ဘဝသစ်မှာ ကျွန်မဖြစ် သခင်စစ်ဖို့
မြန်မာပြည်သား
တပါးတိုင်းပြည်က လူတွေရဲ့လုပ်အားနဲ့ မိမိတိုင်းပြည်တိုးတက်ကြီးပွားအောင် ပြုလုပ်နိုင်တဲ့ အတတ်ပညာကို ကမ္ဘာ့ နိုင်ငံကြီးတွေအားလုံး ကျွမ်းကျင်စွာတတ်မြောက်ကြ၏။ မတိုးတက်သေးဘဲ ဒုက္ခရောက်နေကြတဲ့ နိုင်ငံတွေက လူတွေရဲ့ လုပ်အားတွေဟာ အဲဒီလို နိုင်ငံကြီးတွေမှာ မြှုပ်နှံကြရတယ်။ သူဋ္ဌေးဟာ ဆင်းရဲသားကို ခိုင်းတယ်၊ ဆင်းရဲတော့ သူဋ္ဌေးဆီ မှာ အလုပ်လုပ်ရတယ်၊ ဒီသဘောပါဘဲ။
သို့သော်လည်း သူဋ္ဌေးဖြစ်သူက သူဘယ်လိုချမ်းသာအောင် လုပ်တယ်ဆိုတဲ့နည်းလမ်း ဆင်းရဲသားကို ဘယ်တော့ မှ မပြောပြဘူး၊ မပေးဘူး။ ကျွန်သက်ရှည်မယ့် မက်လုံးကိုဘဲပေးတယ်။ လူဆင်းရဲခြင်းနှင့်အတူ အတွေးအခေါ်ပါ ဆင်းရဲ နေတဲ့ ဆင်းရဲသားကလည်း ချမ်းသာခြင်းကို စိတ်ကူးယဉ်ပုံပြင်တပုဒ် အနေနဲ့သာ ခေါင်းထဲမှာ ထားတတ်ကြတယ်။ ချမ်းသာအောင်လုပ်နည်း နည်းလမ်းကို စိတ်မဝင်စားဘူး၊ မလေ့လာဘူး။ ချမ်းသာအောင် သူဋ္ဌေးဘယ်လိုအလုပ်လုပ်တယ် ဆိုတာကို စိတ်မဝင်စားပေမယ့် သူဋ္ဌေးဘယ်လိုစည်းစိမ်နဲ့ သုံးဖြုံးတယ်ဆိုတာကိုတော့ အတုခိုးတတ်ကြတယ်။
မြန်မာပြည်က အမျိုးသမီးတချို့ ထိုင်းနိုင်ငံမှာ အိမ်ဖော်လုပ်ပြီး ၁-နှစ်၊ ၂-နှစ်လောက်ကြာတော့ ငွေစုပြီး မြန်မာပြည် ကို ပြန်ကြတယ်။ မြန်မာပြည်ရောက်တော့ စုခဲ့သမျှ ငွေတွေကို သူဋ္ဌေးတယောက်လို သုံးကြတယ်။ ဖြုံးကြတယ်။ ကြွားကြ တယ်။ ဝယ်ကြတယ်။ မြန်မာပြည်မှာ တလလောက်နေပြီး ပါလာတဲ့ငွေကုန်တော့ ထိုင်းသူဋ္ဌေးအလုပ်ရှင်ဆီ ပြန်ကြတယ်။ အိမ်ဖော်လုပ်ကြပြန်တယ်။ ဒီလိုနဲ့ အိမ်ဖော်သံသရာလည်ရင်း အသက်တွေကြီးသွားကြခြင်းနဲ့အ တူ ကျွန်သက်လည်း ရှည်သွားခဲ့ကြတယ်။ သူဋ္ဌေးနဲ့အနီးကပ်နေနေရပေမယ့် ချမ်းသာအောင် သူဋ္ဌေးဘယ်လိုအလုပ်လုပ်တယ်၊ ဘယ်လိုစီမံ ခန့်ခွဲတယ်ဆိုတဲ့ နည်းလမ်းကို ရမသွားကြဘူး။ သုံးဖြုံးတဲ့နည်းကိုဘဲ အတုခိုးသွားကြတယ်။
