ့ဘက်မှာလည်းမရပ်ပါဘူး။
ပြည်သူတွေဆုံးဖြတ်ရမယ့်ကိစ္စလို့ကျွန်တော်ပြောခဲ့ပါပြီ။မိန်းမတစ်ယောက်အပေါ်
ယောက်ျားတစ်ယောက်ကအသေအလဲဝေဖန်ထိုးနှက်တိုက်ခိုက်နေတယ်လို့ မြင်မိတဲ့အ
တွက် ပြန်ဖြေရှင်းပါရစေ။ကျွန်တော်NLDနဲ့မသက်ဆိုင်သလို၊ ဒေါ်အောင်ဆန်းစုကြည်နဲ့
ရင်းနှီးနေသူမဟုတ်ပါ။ သာမန်ပြည်သူတစ်ယောက်ပါ။
ကိုရဲမိုးက ဒီလိုအချက်(၈)ချက်ကိုပြောပါတယ်။
ကျွန်တော်ဒေါ်စုကိုသမ္မတမဖြစ်စေချင်ရတဲ့ အချက် ၈ ချက် … (ရဲမိုး)
----------------------------------------------------------------
၁။ ဒေါ်စုရဲ့ အတွေးအခေါ် အယူအဆဟာ …
အနောက်တိုင်းဆန်လွန်းပြီး …
ကျွန်တော်တို့  မြန်မာ့စဉ်းစားနည်း စဉ်းစားဟန် နဲ့  …
မတူဘူးလို့ ခံစားရပါတယ် …
( ဥပမာ ကုလားကို ကုလားလို့ မခေါ်ဖို့ ပြောတာမျိုး )
(ဒီစကားကဘောင်ဝင်တဲ့သမ္မတတစ်ယောက်မဖြစ်သင့်တဲ့အချက်မဟုတ်ပါဘူး) ဒေါ်
အောင်ဆန်းစုကြည်ရဲ့အတွေးအခေါ် အယူအဆဟာ …အနောက်တိုင်းဆန်လွန်းပြီး
ကျွန်တော်တို့  မြန်မာ့စဉ်းစားနည်း စဉ်းစားဟန် နဲ့  …မတူဘူးလို့ ခံစားရပါတယ်........
ဆိုတော့ကာ မြန်မာနည်းမြန်မာ့ဟန်ကဘယ်လောက်ထိကမ္ဘာနဲ့ချီပြီးအတွေးအခေါ်ရင့်သန်ပြီးရင်ပေါင်တန်းနိုင်နေပြီလဲ။အတွေးအခေါ်အယူအဆဆိုတာပညာရည်ကလာပါ
တယ်။ဥပမာ...မြန်မာ့ပညာရေးစနစ်ကကမ္ဘာနဲ့ချီရင်ပေါင်တန်းနိုင်နေပြီလား။ မြန်မာ့
နည်းမြန်မာ့ဟန်ကိုသဘောကျလွန်းရင်အစ်ကိုဘိုးတော်မင်းလေးဖက်ထောက်ခေတ်မှာ
နေခဲ့ပါ။ သီပေါမင်းပါတော်မူပြီးတိုင်းပြည်သူ့ကျွန်ဘ၀ရောက်ရတဲ့စနစ်တစ်ခုခုမှာနေခဲ့
ပါ။ အစ်ကို့ရဲ့စကားအရ အနောက်တိုင်းအတွေးအခေါ်ကို နှစ်ခြိုက်ပုံမရတဲ့အတွက်
အနောက်တိုင်းသားတွေ တွေးခေါ်ယူဆ တီထွင်ထားတဲ့ ကွန်ပျူတာတို့ ဖုန်းတို့၊
Facebookတို့သုံးပြီးစာမရေးပါနဲ့။ မြန်မာဆန်ဆန် ကျောက်သင်ပုန်းသုံးပြီးလူမှုကွန်
ရက်ကို သုံးပါ။
(ဥပမာ ကုလားကို ကုလားလို့မခေါ်ဖို့ပြောတာမျိုး) ဆိုတဲ့အရေးကို ဘယ်လိုလူတွေ
Like လုပ်လဲ ကျွန်တော်နားမလည်ဘူး။ ကျွန်တော်တို့ လူမှုရေးနယ်ပယ်တွေမှာ လူမျိုး
တစ်မျိုးနဲ့တစ်မျိုးဆက်ဆံရတဲ့အခါယဉ်ကျေးမှုရှိရပါတယ်။တစ်ဦးပိုင်နာမည်တွေပေးကြ
ပါတယ်။ ရဲမိုး....သံမဏိ.....စသဖြင့်လူတိုင်းမှာကိုယ်ပိုင်နာမည်ရှိပါတယ်။ဒီလိုမှမဟုတ်
ဘဲဗမာဆိုရင်ရဲမိုးမှန်းမသိသံမဏိမှန်းမသိ။ ဟေ့ကောင်ဗမာလို့ခေါ်ရင်ဗမာတစ်မျိုးသား
လုံးကို ခြုံပြီးဗမာတွေဟေ့ကောင်လို့ ခေါ်တဲ့အခေါ်မျိုး စော်ကားချက်ကိုရဲမိုးကြိုက်နှစ်
သက်မလား။ထို့အတူ ဟေ့ကောင်ရခိုင်၊ ဟေ့ကောင်ရှမ်း၊ ဟေ့ကောင်ပလောင်ကျွန်
တော် တို့လူမျိုးချင်းတောင် အခေါ်ခံရရင် ကျေနပ်ကြလို့လား။ယဉ်ကျေးမှုမရှိတာသာမန်
အားဖြင့်သိလောက်မှာပါ။(ဥပမာ)ကုလားကွမ်းယာဆိုင်တစ်ဆိုင်ကကွမ်းဝယ်သည်ထား
ဟေ့ကောင်ကုလား ငါ့ကွမ်းယာ (၁၀၀) ဖိုးရောင်းဆိုပြီး ၀ယ်လို့ရမလား။ ဗမာလည်းထို
နည်းလည်းကောင်း ဟေ့ဗမာငါ့ကိုကွမ်း(၁၀၀)ဖိုးပေးပါဆိုရင်ကောဗမာရောင်းမလား။
ဒါလူ့ပတ်ဝန်းကျင် လူ့အသိုင်းအ၀ိုင်းနဲ့ ပတ်သတ်ဆက်နွယ်နေတဲ့လူ့ယဉ်ကျေးမှုစီးဆင်း
ပုံကိုပြောပြတာပါ။ ကုလားကိုကုလားလို့ မခေါ်နဲ့လို့ပြောတာ ကုလားလို့ခေါ်ခံရရင် ခံရ
သူခံနိုင်မှာမဟုတ်တဲ့အတွက်မလိုလားအပ်တဲ့ ပြသနာနောက်ဆက်တွဲ ပေါ်နိုင်ပါတယ်။
ကိုယ့်ပြသနာကိုယ်ရှင်းနိုင်ရင် ကုလားခေါ်ရုံမကလို့ ပုဆိုးပဲလှန်ဆဲဆဲ ကိုယ့်ကိစ္စကိုယ်
ရှင်းပေါ့။ လူမှုနယ်ပယ် ဆက်ဆံရာမှာ ချစ်သောစကား ရင်းနှီးစေသော စကားနဲ့ ဆက်
သွယ်ကူးလူးရပါတယ်။ ရန်စကားနဲ့ ဆက်သွယ်ကူးလူးပါလို့ အဆုံးအမကျွန်တော်လည်း
ဘယ်စာထဲမှာမှမဖတ်ဖူးဘူး။ဒီတော့ ဒေါ်အောင်ဆန်းစုကြည်ကကုလားကိုကုလားလို့
မခေါ်နဲ့စကားကိုအမျိုးသားရေးအတွက်အပြစ်ရှိတယ်လို့ယူဆရင်လက်ရှိသမ္မတဦးသိန်း
စိန်ကကော ကုလားကိုကုလားလို့ သုံးနှုန်းကြပါလို့ ပြောခဲ့ပါသလား။လက်ရှိစာနယ်ဇင်း
မီဒီယာတွေမှာကော ကုလားများ၊ ကုလားတစ်ဦးနှင့် ဗမာတစ်ဦးအချင်းများရာမှ ဆိုပြီး
လူမျိုးနွယ်စုကိုရည်ညွှန်းရေးသားကြပါသလား။ အမိယုတ်တော့ နှုတ်ကြမ်း အဖယုတ်
တော့လက်သရမ်းဆိုတဲ့မှတ်ချက်မျိုးလည်းရှိတော့စကားတစ်ခုကြောင့်၊တစ်ဦးတစ်
ယောက်ကြောင့်ကျွန်တော်တို့ မြန်မာတွေကယဉ်ကျေးမှုမရှိမိုက်ရိုင်းပါလားဆိုတဲ့အထင်
မျိုး ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးမပုပ်ပါရစေနဲ့။ ကျွန်တော်တို့ တစ်ဦးတစ်
ယောက် ယဉ်ကျေးမှုမရှိတာကြောင့် မြန်မာလူမျိုးတစ်စုလုံး အဆင့်အတန်းမရှိပါဘူးလို့
အပြောမခံနိုင်ပါဘူး။ဒါကိုကိုရဲမိုးပညာတတ်ရင်နားလည်မယ်ထင်တယ်။အခုကျွန်တော်
စကားကော အနောက်တိုင်းဆန်သွားရင် ခွင့်လွှတ်နော်အစ်ကို။
(၂) ကမ္ဘာ့ ဒီမိုကရေစီ အိုင်ကွန် လို့  ဆိုပါတယ် …
ဖြစ်နိုင်ပါတယ် …ရခိုင်ကိစ္စမှာ ...
ဒီမိုကရေစီ ဘက်က ရပ်တည်ခဲ့တာကို …
အထင်အရှားတွေ့ ရပါတယ်….
ဒီမိုကရေစီ ရူထောင့်က ကြည့်ရင် မှန်ပေမယ့် …
အမျိုးသားရေး ရှုထောင့် …
တိုင်းပြည် အကျိုးစီးပွား ရူထောင့် အနေနဲ့ ကတော့ ….
