နှုတ်မဆက်နဲ့ မက်ဆီ
----------------------
"ကျွန်တော့်အတွက်တော့ ဆေးထိုးတာဟာ သွားတိုက်သလိုပါပဲ။ ကျွန်တော်ဒီလို လုပ်တာကို (ကိုယ်ကိုယ်တိုင်နေ့တိုင်းေ ဆးထိုးတာကို)
စစချင်းမှာ လူတွေက ထူးဆန်းကြတယ်။ နောက်တော့လည်း သူတို့မြင်ကျင့်ရသွားတာပဲ။
ဒါဟာ ဘာအခက်အခဲပါလို့ ကျွန်တော်မထင်ခဲ့ဘူး။ ဒါဟာ
ကျွန်တော့်အနာဂတ်အတွက်အရေးပါတဲ့အရာမို့ပါ။ ပြီးတော့ ဘောလုံးနဲ့လည်း သက်ဆိုင်မှုရှိလို့။ ဒီတာဝန်ကို ကျွန်တော်ယူရတယ်"
.
အသက် ၁၁ နှစ်အရွယ်တုန်းက ခန္ဓာကိုယ်ကြီးထွားမှုဟိုမုန်းဓာတ်ချို့တဲ့ရောဂါကြောင့် နေ့တိုင်းကိုယ်တိုင်ဆေးထိုး ခဲ့ရတာကို မက်ဆီပြန်ပြောင်းပြောခဲ့တယ် ။ ၁၁နှစ်အရွယ်တုန်းကမက်ဆီဟာ ၈နှစ်အရွယ်အရပ်သာရှိခဲ့တယ်။
.
"ဘောလုံးလောကမှာ ထာဝရတည်မြဲတဲ့ တောက်ပမှုဆိုတာမရှိပါဘူး။ အခက်အခဲဒုက္ခတွေ နေရာတိုင်းမှာ အမြဲရှိနေပါတယ်။ ကျွန်တော်က ကံကောင်းသူပါ။ Frank Rijkaard ၊ Pep Guardiola တို့နဲ့ ကျွန်တော်ဆုံခွင့်ရခဲ့တယ်။"
.
"ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ရှိပါ၊
ကိုယ့်မိသားစုကို ယုံကြည်ပါ၊ ကိုယ့်ကြိုးစားမှုတိုင်း အရာထင်မယ်လို့
ယုံကြည်ပါ၊ ဘောလုံးကြောင့် ဘယ်လိုအောင်မြင်သလဲလို့
လူတွေကျွန်တော့်ကိုမေးတဲ့အခါ ဘောလုံးနဲ့ နံရံကို အကြိမ်ကြိမ်တိုက်ခဲ့၊ ကန်ခဲ့တဲ့ ကိုယ့်ပုံရိပ်ကိုပဲ ကျွန်တော့်ခေါင်းထဲမှာ မြင်ယောင်မိတယ်"
.
သူ ဘောလုံးမင်းသားမဟုတ်ပါဘူး။ ပြိုင်ပွဲတစ်ခုတိုင်းကို ကောင်းသထက်ကောင်းအောင်ပဲ ကန်ချင်ခဲ့သူပါ။ ထူးဆန်းအံ့သြမှုတွေ သူမလုပ်နိုင်ဘူးလို့ ယုံကြည်ခဲ့ရင်တောင် မက်ဆီဟာ ဘာအခက်အခဲ၊ ဘာဒုက္ခကိုမှ မကြောက်သူဆိုတာကိုတော့ ယုံကြည်လိုက်ပါ။
.
မက်ဆီဟာ သူရဲ့ဘောလုံးအထွတ်အထိပ်ကာလမှာ စိတ်ရောကိုယ်ပါ နိုင်ငံအသင်းအပေါ် အာရုံစူးစိုက်ပုံအပ်ထားခဲ့တ ယ်။
ရွှေဘောလုံးဆုကို သူဂရုမစိုက်ခဲ့ဘူး၊ ကမ္ဘာ့အကောင်းဆုံး
ဘောလုံးသမားဆိုတဲ့ဂုဏ်ကို သူမမက်ခဲ့ဘူး။ ကိုယ့်နိုင်ငံအတွက်
ချန်ပီယံဆုတစ်ဆုကိုပဲ သူအရယူပေးချင်ခဲ့တယ်။ အားသွန်ခွန်စိုက်
သွေးထွက်ဒဏ်ယို သူပေးဆပ်ခဲ့ပြီးတဲ့နောက် သူရခဲ့တဲ့ရလဒ်က...
"အာဂျင်တီးနားရေ... ကျေးဇူးပြုပြီး ငါ့အတွက်မငိုကြွေးပါနဲ့"
ဆိုတာပဲဖြစ်တယ်။
.
