Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, June 25, 2016

Simple Present Tense နဲ့ သုံးလို့ရတာလေးတွေ စုံအောင်သိစေချင်လို့

Simple Present Tense နဲ့ သုံးလို့ရတာလေးတွေ စုံအောင်သိစေချင်လို့
............................................................................................
ကျောင်းမှာ သင်ခဲ့ရတာလေးတွေကို သူ့မှာသုံးခွင့်ရှိတဲ့ပုံစံ အကုန်သုံးလို့ရအောင် ကျယ်ကျယ်ပြန့်ပြန့် သိသွားစေချင်လို့ပါ.. နီးလျှက်နဲ့ဝေးနေတာ ၊ သိလျှက်နဲ့ မသုံးနိုင်တာတွေက ၀မ်းနည်းဖို့ ကောင်းတယ် မဟုတ်ပါလားဗျာ ..
..............................................
(1) General truths
..
ယေဘူယျ အမှန်တရားများ ၊ ပြောသူက မှန်တယ်လို့ ယူဆတဲ့ အကြောင်းအရာများ အတွက် သုံးပါ
..
(1.1) The sun RISES in the east.
အရှေ့အရပ်က နေထွက်တယ်
.
(1.2) Yangon IS a small city.
ရန်ကုန်က မြို့ငယ်လေး တစ်မြို့ပါ
(ပြောသူက မှန်တယ်ထင်ပြီးပြောတာဖြစ်လို့ သဒ္ဒါနည်းအရမှန်ပါတယ် ၊ အချက်အလက်မှားချင်မှားမယ် ၊ အချက်အလက်မှားတာလား ၀ါကျဆောက်နည်း မှားတာလား ခွဲမြင်ရပါမယ် ၊ အချက်အလက်မှားလို့ ဒီလိုမရေးရဘူးလို့ မယူဆသင့်ပါ)
...........................................
(2) Habits, Repeated actions and events
..
အလေ့အကျင့်တွေ ၊ ထပ်ခါထပ်ခါလုပ်တဲ့ လုပ်ဆောင်မှုတွေ ၊ ထပ်ခါထပ်ခါဖြစ်တဲ့ အဖြစ်အပျက်တွေ .. အတွက် သုံးပါ
..
(2.1) He DRINKS tea at breakfast.
သူက မနက်စာစားတဲ့အခါ လက်ဖက်ရည်သောက်လေ့ရှိပါတယ် (အလေ့အကျင့်)
.
(2.2) I PLAY tennis every Sunday.
ကျနော်က တနင်္ဂနွေနေ့တိုင်း တင်းနစ်ကစားပါတယ်
(ထပ်ခါထပ်ခါလုပ်တယ်..အလေ့အကျင့်တစ်ခုလိုပဲ ပုံမှန်လုပ်ဖြစ်တယ်)
.
(2.3) It RAINS in the hot season.
နွေရာသီမှာ မိုးရွာတယ် (ပုံမှန် ဒီအတိုင်းပဲ ဖြစ်နေလို့)
(တချို့နိုင်ငံတွေမှာ မိုးရာသီရယ်လို့ သီးခြားမရှိဘဲနဲ့ နွေရာသီကျမှ မိုးများများရွာပါတယ်)
................................................................
(3) Permanent situations
..
မပြောင်းလဲတော့တဲ့ အဖြစ်အပျက်များအတွက်သုံးပါ
.
(3.1) She WORKS in a bank.
သူ(မ)က ဘဏ်တစ်ခုမှာ အလုပ်လုပ်ပါတယ်
(လုပ်ခဲ့တာလဲကြာပြီ ပုံမှန်အတိုင်းဆို အဲဒီမှာပဲ ဆက်လုပ်နေတော့မယ် ၊ ပြောင်းလဲဖို့မရှိဘူးဆိုတဲ့သဘော)
.......................................................
(4) Future Timetable
..
အခုဖြစ်သေးတာမဟုတ်သော်လည်း အချိန်ဇယားတစ်ခု အတိုင်းပုံမှန် လုပ်ဆောင် ဖြစ်ပျက်နေတာတွေကိုသုံးပါ
..
(4.1) The train LEAVES tonight at 6 PM.
