Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, June 29, 2016

အကျော်ကြားဆုံးတေးများ-ရန်အောင်



အသုံးမကျတဲ့လူ မဖြစ်စေနဲ့။

အသုံးမကျတဲ့လူ မဖြစ်စေနဲ့။
--------------------

အသက် ၃၅ နှစ် ပြည့်တဲ့အချိန်ထိ ခင်ဗျားဟာ တီဗီလေး ကက်ဆက်လေး တစ်လုံးတောင် မပိုင်သေး တဲ့အခါ ဘယ်သူမှ ခင်ဗျားကို သနားနေလိမ့်မယ် မထင်နဲ့။

ဈေးကွက်ထဲ ယှဉ်ပြိုင်မှုကြောင့် ခင်ဗျား ကျရှုံးခဲ့တဲ့ အခါမှာလည်း ဘယ်ပြိုင်ဘက်ကမှ ခင်ဗျားကို ကိုယ်ချင်းစာတယ် ဆိုပြီးတော့ ရှော်ပေးလိမ့်မယ် မထင်နဲ့။ ကလေးကွက်နင်းနေတဲ့လူ စီးပွားရေး လောကမှာ တစ်ယောက်မှ မပါဘူး။

ကိုယ့်ချစ်သူက ပိုက်ဆံမရှိလို့ လမ်းခွဲသွားတဲ့အခါရော။ ဘယ်သူကမှ ခင်ဗျားကို စာနာလို့ ဆိုပြီးတော့ ကြယ်ငါးပွင့် ဟော်တယ်မှာ မင်္ဂလာဆောင်ပေးမယ် မထင်နဲ့။

ပွေ့ဖက်ခြင်းရဲ့ အကျိုးကျေးဇူးများ

ပွေ့ဖက်ခြင်းရဲ့ အကျိုးကျေးဇူးများ
-----------------------------------------

စိတ်ဓါတ်ကျနေတဲ့ သူတစ်ယောက်ကို ပွေ့ဖက်ပေးတာထက် ပိုကောင်းတဲ့ ဆေးမရှိပါဘူးလို့တောင် စကားပုံရှိပါတယ်။
ပွေ့ဖက်ခြင်းရဲ့ အကျိုးကျေးဇူးလေးတွေကို ဖော်ပြပေးပါမယ်။

တစ်ယောက်နဲ့တစ်ယောက် ခင်မင်ရင်းနှီးမှု(သစ္စာတရား)သဘောမျိုး အကျိုးသက်ရောက်စေပါတယ်။လေ့လာချက်တွေအရ ကလေးတွေက အမေတွေနဲ့ ပိုမိုရင်းနှီးတယ်ဆိုတာ ငယ်ငယ်ကတည်းက အမေတွေရဲ့ ပွေ့ဖက်မှုတွေနဲ့ အားပေးမှုတွေကလဲ တစ်စိတ်တစ်ဒေသ ပါဝင်နေပါတယ်။

ဘဲဥတစ်လုံးရဲ့ဒဿန

ဘဲဥတစ်လုံးရဲ့ဒဿန
+++++++++++++++

ဘဲဥတစ်လုံးဟာ ကျောက်ခဲတစ်လုံးနဲ့ မေတ္တာမျှပြီး အတူနေထိုင်ကြပါတယ်။ ထိလိုက်ခိုက်လိုက်နဲ့ ဘယ်လိုမှအဆင်မပြေတော့တာနဲ့ ဘဲဥလေးဟာ ကျောက်ခဲလုံးကိုဝမ်းနည်းစွာ ခွဲခွာလိုက်ရပါတယ်။ ဒီလိုနဲ့တစ်နေ့ကျတော့ ဘဲဥလေးဟာ ၀ါဂွမ်းနဲ့ တွေ့ဆုံသွားပါတယ်။ ၀ါဂွမ်းရဲ့နွေးထွေးစွာထွေးပိုက်မူအောက်မှာ ဘဲဥလေးဟာ သူ့ဘ၀အတွေ့အကြုံကို ဒီလိုဒဿနဆန်ဆန် ကောက်ချက်ချလိုက်ပါတယ်…...။

ကိုယ်ကဘယ်လောက်ပဲ သီးခံနေပါစေ အိမ်ထောင်ရေးဆိုတာ အပြန်အလှန်နွေးထွေးမူပေးမှ အဆင်ပြေမှာဖြစ်တယ်။

Victim - အရှုံးသမား တစ်ယောက်လိုတွေးမလား??? Victor- အောင်နိုင်သူ တစ်ယောက်လိုတွေးမလား???

Victim - အရှုံးသမား တစ်ယောက်လိုတွေးမလား???
Victor- အောင်နိုင်သူ တစ်ယောက်လိုတွေးမလား???

ကျွန်တော်လူတစ်ယောက်နဲ့ စကားပြောကြည့်တိုင်း
အဲ့ဒီလူဟာ အရှုံးသမား တစ်ယောက်လိုတွေးနေသလား
အောင်နိုင်သူတစ်ယောက်လိုတွေးနေသလားဆိုတာ အရင်ဆုံး စမ်းစစ်ပါတယ်။

ကျွန်တော့်ရဲ့ ဘ၀တစ်ခုလုံးကို Paradigm shift လို့ ခေါ်တဲ့ ကြီးကျယ်သော အရွေ့ တစ်ခုဖြစ်သွားစေတဲ့ Idea အိုင်ဒီယာတွေလို့ ဆိုရပါမယ်။

ကောင်းပြီ။ ဘာလည်းဆိုတာ ရှင်းပြမယ်။

ငါးလေးတစ်ကောင်ဟာ လိပ်လေးတစ်ကောင်ကို ရေကူးခတ်ရင်းတွေ့တော့ မေးသတဲ့ ။

ငါးလေးတစ်ကောင်ဟာ လိပ်လေးတစ်ကောင်ကို ရေကူးခတ်ရင်းတွေ့တော့ မေးသတဲ့ ။

"မင်းက ဘာလို့ တစ်ခုခုကြုံလာတာနဲ့ အခွံထဲကိုခေါင်းဝှက်ထားဖို့ပဲ စဉ်းစားတာလဲ ။ "

