Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, June 26, 2016

မြန်မာပြည်က ကျောင်းသားလေးတွေနဲ့ မိဘတွေဟာ ဘာ College ညာ College ဆိုတဲ့ Private College တက်ဖို့ သိပ်စိတ်အားထက်သန်ကြတယ်..

မြန်မာပြည်က ကျောင်းသားလေးတွေနဲ့ မိဘတွေဟာ ဘာ College ညာ College ဆိုတဲ့ Private College တက်ဖို့ သိပ်စိတ်အားထက်သန်ကြတယ်..

အဲ့ဒီကျောင်းတွေက ပေးတဲ့ HND Diploma Level ဘယ်လောက်ဆိုတဲ့ ဒီပလိုမာရရင် အင်္ဂလန်က ကျောင်းတွေ တန်းတက်လို့ ရမှာဆိုပြီး ငွေဘယ်လောက်ကုန်ကုန် ရင်းကြတယ်..

ကိုယ့်အမြင်ကို မကွယ်မဝှက်တမ်းပြောရရင် လုံးဝအားမပေးပါဘူး.. ကျောင်းလခတွေ စာမေးပွဲကြေးတွေက ဒေါ်လာတွေ ပေါင်တွေနဲ့ သွင်းရတာ မဟုတ်လား.. ကိုယ့်မှာလည်း HND လို ဒီပလိုမာတွေ ရှိဖူးတော့ အင်မတန်ငွေကုန်ကြေးကျများသလောက် ပြန်ရတနဲ့ မကာမိလှဘူးလို့ပဲ ထင်ပါတယ်..

တကယ်တမ်း မိဘဝတ္တရားကျေဖို့ရာ ကျောင်းကြီးကျောင်းကောင်းတွေ ထားပေး၊ အပ်ပေးမှ မဟုတ်ပါဘူး.. ကိုယ့်သားသမီးဘဝအကောင်းဆုံးဖြစ်ဖို့ အချိန်မကုန်၊ လူမပင်ပန်းဘဲ အသင့်တော်ဆုံး ရွေးချယ်မှုတွေ လုပ်နိုင်ဖို့ ဖန်တီးပေးနိုင်တာလည်း မိဘဝတ္တရား ဖြည့်ဆည့်းနိုင်တာပါပဲ.. မဟုတ်ရင် မတတ်နိုင်တဲ့ မိဘတွေခမျာ မိဘဝတ္တရား မကျေဘူးလို့ နှောင်းလူတို့ အပြစ်ဖို့နေပါ့မယ်..

HND Diploma ဆိုတာ Higher National Diploma ကို အတိုကောက်ခေါ်တာပါ.. အင်္ဂလန်၊ ဝေးလ်နယ်နဲ့ မြောက်ပိုင်းအိုင်ယာလန်ပညာရေးစနစ်မှာ အသိအမှတ်ပြုတဲ့ ဒီပလိုမာပါပဲ.. စကော့တလန်မှာတော့ SQA လို့ သုံးပါတယ်..

အကြမ်းဖျင်းအားဖြင့် HND Diploma Level 5/ 6 ကို တက္ကသိုလ်ဒုတိယနှစ်၊ ဒါမှမဟုတ် တတိယနှစ်နဲ့ ညီတယ်လို့ အသိအမှတ်ပြုကြပါတယ်.. ဒီတော့ မြန်မာပြည်မှာ HND ဒီပလိုမာ တက်ပြီးရင် နိုင်ငံခြားမှာ နောက်ဆုံးနှစ်တွေ ဘာတွေ သွားတက်ဖို့ ကျောင်းတွေက ဆွယ်ကြပါတယ်..

အဲ့လို HND Diploma ကြီးနဲ့ နောက်ဆုံးနှစ်ကို join တာကိုTop up လို့ ခေါ်ပြီး အဲ့လိုတက်တာကို မြန်မာပြည်က အေးဂျင့်တွေ၊ ကျောင်းခွဲတွေကတော့ မစားရဝခမန်း အားပါးတရ ကြော်ငြာပေမယ့် အချိန်တန်လို့ ဘွဲ့ရတဲ့အခါ ရတဲ့လက်မှတ်က မတူပါဘူး.. အတန်းစဉ် အစအဆုံး တက်ခဲ့တဲ့ကျောင်းသားတွေက ဘွဲ့လက်မှတ်တစ်မျိုး၊ နောက်ဆုံးနှစ်မှ ဖြတ်တက်တဲ့သူတွေက ဘွဲ့လက်မှတ်တစ်မျိုး၊ အခွဲခြားခံရပါတယ်.. အဲ့သလို Agent နဲ့ Private College တွေ ကျေးဇူးကြောင့် ဘိလပ်မှာ လူလည်အာရှသားတွေခမျာ မကြာမကြာ အချဉ်သိပ် ဂျင်းထည့် ခံရတော့တာပါပဲ..

ဒါဖြင့် တခြားနည်းလမ်းမရှိဘူးလားဆိုရင် HND Diploma တက်ပြီး နောက်ဆုံးနှစ်ကို UK မှာ လာတက်တာထက်စာရင် ပိုကောင်းတဲ့ရွေးချယ်စရာ ရှိပါတယ်..