လက်ခံနိုင်စရာ မရှိပါဘူး …
ဒေါ်စု ရဲ့ မူဝါဒဟာ …
အတော် လစ်ဘရယ် ဆန်ပြီး …လူ့ အခွင့်အရေး နဲ့ ဒီမိုကရေစီကို ….
အရမ်း ရှေ့ တန်း တင်လွန်းတယ်လို့  မြင်ပါတယ် …
ဆောရီးပါ …ကျွန်တော်က …..
မြန်မာ့ အမျိုးသား အကျိုးစီးပွား အိုင်ကွန်ကိုပဲ …
သမ္မတ ဖြစ်စေချင်ပါတယ်…(ရဲမိုး)
ဟုတ်ပါပြီကိုရဲမိုးရေ.... ရခိုင်မီးလောင်လို့ ဓါတ်ငွေ့ပိုက်သွယ်တာလား။ ဓါတ်ငွေ့ပိုက်
သွယ်လို့ ရခိုင်မီးလောင်တာလား ကိုရဲမိုးလိုထောက်လှမ်းရေးဇ မနည်းတဲ့သူက ပိုသိ
မှာပါဗျ။ နောက်ဆက်တွဲ ကုလားဗမာအထိကရုဏ်းတွေ ဖြစ်တဲ့နေရာတွေမှာ ဘယ်က
ရောက်လာမှန်းမသိတဲ့ ဒေါသထွက်နေတဲ့လူအုပ်ကြီး။ဖျက်စီးရေးအတွက် လေ့ကျင့်ထား
တဲ့သူတွေလို့ ယူဆရသလိုတုတ်တွေဓါးတွေဆင်တူတစ်စက်ရုံတည်းထွက်တွေလိုတူညီ
နေတဲ့ကိစ္စလေးတွေ ထောက်လှမ်းရေးဟောင်းကြီးက ကျွန်တော်တို့ထက်ပိုသိမှာပါဗျ။
ပဋိပက္ခတွေမဖြစ်ပေါ်ခင်မှာ ဒေါ်အောင်ဆန်းစုကြည်ကိုပက်ပက်စက်စက် ဝေဖန်တိုက်
ခိုက်နေတဲ့သူတွေက လိုအပ်ရင်ငါတို့အရိုးစည်းရိုးထိုးသင့် ထိုးရပါမယ်လို့အမျိုးသားရေး
ကို ဇောင်းတင်ရေးလာတဲ့တပ်အကောင့်တွေကနေမျိုးချစ်အကောင့်တွေပြောင်းသွား
တာ ကိုရဲမိုးမသိဘဲမနေပါဘူး။ ပဋိပက္ခကာလတွေအတွင်း ဒေါ်အောင်ဆန်းစုကြည်
မပြောသင့်လို့ မပြောဘဲနေတဲ့ ကိစ္စကို ဒေါ်အောင်ဆန်းစုကြည်ကိုဘာလို့ငြိမ်နေတာလဲ
တစ်ခုခုပြောဆိုပြီးအကွက်ဝင်အောင် မရမကမေးခွန်းတွေမေးလာကြတာ အစ်ကိုရိပ်မိ
မလား။ ဆင်တဲ့ဂွင်နဲ့ ကွက်တိဝင်အောင် ကုလားနဲ့ထိုးထည့်ပြီး ကုလားမဖြစ်အောင်
ဘယ်သူတွေ နိုင်ငံရေးခြေထိုးခံခဲ့ကြသလဲ ထောက်လှမ်းရေးဟောင်းကြီးမသိဘဲမနေပါဘူးနော်။ ရခိုင်မှာကလေးနှစ်ယောက်နှုန်းမွေးဖို့ကန့်သတ်တယ်ဆိုပြီး ကောလဟလသ
တင်းလွှင့်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုမမှန်မကန်သတင်းတုနဲ့ ချောင်ပိတ်ထိုးခဲ့တာ
ဒေါ်အောင်ဆန်းစုကြည်ဆီက ဒီလိုလုပ်ရပ်ဟာ လူ့အခွင့်ရေးနဲ့ မညီပါဘူးလို့အပြစ်ပြော
စရာစကားရတော့မှဒီဥပဒေကိုဘယ်ပြည်နယ်ဝန်ကြီးမှမထုတ်ပါဘူး။ဘယ်သူမှမပြောပါ
ဘူးဆိုပြီးသတင်းအမှားနဲ့ ချောင်ပိတ်ရိုက်လုပ်ကြံတာ ပြည်သူတွေနောက်မှသိခဲ့ရပါ
တယ်။ အမျိုးသားရေးစကားတွေကို အစ်ကိုတို့ရဲ့ခေါင်းဆောင်ကြီးဦးခင်ညွန့်ထောင်ထဲ
ကထွက်လာတုန်းကလည်းပြောတယ်။ ကျွန်တော်ပါတီနိုင်ငံရေး မလုပ်တော့ပါဘူး။ အမျိုးသားနိုင်ငံရေးပဲ လုပ်မယ်ဆိုတာ။ စကော်ပီယမ်တွေထွက်လာတော့လည်း အမျိုး
သားရေးလေသံပဲဟတယ်။ဦးဝီရသူလည်းအမျိုးသားရေး ဘုန်းကြီးဖြစ်သွားတယ်။
ဒီလောက်ထိတိုက်ဆိုင်တာကျဆောင်တွေထဲမှာသူတို့တွေတိုင်ပင်ခဲ့ဖူးပုံတော့မရဘူးဗျ။
ဘယ်ကကြောင့်ဒီစကားတွေသံပြိုင်ထွက်လာလဲသူတို့အသိဆုံးပဲဖြစ်မှာပါ။ ဒေါသထွက်
နေသာ လူအုပ်ကြီးက ပဋိပက္ခတွေဖန်တီးလိုက် ဒေါ်စုကုလားမအော်လိုက်။ ပဋိပက
္ခတွေဖြစ်လိုက် ဒေါ်စုကုလားဘက်ပါသွားပြီအော်လိုက်။ ဒေါ်စုမကောင်းကြောင်းစာရွက်
တွေဝေလိုက် စည်းနဲ့ဝါး ဟန်ချက်ကိုညီလို့ပါပဲ။ ဒီလောက်ဆိုရင် နံပါတ်(၂) ကအစ်ကို
ရဲ့အမျိုးသားရေးလှည့်ကွက်နဲ့စွပ်စွဲချက်ဟာယထာဘူတကျမကျအစ်ကိုသိနိုင်မယ်ထင်
တယ်။ ကျွန်တော့်စကားအတွေးအခေါ် အနောက်တိုင်းဆန်သွားရင် ခွင့်လွှတ်နော်။
(ဒီမိုကရေစီ ရှုထောင့်က ကြည့်ရင် မှန်ပေမယ့် …အမျိုးသားရေး ရှုထောင့် တိုင်းပြည်
အကျိုးစီးပွားရှုထောင့် အနေနဲ့ ကတော့ လက်ခံနိုင်စရာမရှိပါဘူး)လို့အစ်ကိုဆိုတယ်။
အမျိုးသားရေးရှုထောင့်ကဆိုတော့တိုင်းပြည်ရဲ့ နိုင်ငံရေး၊စီးပွားရေး၊ပညာရေး၊ကျန်းမာ
ရေး၊ လူမှုရေး ဘယ်လောက်ချွတ်ခြုံကျပြီး နောက်တန်းမှာရောက်နေလဲ အစ်ကိုသိမှာ
ပါ။ နိုင်ငံရေး၊စီးပွားရေး၊ပညာရေး၊ကျန်းမာရေး၊လူမှုရေးတွေကိုစုတ်ပြတ်သတ်သွား
အောင် ဒေါ်အောင်ဆန်းစုကြည်ကစီမံခန့်ခွဲခဲ့ပြီးစနစ်တကျဖျက်စီးခဲ့တဲ့တရားခံမလို့လား
။ အဲ့ဒီကဏ္ဍတွေအကုန်ကို ချွတ်ခြုံကျအောင်စီမံခန့်ခွဲခွင့်ရခဲ့ပါသလား။ တိုင်းပြည်ရဲ့
အမျိုးသားရေး ကဏ္ဍကိုချုပ်ထားတာ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊
လူမှုရေးတွေအားလုံးကချုပ်ထားပါတယ်။ဒါတွေမတိုးတက်ရင်တိုင်းပြည်ရဲ့အမျိုးသား
ရေးဆိုတာ လေးဖက်သွားကလေးငယ်တစ်ယောက်ရဲ့အဆင့်မှာပဲရှိနေမယ်ဆိုတာ
အစ်ကိုသိမှာပါ။ကုလားမကောင်းကြောင်းပြောနေရုံနဲ့တိုင်ပြည်ရဲ့အထက်ကကဏ္ဍတွေ
တိုးတက်လာပါ့မလား။အမျိုးသားရေးနဲ့လူမျိုးမုန်းတီးရေး လေနဲ့ဝမ်းကွဲအောင်တော့ လေ့
လာပါဦးလို့ အကြံပြုပါရစေ။
(တိုင်းပြည် အကျိုးစီးပွားရှုထောင့် အနေနဲ့ ကတော့ လက်ခံနိုင်စရာ မရှိပါဘူး) လို့အစ်
ကိုဆိုတယ်။ အစ်ကိုပြောချင်တာက မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေ (US.EU)
ရဲ့စီးပွားရေးပိတ်ဆို့တာကို ဒေါ်အောင်ဆန်းစုကြည်ကြောင့်လို့တစ်ဖက်သတ်စွပ်စွဲနေပုံ
ရပါတယ်။ကမ္ဘာပတ်ပြီးစီးပွားရေးလုပ်နေသူတွေက မြတ်မှာကိုသိရင်ဘယ်သူမဆိုလာ