လိပ်ကလည်း ငါးကလေးမေးတဲ့ မေးခွန်းကို အေးအေးဆေးဆေးပဲ ပြန်ဖြေပါတယ်။
"ငါ့ဟာငါ တိတ်ဆိတ်တဲ့ ၀န်းကျင်တစ်ခုကို လိုချင်လို့လေ၊ မမြင်ချင်တာမမြင်ရအောင် နေတတ်သလိုနေတာလေ။ "

ဒီတော့ ငါးကလေးက
"သူများတွေမင်းကို ငကြောက်လို့ပြောနေတာ မင်းပြန်မကြားမိဘူးလား။"

#‎Nixau_Toma‬ ( ကမ္ဘာ့ရုပ်ရှင်လောကထဲ ဂင်းနစ်စံချိန်တင်ခဲ့သောလူရိုင်း(သို့ ) အောင်မြင်မူ ငွေကြေးချမ်းသာမူတွေကိုမသိခဲ့တဲ့မင်းသားတစ် ယောက်ရဲ့ အတ္ထုပ္ပတ္တိ )



ကျောက်သင်ပုန်း added 3 new photos.

‪#‎Nixau_Toma‬ ( ကမ္ဘာ့ရုပ်ရှင်လောကထဲ
ဂင်းနစ်စံချိန်တင်ခဲ့သောလူရိုင်း(သို့ ) အောင်မြင်မူ
ငွေကြေးချမ်းသာမူတွေကိုမသိခဲ့တဲ့မင်းသားတစ်
ယောက်ရဲ့ အတ္ထုပ္ပတ္တိ )
.……………………………………………………………

. " ပီတာက ဆိတ်၇ကောင်ပေး
မယ်ဆိုလို့ ကျတော်လိုက်လာတာ
ရုပ်ရှင်ဆိုတဲ့စကားကိုကျတော်
အခုမှကြားဖူးတာဗျ။ ဒီမှာနေအခါ၃၀
ဝင်တဲ့အထိနေရမယ်ပြောတယ်။
ပြီးရင်ကျတော် စန်တို့ရှိတဲ့ဆီကို
ဆိတ် ၇ကောင်ယူပြီးပြန်မယ်။ "

N!xau Toma

Present Perfect and Past Simple .. သုံးရမယ့်နေရာ လွဲနေတတ်လို့ပါ

Present Perfect and Past Simple .. သုံးရမယ့်နေရာ လွဲနေတတ်လို့ပါ
................................................................................
ဒီတစ်ခါမှာတော့ နှိုင်းယှဉ်ချက်ကို ရေးရင်းနဲ့ပဲ Tense နှစ်ခုလုံးရဲ့ သုံးစွဲပုံနဲ့ ဆိုလိုရင်းသဘောကို ရှင်းလင်းတင်ပြသွားဖို့ စိတ်ကူးမိပါတယ် ..
................................................................................
(1.1) Present Perfect : A finished action with a result in the present
လောလောဆယ်အချိန်မှာ အကျိုးသက်ရောက်မှု ရှိနေတဲ့ အတိတ်က လုပ်ဆောင်မှု/အဖြစ်အပျက် အတွက် သုံးပါ
I've lost my key! (The result is that I can't get into my house now).
ကျနော့်သော့ ပျောက်သွားပြီ
(သော့ပျောက်သွားလို့ အခု အိမ်ထဲကို ၀င်လို့မရဘူး.. စသည်ဖြင့် ဖြစ်လာတဲ့ အကျိုးဆက်သဘောကို သိသာစေချင်တာ)
အကျိုးဆက် ရလဒ် တစ်ခုရှိတယ် ၊ အဲဒီ အကျိုးဆက်ဟာ ပစ္စုပ္ပန်နဲ့ ဆက်စပ်နေတယ် ..လို့ သိရပါမယ် ။

တိမ်လွှာမို့မို့လွင်-ရန်အောင်


Tuesday, June 28, 2016

အချိန်လွန်မိုး (၂) ဒေါက်တာ စိုးလွင်

 
အချိန်လွန်မိုး (၂)
ဒေါက်တာ စိုးလွင်

လွန်ခဲ့တဲ့ တစ်လလောက်တုန်းက ဦးဦးတို့ဆေးရုံကို အသက်၅၅နှစ်အရွယ် အဒေါ်ကြီးတစ်ယောက်ဟာ သွေးဆုံးပြီးကာမှ သွေးတွေ ပုံမမှန်ဆင်းလို့ ရောက်လာခဲ့တယ် သမီးရေ။ သူအဲဒီလို သွေးတွေဆင်းနေတာ စုစုပေါင်းလိုက်ရင် လေးလလောက်တောင် ရှိခဲ့ပြီဆိုပဲ…သေချာ စမ်းသပ်ကြည့်လိုက်တော့မှ သူ့ရဲ့မိန်းမကိုယ်ထဲက သားအိမ်ခေါင်းမှာ မှိုပွင့်ကြီးလိုပဲ အနာကြီးတစ်ခုကို တွေ့ရတော့တယ်။ ကြည့်စမ်း…သူ ပုံမမှန် သွေးဆင်းလာတာဟာ အဲဒီအနာကြီးက ထွက်လာတာ။ ဒီအနာကြီးကလည်း “သားအိမ်ခေါင်းကင်ဆာ” လို့အမည်ရတဲ့ မြန်မာအမျိုးသမီးတွေရဲ့အသက်ကို ထိပ်ဆုံးက ခြွေချပစ်နေတဲ့ ရောဂါဆိုးကြီးကြောင့်ပေါ့။