ဟင်းမွှေးတဲ့ ယောက်မလို ပါဘဲလားလို့ ကျွန်တော်တွေးမိလေ၏။ ဟင်းမွှေတဲ့ယောက်မဟာ ဟင်းကိုနေ့တိုင်း မွှေခတ်ရင်း ဟင်းနဲ့အနီးကပ်ဆုံး နေနေရပေမယ့် ဟင်းရဲ့အရသာကို မခံစားတတ်ဘူး။ မခံစားနိုင်ဘူး။ ဒီလိုပါဘဲ ကျွန်တွေရဲ့ ဘဝဟာလည်း သခင်တွေရဲ့ စည်းစိမ်ကြွယ်ဝခဲ့မှုနည်းလမ်းကို ခံစားမရရှိနိုင်ကြဘူး။ အတွေးအခေါ်ဆင်းရဲ ခဲ့ခြင်းသည် ကျွန်သက်ရှည်ခြင်း၏ အကြောင်းရင်း ဖြစ်လေ၏။
သူဋ္ဌေးတယောက်က သားဖြစ်သူကို ဆုံးမပုံနှင့် ဆင်းရဲသားဖခင်က ၎င်း၏သားဖြစ်သူအား ဆုံးမတဲ့နည်းလမ်း ကွားခြားပုံကို ကျွန်တော်လူငယ်ဘဝက မြင်တွေ့ခဲ့ရသည့် ကိုယ်တွေ့တခုဖြင့် သာဓက ပြပါမည်။
တခါက သူဋ္ဌေးဖြစ်သူ၏ခြံထဲတွင် ခြံစိုက်ရန်ခေါ်ထားသော လင်းမယား ၂-ယောက်ရှိ၏။ ၎င်းတို့တွင် ၁၀-နှစ်အရွယ် သားငယ်တဦးလည်း ရှိလေ၏။ ထိုခြံအလုပ်သမားမိသားစုကို ဥပမာပေး လက်ညှိုးထိုးညွှန်ပြကာ သူဋ္ဌေးဖြစ်သူက သားဖြစ် သူကို ဘယ်လိုဆုံးမသလဲဆိုတော့ “သား ဟိုမှာတွေ့လား ပညာမတတ်လို့ အဖေတို့ခြံထဲမှာ အလုပ်လုပ်နေကြရတာ၊ စာမတတ်ရင် အဲဒီလိုဘဲ အလုပ်သမားဖြစ်တယ်။ ကြီးပွားချမ်းသာဖို့၊ သူများရဲ့အပေါ်မှာ နေရဖို့ဆိုတာ စီမံခန့်ခွဲတတ်ရတယ်
စီမံခန့်ခွဲ မတတ်တဲ့သူဟာ စီမံခန့်ခွဲတတ်သူရဲ့လက်အောက်မှာ အမြဲတမ်း အလုပ်လုပ်ကြရတယ်။ သားလည်း ပညာတတ် အောင်၊ စီမံခန့်ခွဲတတ်အောင်လုပ်ရမယ်။ သား အဲဒီလူတွေလို ပေါက်တူးပေါက်မလား” ဒီမေးခွန်းကိုမေးလိုက်တော့ ပင်ပင် ပန်းပန်း နေ့တိုင်းအလုပ်လုပ်နေကြရသည့်  ခြံအလုပ်သမားကို မြင်တွေ့နေရသော သူဋ္ဌေးသားဖြစ်သူက ထိတ်ထိတ် လန့်လန့် စိုးရိမ်တကြီးနဲ့ ချက်ချင်းဘဲ “ဟာ အဖေကလည်း သား မပေါက်ချင်ပါဘူးလို့” မဆိုင်းမတွ ပြန်ဖြေခဲ့တယ်။ “အေး ဒါဆို ပညာတတ်အောင်သင်၊ နောက်တော့ စီမံခန့်ခွဲတဲ့အတတ်ပညာကိုလည်း သင်ပေးမယ်။ ငွေကို စီမံခန့်ခွဲတာ၊ လူကို စီမံခန့်ခွဲတာ၊ အလုပ်ကို စီမံခန့်ခွဲတာ အများကြီးပေါ့ကွာ” လို့ ဆုံးမရှာတယ်။