ရောက်ရင်းနှီးမှာပါပဲ။ (မမြတ်ရင်တော့ဘယ်လောက်ရွှေထွက်နေတဲ့နိုင်ငံဖြစ်နေပါစေ၊
မရင်းနှီးပါဘူး။ကမ္ဘာ့စီးပွားရေးပညာရှင်တွေရင်းနှီးကြတဲ့အခါအစစအရာရာလုပ်ငန်း
အဆင်ပြေချောမွေ့အောင် စီးပွားလည်ပတ်ပုံကောင်းအောင် ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု၊
စားသုံးသူ၊ ဈေးကွက်၊လမ်းပန်းဆက်သွယ်ရေး၊ကုန်ကြမ်းရရှိမှု၊ကုန်ချောထုတ်လုပ်နိုင်မှု၊ကျွမ်းကျင်လုပ်သားအလွယ်တကူရနိုင်မရနိုင်၊စက်ရုံမီး(၂၄)နာရီရမရဒါတွေကိုတွက်
ချက်လုပ်ကြရပါတယ်။ ဒါတွေအတွက် ကျွန်တော်တို့နိုင်ငံက ရင်းနှီးမြှုပ်နှံသူတွေကို
လာပါပြောတယ်။အလုပ်အကိုင်ရှားပါးတာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမယ့်သူတွေနည်းလို့လို့
ဆိုတယ်။ ပြည်ပကရင်းနှီးမြှုပ်နှံသူတွေလာတော့ မြေဈေးတွေအဆမတန်ထိုးတင်တယ်။
အဲဒီ အကောင်းဆုံးမြေကွက်တွေက ဗိုလ်ချုပ်ကြီးတွေ၊ ခရိုနီကြီးတွေ ဘယ်လိုပိုင်လို့
ပိုင်မှန်းမသိတဲ့ မြေတွေ ဖြစ်နေတယ်။ နောက်ပြီးတော့ စက်ရုံတွေအတွက်(၂၄)နာရီမီး
မပေးနိုင်ဘူး။လမ်းပန်းဆက်သွယ်ရေးယာဉ်ကြောပိတ်ဆို့တဲ့ ပြသနာတွေခုထိမဖြေ
ရှင်းနိုင်သေးဘူး။ ကျွမ်းကျင်လုပ်သားလည်း မရှိဘူး။ နှစ်နဲ့ချီ ပညာတွေသင်လိုက်ပေ
မယ့်လက်တွေ့အသုံးချမှုပညာဘာမှမတတ်တဲ့ဘွဲ့လက်မှတ်ကိုင်တွေပဲများနေတယ်။
ပြည်တွင်းကဘာထုတ်ကုန်မှမထုတ်နိုင်လို့နီးစပ်ရာတရုတ်နဲ့ နိုင်ငံတချို့ကလာသမျှအ
ကုန်ဝယ်သုံးနေရတော့ ကျွမ်းကျင်ပညာရှင်မရှိတာလည်း မဆန်းပါဘူး။ အဲ့ဒီတော့
တချို့အနည်းအကျဉ်းရင်းနှီးမြှုပ်နှံသူတွေကသူတို့ဆီကပညာရှင်တွေ ခေါ်လာတယ်။ မြန်
မာတွေ နေရာရတာနည်းတယ်။ အောက်ခြေ၀န်ထမ်းမှာသာ ပုံသွားပြီး Technician
ပိုင်းမှာနေရာမရတော့လုပ်ခလစာမမျှတမှုတွေဖြစ်လာတယ်။စီးပွားရေးပိတ်ဆို့တာ
ပြည်သူထိခိုက်တယ်ဆိုပြီးအကြောင်းပြတယ်။အခုစီးပွားရေးပိတ်ဆို့တာအစမ်းသဘော
ဖွင့်လိုက်တာ ပြည်သူတွေရဲ့ မြေတွေ၊ ယာတွေ၊လယ်တွေတပ်ပိုင်ဆိုပြီးသိမ်း၊ကျူးကျော်
ဆိုပြီးသိမ်း။ ပြည်သူတွေနေစရာမဲ့ မြေယာမဲ့တွေ ပေါလာတယ်။Sanctionပိတ်ဆို့တုန်း
ကတော်သေး။Sanctionဖွင့်လိုက်မှ ပြည်သူတွေလည်း ခြေသလုံးအိမ်တိုင်တွေဖြစ်ကုန်
တယ်။ဒီစီးပွားရေးအစမ်းဖွင့်တဲ့ကာလမှာတောင် ပြည်သူတွေမြေယာမဲ့တွေ ဖြစ်သွား
တာ တကယ်လို့ စီးပွားရေး ပိတ်ဆို့မှုသာတကယ်ဖွင့်ချလိုက်ရင်.....?
(ဒေါ်စုရဲ့ မူဝါဒဟာအတော်လစ်ဘရယ်ဆန်ပြီး)ဆိုတော့.... ဒေါ်အောင်ဆန်းစုကြည်အ
ပေါ်မှာအစ်ကို့အနေနဲ့အစွန်းရောက်အကြမ်းဖက်ဟစ်တလာတို့၊ဘင်လာဒင်တို့လိုစိတ်မျိုး
ရှိမှ သမ္မတခန့်ချင်နေတဲ့ပုံမျိုးတွေ့ရတော့ ဗုဒ္ဓဘာသာတရားလွှမ်းမိုးတဲ့နိုင်ငံမှာ အစွန်း
ရောက်အကြမ်းဖက်တစ်ယောက်သာ ဒေါ်စုဖြစ်သွားခဲ့ရင် ဘယ်သူမှ သမ္မတခန့်မှာမ
ဟုတ်တော့ပါဘူး။ ဘာသာရေးရှုထောင့်ကကြည့်ရင် ကိုရဲမိုးစကားက ဘောင်မ၀င်တဲ့
Emotion သက်သက်ဆိုတာ ကိုရဲမိုးနားလည်မှာပါ။
(လူ့ အခွင့်အရေး နဲ့ ဒီမိုကရေစီကိုအရမ်း ရှေ့ တန်းတင်လွန်းတယ်လို့  မြင်ပါတယ်)
ဆိုတော့.....ဒီမိုကရေစီနဲ့လူ့အခွင့်အရေးကို ရှေ့တန်းမတင်ရင်အစွန်းရောက်ဝါဒကို
ရှေ့တန်းတင်ရင်တင်၊ မတင်ရင် စစ်အာဏာရှင်စနစ်ကိုပဲ ရှေ့တန်းတင်ရမှာလား။
ဒီစကားလည်း ဘောင်မ၀င်သလိုချက်ကျလက်ကျထောက်ပြတဲ့အချက်အလက်မဟုတ်ပါ
ဘူး။
(ကျွန်တော်က …..မြန်မာ့ အမျိုးသား အကျိုးစီးပွား အိုင်ကွန်ကိုပဲ သမ္မတ ဖြစ်စေချင်ပါတယ်) ဆိုတော့... လက်ရှိ (Monopoly) ဈေးကွက်နဲ့ အာဏာရှိ
သူကို ကပ်ပေါင်းနိုင် ဖားနိုင်မှလုပ်ပိုင်ခွင့်ရတဲ့ အာဏာရှင်နဲ့ ခရိုနီအုပ်စုကိုပဲ မဲပေးချင်
ပုံရပါတယ်။ (Monopoly) ဈေးကွက်ကြောင့် သာမန်ပြည်သူတွေထဲက သာမန်ရင်းနှီး
နိုင်သူတွေ ချောင်ထိုးခံရ၊ သာမန်ပြည်သူတွေကြားထဲ ၀င်ငွေလည်ပတ်စီးဆင်းပုံတွေ ကမောက်ကမဖြစ်ပြီး။ လက်ဝါးကြီးအုပ်နိုင်တဲ့သူတွေပဲ ချမ်းသာပြီးရင်းချမ်းသာရင်း။
သာမန်ပြည်သူတွေဘ၀ နွံထဲနစ်သထက်နစ်ရင်း ဈေးကွက်စီးပွားရေးအမည်ခံလက်ဝါး
ကြီးအုပ်ခြယ်လှယ်တဲ့ စနစ်ကိုသဘောကျနေတာ အမျိုးသားအကျိုးစီးပွားကဏ္ဍနဲ့ ဘာမှ
မဆိုင်တာ လူကြားကောင်းအောင် သတင်းစာထဲကစကားတွေထုတ်မသုံးပါနဲ့။ တိုင်းပြည်လည်းဖွတ်သထက်ညစ်နေပြီ။
(၃) ဒေါ်စုဟာ ငယ်ငယ်တည်းက ....
နိုင်ငံခြားကို ထွက်သွားခဲ့ပြီး …
ပြည်ပမှာပဲ နှစ်ပေါင်းများစွာ နေခဲ့ပါတယ်…
၁၉၈၈ခုနှစ် ...
မိခင် နာမကျန်းဖြစ်ချိန်မှာမှ ပြန်လာခဲ့ပါတယ်…
အဲဒီ အချိန်မှာ ….
နိုင်ငံခြားသား တစ်ဦးနဲ့  အိမ်ထောင်ပြုပြီး ….
ကပြားကလေး နှစ်ဦးမွေးဖွားပြီးပါပြီ….
အဲဒါ ပြသနာရှိလားလို့  မေးရင်တော့ …
သာမန်လူတစ်ဦး အနေနဲ့  မရှိပါဘူး ….
ဒါပေမယ့် ....
မြန်မာ့ အမျိုးသားခေါင်းဆောင်ကြီး …
ဗိုလ်ချုပ်အောင်ဆန်းရဲ့  သမီးတစ်ယောက် အနေနဲ့ …
မြန်မာနိုင်ငံရဲ့ သမ္မတ တစ်ယောက် အနေနဲ့ တော့ ….
မလုပ်သင့် မလုပ်ထိုက်ဘူး….