ချမ်းသာဖို့ နည်းလမ်း

ချမ်းသာဖို့ နည်းလမ်း
-----------------------
သင်တစ်ယောက်တည်း အလုပ်က ပေးအပ်တဲ့ တာဝန်ကို ကျားကုတ်ကျားခဲ နေ့မအိပ် ညမအိပ် ကြိုးစားနေရုံနဲ့ လူချမ်းသာ တစ်ယောက် မဖြစ်နိုင်ပါဘူး။ သင် က တစ်လကို ဝင်ငွေ ၁ဝ သိန်းရှိတယ် ဆိုရင် တစ်လကို ၃ သိန်းလောက်တော့ စုကောင်းစုမိ ပါလိမ့်မယ်။ တစ်လ ၃သိန်းနှုန်း နဲ့ အနှစ် ၄ဝ လောက် အဘိုးကြီး၊ အဘွားကြီး ဖြစ်တဲ့အချိန်အထိ မှန်မှန်စုနိုင်တဲ့ အခါမှ သိန်းပေါင်း ၁၄၄ဝ လောက်စုမိပါလိမ့်မယ်။ ဒါပေမယ့် ကိုယ် အသက် ၆ဝ ကျော် လောက်ရောက်တဲ့ အချိန်မှာ ငွေကြေးဖောင်းပွတာနဲ့ ပါထည့်တွက်မယ်ဆိုရင် သိန်းပေါင်း ၁၄ဝဝ ကျော်လောက် ဟာ သိန်း ၆ဝဝ ဝန်းကျင်လောက်ပဲ တန်ဖိုးရှိတော့မှာပါ။ နှစ်ပေါင်း ၄ဝ လောက် သေကြေအောင်လုပ်ပြီး မှန်မှန်စုတာတောင် ဒီလောက်လေးပဲ ရမယ်ဆိုရင်တော့ သိပ်ဟန်မကျသေးဘူးလို့ပြောရမှာပဲ။

Well ကို အာမေဋိတ် အဖြစ်သုံးတဲ့အခါ ထူးဆန်းတဲ့ အဓိပ္ပါယ်တွေ များစွာမှ များစွာ

Well ကို အာမေဋိတ် အဖြစ်သုံးတဲ့အခါ ထူးဆန်းတဲ့ အဓိပ္ပါယ်တွေ များစွာမှ များစွာ
...............................................................................
ဒီ well ဆိုတဲ့စာလုံးလေးက word form အမျိုးမျိုးရှိပြီး အာမေဋိတ်အဖြစ်သုံးလျှင်တော့ ၀ါကျအနေအထားပေါ်မူတည်ပြီး အဓိပ္ပါယ်တွေ တစ်လှေကြီး ဖြစ်နေပြန်ပါတယ် အဲဒီအထဲကနေ အလျှဉ်းသင့်ရာလေးတွေ ရွေးပြီး တင်ဆက်လိုက်ပါတယ် ။ သူ့အဓိပ္ပါယ် တချို့ကို စီပြီး ရေးကြည့်မယ်ဆိုလျှင်
.
(adv) ကောင်းစွာ ၊ တော်တော်လေး
(adj) နေကောင်းသော ၊ ကျန်းမာသော
(n) ရေတွင်း ၊ ရေနံတွင်း
(v) လျှံထွက်ကျသည်

နှုတ်မဆက်နဲ့ မက်ဆီ

နှုတ်မဆက်နဲ့ မက်ဆီ
----------------------
"ကျွန်တော့်အတွက်တော့ ဆေးထိုးတာဟာ သွားတိုက်သလိုပါပဲ။ ကျွန်တော်ဒီလို လုပ်တာကို (ကိုယ်ကိုယ်တိုင်နေ့တိုင်းဆေးထိုးတာကို) စစချင်းမှာ လူတွေက ထူးဆန်းကြတယ်။ နောက်တော့လည်း သူတို့မြင်ကျင့်ရသွားတာပဲ။ ဒါဟာ ဘာအခက်အခဲပါလို့ ကျွန်တော်မထင်ခဲ့ဘူး။ ဒါဟာ ကျွန်တော့်အနာဂတ်အတွက်အရေးပါတဲ့အရာမို့ပါ။ ပြီးတော့ ဘောလုံးနဲ့လည်း သက်ဆိုင်မှုရှိလို့။ ဒီတာဝန်ကို ကျွန်တော်ယူရတယ်"

ကြက်ခြံထဲက မြေခွေး

ကြက်ခြံထဲက မြေခွေး
--------------------

တစ်ခါတုန်းက ကြက်ခြံတစ်ခြံထဲကို မြေခွေးတစ်ကောင်ဟာ ညတိုင်း ဝင်ပြီးတော့ ကြက်တွေကို တစ်ကောင် တစ်ညနှုန်းနဲ့ သတ်ဖြတ် စားသောက်နေခဲ့တယ်။ ဒီလိုနဲ့ ကြက်တွေ လျော့လာတာကို သတိထား မိလာတဲ့ ခြံပိုင်ရှင်ဟာ တစ်ညမှာတော့ ကြက်သူခိုးကို ဖမ်းမယ်ဆိုပြီးတော့ ထောင်ချောက် ဆင်ထားလိုက်တယ်။

ဒီလိုနဲ့ ညဘက် လူခြေတိတ်ချိန် ရောက်တဲ့အခါ မြေခွေးဟာ ထုံးစံအတိုင်း ကြက်ခြံထဲကို လာရော။ လာတော့ ထောင်ချောက်မှာ ကွိခနဲ မိတော့တာပေါ့။ ထောင်ချောက်မှာ မြေခွေးမိလို့ အသံတွေ ကြားရတဲ့အခါ ကြက်တွေဟာ ဝမ်းသာအားရ ထွက်ကြည့်ပြီးတော့ မြေခွေးအနားမှာ ပျော်ရွှင်လို့ ခုန်ပေါက်နေကြတယ်။

လစဉ် ငွေ (၁၀) သိန်း ယူနေကြတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ခိုင်းဖို့ မေ့မထားကြပါနဲ့။



Bamaw Thein Pe added 2 new photos.

