ဘဲဥတစ်လုံးရဲ့ဒဿန
+++++++++++++++
ဘဲဥတစ်လုံးဟာ ကျောက်ခဲတစ်လုံးနဲ့ မေတ္တာမျှပြီး အတူနေထိုင်ကြပါတယ်။ ထိလိုက်ခိုက်လိုက်နဲ့ ဘယ်လိုမှအဆင်မပြေတော့တာနဲ့ ဘဲဥလေးဟာ ကျောက်ခဲလုံးကိုဝမ်းနည်းစွာ ခွဲခွာလိုက်ရပါတယ်။ ဒီလိုနဲ့တစ်နေ့ကျတော့ ဘဲဥလေးဟာ ၀ါဂွမ်းနဲ့ တွေ့ဆုံသွားပါတယ်။ ၀ါဂွမ်းရဲ့နွေးထွေးစွာထွေးပိုက်မူအောက်မှာ ဘဲဥလေးဟာ သူ့ဘ၀အတွေ့အကြုံကို ဒီလိုဒဿနဆန်ဆန် ကောက်ချက်ချလိုက်ပါတယ်…...။
ကိုယ်ကဘယ်လောက်ပဲ သီးခံနေပါစေ အိမ်ထောင်ရေးဆိုတာ အပြန်အလှန်နွေးထွေးမူပေးမှ အဆင်ပြေမှာဖြစ်တယ်။
ကိုယ်ကဘယ်လောက်ပဲ ထူးချွန်နေပါစေ နားလည်တဲ့လူနဲ့တွေ့မှ လေးစားတတ်မှာဖြစ်တယ်။
ကိုယ်ကဘယ်လောက်ပဲ ပေးဆပ်ပေးဆပ် ကျေးဇူးတင်တတ်တဲ့လူနဲ့တွေ့မှ အလေးထား မှာဖြစ်တယ်။
ကိုယ်ကဘယ်လောက်ပဲ မေတ္တာစစ်နဲ့ ချစ်နေပါစေ တန်ဖိုးထားတတ်တဲ့လူနဲ့ ညားမှ အဆင်ပြေမှာဖြစ်တယ်။
နောက်ဆုံးတော့ ကိုယ်နဲ့ သင့်တော်တဲ့လူနဲ့တွေ့မှ ဘ၀ပျော်ရွှင်မူကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။
မိန်းခလေးဆိုတာ ဘဲဥနဲ့တူတတ်ပါတယ်။ များသောအားဖြင့် အသက်၁၈နှစ် အောက်တုန်းက ထားတဲ့ အချစ်ဦးတို့ ရည်းစားတို့ဆိုတာ တစ်ဘက်သားရဲ့ အပြင်အပမ်း ကာယအလှ ကိုသာအဓိက နှစ်သက်ပြီး ရည်းစားထားဖြစ်တာများပါတယ်။ ကျောက်ခဲလုံးကို ချစ်မိသလိုပါပဲ။ နှလုံးသားကို ဦးစားပေးတဲ့ ရလဒ်ဖြစ်ပါတယ်။
သင့်တော်တဲ့လူဆိုတာက နှလုံးသားသက်သက်ဖြင့် ရွေးချယ်တာမဟုတ်ဘဲ ဦးနောက်နဲ့ပါ ပါဝင်ကူညီရွေးချယ်မှ အဆင်ပြေမယ်လို့ ယူဆမိပါကြောင်း။
Ref: Wechat
Credit;Sya Aung Ko Latt
+++++++++++++++
ဘဲဥတစ်လုံးဟာ ကျောက်ခဲတစ်လုံးနဲ့ မေတ္တာမျှပြီး အတူနေထိုင်ကြပါတယ်။ ထိလိုက်ခိုက်လိုက်နဲ့ ဘယ်လိုမှအဆင်မပြေတော့တာနဲ့ ဘဲဥလေးဟာ ကျောက်ခဲလုံးကိုဝမ်းနည်းစွာ
ကိုယ်ကဘယ်လောက်ပဲ သီးခံနေပါစေ အိမ်ထောင်ရေးဆိုတာ အပြန်အလှန်နွေးထွေးမူပေးမှ အဆင်ပြေမှာဖြစ်တယ်။
ကိုယ်ကဘယ်လောက်ပဲ ထူးချွန်နေပါစေ နားလည်တဲ့လူနဲ့တွေ့မှ လေးစားတတ်မှာဖြစ်တယ်။
ကိုယ်ကဘယ်လောက်ပဲ ပေးဆပ်ပေးဆပ် ကျေးဇူးတင်တတ်တဲ့လူနဲ့တွေ့မ
ကိုယ်ကဘယ်လောက်ပဲ မေတ္တာစစ်နဲ့ ချစ်နေပါစေ တန်ဖိုးထားတတ်တဲ့လူနဲ့ ညားမှ အဆင်ပြေမှာဖြစ်တယ်။
နောက်ဆုံးတော့ ကိုယ်နဲ့ သင့်တော်တဲ့လူနဲ့တွေ့မှ ဘ၀ပျော်ရွှင်မူကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။
မိန်းခလေးဆိုတာ ဘဲဥနဲ့တူတတ်ပါတယ်။ များသောအားဖြင့် အသက်၁၈နှစ် အောက်တုန်းက ထားတဲ့ အချစ်ဦးတို့ ရည်းစားတို့ဆိုတာ တစ်ဘက်သားရဲ့ အပြင်အပမ်း ကာယအလှ ကိုသာအဓိက နှစ်သက်ပြီး ရည်းစားထားဖြစ်တာများပါတယ်။
သင့်တော်တဲ့လူဆိုတာက နှလုံးသားသက်သက်ဖြင့် ရွေးချယ်တာမဟုတ်ဘဲ ဦးနောက်နဲ့ပါ ပါဝင်ကူညီရွေးချယ်မှ အဆင်ပြေမယ်လို့ ယူဆမိပါကြောင်း။
Ref: Wechat
Credit;Sya Aung Ko Latt
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။