သိက္ခာကျတယ် လို့ ထင်ပါတယ်…. (ရဲမိုး)
မလိုအပ်တော့ဗိုလ်ချုပ်သမိုင်းတွေဖျောက်ဖျက်။လိုအပ်မှဗိုလ်ချုပ်ရဲ့သမီးတစ်ယောက်
အနေနဲ့ဆိုပြီးတွဲချတယ်။ဒါဆိုရင်တစ်ခုမေးပါရစေ။ မြန်မာနိုင်ငံမှာ နှစ်တွေအကြာကြီး
နေ၊အင်္ဂလိပ်စာကို ဖြောင့်ဖြောင့်မတတ်။ မြန်မာစကားကိုတောင်ယဉ်ယဉ်ကျေးကျေး
ဘယ်လိုပြောရမှန်းမသိ၊အာဏာသုံးပြီး ပြည်သူနဲ့ရဟန်းသံဃာတွေကိုဖမ်းဆီးသတ်
ဖြတ်ထောင်ချ၊ ဘယ်နိုင်ငံမှမရောက်ဖူး၊ သမ္မတဖြစ်မှ အကြံပေးတွေပလူပျံအောင်ခန့်။
ကိုယ်တတ်တာဘာမှမရှိသလိုဒီလိုဘုမသိဘမသိနိုင်ငံကြီးသားပီသတဲ့အာဏာရှင်တွေ
ထဲကလူတွေကိုပဲ ပြန်ခန့်ရမလား။ဒါမှသိက္ခာရှိတာလား။သိက္ခာအကြောင်းလေးပါရှင်း
ပြပါဦး။ သိက္ခာဆိုတာဘာလဲခင်ဗျ။ သမ္မတတစ်ယောက်ရဲ့ သိက္ခာက တိုင်းပြည်အပေါ်
စွမ်းဆောင်ပေးနိုင်တဲ့အရည်အချင်းလား။ မိသားစုကိစ္စလား။ မိသားစုကိစ္စရိုးရှင်းပြီး
တိုင်းပြည်အပေါ် ကောင်းကျိုးမပြု၊ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိတဲ့ သမ္မတဆိုရင် သိက္ခာ
ကဘယ်မှာလဲ။
၎။ အထိအခိုက် အရှအနာများလွန်းတဲ့  ...
နည်းဗျူဟာတွေ ကို …
အရမ်း ကျင့်သုံးလွန်းတယ်လို့ မြင်ပါတယ်…
ဒါဟာ ပြည်သူလူထု ကို ထိုးကျွေးတာ နဲ့  ….
အတူတူပဲလို့  ခံစားရ ပါတယ်…
မတရားတဲ့ အမိန့် ဟူသမျှ ဖီဆန်ကြ ဆိုတဲ့ စကားက စလို့ ….
၁၉၉၀ အာဇာနည်နေ့ ချီတက်အလေးပြုဖို့  ....
တိုက်တွန်းခဲ့တဲ့  အခမ်းအနား အလယ် ….
၂၀၁၄ လှိုင်းဘွဲ့  ဟောပြောပွဲ အဆုံး …
တစ်ဖက်က စစ်အုပ်စုကို …
ထိပ်တိုက်ရင်ဆိုင်တဲ့ နည်းတွေကိုပဲ ....
အများဆုံး သုံးခဲ့ပါတယ်…
တကယ်ရော အလုပ် ဖြစ်ခဲ့ ပါသလား ….
တစ်ခြား နည်းလမ်းတွေရော မရှိနိုင် တော့ဘူးလား ….
အဲဒီ နည်းလမ်းတွေက …
ဒီထက် ပို ခရီးမရောက်နိုင်ဖူးလား ဆိုတဲ့ မေးခွန်းက …
ရင်ထဲမှာ အလိုလို ပေါ်လာမိပါတယ် …(ရဲမိုး)
အထိအခိုက်အရှအနာများလွန်းတဲ့ ...နည်းဗျူဟာတွေကိုအရမ်းကျင့်သုံးလွန်းတယ်လို့
ဆိုတော့ အထိအခိုက်အရှအနာနည်းတဲ့ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကျတော့
ဘယ့်နှယ့်ကြောင့်ငြင်းတာလဲ။ ပြည်သူလူထုကိုထိုးကျွေးနေတယ်ဆိုတာမတရားမှုတွေ
ခံရတာ ပြည်သူတွေအသိဆုံးပါ။ ချောင်ပိတ်ရိုက်ခံရတဲ့ခွေးတောင်နာလာရင်ပြန်ကိုက်
ပါတယ်။ တစ်ဘက်က ဖိနှိပ်ခံနေရတာ ပြည်သူတွေ။ လူတိုင်းရင်ထဲမှာပြောမထွက်
လောက်တဲ့ အစိုင်အခဲတွေတစ်ပြုံကြီး။ ပြည်သူထဲကပြည်သူတွေနားလည်ပြီးသားပါ။
(မတရားတဲ့ အမိန့် ဟူသမျှ ဖီဆန်ကြ ဆိုတဲ့ စကားက စလို့) ဆိုတော့ မတရားတဲ့အမိန့်
မှန်သမျှကြိတ်ခံကြပေါ့ဒီလိုလားကိုရဲမိုး။အမိန့်ကိုမဖီဆန်စေချင်ရင်မတရားတဲ့အမိန့်တွေ
မထုတ်သင့်ပါဘူး။မတရားတဲ့အမိန့်တွေထုတ်လို့မတရားခံရတဲ့ပြည်သူတွေဖီဆန်တာ
ဖြစ်တယ်။
(စစ်အုပ်စုကိုထိပ်တိုက်ရင်ဆိုင်တဲ့ နည်းတွေကိုပဲအများဆုံးသုံးခဲ့ပါတယ်)လို့ဆိုတော့...
စစ်အုပ်စုကလည်း ပြည်သူဆိုရင်သူပုန်လို့မြင်နေတဲ့စိတ်ဝင်နေတာလေး ပြုပြင်ရင်
ကောင်းပါမယ်။ ပြည်သူကမုန်းနေတာ စစ်သားတွေမဟုတ်ဘူး။စစ်တပ်ကိုကာဗာယူပြီး
ချမ်းသာအောင်အခွင့်ထူးခံနေတဲ့လူတစ်စုကိုပဲမုန်းနေတာဖြစ်တယ်။စစ်သားတွေကိုယ်
တိုင်ကလည်း ပြည်သူကစစ်အုပ်စုကိုထိပ်တိုက်ရင်ဆိုင်နေတယ်၊စစ်သားဆိုရင်အကော
င်းမမြင်ဘူးလို့အထင်မရောက်စေချင်ပါဘူး။ ပြည်သူမုန်းနေတာစစ်တပ်ကိုအသုံးချကာ
ဗာယူပြီး တိုင်းပြည်က ရှိသမျှရောင်း အိတ်ကပ်ထဲထည့် ပြည်သူနဲ့ စစ်တပ်ကို ရန်သူ
သဖွယ်သွေးခွဲ၊စစ်တပ်ကိုလက်ကိုင်တုတ်သဖွယ်အသုံးချသွားသူတွေကိုသာမုန်းနေတာ
ဖြစ်ပါတယ်။ တပ်မတော်ဟာပြည်သူ ကပေါက်ဖွားလာတာဖြစ်တဲ့အတွက် တပ်မတော်
ကို ပြည်သူမုန်းစရာအကြောင်းမရှိပါဘူး။ ဒါ့ကြောင့် တပ်မတော်က ပြည်သူနဲ့တစ်သား
တည်းကျနေ ဖို့လိုပါတယ်။ အာဏာရှင်နဲ့တစ်သားတည်းကျနေရင်တိုင်းပြည်မှာကိုယ့်ရဲ့
နောင်လာနောက်သားတွေအတွက် စိုးရိမ်စရာရှိပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အာ
ဏာရှင်ကြီးတွေလက်ထက်မှာ တိုင်းပြည်ကစီးပွားရေး၊လူမှုရေး၊ပညာရေး၊ကျန်းမာရေး
စတဲ့ကဏ္ဍတွေအကုန်ကို ထင်သလို လက်တည့်စမ်းခဲ့တာကြောင့် နိုင်ငံဘာကြောင့်
ချွတ်ခြုံကျပြီး အမွဲဆုံးစာရင်းဝင်သွားလဲဆိုတာ တပ်မတော်သားတွေလည်း သိသင့်ပါ
တယ်။ကိုယ့်ရဲ့နောင်မျိုးဆက်တွေသားတွေသမီးတွေများထားခဲ့ကြမယ်ဆိုရင် နိုင်ငံတ
ကာနဲ့ယှဉ်ရင် ဖွတ်ဖြစ်နေတဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနိမ့်ကျနေတဲ့
စနစ်ကြီးနဲ့ ထားခဲ့နိုင်မလားဆိုတာ နဖူးပေါ်လက်တင်ပြီးတွေးကြည့်ရင်.....။
(၅) အနောက်အုပ်စုကို အရမ်း အားကိုးလွန်းပြီ …
တစ်ချိန်လုံး တိုင်းပြည်ကို ….
စီးပွားရေး ပိတ်ဆို့ ခိုင်းခဲ့တဲ့  ...
နည်းဗျူဟာကို ကျင့်သုံးခဲ့တာဟာ …
လုံးဝ မဖြစ်သင့်ဘူး လို့ မြင်ပါတယ်….
၂၂ နှစ်အတွင်း တိုင်းပြည် စုတ်ပြတ်သွားတာ …
တရုတ်ကို အရမ်း မှီခို ရတဲ့  အနေအထားကို ….
ရောက်သွားရတာသည်…
ဒီ အချက်က အဓိက ဖြစ်တယ်လို့ ထင်ပါတယ်…
ဒီ ဖြစ်ရပ်တွေဟာ ….
အကြောင်းကြောင့် အကျိုးဖြစ်ခဲ့ရတာတွေ ဖြစ်ပြီး …
စစ်အစိုးရမှာ အဓိက တာဝန်ရှိသလို …
တိုင်းပြည်ကို စီးပွားရေး ၀ိုင်းပိတ်ဆို့ ကြဖို့  ….
တစ်ကမ္ဘာလုံးကို တိုက်တွန်းခဲ့တဲ့ ဒေါ်စု မှာလဲ ….
အထိုက်အလျောက် တာဝန်ရှိတယ်လို့  ယူဆပါတယ်…
ပြောရရင်တော့ အခုထိကို …
အကုန် ပြန်မဖွင့်သေးဖို့  ခဏခဏ ပြောနေတုန်းပါပဲ …
ဒါဆို ဘယ်အချိန်မှ ဖွင့်ရမလဲ ဆိုတော့ …
ငါ သမ္မတ ဖြစ်မှပဲ ပြန်ဖွင့်ဆိုတဲ့  သဘောမျိုးဆန်ဆန် ..