လစဉ် ငွေ (၁၀) သိန်း ယူနေကြတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ခိုင်းဖို့ မေ့မထားကြပါနဲ့။
လူတွေဟာ အမှန်တရားအတွက် အစိုးရုံးကို ပြောတယ်။ ပိုက်ဆံ မပေးရင် လုပ်မပေးဘူး။ ရဲစခန်းတိုင်တယ်။ ရဲက အရေးမယူဘူး။ တရားရုံး တိုင်တယ်။ တရားရုံးက အမှုကို လက်မခံဘူး။
ဒီတော့ ဘာလုပ်ကြသလဲ။ စိတ်ပြေရာ ပြေကြောင်း ဖေ့ဘုတ်မှာ ပို့စ်တင်ပြီး ရင်ဖွင့်တယ်။ လူတွေက ကွန်မင့်တွေမှာ ထောက်ခံကြတယ်။ အားပေးကြတယ်။ ဝိုင်းဆဲကြတယ်။ ပို့စ်တင်တဲ့သူ ကျေနပ်သွားတယ်။ ဒါပေမဲ့ အမှန်တရား မပေါ်ပေါက်လာဘူး။ အတိုင်ခံရသူတွေကလဲ ဖေ့ဘုတ်ဖတ်ရင်း သဘောကျနေကြတယ်။ ငါတို့ မဖြေရှင်းပေးတော့ရော မင်းတို့ ဖေ့ဘုတ်ပေါ် တင်တာကလွဲလို့ ဘာတတ်နိုင်သေးလဲလို့ စိတ်ထဲက ကြိတ်ပြုံးနေကြတယ်။ ဒါမျိုး ဒီလိုအရပ်သားအစိုးရလက်ထက်မှာ မဖြစ်သင့်ပါ။

Brexit ဆိုတာကရော ဘာလဲတဲ့...



ဆရာဦးဇော်ဝေ

Credit
အင်္ဂလန်လား ဗြိတိန်လား ဂရိတ်ဗြိတိန်လား ယူကေလား
အဲ့ဒီနာမည်တွေက ဘာကွာလဲ ကွီးတဲ့
Brexit ဆိုတာကရော ဘာလဲတဲ့...
သူမေးလည်း မေးချင်စရာပါ
အဲ့ဒီနာမည်တွေက တော်ရုံတန်ရုံ သတိမထားမိပါဘူး
မြင်တွေ့နေကြဆိုပေမဲ့ အမှုမဲ့အမှတ်မဲ့ရယ်ပါ...
ယူကေ (UK) ရဲ့အရှည်ကောက်က
United Kingdom ပါ ဒါပေမဲ့ အပြည့်အစုံဆိုရင်တော့
The United Kingdom of Great Britain and Northern Ireland ဖြစ်ပါတယ်...
အများစုကတော့ United Kingdom (UK) လို့ပဲ
အလွယ်ခေါ်ကြပါတယ်

“Harvard Modelကို ချဉ်းကပ်ခြင်း”

“Harvard Modelကို ချဉ်းကပ်ခြင်း”

လူ့စွမ်းအားစုစီမံခန့်ခွဲခြင်းနှင့်ပတ်သက်ပြီး Harvard Business Schoolမှ ထုတ်ပြန်သည့် ထုတ်ပြန်ချက်တစ်ခုသည် လူ့စွမ်းအားစုစီမံခန့်ခွဲမှုနယ်ပယ်တွင် အလှုပ်ခတ်ဆုံးနှင့်အငြင်းအပွားဆုံး ထုတ်ပြန်ချက်တစ်ခုဖြစ်ခဲ့သည်။ ယင်းထုတ် ပြန်ချက်မှာ Harvard Model ပင်ဖြစ်သည်။ ယင်းထုတ်ပြန်ချက်အရ အဖွဲ့အစည်းများအနေဖြင့် ၀န်ထမ်းများကို စွမ်းအားစုများအဖြစ် ရှုမြင်ရန်ဖြစ်သည်။ လူ့စွမ်းအားစုများသည် အခြားစွမ်းအားစုများနှင့် သဘောသဘာဝချင်း လုံးဝ မတူညီပေ။ ထို့ကြောင့် လူ့စွမ်းအားစုကို စီမံခန့်ခွဲရာတွင် တစ်သတ်မှတ်တည်း သတ်မှတ်ချက်ဖြင့် စီမံခန့်ခွဲခြင်း မရနိုင် ပေ။ အဖွဲ့အစည်းများအနေဖြင့် အပြန်အလှန်ဖြင့်သာ စီမံခန့်ခွဲဆောင်ရွက်သင့်သည်။

MAKING AN APPOINTMENT

 Sayar Antony

MAKING AN APPOINTMENT
++++++++++++++++++++++
- Are you free tomorrow?
မနက်ဖြန် ခင်ဗျားအားလား?
- Will you be free this evening?
ဒီညနေခင်ဗျားအားမလား?
- What time will u be free on
Sunday?
Sunday ဘယ်အချိန်လောက်အားမ
လဲ?
- I haven’t got anything
particular to do.
ထွေထွေထူးထူး လုပ်စရာ ဘာမှမရှိပါ

“ ကိုကာကိုလာ ကုမ္ပဏီ စီအီးအို၏ ၃၀ စက္ကန့်သာကြာသော မိန့်ခွန်း ”

 
“ ကိုကာကိုလာ ကုမ္ပဏီ စီအီးအို၏ ၃၀ စက္ကန့်သာကြာသော မိန့်ခွန်း ”

ဘဝကို လေပေါ်မှာ ဘောလုံး (၅)ခု မကျအောင် ထိန်းနေရတဲ့ ဂိမ်းတစ်ခုလို့ ယူဆပါ။

ယင်းဘောလုံး (၅)ခုကတော့ .....

၁။ အလုပ်
၂။ မိသားစု
၃။ ကျန်းမာရေး
၎။ သူငယ်ချင်း
၅။ စိတ်ဓာတ် တို့ ဖြစ်ပါတယ်။

အလုပ်ဆိုတဲ့ ဘောလုံးဟာ ရာဘာဘောလုံး နဲ့တူတယ်ဆိုတာကို သင်တစ်နေ့နားလည်လာပါလိမ့်မယ်။ သူဟာ မတော်လို့လွတ်ကျခဲ့ရင် ယင်းအားကြောင့် ပြန်လည်ခုန်တက်လာပါတယ်။

သ၀န်ကြောင်တဲ့ ခင်ပွန်း

သ၀န်ကြောင်တဲ့ ခင်ပွန်း
......................... .......