ရထားက ဒီနေ့ညနေ ၆ နာရီမှာ ထွက်ပါမယ်
(ပြောတဲ့အချိန်က ရထားထွက်ချိန်ထက် စောသေးတယ် ၊ သေချာနေလို့ will မသုံးပါဘူး ၊ ရထားထွက်ချိန်တွေက အချိန်ဇယားနဲ့ ပုံမှန်ရှိပြီးသားဖြစ်တယ်)
.
(4.2) When DOES class begin tomorrow?
မနက်ဖန်မှာ အတန်းချိန်က ဘယ်အချိန်မှာစမှာလဲ
(အတန်းချိန်က အချိန်ဇယားနဲ့ရှိပြီးသား သူက ခုမှကျောင်းစတက်မယ့်သူမို့ မသိလို့မေးတာမျိုး)
.
ဖြစ်ဖို့သိပ်သေချာတဲ့ ကိစ္စတွေမှာလည်းသုံးပါတယ်
..
(4.3) His mother ARRIVES tomorrow.
မနက်ဖန် သူ့အမေရောက်မယ်
(ကားစီးပြီးလာနေပြီ ၊ ဖုန်းလှမ်းဆက်ပြီးပြီ မနက်ရောက်မယ်လို့)
(will ထည့်လိုက်လျှင် မနက်ဖန်ရောက်ဖို့က အသေအချာကြီးကို ရောက်မယ်လို့ မဆိုလိုဘူး ၊ မှန်းဆပြီး ပြောသလို ဖြစ်သွားမယ် ၊ will မပါတော့ အသေအချာကြီး ရောက်ကိုရောက်မယ်ဆိုတဲ့ သဘောဖြစ်ပါတယ်)
..........................................................
(5) Future after when, until, before
..
အနာဂါတ်ကာလကိုဖေါ်ပြတဲ့ ၀ါကျတွေမှာ when, until, before တို့နဲ့စတဲ့ ၀ါကျပိုင်းလေးတွေ ချိတ်ဆက် အသုံးပြုတဲ့အခါ အဲဒီဝါကျပိုင်းမှာ simple present tense ကိုသုံးပါ
We often use the present simple directly after these words, even though we are talking about the future:
..
(5.1) I will travel around the world when I RETIRE.
ကျနော် အလုပ်က အနားယူတဲ့အခါ ကမ္ဘာပတ်ပြီး ခရီးသွားမယ်
(နောက်မှ အလုပ်ကနေအနားယူမှာပါ)
.
(5.2) I won’t go out until it STOPS raining.
မိုးမတိတ်မချင်း ကျနော် အပြင်ကိုသွားမှာ မဟုတ်ပါဘူး
(မိုးက နောက်မှတိတ်မှာပါ)
..
(5.3) She'll see you before she LEAVES.
သူ(မ)ထွက်မသွားခင် ခင်ဗျားနဲ့ တွေ့ဆုံသွားမှာပါ
(နောက်မှ ထွက်သွားမှာပါ)
.................................................
(6) For instructions or directions
..
ဘယ်လိုလုပ်ပါဆိုတဲ့ ညွှန်ကြားချက်တွေ ဘယ်လိုသွားပါဆိုတဲ့ လမ်းညွှန်မှုတွေအတွက်လည်း သုံးပါ
..
(6.1) OPEN the packet and POUR the contents into hot water.
အထုပ်ကို ဖေါက်ပြီးတော့ သူ့မှာပါဝင်တာတွေကို ရေနွေးပူထဲကိုလောင်းထည့်ပါ
.
(6.2) You TAKE the No.6 bus to Watney and then the No.10 to Bedford.
နံပါတ် ၆ ဘတ်စ်ကားကိုစီးပြီး Watney ကိုသွားပါ ၊ နောက်တော့ နံပါတ် (၁၀) နဲ့ Bedford ကိုသွားပါ ။
...................................................................................................
(7) Happening now
....