ပြောနေတယ်လို့  ခံစားရပါတယ် …
ဒါ လုံးဝ မဖြစ်သင့်ပါဘူး လို့  ဆိုချင်ပါတယ် …….(ရဲမိုး)
မြန်မာပြည်ကိုစီးပွားရေးပိတ်ဆို့တဲ့ကိစ္စမှာ ဒေါ်စုကအထိုက်အလျောက်တာဝန်ရှိတယ်
ဆိုတာက မဆိုင်တာကို အမှုတွဲထဲ ဆွဲထည့်တာပါပဲ။ မြန်မာပြည်ကို အမေရိကန်၊ EU
စတဲ့ နိုင်ငံများမှစီးပွားရေးပိတ်ဆို့မှုပြုလုပ်ရခြင်းရဲ့အဓိကတရားခံဟာစစ်အစိုးရကြောင့်
ပါ။ ဒေါ်အောင်ဆန်းစုကြည်တောင်းဆိုလို့စီးပွားရေးပိတ်ဆို့မှု ပြုလုပ်တာမဟုတ်ဘူး။
ဒေါ်အောင်ဆန်းစုကြည်ကအကြောင်းပြချက်မရှိလိုချင်တာ တောင်းဆိုတိုင်းလည်း နိုင်
ငံပေါင်းများစွာက ခေါင်းဆောင်တွေကလုပ်ပေးမှာမဟုတ်ပါဘူး။ နိုင်ငံတကာဥပဒေ
တွေ၊စည်းမျဉ်းတွေနဲ့ချိန်ထိုးပြီးမှသာ ဆောင်ရွက်ပေးနိုင်တာဖြစ်ပါတယ်။အကြောင်း
ရင်း တွေကို အတိုချုပ်ပြောရမယ်ဆိုရင်တော့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို
မျက်ကွယ်ပြုခဲ့ခြင်း၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဒီမိုကရေစီအရေး လှုပ်ရှားသူ
များကို ဖမ်းဆီးကာ နှစ်ရှည်ထောင်ဒဏ်ပေးခြင်း၊ အချို့သတ်ဖြတ်ခံရခြင်း၊အဓမ္မခိုင်းစေ
မှု၊ မြောက်ကိုရီးယားနိုင်ငံနှင့် စစ်ရေး၊ စီးပွားရေး မဟာမိတ်ပြု ဆက်ဆံခြင်း၊ လူ့အခွင့်
အရေးနှင့်နိုင်ငံတကာဥပဒေများကို မျက်ကွယ်ပြုကာ ပြည်သူများကို ဖိနှိပ်ခြင်း အစရှိတဲ့
ကိစ္စတွေကြောင့် ဖြစ်ပါတယ်။ဒီနေ့ကမ္ဘာပေါ်မှာ ပြည်တွင်းလှုပ်ရှားသူတွေက တောင်း
ဆိုတာမျိုးမဟုတ်ပဲ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ဆုံးဖြတ်ချက်တွေနဲ့ စီးပွားရေး
ပိတ်ဆို့ခံရတဲ့ နိုင်ငံတွေ ရှိနေပါတယ်။ ခိုင်လုံတဲ့ အကြောင်းပြချက်မရှိပဲ စီးပွားရေးပိတ်
ဆို့မှုလုပ်လို့မရပါဘူး။ဥပမာအနေနဲ့ပြောရရင် မြောက်ကိုရီးယားရဲ့သင်္ဘောတွေဟာ
မြန်မာပြည်ဆိပ်ကမ်းတွေ ဆိုက်ကပ်၊ ကက(ထုတ်) အတွက်စစ်လက်နက်ပစ္စည်းတွေချ၊
ဆန်၊ သကြား၊အရက်တွေ ပြန်တင်သွားတာတွေအကြိမ်ပေါင်းများစွာရှိပါတယ်။အကြိမ်
တိုင်းရဲ့ သင်္ဘောဝင်/ထွက်၊ ကုန်တင်/ချ၊ Ship Crew စတဲ့ အချက်အလက်တွေဟာ
ကုလလုံခြုံရေး ကောင်စီကို ရောက်ပါတယ်။ မှတ်မိသလောက် သင်္ဘောနာမည်တွေ
ပြောရရင် M.V BUYON-1,MVDUMANGANGတို့ပါ။ ဒေါ်အောင်ဆန်းစုကြည်ကြောင့်
တရုတ်ကို အားကိုးရတယ်ဆိုတာက အကြောင်းပြချက်ပါ။အနောက်နိုင်ငံတွေနဲ့ရင်းရင်း
နှီးနှးဆက်ဆံမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ဒီမိုကရေစီရေးအတွက်လုပ်ပေးရ
တော့မယ်။ ဒါကို မလုပ်ပေးချင်တဲ့အတွက် တရုတ်နဲ့ဆက်ဆံရေးမှာ လိုတာထက်ပိုပြီး
အလျှော့ပေး ပေါင်းသင်းခဲ့တာပါ။
စစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ကြောင့်စီးပွားရေးပိတ်ဆို့မှုတွေ ဖြစ်လာရတယ်
လို့ စွပ်စွဲခဲ့ပါတယ်။ သူတို့ စွပ်စွဲချက်တွေကို ဘယ်ဟာတွေနဲ့ သက်သေပြလဲဆိုတာ ဥပ
မာတစ်ခု၊ နှစ်ခု ထုတ်ပြပါမယ်။ ၁၉၉၈ ခုနှစ်၊ ဧပြီလမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်အောက်လွှတ်တော် အမတ် Dana Rohrabacher နဲ့တွေ့ဆုံခဲ့ပါတယ်။
Rohrabacher ဟာ မြန်မာနိုင်ငံနဲ့ ပတ်သတ်ပြီးအမေရိကန်မှစီးပွားရေးပိတ်ဆို့မှုများပြု
လုပ်ရန်၊သံတမန်နည်းလမ်းဖိအားပေးမှုများဖြင့် နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်ပေါ်လာ
စေရန် ကြိုးပမ်းနေသူဖြစ်ပါတယ်။ နောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၉၉ ခုနှစ်၊
၅၅ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင် ညီလာခံသို့ မြန်မာနိုင်ငံမှာ
လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက်အရေးယူဆောင်ရွက်ပေးရန် ပြောကြားခဲ့ဖူးပါ
တယ်။ဒီလိုတွေရှိခဲ့လို့ ဒေါ်အောင်ဆန်းစုကြည်ကြောင့်စီးပွားရေးပိတ်ဆို့မှုဖြစ်လာရ
တယ်လို့အပြစ်ပုံချခဲ့တာပါ။တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ကတိုက်တွန်းရုံသာ
ဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုစီးပွားရေးပိတ်ဆို့မှုလုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်မှာအ
တင်းအကျပ်တောင်းဆိုပိုင်ခွင့်မရှိပါဘူး။စီးပွားရေးပိတ်ဆို့မှုဟာ ပြည်သူတွေကို ဘေး
ထွက်ဆိုးကျိုးဖြစ်စေခဲ့တာ မှန်ပါတယ်။ ပြည်သူတွေကို ဆိုးကျိုးဖြစ်စေလို့ စစ်အစိုးရက
အလန့်တကြားထအော်တာတော့မဟုတ်ပါဘူး။ မြန်မာပြည်မှာအလုပ်လက်မဲ့ပြဿ
နာတွေစစ်ဘေးဒုက္ခသည်ပြဿနာတွေအရင်ထဲကတပုံတပင်ရှိနေပေမယ့်မသိချင်ယောင်
ဆောင်နေခဲ့ပါတယ်။ စီးပွားပိတ်ဆို့မှုမှာ စစ်အစိုးရထိပ်တန်းခေါင်းဆောင်တွေရဲ့
ဘဏ်စာရင်းတွေအပိတ်ခံရ၊ ပြည်ပပိုင်ဆိုင်မှုတွေထိန်းချုပ်ခံရ၊ဗိုလ်ချုပ်တွေနဲ့ဆက်နွယ်
ခဲ့သူတွေကို ပြည်ဝင်ခွင့်ပိတ်ပင် - စတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ အကျိုးစီးပွားကို ထိခိုက်လာ
လို့ ကယောင်ကတန်းနဲ့ ထအော်တာသာဖြစ်ပါတယ်။
အာဏာရှင်တွေက ဒေါ်အောင်ဆန်းစုကြည်အပေါ်သာ အပြစ်ပုံချပြီး ပြည်သူတွေကို
အသိမပေးခဲ့တာတွေရှိပါတယ်။အဲဒါကစစ်အစိုးရကြောင့် မြန်မာနိုင်ငံအပေါ်ချမှတ်ထား
တဲ့ စီးပွားရေးပိတ်ဆို့မှုတွေကိုရုတ်သိမ်းနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကကြိုးစားမှုပါပဲ။
ဦးသန်းရွှေရဲ့ မေတ္တာရပ်ခံချက်ကြောင့်၂၉.၉.၂၀၀၉ရက်နေ့မှာ ဒေါ်အောင်ဆန်းစု
ကြည်က“မြန်မာနိုင်ငံအပေါ်အရေးယူပိတ်ဆို့ထားမှုများတားဆီးပယ်ဖျက်ရေး” ခေါင်း
စဉ် ပါစာတမ်း၊ ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလမှာ နောက်ဆက်တွဲစာတမ်း စတာတွေကို
ဦးသန်းရွှေထံ ရေးသား ပေးပို့ခဲ့ပါတယ်။အဲ့ဒီစာတွေမှာစီးပွားရေးပိတ်ဆို့မှုတွေဖယ်ရှား
နိုင်ရေးအတွက်နအဖကိုကူညီပေးမယ်၊ နိုင်ငံတကာသံအမတ်ကြီးတွေနဲ့ တွေ့ဆုံချင်
တယ်၊ NLD မှ တာဝန်ရှိသူများနဲ့လည်း တိုင်ပင်ချင်တယ် စသဖြင့် အချက်တွေ ပါဝင်ပါ
တယ်။ ပြောရမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အကျယ်ချုပ်၊သတင်းအ
ချက် အလက်တွေနဲ့ ပြတ်တောက်နေတာမို့ စီးပွားရေးပိတ်ဆို့မှုနဲ့ပတ်သတ်တဲ့ အချက်
အလက်တွေတောင် သေချာမသိပါဘူး။ ဒါကြောင့်မို့ စီးပွားရေးအရေးယူပိတ်ဆို့မှုနဲ့
ပတ်သတ်တဲ့အခြေအနေ၊အချက်အလက်စာရွက်စာတမ်းတွေ ဒေါ်အောင်ဆန်းစုကြည်
ထံ ပေးပို့ပေးဖို့နအဖကောင်စီရုံးကိုဦးသန်းရွှေမှညွှန်ကြားခဲ့ပါတယ်။ဒီနောက်ပိုင်း ဒေါ်
အောင်ဆန်းစုကြည်ဟာအမေရိကန်၊ဗြိတိန်နဲ့သြစတေးလျနိုင်ငံသံအမတ်ကြီးတွေကို
တွေ့ဆုံပြီး မြန်မာနိုင်ငံကိုစီးပွားရေးပိတ်ဆို့ထားမှုတွေကိုအမြန်ဆုံးဖယ်ရှားပေးဖို့ မေ
တ္တာရပ်ခံပေးခဲ့ပါတယ်။ မြန်မာနိုင်ငံအပေါ်ပိတ်ဆို့မှုတွေ ပြုလုပ်ဖို့ ဒေါ်အောင်ဆန်းစု
ကြည်က တိုက်တွန်းရုံပဲ တတ်နိုင်သလို ပြန်လည်ရုတ်သိမ်းဖို့ကိုလည်း တိုက်တွန်းရုံပဲ
တတ်နိုင်မှာပါ။၂၀၁၂မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့NLD ရွေးကောက်ပွဲဝင်လာတဲ့အ
တွက် မြန်မာနိုင်ငံမှာ လွတ်လပ်ခွင့်တစုံတရာရနေပြီလို့ ယူဆတဲ့အတွက် ပိတ်ဆို့မှုအ
ချို့ကို ဖြေလျော့ပေးခဲ့ပါတယ်။ နောင်လည်း မြန်မာနိုင်ငံကို အုပ်ချုပ်သူတွေရဲ့ ဒီမိုကရေ
စီရေး၊ လူ့အခွင့်အရေးတွေအတွက် ဆောင်ရွက်နိုင်မှုအပေါ်မူတည်ပြီး နိုင်ငံတကာမှ
စဉ်းစား လျှော့ချပေးသွားမယ်လို့ ထင်ပါတယ်။
(၆) ဒေါ်စုဟာ...