ဆင်းရဲတဲ့ ဖခင်ကတော့ သားဖြစ်သူကို ဘယ်လိုဆုံးမလဲ ဆက်ပြောပြမယ်။ “သား အဖေတို့ဟာ ဆင်းရဲတယ်၊ တနေ့လုပ်မှ တနေ့စားရတယ်၊ အဖေတို့သူဋ္ဌေးက စိတ်ကောင်းတယ်၊ အဖေတို့နေဖို့လည်း အိမ်ဆောက်ထားပေးတယ် (တဲ အိမ်ငယ်ကို ပြောခြင်းဖြစ်၏)၊ အလုပ်လည်းပေးတယ်၊ ဒါကြောင့် သူဋ္ဌေးဟာ အဖေတို့ရဲ့ ကျေးဇူးရှင်ဖြစ်တယ်” ကြေကြေ ကွဲကွဲပြောပြနေတဲ့ ဖခင်ဖြစ်သူရဲ့ဆုံးမစကားကို သားဖြစ်သူလည်း ခေါင်းကလေးမော့ကြည့်ရင်း ပုံပြင်တပုဒ်လို နားစိုက် ထောင်နေခဲ့တယ်။ “ဒါကြောင့် သူဋ္ဌေးခိုင်းရင် သား မညိုမညင်လုပ်ပေးရမယ်နော်၊ အခုဆိုရင် စာနဲနဲပါးပါးဖတ်လို့ရပြီဘဲ၊ သား ခြံထဲမှာ အဖေတို့နဲ့ဝိုင်းလုပ်ရင် ပိုက်ဆံရမယ်၊ စာဆိုတာ အဖေတို့အတွက် နဲနဲပါးပါးဖတ်တတ်ရင် ရပါပြီကွာ၊ အဖေတို့ အတွက် စာတတ်လည်း ဘာလုပ်လို့ရမှာလဲ၊ ငွေများများရဖို့ဘဲလိုတယ်” ဟု ဆိုဆုံးမ လေသောအခါ သားဖြစ်သူလည်း “ဟုတ်ကဲ့ဖေဖေ ကျွန်တော်နောက်နှစ်ကျောင်းထွက်ပြီး အဖေတို့နဲ့ ခြံထဲမှာဝိုင်းလုပ်မယ်၊ ဒါမှ ပိုက်ဆံတွေ အများကြီးရမယ်” ဟု အားပါးတရပြောပြီး စိတ်ချမ်းသာစွာ အိပ်စက်သွားခဲ့လေတော့၏။
ညအိပ်ရာဝင် ပုံပြင် ၂-ခု၏ခြားနားမှုသည် ဘဝ ၂-ခု၏ခြားနားခြင်းအဆင့်သို့ ရောက်ကြရလေ၏။ သူဋ္ဌေးသည် ဆင်းရဲသား၏ကျေးဇူးရှင် အလိုအလျှောက်ဖြစ်လာ၏။ဆင်းရဲ သားသည်လည်း သူဋ္ဌေး၏လူယုံကြေးကျွန်အဖြစ် တသက်လုံး ခစားခွင့်ရလေ၏။ ထို့အပြင် ၎င်း၏မျိုးဆက်သည်လည်း သူဋ္ဌေး၏ခြံထဲ၌ပင် အလုပ်လုပ်ရင်းကြီးပြင်း၊ ပြီးတော့ အိမ်ထောင်ကျ၊ ၎င်း၏မယားဖြစ်သူပါ ခြံအလုပ်သမားအဖြစ် တာဝန်ထမ်းဆောင်ရင်း၊ ၎င်း၏ဆွေစဉ်မျိုးဆက်အားလုံး သူဋ္ဌေးကြီး၏ ဆွေစဉ်မျိုးဆက်အောက်တွင် နေထိုင်သွားကြရလေတော့၏။ ပုံပြင်မဟုတ်ပါ။ စာရေးသူကိုယ်တိုင် လူငယ် ဘဝက မြင်တွေ့ခဲ့ရသော မြန်မာပြည်တွင်းမှ ဖြစ်ရပ်တခု ဖြစ်လေ၏။