အဲဒါကတော့ မြန်မာပြည် အစိုးရတက္ကသိုလ်မှာ ဘွဲ့ရတဲ့အထိ ကျောင်းတက်၊ ကျောင်းတက်တုန်းမှာ အမှတ်ကောင်းအောင်လုပ်.. ဂုဏ်ထူးတန်း မဟုတ်ရင်တောင် အောင်မှတ်ကပ်အောင်တာမျိုး မဟုတ်ဘဲ Upper Second Class (2:1) လို့ အင်္ဂလန်အခေါ်၊ မြန်မာလို GPA (Grade Point Average) 3.6 လောက် ရရင် မြန်မာပြည်မှာ ဘွဲ့ရတဲ့အခါ အင်္ဂလန်မှာ Master တန်း တက်ဖို့ရာ မခက်တော့ပါဘူး..

ဘာသာစကားဝင်ခွင့်သတ်မှတ်ချက်က မာစတာတက်ဖို့ဆိုရင် အနိမ့်ဆုံး (Listening, Reading, Writing & Speaking) မှာ IELTS 6 ရထားပြီး စုစုပေါင်းကို 6.5 ရအောင် ဖြေနိုင်ရင် အင်္ဂလန်ကျောင်းဝင်ခွင့်ဟာ ဘာမှ ထူးထူးခြားခြား ခက်လှတဲ့အရာ မဟုတ်ပါဘူး.. (ကျောင်းလခလည်း ထောက်ပံ့မယ့်သူရှိရင်ပေါ့နော်)..

အကယ်၍များ ကိုယ်က ကျောင်းစာလည်း သိပ်တော်၊ အင်္ဂလိပ်စာ ကျွမ်းကျင်၊ ကျောင်းဝင်ခွင့်စာတမ်းလည်း လန်ပျံနေအောင် ရေးနိုင်ရင်တော့ အင်္ဂလန်မှာ တက်ဖို့ Scholarship ကို ရန်ကုန်က ဗြိတိန်သံရုံးမှာ မေးမြန်းပြီး လျှောက်လို့ ရပါသေးတယ်.. (ကိုယ့်တုန်းက တုံးခဲ့တယ်.. ဘယ်သူ့မေးရမှန်း မသိလို့)

နောက်ပြီး အင်္ဂလန်ကျောင်းတွေရဲ့ တချို့မာစတာတွေဟာ နှစ်နှစ် ဆိုပေမယ့် တချို့အတန်းတွေက တစ်နှစ်ပဲ တက်ရတာပါ.. Master ဘွဲ့ရဖို့ တစ်နှစ်စာပဲ အချိန်ကုန်၊ နေထိုင်စရိတ်ကုန်မယ့်တူတူတော့ ဘာလို့ရိုးရိုးဘွဲ့ နောက်ဆုံးတစ်နှစ် လာတက်ခိုင်းနေမှာလဲ.. Private College တွေက ပိုက်ဆံတွေ ရိတ်ကလည်း ရိတ်ပါဘိနဲ့.. နှမျောစရာပါ..

မာစတာဘွဲ့တက်မယ်ဆိုရင် တစ်ခုပါပဲ.. ကိုယ်တက်တဲ့ကျောင်းဟာ တကယ်စာတတ်အောင် သင်မယ့်၊ တွေးတတ်အောင် သင်ပေးမယ့်၊ အစိုးရ အသိအမှတ်ပြု ကျောင်းကောင်းဖြစ်ဖို့ပါပဲ.. မဟုတ်ရင် အင်္ဂလန်မှာ MBA လာတက်လည်း ကျောင်းလေးနှစ်ရက်တစ်ပိုင်း၊ Assignment လေး မည်ကာမတ္တနဲ့ ဘာမှမတတ်ဘဲ အိယောင်ဝါးဖြစ်ရပြီး ဘယ်နိုင်ငံတကာအဖွဲ့အစည်းတွေဆီမှ မတိုးနိုင်ရင်လည်း အလကားအင်္ဂလန်ပြန် ဖြစ်နေပါ့မယ်.. ဒါလေးပဲ သတိထားစရာ ရှိတာပါ..

တက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းလခနဲ့ မာစတာကျောင်းစရိတ် နည်းနည်းတော့ ကွာပေမယ့် အချိန်တစ်နှစ်စာ ကုန်ရမှာချင်းတူတူ၊ တစ်နှစ်စာ အသုံးစရိတ် နေထိုင်စရိတ်ကုန်ရမယ့်တူတူ မာစတာဘွဲ့ရထားရင် ပိုက်ဆံပြန်ရှာရတာ ထင်သလောက် မခက်ပါဘူး..

အဲ့ဒါကြောင့် ဆယ်တန်းလောလောလတ်လတ်အောင်ထားတဲ့ သားသမီးရှင် မိဘများကို Private College တွေမှာ ထားပြီး အကုန်ခံတာထက်စာရင် မြန်မာပြည်တက္ကသိုလ်တွေမှာပဲ ကျောင်းပြီးအောင် ထားပြီး ကုန်မယ့်ကုန် တန်အောင်ကုန်မယ့် မာစတာတန်းသာ အင်္ဂလန်မှာ ထားစေချင်တာပါပဲ..

(စကားမစပ်၊ ပိုး သြဂုတ်လကုန်လောက် မြန်မာပြည်ထဲ ပြန်လာမှာပါ.. အဲဒီကျရင် အသေးစိတ် သိချင်ရင် ဖုန်းဆက်မေးတာတွေ၊ လူကိုယ်တိုင်တွေ့မေးတာတွေ လုပ်လို့ ရပါတယ်.. အားခဲ့ရင်ပေါ့နော်.. အကြံပေးခ တစ်ပြားတစ်ချပ်မှ မယူဘဲ ကူညီပါ့မယ်.. မလိုအပ်ဘဲ ပိုက်ဆံကုန်၊ အချိန်ကုန်တာတွေ ကင်းကြပါစေ.. )

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။