တိုင်းပြည် တိုးတက်အောင် လုပ်မယ်လို့ ….
ခံယူ ကြွေးကြော် ထားသူ ဖြစ်လို့ …
သူ သမ္မတ ဖြစ်ခွင့်ရရေး အတွက် …
လက်ရှိ အစိုးရ နဲ့  …
အပြင်းအထန် ဆင်နွဲရတော့မလို ဖြစ်နေတဲ့ ...
လူထုတိုက်ပွဲတွေ .. သွေးမြေကျ ဖြစ်ရပ်တွေက…
တိုင်းပြည်ကို တိုးတက်ဖို့ နေနေသာသာ …
မျှော်လင့်ချက် ရောင်ခြည်သမ်းနေတဲ့ အနေအထားကနေ …(ရဲမိုး)
(သူသမ္မတ ဖြစ်ခွင့်ရရေး အတွက်) ဆိုတဲ့နေရာမှာ ဒေါ်အောင်ဆန်းစုကြည်က သမ္မ
ဇွတ်ဖြစ်ချင်နေတာလား။ပြည်သူကရွေးချယ်တင်မြှောက်ချင်နေတာလား သိဖို့လိုပါ
တယ်။လက်ရှိအစိုးရဟာလည်း ဒေါ်အောင်ဆန်းစုကြည်သမ္မတမဖြစ်စေဖို့ ပြည်သူတွေ
ဘယ်လောက်တောင်းဆိုဆို ဖြစ်ခွင့်မရအောင်ဆိုပြီး(၅၉/စ)လိုပုဒ်မကိုတစ်ဦးတစ်
ယောက် တည်းအတွက် ပြုရသော ဥပဒေရယ်ဆိုပြီး ရေးသွားခဲ့တာ အထင်အရှားပါ။
တစ်ဆက်တည်းဆက်ပြောရရင် (၅၉/စ) ဟာ ဗိုလ်ချုပ်အောင်ဆန်းရေးခဲ့တဲ့ ဥပဒေမ
ဟုတ်သလို ဘယ်နိုင်ငံမှာမှ တစ်ဦးတစ်ယောက်ထဲကို ပြဌာန်းရေးဆွဲလေ့ရှိတဲ့ ဥပဒေ
မဟုတ်ပါဘူး။အမျိုးသားရေးရှုထောင့်အရသမ္မတဖြစ်ပိုင်ခွင့်ဟာ(၅၉/ခ)မှာတင် ပြည့်စုံ
နေပြီဖြစ်ပါတယ်။တစ်ဦးတစ်ယောက်ထဲအတွက် ပြည်သူရွေးချယ်တင်မြှောက်ချင်ရင်
တောင်တင်မြှောက်ခွင့်မရဘဲ(၅၉/စ)လိုဥပဒေပြဌာန်းခဲ့ခြင်းဟာ ပြည်သူ့ဆန္ဒကို နှိပ်
ကွပ်ခြင်းသက်သက်သာဖြစ်ပါတယ်။တိုင်းပြည်တိုးတက်ဖို့ မျှော်လင့်ချက် ရောင်ခြည်
သမ်းနေတဲ့ အနေအထားကနေ ရှေ့ဆက်သွားချင်တယ်ဆိုရင် ပြည်သူတစ်ရပ်လုံးက
ရွေးချယ်တဲ့သမ္မတကို သမ္မတဖြစ်စေနိုင်ဖို့ (၅၉/စ) (၅၉/ဃ)လိုမလိုလားတဲ့ဥပဒေတွေ
ပြင်ဆင်ပေးဖို့လိုပါတယ်။ ပြည်သူကရွေးချယ်တင်မြှောက်တာတောင်သမ္မတမဖြစ်နိုင်
ဘူးဆိုတော့ ဒီဥပဒေရေးသူက ပြည်သူသန်း (၆၀) ထက် ဘယ်လောက်များ အမျိုးသား
ရေးအမြင်တွေရှိနေလို့လဲလို့ မေးပါရစေ။ဒီလိုအမျိုးသားရေးအမြင်တွေသာစူးရှလွန်းခဲ့
ရင်ကျွန်တော်တို့တိုင်းပြည်ဟာစီးပွားရေး၊လူမှုရေး၊ပညာရေး၊ကျန်းမာရေးစတာတွေမှာ
ဒီလောက်ချွတ်ခြုံကျစုတ်ပြတ်သတ်သွားခဲ့မှာ မဟုတ်ပါဘူး။
(၇) ဒေါ်စု သမ္မတ ဖြစ်မှ ….
တိုင်းပြည် တိုးတက်မယ်ဆိုတဲ့  အယူအဆဟာ …
ပေါတောတော အယူအဆလို့ မြင်ပါတယ်…
ပြောင်းပြန် ပြန်စဉ်းစားရင် …
ဒေါ်စု သမ္မတ ဖြစ်ပြီး ပြန်ဆင်းသွားတာနဲ့  …
တိုင်းပြည်က ပြန် ဆုတ်ယုတ်သွားမလို ဖြစ်နေပါတယ်…
လက်ရှိ မြန်မာပြည်မှာ…
အရေးအကြီးဆုံး ဖြေရှင်းရမယ့် ကိစ္စကြီး လေးခု ရှိပါတယ်
တစ်ပြည်လုံး အပစ်အခတ် ရပ်စဲရေး …
ပြည်ထောင်စု နှင့် ပြည်နယ်များ ….
စစ်မှန်သော ဖက်ဒရယ်မူ အပေါ် အခြေခံပြီး….
အာဏာ နှင့် အရင်းအမြစ်များခွဲဝေမှု သဘောတူညီချက်ရရှိရေး …
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များ အရေး …
ပြည်တွင်းစစ် အပြီးတိုင် ရပ်စဲရေး တို့ ဖြစ်ပါတယ်….
ဒီအချက်တွေ ဖြေရှင်းနိုင်ပြီဆိုမှ …
တစ်ပြည်လုံးမှာ စီးပွားရေး ကျန်းမာရေး …
ပညာရေး လူမှုရေး စတာတွေ…
ဟန်ချက်ညီ ဖွံဖြိုးလာမှာပါ …
မဟုတ်ရင်တော့ …
လုပ်လဲ ခဏပါပဲ …
စစ်ပြန်ဖြစ်တာနဲ့  ...
အားလုံး ပြန်ကိစ္စချောသွားပါလိမ့်မယ်…
ဒါတွေကို အောင်အောင်မြင်မြင် ဖြေရှင်းနိုင်ဖို့ …
တက်လာမယ့် သမ္မတ ဟာ ....
တပ်မတော်နဲ့  အဆင်ပြေဖို့ လိုပါတယ်…
တပ် နဲ့ အဆင်ပြေအောင် ...
လုပ်ဖို့ မရည်ရွယ်တဲ့  သမ္မတ တက်လာရင် …
တိုင်းပြည်ဟာ ...
မလိုလားအပ်တဲ့ ပဋိပက္ခ ပေါင်းများစွာကို ….
အပို ဖြေရှင်းနေရတော့မယ်လို့  ယူဆပါတယ်…
ဒေါ်စုဟာ တပ်နဲ့ အဆင်ပြေဖို့  ....