မက်ဆီ..
အာဂျင်တီးနားလက်ရွေးစင်အသင်းကနေ အနားယူတဲ့ဆုံးဖြတ်ချက်ကို ပြန်လည်ရုပ်သိမ်းပေးပါ။
ခုမဟုတ်ပါဘူး.. ချက်ချင်းမဟုတ်ပါဘူး... အခုချက်ချင်းဆိုရင် မင်းကို ရက်စက်ရာကျသွားလိမ့်မယ်။ မင်းရဲ့ပရိတ်သတ်၊ မင်းရဲ့Fans တွေ... မင်းအဝေးကို ယာယီထွက်သွားမှာကို နားလည်ပါတယ်။ နေရာလပ်တစ်ခု၊ ကိုယ့်ကိုယ်ကိုယ်ကုသဖို့ မင်းလိုအပ်နေတာကို နားလည်ကြပါတယ်။
.
ဒါပေမယ့် ၂ဝ၁၈ခုနှစ် ရုရှားကမ္ဘာ့ဖလားကျရင် မင်းရဲ့ပရိသတ်တွေ မင်းရဲ့လက်မှတ်ကိုရဖို့ La Plata မြစ်ကမ်းတစ်လျှောက်ကနေ အာဂျင်တီးနားဘောလုံးအဖွဲ့အစ ည်းတံခါးရှေ့ စုရုံးရောက်လာကြမယ်ဆိုတာကို ယုံကြည်ပေးပါ။ ပါဆယ်လိုနားအသင်းအဖွဲ့ရဲ့အီးမေးလ်ထဲမှာ မင်းပြန်အလာကိုမျှော်လင့်နေ မယ့် အီးမေးလ်တွေအပြည့်ရှိနေမယ်ဆိုတာကို ယုံကြည်ပေးပါ။ အဲဒီအချိန်ကျရင် မင်းစိတ်အားထက်သန်တက်ကြွနေမ ယ်ဆိုတာကို ယုံကြည်ပါ။ အဲဒီအချိန်ကျရင် ၃၁နှစ်ပဲရှိသေးမယ့်မင်းလည်း နိုင်ငံအသင်းကနေ ဒီလိုပဲထွက်ခွာသွားတာကို မကျေမနပ်ဖြစ်နေလိမ့်မယ်ထင်ပါတယ်။
.
မင်းကို ငါတို့နှုတ်ဆက်ပါတယ်..ပြီးတော့ မင်းကို ငါတို့စောင့်မျှော်နေမယ် မက်ဆီ...
----------------
ဆက်စပ်သတင်း.....
အသက်(၂၉)နှစ်အရွယ်တွင် နိုင်ငံတကာ ဘောလုံးသမားဘ၀မှ အနားယူလိုက်သည့် လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား မက်ဆီ၏ အာဂျင်တီးနား လက်ရွေးစင် ကစားသမားဘ၀မှာ (၁၀)နှစ်၊ (၁၀)လ၊ (၁၀)ရက် ကြာမြင့်ခဲ့ကြောင်း Eurosport သတင်းဌာနမှ ဖော်ပြခဲ့သည်။
မက်ဆီသည် အာဂျင်တီးနား လက်ရွေးစင် ကစားသမားဘ၀တွင် နိုင်ငံတကာပြိုင်ပွဲကြီး ဗိုလ်လုပွဲအဆင့်သို့ (၄)ကြိမ် တက်ရောက်ခဲ့ဖူးသည်။ မက်ဆီ တက်ရောက်ဖူးသည့် ဗိုလ်လုပွဲများမှာ ၂၀၁၄ ကမ္ဘာ့ဖလားနှင့် ၂၀၀၇၊ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိက ဗိုလ်လုပွဲများဖြစ်ပြီး ယင်း(၄)ကြိမ်စလုံးကို ရှုံးနိမ့်ခဲ့သည်။
မက်ဆီသည် အာဂျင်တီးနား လက်ရွေးစင် ကစားသမားဘ၀တွင် (၁၁၃)ပွဲ ကစားကာ (၅၅)ဂိုး သွင်းယူခဲ့ကြောင်း သိရသည်။
--- from Eleven Media Group
.
မက်ဆီ့ပရိသတ်တွေအတွက် ဖတ်မိသမျှ ဘာသာပြန်မျှဝေပါတယ်..
နိုင်းနိုင်းစနေ
----------------------
"ကျွန်တော့်အတွက်တော့ ဆေးထိုးတာဟာ သွားတိုက်သလိုပါပဲ။ ကျွန်တော်ဒီလို လုပ်တာကို (ကိုယ်ကိုယ်တိုင်နေ့တိုင်းေ
.