ကမ္ဘာ့နိုင်ငံအသီးသီးသို့ ရောက်နေကြသော ဒုက္ခသည်အများအပြားသည် မိမိတို့ရောက်ရှိရာနိုင်ငံအ သီးသီးတွင် အခြေချနေထိုင်ရင်း ၎င်းတို့၏လုပ်အားသည်လည်း ထိုနိုင်ငံတိုးတက်ရေးအတွက် ပေးဆပ်နေကြရ၏။ ဒုက္ခသည် အများစု၏ ရင်ထဲတွင် ထိုနိုင်ငံကြီးများသည် မိမိတို့၏ ကျေးဇူးရှင်နိုင်ငံကြီးများ ဖြစ်လေ၏။
လူတဦးသည် အခြားသူတဦးအား တပတ်တခါ ထမင်းဖိတ်ကျွေးသည်ဖြစ်အံ့။ ၁-နှစ်ခန့်ကြာလာသောအခါ ထိုထမင်းရှင်သည် ထမင်းရှင်ဘဝမှ ကျေးဇူးရှင်ဘဝသို့ အလိုအလျှောက် ကူးပြောင်းသွားလေ၏။ ယခုမူ ဒုက္ခသည် လက်ခံသောနိုင်ငံများသည် ဒုက္ခသည်များအား ထို့ထက်မက ကူညီထားသည့်အတွက် ထမင်းရှင်ထက်မြင့်သော ကျေးဇူးရှင်ကြီးများအဖြစ် ဒုက္ခသည်တို့၏ ရင်ထဲတွင် ကိန်းအောင်းဖြစ်တည်သွားခြဲ့ ကလေ၏။
မိမိတို့၏လုပ်အားသည် မိမိတိုင်းပြည်အတွက် အကျိုးမပြုဘဲ တပါးတိုင်းပြည်အတွက် အကျိုးဖြစ်ထွန်းသွားသည် ဆိုသော အချက်သည် မှေးမှိန်ပျောက်ကွယ်သွား၏။ ထိုထိုသော နိုင်ငံအသီးသီး၏ ဘာသာစကား၊ ယဉ်ကျေးမှု၊ လူမှုရေး၊ ဘာသာရေး အစရှိသည်တို့အောက်တွင် ကြီးပြင်းရင်းနှီးကျွမ်းဝင် အသက်ရှင်နေထိုင်ခဲ့ကြရသော မျိုးဆက်သစ်တို့ သည်လည်း မိမိတို့၏တိုင်းရင်းဘာသာစကား၊ ယဉ်ကျေးမှု အစရှိသည်တို့နှင့် ဝေးကွာသွားကြပြီဖြစ်၏။ ဘိုးဘွားမိဘတို့၏ တိုင်းရင်းဘာသာစကား၊ ယဉ်ကျေးမှု အစရှိသည်တို့သည် ပုံပြင်များအဖြစ် နားထောင်၍ကောင်းသော်လည်း စောင့်ထိန်း ကျင့်သုံးရကောင်းမှန်း မသိဖြစ်ကာ ဘာသာစကားပျောက်၊ ယဉ်ကျေးမှုပျောက်ပြီး နောက်ဆုံး နီးစပ်ရာ အိမ်ထောင်ကျ၍ လူမျိုးပါ ကွယ်ပျောက်ကြရ၏။ “လူမျိုခြင်း” ဆိုတာ ဒါပါလားဟု ကျွန်တော်တွေးမိလေ၏။