အခုဖြစ်ပျက်နေတဲ့ ကိစ္စတချို့အတွက်ကိုလည်းသုံးနိုင်ပါတယ် ၊ အခုဖြစ်ပျက်နေလျှင် present continuous tense ကိုသုံးရမှာဖြစ်ပေမယ့် လုပ်ဆောင်မှုကို သိသိသာသာ မမြင်မတွေ့နိုင်တဲ့ အချို့သော ကြိယာများဟာ continuous ပုံစံရဖို့ -ing ပေါင်းလို့မရပါဘူး ၊ အဲလိုကြိယာ (Non-Continuous Verbs / Stative verbs) တွေကို သုံးပြီး အခုလောလောဆယ် ဖြစ်ပျက်နေတဲ့ ကိစ္စတစ်ချို့အတွက် သုံးဖို့ ကြုံလာတဲ့အခါ Simple Present Tense ကိုပဲသုံးနိုင်ပါတယ် ။ အဲဒီကြိယာတွက များလို့ တစ်ခါတည်းရေးမပေးလိုက်နိုင်ပါဘူး ကိုယ်တိုင်ပဲ ရှာဖွေလေ့လာပါ ။
To express the idea that an action is happening now. This can only be done with Non-Continuous Verbs (Stative verbs) .These verbs are usually things you cannot see somebody doing. These verbs are rarely used in continuous tenses.
.
(7.1) hear - I HEAR what you are saying.
ခင်ဗျားပြောနေတာကို ကျနော်ကြားပါတယ်
( saying နဲ့ ညီအောင် I am hearing ကျနော်ကြားနေပါတယ် ..လို့ လုပ်လို့မရပါဘူး ၊ မတူတဲ့ဘာသာစကားမို့ သူ့အထာနဲ့သူ သူတွေးစေချင်သလို လိုက်တွေးပေးရပါတယ်)
(ကြားတယ်ဆိုတာက သီးသန့်လုပ်စရာမလိုဘူး အသံပေါ်လာလျှင်ကြားမှာပဲ ဒီသဘောဖြစ်ပါတယ် ။ လုပ်ပေးဖို့လိုတဲ့ hear=နားထောင်သည်ဆိုလျှင်-ing ပေါင်းလို့ ရသွားပြန်ပါတယ် )
..
(7.2) agree - I AGREE we need to finish the project.
စီမံချက်ကို အပြီးသတ်ဖို့ လိုအပ်တယ်ဆိုတာ ကျနော်သဘောတူပါတယ်
(သဘောတူတယ်မတူဘူးဆိုတာ စိတ်က စဉ်းစားပြီးဆုံးဖြတ်တာမို့လို့)
....
တချို့ဆရာတွေကတော့ Stative/state verb တွေကို mental action အဖြစ်ယူဆပါတယ် ၊ အဲဒီယူဆချက်က မှတ်သားရတာ ပိုလွယ်စေတယ်လို့ ထင်မိပါတယ် .. စိတ်ကနေလုပ်ရတဲ့ လုပ်ဆောင်မှုတွေဟာ ဘာလုပ်နေတယ်ဆိုတာ တခြားသူက မသိနိုင် မမြင်နိုင်ပါဘူး ။ အဲလို ကြိယာတွေကို _ing ပေါင်းမရဘူးလို့ မှတ်နိုင်ပါတယ် ။
Stative verb နဲ့ Action verb နှစ်မျိုးရတဲ့ ကြိယာတွေကလည်း ရှုပ်ပြန်တယ် ၊ အဲလို verb တွေကိုကျ Mixed verb လို့ခေါ်ပါတယ်
think ထင်သည် ၊ ယူဆသည်.. ဆိုလျှင် stative verb (မြန်မာလိုမှာတော့ ကျနော်ထင်နေတယ်လို့ ရှိပေမယ့် အင်္ဂလိပ်မှာမရှိပါဘူး)
think တွေးသည်.. ဆိုလျှင် action verb
(ကျနော် တွေးတောစဉ်းစားနေပါတယ် ..ဆိုတာကျ continuous ပုံစံရေးလို့ရသွားပါပြီ I am thinking about you. )
..
အဲဒီတော့ စကားလုံးတွေ ရှုပ်နေမှာစိုးလို့ ပြန်ချုပ်ပေးပါမယ်
Action verb/ Dynamic verb ..........................>>>>>Physical action (ကယာကံ ၀ဇီကံ)
Stative verb/State verb/Non continuous verb >>>>> Mental action (မနောကံ)
..စသည်ဖြင့် မှတ်သားနိုင်ကြပါတယ် ။
..
မှားယွင်းမှုများရှိပါက ပြင်ဆင်တည့်မတ်ပေးနိုင်ကြသလို လိုအပ်ချက်များရှိလျှင်လည်း ဖြည့်စွက်ပေးနိုင်ကြပါတယ် .. ခင်မင်နွေးထွေးစွာ ကျေးဇူးတင်ပါမယ်
..
မေတ္တာဖြင့်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။