ပါတီဝင်ထက် ပညာတတ်ကို ဦးစားပေးမယ်ဆိုလို့ပါ..။
အင်န်အယ်လ်ဒီပါတီအနေနဲ့ ကိုယ်စားလှယ်လောင်းများရွေး ချယ်ရာမှာ ပါတီဝင် ဖြစ်ခြင်း မဖြစ်ခြင်းထက် ပညာတက်မြောက်မှုကို ဦးစားပေးမယ်လို့ ပြောတာ ၀မ်းသာပါတယ်။ တိုင်းပြည်မှာ ပညာမဲ့သူတွေနှစ်ပေါင်းများစွာ အုပ်ချုပ်ရေးမှာ (ဒီကနေ့ထိ) ဦးဆောင်နေလို့ ဒီဘ၀ဆိုးကိုရောက်နေတာ အားလုံးအသိ။ပညာတတ်တွေ နေရာရဖို့လိုအပ်ပါတယ်။ လူမှန် နေရာမှန်ဆိုတာမျိုးပေါ့..။
မဆလခေတ်ကစပြီး ဒီကနေ့အထိ ပညာသာတတ်ပြီး အတ္တကြီးတဲ့ ငါ့ဘို့ သမားတွေ၊ပညာတတ်ပြီး နိုင်ငံရေးမသိ၊ လက်ညှိုးထောင်ခေါင်းငြိမ့် အူတူတူလူမျိုးတွေ၊ ပညာတတ်ပြီး ကိုယ်ပိုင် အတွေးအခေါ်မရှိ အမောင်တောင်မှန်း မြောက်မှန်းမသိသူတွေ၊ ပညာတတ်ပြီး သူရဲဘောကြောင်သူတွေ၊အတတ်ပညာ ကလွဲလို့ အသိပညာချို့တဲ့သူတွေ မြန်မာ့နိုင်ငံရေးနယ်ထဲမှာ ဒုနဲ့ဒေးပါ။
၁၉၉၀ရွေးကောက်ပွဲမှာလည်း ဒီချုပ်ပါတီထဲမှာ ဘွဲ့ရ၊ ပညာတတ် အမတ်လောင်းတချို့လည်းပါတာပဲ ။ ပညာတတ်ပြီးတွေဝေသူတွေလည်းခတ်များများ။ အူကြောင်ကြား ဖော်လံဖား၊ မှီခိုဖောဖိန့် အခွင့်အရေးရှာ နာမည်ခံ ပညာတတ်တွေလည်း အများကြီး။
အများအားကျဘွယ် ပညာတတ်ကြီးမဟုတ်ပေမဲ့၊ နိုင်ငံရေး အမျော်အမြင်လည်းရှိ၊ စိတ်စေတနာလည်းမှန်၊ ရိုးသားဖြောင့်မတ်ပြီး သတ္တိလည်းကောင်းတဲ့ ပါတီဝင်တွေ၊ ခေါင်းဆောင်တွေလည်း ဒီချုပ်မှာ အများကြီးရှိခဲ့တယ်။
ပညာတတ်တာကောင်းပေမယ့် ဘယ်လိုပညာတတ်မျိုးလည်းဆိုတာ ကိုတော့ ခွဲခြမ်းစိတ်ဖြာနိုင်ဖို့လည်း လိုပါလိမ့်မယ်။ ပညာတတ်ဆိုပြီး စိတ်သဘောထားက မဟန်သူတွေ အများကြီးတွေ့ဖူးလို့ပါ။ အတ္တနဲ့ ပရ မျှတတဲ့လူမျိုးဆိုလည်းတော်ပါသေးရဲ့.။
ဒေါ်အောင်ဆန်းစုကြည်ဆိုလိုတဲ့  ပညာတတ်ဆိုကတည်းကအများသဘောပေါက် ပြည့်စုံပြီးသားဖြစ်မယ်လို့ မျော်လင့်ပါတယ်။ အထွေအထူးလည်း စိုးရိမ်ပူပန်စရာမရှိပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ပြောလို့ ကျနော်တို့ သဘောပေါက်နားလည်တဲ့ပညာတတ်က .....အမှားနဲ့အမှန်ကို ပိုင်းခြားနားလည် ခွဲခြမ်းတတ်ပြီး အမျော်အမြင်ကြီးမားသူမျိုးပါ..။
အာဏာရှင်အဆက်ဆက်က မွေးထုတ်ခဲ့တဲ့ပညာတတ်တွေ၊ ၀ယ်ယူခဲ့တဲ့ ပညာတတ်တွေ၊ ကပ်ဖားယပ်ဖားပညာတတ်တွေ၊ တိုင်းပြည်နဲ့ ပြည်သူအကျိုးထက် ကိုယ်ကျိုးသာကြည့်တဲ့ပညာတတ် တွေလည်း အများကြီးရှိခဲ့ပါတယ်။ မင်းလိုလိုက် မင်းကြိုက်ဆောင် ပညာရှင်တွေ ပဒေသရာဇ်ခေတ်ကစလို့ ဒီခေတ်ထဲမှာလည်းရှိနေတာပဲလေ ။ အဲဒီပညာတတ်တွေကြောင့် တိုင်းပြည် ဂျောက်ထဲကျခဲ့ဖူးတယ်။ ပညာရေးလောက ဂျွမ်းထိုးမှောက်ခုံ ဖြစ်ခဲ့ဖူးတယ်။ စီးပွားရေးတွေ ကမောက်ကမဖြစ်ခဲ့တယ်။ တိုင်းပြည်ဖွဲ့စည်းအုပ်ချုပ်ပုံ အလွဲကြီးတွေဖြစ်ပေါ်နေတယ်။
