Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, June 26, 2016

Marketing

Marketing
ယနေ့ခေတ်မှာဈေးကွက်စီးပွားရေးစနစ်ဟာလည်းအလွန်အရေးပါလှပါတယ်။Marketingရဲ့အခြေခံသဘောကတော့ကုန်ပစ္စည်းတွေဝန်ဆောင်မှုတွေကိုဝယ်ယူသုံးစွဲသူတွေဆီရောက်အောင်ပြုလုပ်ပေးခြင်းပဲဖြစ်ပါတယ် ။ Marketing မှာအခြေခံသိသင့်တဲ့ 4P ဆိုတာရှိပါတယ် ။ Mc Carthy ဟာ ၁၉၆၀ ခုနှစ်မှာကမ္ဘာ့စီးပွားရေး လောကကို 4P အကြောင်း ကိုပြောပြ ခဲ့ပါတယ် ။

(1) Product { ကုန်ပစ္စည်း }
-------------------------
ကုန်ပစ္စည်းဆိုတာကတော့ လုပ်ငန်းတစ်ခု
စတင်လုပ်ဆောင်တော့မယ်ဆိုရင်ကိုယ်ရည်မှန်းထားတဲ့ဈေးကွက်ကိုအလွယ်ကူဆုံးရောက်ရှိအောင်ပထမဦးစွာရွေးချယ်ရမယ့်အရာပဲဖြစ်ပါတယ်။မိမိဟာဘယ်လိုကုန်ပစ္စည်းမျိုးထုတ်မှာလဲ၊ဘယ်လိုဝန်ဆောင်မှုမျိုးပေးမှာလဲစသည်ဖြင့်မိမိကျွမ်ကျင်တဲ့အရာCustomerတွေကိုစွဲဆောင်နိုင်မယ့်အရာကိုရွေးချယ်တတ်ရပါမယ်။Productလို့ဆိုတဲ့နေရာမှာလဲမိမိရဲ့ကုန်ပစ္စည်းတံဆိပ် (Brand) , ကုန်ပစ္စည်းအသစ်တီထွင်မှု (New Product Development) , ကုန်ပစ္စည်းထုတ်ပိုးမှု (Packaging) , ၀ယ်ယူပြီးနောက်ပိုင်းဝန်ဆောင်မှု (After Sales Service) နဲ့ ကုန်ပစ္စည်းဆိုင်ရာစီမံခန့်ခွဲမှု (Product Management) စတာတွေပါဝင်ပါတယ် ။

(2) Place { နေရာ }
------------------
ကုန်ပစ္စည်းတစ်ခုကိုထုတ်လုပ်ပြီးတဲ့အခါ Customerတွေလက်ထဲကိုကိုယ့် ကုန်ပစ္စည်းကအလွယ်ကူဆုံးနည်းလမ်းနဲ့ရောက်ရှိသွားဖို့အရေးကြီးပါတယ် ။ Customer တွေကမိမိရဲ့ကုန်ပစ္စည်းကိုခက်ခက်ခဲခဲရှာဖွေဝယ်ယူရတာမျိုးမဖြစ်သင့်ပါဘူး ။မိမိရဲ့ကုန်ပစ္စည်းကိုဖြန့်ချိတဲ့လမ်းကြောင်း ၊ ကုန်ပစ္စည်းကို ကုန်ကြမ်းကနေပြီးဝယ်သူတွေလက်ထဲရောက်တဲ့အထိစီမံခန့်ခွဲမှုတွေပါဝင်ပါတယ် ။ ယနေ့ခေတ်မှာ Internet တိုးတက်မှုတွေကြောင့် Social Media နဲ့ Online Website တွေကလည်းမိမိကုန်ပစ္စည်း ကိုဖြန့်ဝေဖို့အရေး ပါတဲ့နေ ရာတွေဖြစ်လာပါတယ် ။ သို့သော်လည်း များပြားလှတဲ့ဝယ်ယူသူတွေလက် ထဲကိုကုန်ပစ္စည်းအလွယ်တကူရောက်နိုင်ဖို့ကွဲပြားခြားနားတဲ့ဖြန့်ချိမှုပုံစံတွေလိုအပ်ပါတယ် ။

(3) Price { ဈေးနှုန်း }
--------------------
ထုတ်လုပ်သူတွေအနေနဲ့မိမိရဲ့ကုန်ပစ္စည်းနည်းတူအခြားပြိုင်ဘက်ထုတ်လုပ်သူတွေရဲ့ကုန်ပစ္စည်းဈေးနှုန်းတွေကိုအမြဲလေ့လာနေဖို့လိုပါတယ်။ ဈေးကွက်အတွင်းမှာကုန်ပစ္စည်းတစ်ခုရဲ့ဈေးနှုန်းဟာလည်းဝယ်ယူသူတွေကိုဆွဲဆောင်တဲ့ပြိုင်ဆိုင်မှုတစ်မျိုးလည်းဖြစ်ပါတယ် ။ Price ဆိုတဲ့နေရာမှာကုန်ပစ္စည်း ထုတ်လုပ်မှုကုန်ကျစရိတ်၊ အမြတ်ရရှိနိုင်စွမ်း (Profit Ability) ၊ ဈေးနှုန်း သက်သာမှုဗျူဟာ (Pricing Strategy) နဲ့ ကိုယ့်ရဲ့ရောင်းဈေးနဲ့ပြိုင်
ဘက်ရဲ့ရောင်းဈေးကိုနှိုင်းယှဉ်မှုတွေပါဝင်ပါတယ် ။Customer တွေဟာ ကုန်ပစ္စည်းရဲ့ဈေးနှုန်းကိုလက်မခံနိုင်ဘူးဆိုရင်စီစဉ်ထားတဲ့အားထုတ်မှုမှန်သမျှဟာ အလဟဿဖြစ်သွားမှာအသေအချာပါပဲ