မိန်းမရေ၊ မင်းဘယ်မှာလဲ ..(ဖုန်းဖြင့်)။

ဇနီး- အိမ်မှာပေါ့ ယောက်ျားရယ်။
ခင်ပွန်း - မင်း ..သေချာလား။
ဇနီး - သေချာတာပေါ့ရှင်။
ခင်ပွန်း - ဒါဆို ..ကြိတ်စက်ခလုတ် ကို ဖွင့်လိုက်စမ်း။
ဇနီး - (ခလုတ်နှိပ်လိုက်ပြီး) ဂရီး .. ဂရီး ..။
ခင်ပွန်း - ကောင်းပြီ။ တာ့တာ။ ညနေကျမှ အိမ်မှာ တွေ့ကြမယ်။

နောက်တစ်နေ့ ....
သ၀န်ကြောင်တဲ့ ခင်ပွန်း - မိန်းမရေ၊ မင်းဘယ်မှာလဲ။

Facebook ရဲ့ လူသိမများတဲ့ အကောင်းစား feature များ


Facebook ရဲ့ လူသိမများတဲ့ အကောင်းစား feature များ
===============Tips & Tricks==============

ဖေ့စ်ဘွတ်ပေါ်မှာ လူသိနည်းတဲ့ feature တွေကို စုစည်းတင်ပြပေးမှာ ဖြစ်ပါတယ်။ Power user တွေမှသာလျှင် ဒီ feature တွေကို သိမှာဖြစ်ပြီး အများကြီး အသုံးတည့်စေမှာပါ။

၁// Facebook Inbox

ဖေ့စ်ဘွတ် သုံးစွဲသူတွေ လုံးဝ သတိ မထားမိတဲ့ inbox တစ်ခု ရှိနေပါတယ်။ အဲ့ဒါကတော့ ကိုယ်နဲ့ friend လုံးဝ မဟုတ်တဲ့ သူစိမ်းတွေဆီက ၀င်ရောက် လာတဲ့ မက်ဆေ့ခ်ျတွေကို စုထားတဲ့ နေရာတစ်ခုပဲ ဖြစ်ပါတယ်။

မိတ်ဆွေတစ်ယောက်ကို လဘ်ရည်၊ကော်ဖီသောက်ဖို့ ဖိတ်ခေါ်မယ်ဆိုရင်...

 Sayar Antony to အင်္ဂလိပ်စာစိတ်ဝင်စားသူများ
မိတ်ဆွေတစ်ယောက်ကို လဘ်ရည်၊ကော်ဖီသောက်ဖို့ ဖိတ်ခေါ်မယ်ဆိုရင်...
_ Do you have time for coffee?
coffee သောက်ဖို့ အချိန်ရမလား?
_ How about a cup of coffee?
coffee တစ်ခွပ်လောက် သောက်
ကြမလား?
_ Let's get coffee.
coffee သွားသောက်ကြရအောင်..

ကျောက်ခဲ-ဇော်ဝမ်း



Monday, June 27, 2016

ဂန္ဒီ ၏ ကမ္ဘာကျော် ဆိုရိုးစကားအချို့

ဂန္ဒီ ၏ ကမ္ဘာကျော် ဆိုရိုးစကားအချို့

===========================

၁။ မနက်ဖန်သေရမယ်လို့ မှတ်ယူပြီး အသက်ရှင်ပါ။ တစ်သက်လုံး အသက်ရှင်ရမယ်လို့ မှတ်ယူပြီး လေ့လာသင်ကြားပါ။

၂။ ရန်ကိုရန်ချင်း တုံ့ပြန်နေရင် ကမ္ဘာကြီးတစ်ခုလုံး ပျက်ဆီးသွားပါလိမ့်မယ်။

၃။ လူဆိုတာ သူတွေးသလို ဖြစ်လာခြင်း ဖြစ်ပါတယ်။

၎။ နိုင်ငံတစ်နိုင်ငံ ဘယ်လောက်ထိ ကြီးကျယ်မြင့်မြတ်တယ်ဆိုတာ သူတို့ တိရစ္ဆာန် တွေကို ဘယ်လိုကျွေးမွေးတယ်ဆိုတာကို ကြည့်ပြီး ဆုံးဖြတ် နိုင်ပါ တယ်။

ဘီလျံနာသူဋ္ဌေးကြီး လီကာရှင်းရဲ့ တန်ဖိုးရှိသော စကားများ။



ကျောက်သင်ပုန်း added 3 new photos.

ဘီလျံနာသူဋ္ဌေးကြီး လီကာရှင်းရဲ့ တန်ဖိုးရှိသော စကားများ။
သူ့မိသားစုဟာ စစ်ဘေးရှောင်ဖို့ တရုတ်ပြည်ကနေ ဟောင်ကောင်ကျွန်းကို ထွက်ပြေးလာခဲ့တယ်။ ဟောင်ကောင်ရောက်ပြီး သိတ်မကြာခင်မှာပဲ သူ့အဖေဟာ တီဘီရောဂါနဲ့ ကွယ်လွန်သွားတယ်။ အဲဒီအချိန်မှာ သူ့အသက် ၁၄ နှစ်ပဲ ရှိသေးတယ်။ ဒါပေမဲ့ သားအကြီးဆုံးဖြစ်တာမို့ မိသားစုတာဝန်ယူဖို့ ကျောင်းက ထွက်ပြီး ပလတ်စတစ်စက်ရုံတခုမှာ အလုပ်ဝင်လုပ်တယ်။ နောက် အရောင်းကိုယ်စားလှယ် လုပ်တယ်။ တနေ့ကို ၁၆ နာရီအထိ အလုပ်လုပ်တယ်။

"မိဘဟူသည် စံပြပုဂ္ဂိုလ် ဖြစ်ရမည်"

"မိဘဟူသည် စံပြပုဂ္ဂိုလ် ဖြစ်ရမည်"