သူဋ္ဌေးဖြစ်သူ၏ အရေးတယူပြောဆိုဆက်ဆံခြင်း၊ သူဋ္ဌေးဖြစ်သူ၏ ပေးကမ်းစွန့်ကြဲခြင်းအောက် သာယာနေခဲ့ ကြသော ထိုင်းနိုင်ငံရောက် မြန်မာအိမ်ဖော်တို့၏ သာယာမှုမျိုးကဲ့သို့ နိုင်ငံတကာရောက် ဒုက္ခသည်အများစုသည်လည်း မိမိတို့ရောက်ရှိရာ နိုင်ငံအသီးသီးတွင် သာယာပျော်မွေ့ရင်း မိမိ၏မူရင်းဇစ်မြစ်နိုင်ငံကို ပြန်လည်အပြစ်တင်ကာ ကျွန်ဖြစ်မှန်း မသိ ကျွန်စစ်သွားခဲ့ကြလေ၏။ ထိုအဖြစ်အပျက် ဘဝများစွာကို မြင်တွေ့ရသောအခါ အတွေးအခေါ်အားနည်းသည့် ဒုက္ခသည် အများစုကို အပြစ်တင်ရမည့်အစား တပါးသောနိုင်ငံသားတို့၏လုပ် အားဖြင့် မိမိနိုင်ငံတိုးတက်ကြီးပွား အောင် ပြုလုပ်နိုင်သော ကမ္ဘာ့နိုင်ငံကြီးများကိုသာ ကျွန်တော်ချီးမွမ်းမိလေ၏။
ထိုကြောင့် ကျွန်တော်သည်ကား ဘဝသစ်မှာ ကျွန်မဖြစ် သခင်စစ်ဖို့ ထိုထိုသောနိုင်ငံကြီးများကဲ့ သို့ တပါးနိုင်ငံသား များ၏လုပ်အားကိုသုံး၍ မိမိနိုင်ငံတိုးတက်ကြီးပွား အောင် ပြုလုပ်နိုင်သော သခင်အတတ်ပညာကိုသာ လိုချင်တတ်မြောက် ချင်ပါတော့သည်တကား။
မြန်မာပြည်သား
ခေတ္တအမေရိကား
၂၀၁၃-ခုနှစ်၊ မေလ ၃၁-ရက်၊ သောကြာနေ့။
photo from internet
မြန်မာပြည်သား
တပါးတိုင်းပြည်က လူတွေရဲ့လုပ်အားနဲ့ မိမိတိုင်းပြည်တိုးတက်ကြီးပ
သို့သော်လည်း သူဋ္ဌေးဖြစ်သူက သူဘယ်လိုချမ်းသာအောင် လုပ်တယ်ဆိုတဲ့နည်းလမ်း ဆင်းရဲသားကို ဘယ်တော့ မှ မပြောပြဘူး၊ မပေးဘူး။ ကျွန်သက်ရှည်မယ့် မက်လုံးကိုဘဲပေးတယ်။ လူဆင်းရဲခြင်းနှင့်အတူ အတွေးအခေါ်ပါ ဆင်းရဲ နေတဲ့ ဆင်းရဲသားကလည်း ချမ်းသာခြင်းကို စိတ်ကူးယဉ်ပုံပြင်တပုဒ် အနေနဲ့သာ ခေါင်းထဲမှာ ထားတတ်ကြတယ်။ ချမ်းသာအောင်လုပ်နည်း နည်းလမ်းကို စိတ်မဝင်စားဘူး၊ မလေ့လာဘူး။ ချမ်းသာအောင် သူဋ္ဌေးဘယ်လိုအလုပ်လုပ်တယ် ဆိုတာကို စိတ်မဝင်စားပေမယ့် သူဋ္ဌေးဘယ်လိုစည်းစိမ်နဲ့ သုံးဖြုံးတယ်ဆိုတာကိုတော့ အတုခိုးတတ်ကြတယ်။