တကယ် ကြိုးစားခဲ့ပါသလား….(ရဲမိုး)
(ဒေါ်စု သမ္မတ ဖြစ်မှ ….တိုင်းပြည် တိုးတက်မယ်ဆိုတဲ့  အယူအဆဟာပေါတောတော
အယူအဆလို့ မြင်ပါတယ်)ဆိုတော့ဒီစကားဟာအစ်ကို့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်
အပေါ် ထောက်ခံနေသူတွေ ပြည်သူတွေအားလုံးကိုတိုက်ရိုက်စော်ကားလိုက်တဲ့စကား
ပါ။ဒီလိုစကားကိုအစ်ကို့အနေနဲ့ပညာရှင်တစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင်တော့ ပြောထွက်
မှာမဟုတ်ဘူးလို့ထင်ပါတယ်။အစ်ကိုဒီစကားကိုလက်လွတ်စပယ်ပြောရဲတာ သေချာ
တယ်။ အစ်ကိုပညာတတ်တစ်ယောက်မဟုတ်ဘူးဆိုတာလိုက်ကြွားသလိုဖြစ်နေတယ်။
သတိနဲ့ထိန်းစေချင်ပါတယ်။ မပြည့်တဲ့အိုးတွေဘောင်ဘင်ခတ်တယ်ဆိုရင် ရှက်စရာပါ။
ပညာတတ်တစ်ယောက်ဆိုတာ စကားကို လက်လွတ်စပယ်မပြောရဘူး။ ကိုယ်ဟာ လူ
တစ်ယောက်ကို အကျိုးမပြုနိုင်ရင်နေပါ လူတစ်ယောက်ကိုမစော်ကားမိဖို့ လိုပါတယ်။ ကြည့်ရတာ အစ်ကိုလည်း ဘွဲ့လက်မှတ်ကိုင်ပြီး ဘာမှမတတ်တဲ့သူတစ်ယောက်လို့
အများကမြင်ရင် ရှက်စရာပါ။
ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်မှ ….တိုင်းပြည် တိုးတက်မလားဆိုတော့တိုးတက်
နိုင်ပါတယ်။ဝုန်းကနဲပြောင်းလဲသွားပါမယ်လို့အာမမခံနိုင်ပေမယ့်အရွေ့တစ်ခုကိုတော့
ရောက်သွားနိုင်ပါတယ်။ပညာရေးပြောင်းလဲတယ်ဆိုပြီး ကျောင်းနံရံတွေ ဆေးလိုက်
သုတ်ရုံနဲ့ပညာရေးပြောင်းလဲအောင်လုပ်နိုင်ပြီဆိုပြီး အော်နေလို့မရပါဘူး။ ပြောင်းလဲ
ကြည့်ရဲ့နဲ့ မပြောင်းလဲနိုင်တဲ့ အဓိကဇစ်မြစ်တွေဟာ ဘာတွေကြောင့်လဲ။ အောက်ခြေ
ဝန်ထမ်းဆရာဆရာမအဆင့်မှာ ပြုပြင်ပြောင်လဲနိုင်ဖို့မရှိတာလား။စာသင်သားတွေ
ဘက်မှာ ပြောင်းလဲဖို့အခြေအနေကိုလိုက်မမှီတာလား။ပြောင်းလဲဖို့ဘက်ဂျက်အလုံအ
လောက် မရှိတာကြောင့်လား။ သင်ထောက်ကူ ပစ္စည်းလိုအပ်ချက်ကြောင့်လား။သင်ရိုး
တွေကပဲလက်တွေ့မကျတဲ့အဟောင်းအနွမ်းအဆွေးအမြေ့တွေဖြစ်နေတာကြောင့်လား
ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ပြုပြင်ပြောင်းလဲဖို့အတတ်ပညာရှင်အသိပညာ
ရှင် တွေဝိုင်းဝန်းအဖြေရှာပြီးပြုပြင်ပြောင်းလဲချင်နေသူတွေ ရှိနေမှာပါ။ ဦးသိန်းစိန်လို
လူတောင်လုပ်နိုင်သေးတာပဲ ဒေါ်အောင်ဆန်းစုကြည်လိုပညာတတ်တစ်ယောက်က စွမ်းဆောင်မယ်ဆိုရင်ပိုပြီးရှေ့မရောက်ဘူးလား။တိုင်းပြည်ကိုတကယ်ပြုပြင်ပြောင်း
လဲအောင် လုပ်လိုသူတွေလည်းရှိပါတယ်။ ယခင်အာဏာရှင်ဟောင်း ဦးသန်းရွှေက
သူကမတတ်ဘူး။ တတ်တဲ့သူတွေခေါ်ခိုင်းတယ်။ မူဘောင်ကျော်ပြီးလုပ်ခွင့်မရှိဘူး။ သူခိုင်းတဲ့ဘောင်ကကျော်ရင် ဘာတွေဘယ်လောက်ပဲကောင်းကောင်း လုပ်ချင်မှလုပ်
တယ်။ သူတို့လိုချင်တဲ့အပိုင်းလေးတွေ သူတို့သိသလောက် ယူသုံးတယ်။ ကဏ္ဍတွေ
တိုင်းမှာ အာဏာမထိပါးရေးဆိုတဲ့ Policy စိုးရိမ်စိတ်နဲ့ကိုင်တွယ်အုပ်ချုပ်တယ်။ ကဏ္ဍ
တိုင်းကို ကန့်သတ်ချက်တွေအရမ်းများတယ်။ အဲ့ဒီမှာBalanceမမျှပဲ ကဏ္ဍတွေက
ကမောက်ကမတွေဖြစ်ကုန်တယ်။ ပညာရှင်တွေခေါ်ထားပေမယ့် ပညာရှင်တွေကိုလို
အပ်တဲ့ပုံစံခွက်ချပြီး လုပ်ခိုင်းတယ်။ ပညာရှင်တွေက ဘောင်ထဲကနေ ခိုင်းတာအတွက်
ပဲ တွေးခေါ်ကြံဆရတော့ ဖြစ်သင့်တဲ့ အကျိုးကျေးဇူးပြည်သူမခံစားရဘူး။ တိတိကျကျ
မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန်လုပ်။ တစ်သွေးတစ်သံတစ်မိန့်ဆိုပြီး လိုအပ်တဲ့ကဏ္ဍ
အတွက် သက်ဆိုင်တဲ့စကားဟုတ်လား မဟုတ်လားမသိ၊ လိုင်းပူးတော့ Shock
တွေဖြစ်ကုန်ပြီး လုပ်သမျှလွဲချော်တယ်။ အဲ့ဒီမှာ ပညာရှင်တွေကလည်း သူတို့တွေးထား
တဲ့ ပြည်သူအကျိုးဖြစ်မယ့်ကဏ္ဍတွေ သေချာတွက်ချက်တင်ပြမှုတွေနည်းသွားတယ်။
ပြောလည်းလုပ်ချင်မှလုပ်တာဆိုတော့ တချို့ကအကြံပြုချင်တောင် ပြောနေလည်း အလကားပါပဲဆိုတဲ့ ပုံစံတွေဝင်ပြီး ခိုင်းတာပဲလုပ်မယ်၊ပိုမလုပ်တော့ဘူးဆိုပြီးပညာရှင်
တွေလည်းခပ်ပေါ့ပေါ့ဖြစ်သွားတယ်။အဲ့ဒီမှာတိုင်ပြည်ရဲ့ကဏ္ဍတွေအကုန်မြောင်းထဲ
ရောက်အဖတ်ဆယ်မရအောင်စုတ်ပြတ်ပြီးပျက်စီးကုန်တယ်။ပညာရှင်ပိုင်းတွေကို
ဘောင်ထဲကချပြီးတွေးခေါ်ခိုင်းတော့ဘယ်ပညာရှင်မှမှလက်မခံနိုင်တာ။ ရှေ့တင်တော့
ဟုတ်ကဲ့အဘ...။ ဟုတ်ကဲ့အဘ...။ ကွယ်ရာကျတော့ ဒီဘဲကြီး ငါတို့လောက်မတတ်ဘဲ
ငါတို့ကိုဆရာတက်တက်လုပ်တယ်ဆိုပြီးကွယ်ရာမှာစိတ်ပျက်လက်ပျက်ပြောဆိုကြပါ
တယ်။ ဒါပေမဲ့ မလွန်ဆန်ရဲဘူး။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရင် ဒီလိုအတွေး
အခေါ်ပိုင်းမှာပညာရှင်တွေကိုချုပ်ကိုင်ထားဦးမှာလားဆိုတာ မေးစရာမလိုတော့ပါဘူး။
အဲ့ဒီတော့ပညာရှင်တွေအနေနဲ့လွတ်လွတ်လပ်လပ်တွေးခေါ်လို့ရလာရင် ဖြစ်သင့်တာ
တွေအကောင်ထည်ဖော်လိုက်ရင်ဝုန်းကနဲတောင်ပြောင်းလဲချင်ရင် ပြောင်းလဲသွားနိုင်
ပါတယ်။
(ဒေါ်စုသမ္မတ ဖြစ်ပြီး ပြန်ဆင်းသွားတာနဲ့ တိုင်းပြည်က ပြန်ဆုတ်ယုတ်သွားမလိုဖြစ်နေ
ပါတယ်)ဆိုတော့...တိုးတက်တဲ့အခြေအနေတစ်ခုရောက်သွားတာကို နောက်လူတွေ
ပြန်ပြီးဆွဲချမဲ့သူတွေတော့ရှိမယ်မထင်ပါဘူးကိုရဲမိုးရေ။တိုင်းပြည်ကိုစီမံခန့်ခွဲဦးဆောင်
ကြတဲ့အခါတိုးတက်သထက်တိုးတက်အောင်လုပ်မယ့်သူတွေကိုပဲ ပြည်သူတွေရွေးချယ်
ခန့်အပ်ခွင့်ရရင် ပြန်မဆုတ်ယုတ်ပါဘူး။
တစ်ပြည်လုံး အပစ်အခတ် ရပ်စဲရေး …ပြည်ထောင်စု နှင့် ပြည်နယ်များ စစ်မှန်သော ဖက်ဒရယ်မူ အပေါ် အခြေခံပြီးအာဏာ နှင့် အရင်းအမြစ်များခွဲဝေမှုသဘောတူညီချက်
ရရှိရေး …တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များ အရေး …ပြည်တွင်းစစ် အပြီးတိုင်
ရပ်စဲရေး....စတဲ့ကိစ္စရပ်တွေနဲ့ပတ်သတ်လို့ ဖြေရှင်းနိုင်ဖို့ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်ဆု
ရှင်တစ်ယောက်အနေနဲ့ စွမ်းဆောင်နိုင်မယ်လို့ထင်ပါတယ်။ ဘာကြောင့် ဒီကိစ္စတွေ
ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ရလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ရိုးသားမှုနဲ့
ငြိမ်းချမ်းရေးအရယူနိုင်သူလို့ ယုံကြည်လို့ပါပဲ။
(ဒေါ်စုဟာ တပ်နဲ့ အဆင်ပြေဖို့  ....တကယ် ကြိုးစားခဲ့ပါသလား) ဆိုတော့... ကြိုးစားခဲ့
တာတွေ ရှိပါတယ်။ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေး ရေးဟာ တပ်ကိုထိပ်တိုက်တွေ့ဖို့
ကြိုးစားတဲ့ကြိုးစားချက်မဟုတ်ဘဲ ငြိမ်းငြိမ်းချမ်းချမ်း အဖြေရှာလိုတယ်ဆိုတာ သဘော
ပေါက်နိုင်မှာပါ။ ဘာဖြစ်လို့ တွေ့ဆုံဆွေးနွေးရေးကို ငြင်းပယ်လဲဆိုတာတော့.....။
(၈) ပြည်တွင်းစစ်ဟာ ၁၉၄၈ ခုနှစ်မှာ အစပြုခဲ့ပါတယ်…
တပ်မတော်ဟာ ၁၉၄၈ ခုနှစ်က စလို့  …
ဒီ အရေးကိစ္စတွေ နဲ့ ပတ်သက်ပြီး …
အသက်သွေးချွေးပေါင်း များစွာ ရင်းနှီးခဲ့ပြီးပါပြီ …
သူတို့ ရဲ့ စိုးရိမ်ပူပန်မှုကို နားလည်ဖို့  ကြိုးစားသင့်ပါတယ်…
လွှတ်တော်ထဲက တစ်မတ်သား ကိစ္စကလဲ …
ဒီ စိုးရိမ်မှုကို အခြေခံပြီး ဖြစ်လာတာပါ…
သမ္မတ တစ်ဆက်ထဲ လဲ ဒီပြသနာကို ..