အသက် ၄ဝအရွယ် မိန်းမကြီးတစ်ဦးက သူမနှင့်ရွယ်တူလူတစ်ယောက်အား အဆဲစကားလုံးများနှင့် မိတ်ဆက်လိုက်သံ..။နေရာကား ရန်ကုန်မြို့၏ လမ်းဘေးတစ်နေရာ...ထမင်းဆိုင်လေးတစ်ဆိုင်တွင်ဖြစ်သည်။

သူမ၏ မကြားဝံ့မနာသာ အဆဲစကားလုံးကို မနားထောင်ချင်ဘဲ ကြားလိုက်ရသည့်အတွက် ဒေါသက ချောင်းခနဲ ထွက်လာမိသည်။ ငယ်ငယ်ကတည်းက ဆဲဆိုခြင်းမရှိအောင် ဆုံးမခဲ့သည့် အသိုင်းအဝိုင်းတွင် ကြီးပြင်းလာ၍လားမသိ ထိုသို့သော ဖရုသဝါစာ စကားလုံးများ ကြားရတိုင်း ဒေါသဖြစ်ရစမြဲ။ ထားပါ ကျွန်မပြောချင်တာက ထိုအကြောင်းနဲ့သက်ဆိုင်သော အခြားအကြောင်းတစ်ခုဖြစ်သည်။

ဂျွန်ပေါလ်ဒေဂျိုးရီးယား (သို့မဟုတ်) ပြဿနာကို အခွင့်အလမ်း အဖြစ် ပြောင်းလဲလိုက်သူ။



Bamaw Thein Pe added 2 new photos.

ဂျွန်ပေါလ်ဒေဂျိုးရီးယား (သို့မဟုတ်) ပြဿနာကို အခွင့်အလမ်း အဖြစ် ပြောင်းလဲလိုက်သူ။
ဂျွန်ဟာ ၁၉၇၁ ခုနှစ် (သူ့ အသက် ၂၇ နှစ်)မှာ ဆံပင်အလှပြင်ပစ္စည်းတွေရောင်းတဲ့ Redken ကုမ္ပဏီမှာ အရောင်းသမား အလုပ်ရတယ်။ အဲဒီအချိန်က Redken ကုမ္ပဏီဆိုတာ ဆံပင်အလှပြင်ပစ္စည်းတွေ ထုတ်လုပ်တဲ့ အမေရိကန်နိုင်ငံက ကုမ္ပဏီတွေထဲမှာ အကြီးဆုံးပါ။ သူဟာ လစာဒေါ်လာ ၆၀၀ နဲ့ ကားအသုံးစရိတ် ၁၂၅ ဒေါ်လာပဲရတယ်။ တနှစ်ခွဲအကြာမှာ အရောင်းဋ္ဌါနကြီး ၂ ခုရဲ့မန်နေဂျာ ဖြစ်လာတယ်။ သူ့လက်အောက်မှာ အတွင်းရေးမှူးအမျိုးသမီး ၂ ယောက်နဲ့ ဝန်ထမ်း ၄ ယောက်ရှိတယ်။ ၁၉၇၅ ခုနှစ်မှာ သူအလုပ်ဖြုတ်ခံလိုက်ရတယ်။ အလုပ်ဖြုတ်ခံလိုက်ရတာက သူအလုပ်မှာမကြိုးစားလို့၊ သူ့ဋ္ဌါနတွေမှာ အမြတ်နဲလို့ မဟုတ်ပါဘူး။

#‎Jet_Li‬ ( ၂၁ရာစုကမ္ဘာ့သြဇာအကြီးဆုံးသရုပ် ဆောင်၁၀၀ထဲမှတစ်ဦး (သို့) အာရှရဲ့ထိပ်ဆုံးမှရပ် တည်နေသောမင်းသားများထဲမှတစ်ဦး(သို့)ကျူး ကျော်ရပ်ကွက်မှ ရတနာတခုရဲ့အတ္ထုပတ္တိ)



ကျောက်သင်ပုန်း added 3 new photos.

‪#‎Jet_Li‬ ( ၂၁ရာစုကမ္ဘာ့သြဇာအကြီးဆုံးသရုပ်
ဆောင်၁၀၀ထဲမှတစ်ဦး (သို့) အာရှရဲ့ထိပ်ဆုံးမှရပ်
တည်နေသောမင်းသားများထဲမှတစ်ဦး(သို့)ကျူး
ကျော်ရပ်ကွက်မှ ရတနာတခုရဲ့အတ္ထုပတ္တိ)
……………………………………………………………
.
.
.
.
.
. "လူတွေကိုရယ်အောင်လုပ်နေတဲ့
လူတယောက်ရဲ့နောက်မှာ
မျက်ရည်တွေပေးဆပ်ထားရတယ်။
ကိုယ်ငိုပြမှ လူတွေရယ်အောင်လုပ်
ရတဲ့အလုပ်လောက်လောကမှာခက်
တာမရှိဘူး"

ဂျက်လီ
၁၉၆၃ ခုနှစ် ဧပြီလ ၂၆ရက်နေ့ ။
အခြေအနေရော အချိန်အခါရောအဆိုး
ဖက်မှာရှိနေချိန် မိသားစုစားဝတ်နေရေးခက်ခဲမူ
ကိုလွန်ပြီး တနေ့ထမင်း၂နှပ်တောင်နပ်မှန်အောင်
ရုန်းကုန်နေရတဲ့အချိန် တရုတ်နိုင်ငံ ပေကျင်းမြို့
စွန် စစ်တပ်ကချပေးထားတဲ့ကျူးကျော်တွေအ
တွက်ရက်ကွက်တခုမှာ သူ့ကိုမွေးဖွားခဲ့ပါတယ်။

#‎Rowan_Atkinson‬ ( ၂၁ရာစုကမ္ဘာ့အတော် ဆုံးဟာသပညာရှင် (သို့) လူအများရယ်စေတဲ့လူ ပေါတစ်ယောက်ရဲ့နောက်ကွယ်အမှန်တရားများ (သို့)Oxfordကလူပေါတစ်ယောက်ရဲ့အတ္ထုပ္ပတ္တိ)


Htet Wa Na added 16 new photos — with Daw Nwe Nwe and 50 others.