တိုင်းပြည်နဲ့ပြည်သူအတွက် အမျော်အမြင်ကြီး၊ နားမျက်စေ့ကျယ်၊လက်တွေ့အခြေ အနေကိုလည်း နားလည်၊ ခွဲခြမ်းစိတ်ဖြာတတ်၊ နိုင်ငံရေးအသိလည်းရှိ၊တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်နဲ့ စေတနာလည်းကြီးမားဖို့ လို့ကတော့ သိပ်ကောင်းတာပေါ့။
ဒီလိုလူမျိုးဆိုရင်တော့ ဘုရားပေးတဲ့ဆုပါပဲ..။
လက်တွေမှာ ရဖို့ခက်ပေမယ့် မရှိတာလည်းမဟုတ်။
အဲလိုလူတွေလည်းမြန်မာပြည်မှာ အများကြီးရှိပါတယ်။
လက်ရှိ အစိုးရထဲမှာတောင် ရှိနိုင်တာပဲ..( သူတို့လုပ်ပိုင်ခွင့် အခွင့်မသာလို့ဖြစ်မှာပေါ့)
ဒါပေမယ့် လူတိုင်းမှာ အားနည်းချက်ကိုယ်စီရှိတတ်တာ မို့ အများကြီးလည်း မမျော်လင့်နိုင်ပါဘူး။
ပညာတတ်ပြီးအတ္တရှေ့ဆောင်သူ လူလည်တနပ်စားမဖြစ်ဘို့ ၊ မမောက်မာဘို့၊ အကြောက်တရား ကင်းဝေးဖို့ကလည်း အခြေခံကျမယ်ထင်တယ်။
စိတ်ဓာတ်ကောင်းမှလည်း ဖြစ်မှာကိုး..။
ကိုညို။
အင်န်အယ်လ်ဒီပါတီအနေနဲ့ ကိုယ်စားလှယ်လောင်းများရွေး
မဆလခေတ်ကစပြီး ဒီကနေ့အထိ ပညာသာတတ်ပြီး အတ္တကြီးတဲ့ ငါ့ဘို့ သမားတွေ၊ပညာတတ်ပြီး နိုင်ငံရေးမသိ၊ လက်ညှိုးထောင်ခေါင်းငြိမ့် အူတူတူလူမျိုးတွေ၊ ပညာတတ်ပြီး ကိုယ်ပိုင် အတွေးအခေါ်မရှိ အမောင်တောင်မှန်း မြောက်မှန်းမသိသူတွေ၊ ပညာတတ်ပြီး သူရဲဘောကြောင်သူတွေ၊အတတ်ပညာ
၁၉၉၀ရွေးကောက်ပွဲမှာလည်း ဒီချုပ်ပါတီထဲမှာ ဘွဲ့ရ၊ ပညာတတ် အမတ်လောင်းတချို့လည်းပါတာပဲ
အများအားကျဘွယ် ပညာတတ်ကြီးမဟုတ်ပေမဲ့၊ နိုင်ငံရေး အမျော်အမြင်လည်းရှိ၊ စိတ်စေတနာလည်းမှန်၊ ရိုးသားဖြောင့်မတ်ပြီး သတ္တိလည်းကောင်းတဲ့ ပါတီဝင်တွေ၊ ခေါင်းဆောင်တွေလည်း ဒီချုပ်မှာ အများကြီးရှိခဲ့တယ်။
ပညာတတ်တာကောင်းပေမယ့် ဘယ်လိုပညာတတ်မျိုးလည်းဆိုတာ
ဒေါ်အောင်ဆန်းစုကြည်ဆိုလိုတဲ
ဒေါ်အောင်ဆန်းစုကြည်ပြောလို့
အာဏာရှင်အဆက်ဆက်က မွေးထုတ်ခဲ့တဲ့ပညာတတ်တွေ၊ ၀ယ်ယူခဲ့တဲ့ ပညာတတ်တွေ၊ ကပ်ဖားယပ်ဖားပညာတတ်တွေ၊ တိုင်းပြည်နဲ့ ပြည်သူအကျိုးထက် ကိုယ်ကျိုးသာကြည့်တဲ့ပညာတတ်
တိုင်းပြည်နဲ့ပြည်သူအတွက် အမျော်အမြင်ကြီး၊ နားမျက်စေ့ကျယ်၊လက်တွေ့အခြေ
ဒီလိုလူမျိုးဆိုရင်တော့ ဘုရားပေးတဲ့ဆုပါပဲ..။
လက်တွေမှာ ရဖို့ခက်ပေမယ့် မရှိတာလည်းမဟုတ်။
အဲလိုလူတွေလည်းမြန်မာပြည်မှ
လက်ရှိ အစိုးရထဲမှာတောင် ရှိနိုင်တာပဲ..( သူတို့လုပ်ပိုင်ခွင့် အခွင့်မသာလို့ဖြစ်မှာပေါ့)
ဒါပေမယ့် လူတိုင်းမှာ အားနည်းချက်ကိုယ်စီရှိတတ်တာ
ပညာတတ်ပြီးအတ္တရှေ့ဆောင်သူ လူလည်တနပ်စားမဖြစ်ဘို့ ၊ မမောက်မာဘို့၊ အကြောက်တရား ကင်းဝေးဖို့ကလည်း အခြေခံကျမယ်ထင်တယ်။
စိတ်ဓာတ်ကောင်းမှလည်း ဖြစ်မှာကိုး..။
ကိုညို။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။