ဖြေရှင်းချင်မှ ဖြေရှင်းနိုင်ပါလိမ့်မယ်…
အင်မတန်မှ ရှုပ်ထွေးပွေလီတဲ့  …
အနှစ် ၆၀ သမိုင်းကြောင်းတွေကို ထည့်မစဉ်းစားဘဲ …
ဒိမိုကရေစီနဲ့ မညီဘူး …
လွှတ်တော်ထဲက တစ်မတ်သားကို ဖယ်ထုတ်ရမယ်လို့ …
ဇွတ် ပြောနေခြင်းဟာ….
အလွန်တရာ အံသြစရာ ကောင်းပြီး ….
တစ်ဖက် က …
အေးလေ …မင်းတို့ ဖယ်နိုင်ရင် ဖယ်ပေါ့လို့ …
ဘုကျကျ ပြန်ပြောတဲ့ အဖြစ်ကို ရောက်သွားစေပါတယ်…
ဒါဟာ အရည်အချင်းရှိတဲ့ …..
အမျှော်အမြင်ရှိတဲ့ သူ တစ်ဦးရဲ့ လုပ်ရပ်လို့  …
ကျွန်တော် မထင်ပါဘူး ….(ရဲမိုး)
ဒီမေးခွန်းအတွက် တိုင်းပြည်ရဲ့ စစ်ရေးနဲ့ ပတ်သတ်တာကို လွှတ်တော်ထဲက၂၅% နှုန်း
တပ်မတော်သားအမတ်တွေကပဲ စီမံဆောင်ရွက်နိုင်မယ်လို့ အထင်ရောက်စေပါတယ်။
သမ္မတတို့ကာကွယ်ရေးဦးစီးချုပ်တို့အဆုံးအဖြတ်၊လွှတ်တော်တစ်ရပ်လုံးဆုံးဖြတ်ချက်
တွေထက်၂၅%ပိုပြီးစွမ်းဆောင်နိုင်တယ်လို့ယူဆပုံရပါတယ်။ ပြည်တွင်းစစ်လောက်ကို
လွှတ်တော်မှာ၂၅%ထည့်ထားရလောက်တယ်ဆိုရင် နိုင်ငံစစ်တွေအကြိမ်ကြိမ်ဖြစ်နေ
တဲ့အခြားနိုင်ငံတွေမှာဆိုရင်လွှတ်တော်ထဲမှာတပ်မတော်က၁၀၀% နှုန်းတောင်ထည့်
ထားသင့်တယ်လို့ ယူဆရမလိုပါပဲ။ ဒါကြောင့် နှစ်နိုင်ငံစစ်ဖြစ်ပွားမှုများဖြစ်ခဲ့ရင် သမ္မ
တတွေဝင်ကြီးတွေအကုန်ကို ဖြုတ်ချပြီးလွှတ်တော်ထဲမှာတပ်မတော်သားတွေပဲနေရာ
ပေးပစ်လိုက်ရတော့မလား လို့ ယူဆစရာပါပဲ။ စစ်ရေးကိစ္စကြောင့် ၂၅% ထည့်ထားရ
တာဆိုရင်စစ်ရေးကိစ္စကလွဲရင်တပ်မတော်သားအမတ်တွေဟာဝင်ရောက်မဲမပေးဘဲမ
ကန့်ကွက်ပဲ နေမယ်ဆိုရင်၂၅%နှုန်းကိုဆက်လက်ထား ချင်ရင် ထားနိုင်ပါတယ်။
(၉) ဒါဆို မင်းက ဘယ်သူ့  ကြိုက်တာလဲ ....
ကျွန်တော်က .....
ဖွတ်မကြိုက် ဒေါင်းမကြိုက် ကောင်ပါ ....
ဒီအတိုင်း ဆက်သွားရင် ..
ဖြစ်ဖို့ များတာက ...
၂၀၁၅ မှာ 3 rd Party တစ်ခုခုကိုပဲ ...
မဲပေးဖြစ်ဖို့ များပါလိမ့်မယ်....
အန်အယ်လ်ဒီလဲ ထင်ရာလုပ်မရ ...
ဖွတ်တွေလဲ ထင်ရာလုပ်မရ ...
ဦးသိန်းစိန် သမ္မတ ....
ဒေါ်စု လွှတ်တော် ဥက္ကဌ ...
အန်အယ်လ်ဒီ ၀န်ကြီး အများစု ...
ဖွတ်ဝန်ကြီး တစ်ချို့  ...
ပြည်နယ် အစိုးရ နဲ့ လွှတ်တော်တွေ မှာ ...
တိုင်းရင်းသား ပါတီတွေ နဲ့  တိုင်းရင်းသား ၀န်ကြီးချုပ်တွေ ...
ဒီလို အခင်းအကျင်းနဲ့  ...
ပြည်တွင်းစစ် အပြီးသတ်အောင် ...
တိုင်းပြည် တိုးတက်အောင် ကြိုးစားကြဖို့  ...
လိုလား နှစ်သက်ပါတယ် ...
ဒီအချက်တွေကြောင့် ..
ကျွန်တော် ဒေါ်စုကို သမ္မတ မဖြစ်စေချင်ပါဘူး ….(ရဲမိုး)
(ကျွန်တော်က .....ဖွတ်မကြိုက် ဒေါင်းမကြိုက် ကောင်ပါ ....ဒီအတိုင်း ဆက်သွားရင် ..ဖြစ်ဖို့ များတာက ...၂၀၁၅ မှာ 3 rd Party တစ်ခုခုကိုပဲ ..မဲပေးဖြစ်ဖို့ များပါလိမ့်မယ်)
ဆိုတော့... လက်ရှိမြန်မာပြည်မှာ ဖွတ်နဲ့ဒေါင်း အင်းအားကြီးပါတီနှစ်ခုပဲ ရှိနေတာဖွတ်
မကြိုက်ဒေါင်းမကြိုက်ဆိုရင် ကိုယ်တိုင်ပါတီထောင်ပါ။ လူထုထောက်ခံမှုရအောင် ဖွတ်
နဲ့ဒေါင်းကိုအပြိုင်ယှဉ်နိုင်မဲ့၂၀၁၅အမှီ3rdParty ထောင်လိုက်ပါ။ဒီပါတီကြီးနှစ်ခုကို
ယှဉ်နိုင်ဖို့ ပြည်သူတွေရဲ့အားနည်းချက် ပျော့ကွက်တွေရှာပြီး ဘာသာရေးခုတုန်းလုပ်
အမျိုးဘာသာသာသနာစောင့်ရှောက်မယ့် ပါတီလိုလို တစ်နေ့မှ ဘုရားဦးသုံးကြိမ် ချရ
မှန်းမသိဘဲ လေနဲ့ပါတီထောင်ဖို့မကြိုးစားပါနဲ့လို့အကြံပြုလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်သင့်မဖြစ်သင့်ဆိုတာတော့ ကျွန်တော့်အနေနဲ့ မဆုံးဖြတ်ပါဘူး။ ပြည်သူတွေကပဲ ဖြစ်သင့်မဖြစ်သင့်ဆုံးဖြတ်ပါလိမ့်မယ်။ ပြည်သူအ
တွက် ဘယ်သူကအနစ်နာခံခဲ့လဲ ပြည်သူအားလုံးအနေနဲ့ ရွေးတတ်ဖို့သာလိုပါတယ်။
(ကိုရဲမိုး၏ထင်မြင်ယူဆချက်အား ပြန်လည်ချေပချက်သည်ပုဂ္ဂိုလ်ရေးမုန်းတီးမှုကြောင့်
မဟုတ်။ပုဂ္ဂိုလ်ရေးချစ်သောကြောင့်မဟုတ်။ ပြည်သူအများဒေါ်အောင်ဆန်းစုကြည်အ
ပေါ်အထင်အမြင်လွဲမှားစေနိုင်ပြီးအချက်အလက်မဆန်ဘဲကာယကံရှင်၏စိတ်ခံစားချက်
၊ ဝေဖန်တိုက်ခိုက်လိုသောဆန္ဒများပါနေသည်ဟု တွေ့ရှိသဖြင့် ပြန်လည်ချေပခြင်းသာ
ဖြစ်သည်။ )
သံမဏိ (Min Zin)
၂၄.၆.၂၀၁၄

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။