မြန်မာပြည်က အမျိုးသမီးတချို့ ထိုင်းနိုင်ငံမှာ အိမ်ဖော်လုပ်ပြီး ၁-နှစ်၊ ၂-နှစ်လောက်ကြာတော့ ငွေစုပြီး မြန်မာပြည် ကို ပြန်ကြတယ်။ မြန်မာပြည်ရောက်တော့ စုခဲ့သမျှ ငွေတွေကို သူဋ္ဌေးတယောက်လို သုံးကြတယ်။ ဖြုံးကြတယ်။ ကြွားကြ တယ်။ ဝယ်ကြတယ်။ မြန်မာပြည်မှာ တလလောက်နေပြီး ပါလာတဲ့ငွေကုန်တော့ ထိုင်းသူဋ္ဌေးအလုပ်ရှင်ဆီ ပြန်ကြတယ်။ အိမ်ဖော်လုပ်ကြပြန်တယ်။ ဒီလိုနဲ့ အိမ်ဖော်သံသရာလည်ရင်း အသက်တွေကြီးသွားကြခြင်းနဲ့အ
ဟင်းမွှေးတဲ့ ယောက်မလို ပါဘဲလားလို့ ကျွန်တော်တွေးမိလေ၏။ ဟင်းမွှေတဲ့ယောက်မဟာ ဟင်းကိုနေ့တိုင်း မွှေခတ်ရင်း ဟင်းနဲ့အနီးကပ်ဆုံး နေနေရပေမယ့် ဟင်းရဲ့အရသာကို မခံစားတတ်ဘူး။ မခံစားနိုင်ဘူး။ ဒီလိုပါဘဲ ကျွန်တွေရဲ့ ဘဝဟာလည်း သခင်တွေရဲ့ စည်းစိမ်ကြွယ်ဝခဲ့မှုနည်းလမ်
သူဋ္ဌေးတယောက်က သားဖြစ်သူကို ဆုံးမပုံနှင့် ဆင်းရဲသားဖခင်က ၎င်း၏သားဖြစ်သူအား ဆုံးမတဲ့နည်းလမ်း ကွားခြားပုံကို ကျွန်တော်လူငယ်ဘဝက မြင်တွေ့ခဲ့ရသည့် ကိုယ်တွေ့တခုဖြင့် သာဓက ပြပါမည်။
တခါက သူဋ္ဌေးဖြစ်သူ၏ခြံထဲတွင် ခြံစိုက်ရန်ခေါ်ထားသော လင်းမယား ၂-ယောက်ရှိ၏။ ၎င်းတို့တွင် ၁၀-နှစ်အရွယ် သားငယ်တဦးလည်း ရှိလေ၏။ ထိုခြံအလုပ်သမားမိသားစုကို ဥပမာပေး လက်ညှိုးထိုးညွှန်ပြကာ သူဋ္ဌေးဖြစ်သူက သားဖြစ် သူကို ဘယ်လိုဆုံးမသလဲဆိုတော့ “သား ဟိုမှာတွေ့လား ပညာမတတ်လို့ အဖေတို့ခြံထဲမှာ အလုပ်လုပ်နေကြရတာ၊ စာမတတ်ရင် အဲဒီလိုဘဲ အလုပ်သမားဖြစ်တယ်။ ကြီးပွားချမ်းသာဖို့၊ သူများရဲ့အပေါ်မှာ နေရဖို့ဆိုတာ စီမံခန့်ခွဲတတ်ရတယ်
စီမံခန့်ခွဲ မတတ်တဲ့သူဟာ စီမံခန့်ခွဲတတ်သူရဲ့လက်အောက
ဆင်းရဲတဲ့ ဖခင်ကတော့ သားဖြစ်သူကို ဘယ်လိုဆုံးမလဲ ဆက်ပြောပြမယ်။ “သား အဖေတို့ဟာ ဆင်းရဲတယ်၊ တနေ့လုပ်မှ တနေ့စားရတယ်၊ အဖေတို့သူဋ္ဌေးက စိတ်ကောင်းတယ်၊ အဖေတို့နေဖို့လည်း အိမ်ဆောက်ထားပေးတယ် (တဲ အိမ်ငယ်ကို ပြောခြင်းဖြစ်၏)၊ အလုပ်လည်းပေးတယ်၊ ဒါကြောင့် သူဋ္ဌေးဟာ အဖေတို့ရဲ့ ကျေးဇူးရှင်ဖြစ်တယ်” ကြေကြေ ကွဲကွဲပြောပြနေတဲ့ ဖခင်ဖြစ်သူရဲ့ဆုံးမစကားကို သားဖြစ်သူလည်း ခေါင်းကလေးမော့ကြည့်ရင်း ပုံပြင်တပုဒ်လို နားစိုက် ထောင်နေခဲ့တယ်။ “ဒါကြောင့် သူဋ္ဌေးခိုင်းရင် သား မညိုမညင်လုပ်ပေးရမယ်နော်၊ အခုဆိုရင် စာနဲနဲပါးပါးဖတ်လို့ရပြီဘဲ၊