‪#‎Rowan_Atkinson‬ ( ၂၁ရာစုကမ္ဘာ့အတော်
ဆုံးဟာသပညာရှင် (သို့) လူအများရယ်စေတဲ့လူ
ပေါတစ်ယောက်ရဲ့နောက်ကွယ်အမှန်တရားများ
(သို့)Oxfordကလူပေါတစ်ယောက်ရဲ့အတ္ထုပ္ပတ္တိ)
..…………………………………………………………
.
.
.

"တချို့လူတွေကကမ္ဘာ့ကြီးကို
ပြောင်းလဲချင်ကြတယ်။
ဒါပေမယ့် ကမ္ဘာကြီးကမပြောင်းလဲပဲ
လူတွေရဲ့စိတ်ဓာတ်တွေကသာပြောင်း
လဲသွားကြတယ် "
Mr.Bean
" အပြုံးမျက်နှာဖုံးနဲ့နောက်မှာ
ငိုနေတဲ့မျက်နှာပိုင်ရှင်တွေရှိတယ်။
အထက်တန်းစားလူတချို့ရဲ့နောက်မှာ
အောက်တန်းစားအမူအကျင့်တွေ
ရှိတယ် "

အရမ်းကောင်းတဲ့စာလေး ဖတ်ကြည်နော့်

အရမ်းကောင်းတဲ့စာလေး ဖတ်ကြည်နော့်
✿▬❧▬✿▬❧▬✿▬❧▬✿▬❧▬✿
အသက်အရွယ်ရ မိန်းမတစ်ယောက်
လှချင်စိတ်ရှိပြီး အလှပြင်နေခြင်းဟာ
ယောကျာ်းတစ်ယောက် အတွက်ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။

သူမလှချင်နေတာ ၊ သူမကိုယ် သူမနှစ်လိုဖွယ်ရှိအောင်
ပြင်ဆင်ဖြစ်တာက သူမအတွက်သူမ
ပြင်ဆင်တာပါလို့ပြောရင် ပိုမှန်ပါလိ့မ်မယ်။
အသက်ကြီးလာလို့ အလှပြင်ရင်
သူများကဲ့ရဲ့မှာကို ပူပန်ကောင်း ပူပါပါလိမ့်မယ်။
ဒါပေမဲ့ သူမရဲ့ အသက်ရွယ်အလျောက်
အထိုက်အလျောက်ကတာ့
ပြင်ဆင်နေထိုင်သင့်ပါတယ်လို့တော့ ထင်ပါတယ်။

အိမ်သုံးဆား၏ အသုံးဝင်ပုံများ

အိမ်သုံးဆား၏ အသုံးဝင်ပုံများ

------------------------------------- #လှပတ္တမြား

အိမ်သုံးဆားကို ဟင်းချက်ရာမှာသာမက အောက်ပါအခြေအနေတွေမှာပါ အသုံးပြုနိုင်ပါတယ်။

၁။ သန့်ရှင်းရေးသုံးပစ္စည်းအဖြစ် အသုံးပြုနိုင်ခြင်း

ဆားကို နှစ်ပေါင်းများစွာကတည်းက အိမ်အတွင်းအပြင် သန့်ရှင်းရေးလုပ်ရာမှာ အသုံးပြုကြပါတယ်။ ဆားက အဆိပ်အတောက် မဟုတ်ဘဲ လုံးဝအန္တရာယ်ကင်းတဲ့အတွက် ကမ္ဘာပေါ်မှာရှိတဲ့လူအများစုက ဆားကို အရာအားလုံးနီးပါးမှာ
သန့်ရှင်းရေးလုပ်ဖို့အတွက် အသုံးပြုကြပါတယ်။

Present Simple နဲ့ Present Continuous ကြား ဘာတွေများကွာခြားနေလဲ ..

Present Simple နဲ့ Present Continuous ကြား ဘာတွေများကွာခြားနေလဲ ..
..................................................................
(1.1) Present Simple : Things which are always true..
အမြဲမှန်တဲ့ အကြောင်းအရာများအတွက်သုံးပါတယ်
Water boils at 100 degrees.
ရေက အပူချိန် ၁၀၀ ဒီဂရီမှာ ဆူပွက်ပါတယ်
..
(1.2) Present Continuous : Things which are happening at the moment of speaking..
ပြောနေတဲ့ အခိုက်အတန့်မှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာများအတွက် သုံးပါတယ်
The water is boiling now, so you can make the tea.
ရေနွေးက အခုဆူနေပြီ ၊ အဲဒါကြောင့် ခင်ဗျား လက်ဖက်ရည်ဖျော်လို့ရပါပြီ

''Say/Tell/Speak/Talk ဘယ်လိုပြောမလဲ။''



ဆရာဦးဇော်ဝေ

''Say/Tell/Speak/Talk
ဘယ်လိုပြောမလဲ။''
/နည်းနည်းရှုပ်တယ်ထင်ရပေမယ့်
နားလည်အောင်ဖတ်ဖို့တိုက်တွန်းပါရစေ။/
[က]
Say is used with direct and indirect speech.
>>>''Say'' ကို Direct and indirect မှာသုံးပါတယ်။
>>Say is most often used without a personal object.
>>Say ကို ပုဂ္ဂလကံပုဒ်မပါပဲ
အများအားဖြင့်သုံးပါတယ်။
>>If we want to put a personal object after say, we use to.
Personal Object သုံးချင်ရင်တော့
''To'' ကို say ရဲ့နောက်မှာ သုံးပါ။
>>She said that it was my last chance.
ဒါငါ့ရဲ့နောက်ဆုံးအခွင့်အရေးလို့
သူမက ပြောခဲ့တယ်။

ပိုက်ဆံစုမယ်ဆို ဒီလိုစုပါ ...

ပိုက်ဆံစုမယ်ဆို ဒီလိုစုပါ ...