အသက် ၁၁ နှစ်အရွယ်တုန်းက ခန္ဓာကိုယ်ကြီးထွားမှုဟိုမုန်
.
"ဘောလုံးလောကမှာ ထာဝရတည်မြဲတဲ့ တောက်ပမှုဆိုတာမရှိပါဘူး။ အခက်အခဲဒုက္ခတွေ နေရာတိုင်းမှာ အမြဲရှိနေပါတယ်။ ကျွန်တော်က ကံကောင်းသူပါ။ Frank Rijkaard ၊ Pep Guardiola တို့နဲ့ ကျွန်တော်ဆုံခွင့်ရခဲ့တယ်။"
.
"ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု
.
သူ ဘောလုံးမင်းသားမဟုတ်ပါဘူး။ ပြိုင်ပွဲတစ်ခုတိုင်းကို ကောင်းသထက်ကောင်းအောင်ပဲ ကန်ချင်ခဲ့သူပါ။ ထူးဆန်းအံ့သြမှုတွေ သူမလုပ်နိုင်ဘူးလို့ ယုံကြည်ခဲ့ရင်တောင် မက်ဆီဟာ ဘာအခက်အခဲ၊ ဘာဒုက္ခကိုမှ မကြောက်သူဆိုတာကိုတော့ ယုံကြည်လိုက်ပါ။
.
မက်ဆီဟာ သူရဲ့ဘောလုံးအထွတ်အထိပ်ကာလမ
.
မက်ဆီ..
အာဂျင်တီးနားလက်ရွေးစင်အသင်
ခုမဟုတ်ပါဘူး.. ချက်ချင်းမဟုတ်ပါဘူး... အခုချက်ချင်းဆိုရင် မင်းကို ရက်စက်ရာကျသွားလိမ့်မယ်။ မင်းရဲ့ပရိတ်သတ်၊ မင်းရဲ့Fans တွေ... မင်းအဝေးကို ယာယီထွက်သွားမှာကို နားလည်ပါတယ်။ နေရာလပ်တစ်ခု၊ ကိုယ့်ကိုယ်ကိုယ်ကုသဖို့ မင်းလိုအပ်နေတာကို နားလည်ကြပါတယ်။
.
ဒါပေမယ့် ၂ဝ၁၈ခုနှစ် ရုရှားကမ္ဘာ့ဖလားကျရင် မင်းရဲ့ပရိသတ်တွေ မင်းရဲ့လက်မှတ်ကိုရဖို့ La Plata မြစ်ကမ်းတစ်လျှောက်ကနေ အာဂျင်တီးနားဘောလုံးအဖွဲ့အစ
.
မင်းကို ငါတို့နှုတ်ဆက်ပါတယ်..ပြီးတေ
----------------
ဆက်စပ်သတင်း.....
အသက်(၂၉)နှစ်အရွယ်တွင် နိုင်ငံတကာ ဘောလုံးသမားဘ၀မှ အနားယူလိုက်သည့် လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား မက်ဆီ၏ အာဂျင်တီးနား လက်ရွေးစင် ကစားသမားဘ၀မှာ (၁၀)နှစ်၊ (၁၀)လ၊ (၁၀)ရက် ကြာမြင့်ခဲ့ကြောင်း Eurosport သတင်းဌာနမှ ဖော်ပြခဲ့သည်။
မက်ဆီသည် အာဂျင်တီးနား လက်ရွေးစင် ကစားသမားဘ၀တွင် နိုင်ငံတကာပြိုင်ပွဲကြီး ဗိုလ်လုပွဲအဆင့်သို့ (၄)ကြိမ် တက်ရောက်ခဲ့ဖူးသည်။ မက်ဆီ တက်ရောက်ဖူးသည့် ဗိုလ်လုပွဲများမှာ ၂၀၁၄ ကမ္ဘာ့ဖလားနှင့် ၂၀၀၇၊ ၂၀၁၅၊ ၂၀၁၆ ကိုပါအမေရိက ဗိုလ်လုပွဲများဖြစ်ပြီး ယင်း(၄)ကြိမ်စလုံးကို ရှုံးနိမ့်ခဲ့သည်။
မက်ဆီသည် အာဂျင်တီးနား လက်ရွေးစင် ကစားသမားဘ၀တွင် (၁၁၃)ပွဲ ကစားကာ (၅၅)ဂိုး သွင်းယူခဲ့ကြောင်း သိရသည်။
--- from Eleven Media Group
.
မက်ဆီ့ပရိသတ်တွေအတွက် ဖတ်မိသမျှ ဘာသာပြန်မျှဝေပါတယ်..
နိုင်းနိုင်းစနေ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။