ညအိပ်ရာဝင် ပုံပြင် ၂-ခု၏ခြားနားမှုသည် ဘဝ ၂-ခု၏ခြားနားခြင်းအဆင့်သို့
ကမ္ဘာ့နိုင်ငံအသီးသီးသို့ ရောက်နေကြသော ဒုက္ခသည်အများအပြားသည် မိမိတို့ရောက်ရှိရာနိုင်ငံအ
လူတဦးသည် အခြားသူတဦးအား တပတ်တခါ ထမင်းဖိတ်ကျွေးသည်ဖြစ်အံ့။ ၁-နှစ်ခန့်ကြာလာသောအခါ ထိုထမင်းရှင်သည် ထမင်းရှင်ဘဝမှ ကျေးဇူးရှင်ဘဝသို့ အလိုအလျှောက် ကူးပြောင်းသွားလေ၏။ ယခုမူ ဒုက္ခသည် လက်ခံသောနိုင်ငံများသည် ဒုက္ခသည်များအား ထို့ထက်မက ကူညီထားသည့်အတွက် ထမင်းရှင်ထက်မြင့်သော ကျေးဇူးရှင်ကြီးများအဖြစ် ဒုက္ခသည်တို့၏ ရင်ထဲတွင် ကိန်းအောင်းဖြစ်တည်သွားခြဲ့
မိမိတို့၏လုပ်အားသည် မိမိတိုင်းပြည်အတွက် အကျိုးမပြုဘဲ တပါးတိုင်းပြည်အတွက် အကျိုးဖြစ်ထွန်းသွားသည် ဆိုသော အချက်သည် မှေးမှိန်ပျောက်ကွယ်သွား၏။ ထိုထိုသော နိုင်ငံအသီးသီး၏ ဘာသာစကား၊ ယဉ်ကျေးမှု၊ လူမှုရေး၊ ဘာသာရေး အစရှိသည်တို့အောက်တွင် ကြီးပြင်းရင်းနှီးကျွမ်းဝင်
သူဋ္ဌေးဖြစ်သူ၏ အရေးတယူပြောဆိုဆက်ဆံခြင်း၊ သူဋ္ဌေးဖြစ်သူ၏ ပေးကမ်းစွန့်ကြဲခြင်းအောက် သာယာနေခဲ့ ကြသော ထိုင်းနိုင်ငံရောက် မြန်မာအိမ်ဖော်တို့၏ သာယာမှုမျိုးကဲ့သို့ နိုင်ငံတကာရောက် ဒုက္ခသည်အများစုသည်လည်း မိမိတို့ရောက်ရှိရာ နိုင်ငံအသီးသီးတွင် သာယာပျော်မွေ့ရင်း မိမိ၏မူရင်းဇစ်မြစ်နိုင်ငံက
ထိုကြောင့် ကျွန်တော်သည်ကား ဘဝသစ်မှာ ကျွန်မဖြစ် သခင်စစ်ဖို့ ထိုထိုသောနိုင်ငံကြီးများကဲ
မြန်မာပြည်သား
ခေတ္တအမေရိကား
၂၀၁၃-ခုနှစ်၊ မေလ ၃၁-ရက်၊ သောကြာနေ့။
photo from internet
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။