၁ - လူအထင်ကြီးမှာတစ်ခုတည်းအတွက်နဲ့ ဘယ်ပစ္စည်းမှာမဝယ်နဲ့။

၂ - အသေးသုံးလေးတွေကိုလည်း သေချာဂရုစိုက်။

၃ - ပိုက်ဆံမရှိတဲ့လူငယ်ဟာ ကိစ္စသိပ်မရှိပေမဲ့ ပိုက်ဆံမရှိတဲ့လူကြီးတစ်ယောက်ကတော့ ပြဿနာပေါင်းစုံဖြစ်နိုင်ပါတယ်။ အနာဂတ်အတွက်ဦးစားပေးပြီး ပိုက်ဆံသုံးပါ။

၎ - ဝင်ငွေထွက်ငွေကို အမြဲကြိုတင်တွက်။

၅ - အေးအေးဆေးဆေးသမားတွေထက် အလုပ်ပိုကြိုးစား။

သင်လည်း ဖြစ်နိုင်ချေရှိပါတယ်။

လွန်ခဲ့တဲ့နှစ် ၄ဝ တုန်းက
ဘယ်ဘက်က ထေ့ပြုံးပြုံးနေတဲ့သူငယ်ဟာ
အခုအချိန်မှာ တရုတ်ပြည်ရဲ့အချမ်းသာဆုံးလူဖြစ်လိမ့်မယ်လို့
ဘယ်သူတွေးထင်ခဲ့မလဲ....

သင့်ဘေးက အပေါင်းအဖော်တွေကိုတန်ဖိုးထားပါ၊
အရာအားလုံး ဖြစ်နိုင်ချေရှိတယ်၊
သင်လည်း ဖြစ်နိုင်ချေရှိပါတယ်။

ဒေါ်ခင်ကြည်

ဒေါ်ခင်ကြည်

ဒေါ် အောင်ဆန်း စုကြည်၏ မိခင်သည် ဖခင် ဖြစ်သူ လောက်လူသိမများပါ။ သို့သော်လည်း ဒေါ်အောင်ဆန်း စုကြည် ဘဝတွင် သူ၏ လွှမ်းမိုးမှုကို ပစ်ပယ်၍ မထား သင့်ပါ။ ဒေါ်အောင်ဆန်း စုကြည်က သူ့ဖခင် ဗိုလ်ချုပ် အောင်ဆန်း၏ အသွင် အပြင်၊ အသိဥာဏ် ပညာနှင့် အတွေး အမြင်များကို အမွေ ဆက်ခံနိုင်ခဲ့ ခြင်းမှာ သူ့ဘဝကို မြှင့် တင်ပေး ခဲ့သည့် တာဝန် ကျေပွန်သော စိတ်ထား ဖြောင့်မှန် သော မိခင် ဖြစ်သူ ဒေါ်ခင်ကြည် ကြောင့် ဖြစ်သည်။

ဒေါ်အောင်ဆန်း စုကြည်နှင့် ပထမဆုံး တွေ့ဆုံ မေးမြန်းခဲ့သည့် အချိန်တွင် သူ၏ မိခင်ဖြစ်သူ အကြောင်း ကျမက ရည်ရွယ်ချက် ရှိရှိဖြင့် အကြိမ် ကြိမ် မေးမြန်း ခဲ့ပါသည်။

အဘယ်ကြောင့် ဆိုသော် ဗိုလ်ချုပ် အောင်ဆန်းနှင့် ပတ်သက်သော ရေးသား မှုများ အမြောက် အမြား ရှိခဲ့ပြီး ဖြစ်သော်လည်း ဒေါ်ခင်ကြည်၏ အကြောင်းက အနည်းငယ် မျှသာ ရှိသည်။ မိခင်ဖြစ်သူထံမှ မည်သည့်အရာများသင်ယူ နိုင်ခဲ့ပါသလဲဟု မေးသည့်အခါ “တာဝန်သိမူ” ဟု ချက်ချင်းဖြေပါသည်။ ခဏမျှ စဉ်းစားပြီးသောအခါ “စည်းကမ်း၊ သတ္တိ၊ စိတ်ဓာတ်ကြံ့ခိုင်မှု အဲဒီအရည် အသွေးတွေ အားလုံးကို ကျမရဲ့ မိဘ ၂ ဦးလုံးဆီက ရရှိခဲ့တယ်လို့ ကျမထင်တယ်” ဟု သူက ထပ်ပြော သည်။

အသက်ရှင်ရပ်တည်ဖို့ လူတိုင်းချစ်ခင်ခံဖို့မလိုပါဘူး အရိုးစင်းဆုံးနေသွားဖို့သာ မင်းတာဝန်ပါ။

အသက်ရှင်ရပ်တည်ဖို့
လူတိုင်းချစ်ခင်ခံဖို့မလိုပါဘူး
အရိုးစင်းဆုံးနေသွားဖို့သာ မင်းတာဝန်ပါ။
♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕

ကြက်ကလေးက ကြက်အမေကြီးကိုမေးတယ်၊

`မေမေ .. ဒီနေ့ ဥမဥလို့ရလား.. သားတို့အပြင်ထွက်လျှောက်လည်ကြမယ်လေ.. ´

ကြက်မကြီးက ` မရဘူးသား၊ မေမေ့အလုပ်ရှိသေးတယ်´

`ဒါပေမယ့် မေမေ အများကြီးဥခဲ့ပြီးပြီလေ ´ လို့ ကြက်ကလေးက ပြန်ပြောတယ်

ကြက်မကြီးက လေးလေးနက်နက် အသံနဲ့ ကြက်ကလေးကို ပြန်ပြောတယ်..

` အမေ တစ်နေ့ဥတစ်လုံးဥမှ လယ်သမားကြီးရဲ့ဟင်းခွက်ထဲ မရောက်မှာ..

ကလေးမင်းမှတ်ထား ....

ဘယ်ပန်းချီရေးလို့မမီ-ဇော်ဝမ်း



အချစ်ဂန္တဝင်စုံတွဲတေး-ဇော်ဝမ်း & မို့မို့ဇော်ဝင်း