(4) Promotion { အရောင်းမြှင့်တင်မှု }
----------------------------------
Promotion အပိုင်းမှာတော့ Personal Selling , Mass selling နဲ့ Sale promotion ဆိုပြီးရှိပါတယ် ။ Personal selling ဆိုတာကတော့ရောင်း
ချသူနဲ့ဝယ်ယူသူတိုက်ရိုက်ဆက်ဆံတဲ့ပုံစံဖြစ်ပါတယ်။ Mass selling ကတော့များပြားလှတဲ့Customer တွေနဲ့တစ်ချိန်တည်းမှုဆက်သွယ်ခြင်းပဲဖြစ်ပါတယ် ။Mass selling မှာတော့ မိမိရဲ့ကုန်ပစ္စည်းကို Media
တွေ ၊ သီတင်းစာတွေ ၊တီဗီအစီအစဉ်တွေကတစ်ဆင့်ကြော်ငြာခြင်းတွေ ပါဝင်ပါတယ် ။ Sale promotion ကတော့ ကုန်ပစ္စည်းအတွက်ကူပွန်
တွေ၊နမူနာပေးတာတွေ၊Discountချတာတွေပါဝင်ပါတယ် ။ အရောင်း စီမံခန့်ခွဲမှု ၊ ပြည်သူလူထုနဲ့ထိတွေ့ဆက်ဆံမှု (Public relation ) တွေက လည်း Promotion ရဲ့ဆောင်ရွက်ချက်တေဖြစ်ပါတယ် ။

၁၉၇၀ ခုနှစ်နှောင်းပိုင်းကာလတွေမှာ ဈေးကွက်လေ့လာသူတွေဟာ Marketing Mix နဲ့ပက်သက်ပြီးအကြံဥာဏ် ၊ Theory တွေမြှင့်တင်သင့်တယ် လို့ယူဆလာကြပါတယ် ။ ထို့ကြောင့် ၁၉၈၁ မှာ Booms နဲ့
Biter ဟာ Marketing mix ရဲ့ 4 P မှာ P အသစ်(၃) မျိုးကိုထပ်မံထည့်သွင်းခဲ့ ပါတယ် ။ အသစ်ထပ်ထည့်တဲ့ P အမျိုးအစားတွေဟာ Marketing Mix မှာကုန်ပစ္စည်းထုတ်လုပ်ဖို့သာ မက Serviceလုပ်ငန်းတွေအတွက် လည်းအသုံးဝင်ခဲ့ပါတယ် ။

(5) People { လူ }
-----------------
People ဆိုတဲ့နေရာမှာ ထုတ်ကုန်ပစ္စည်းကိုရောင်းချတဲ့သူတွေ ၊ ၀န်ထမ်းတွေ ၊ အဲ့နောက်မှာတော့ ကုန်ပစ္စည်းကိုဝယ်ယူတဲ့ Customer တွေ ၊ ကိုယ်ဦးတည်ထားတဲ့ target customer တွေပါဝင်ပါတယ် ။တကယ်လို့ သင်ဟာIT Company ကိုတည်ထောင်တဲ့သူဆိုရင် Technician တွေဟာ သင့်လုပ်ငန်းရဲ့ပုံရိပ်ကိုဖော်ပြနေပါတယ်။Marketing Mix မှာလည်းဒီလိုပါပဲ ၀န်ထမ်းတွေဟာလည်းသင့်လုပ်ငန်းအောင်မြင်မှုအတွက်အရေးပါလှပါတယ် ။

(6) Process { လုပ်ဆောင်မှုများ }
------------------------------
Process တွေကတော့ service လုပ်ငန်းတွေအတွက်အသုံးဝင်ပါတယ် ။ Service တစ်ခုကိုစတင်ပြုလုပ်ချိန်ကနေပြီး Customer ကျေနပ်တဲ့အ
ချိန်ထိလုပ်ဆောင်ချက်တွေဖြစ်ပါတယ် ။ မိမိရဲ့service တွေမြန်ဆန် တိကျသေသပ်ဖို့ဖြည့်ဆည်းလုပ်ဆောင်ရတဲ့ဖြစ်စဉ်တွေကို Process လို့ခေါ်ပါတယ် ။ ဥပမာအားဖြင့် - Online shopping တစ်ခုရဲ့အိမ်တိုင် ရာရောက်ပို့တဲ့ဝန်ဆောင်မှုမှာ မိမိရဲ့ပစ္စည်း Customer လက်ထဲကို အကောင်းဆုံးအလျင်မြန်ဆုံးရောက်ရှိအောင်ကြားထဲမှာလုပ်ဆောင်ရတဲ့အရာတွေဖြစ်ပါတယ် ။

(7) Physical evidence
{ ရုပ်ပိုင်းဆိုင်ရာအထောက်အထား }
-------------------------------
Physical evidence ဆိုတာကလည်း Service လုပ်ငန်းတွေနဲ့ ဆက်နွယ်နေ ပါတယ် ။ မိမိအနေနဲ့ Customer ကိုပေးနိုင်တဲ့ Service ကောင်းမွန် မှုတွေကို Physical evidence ကဖော်ပြနေပါတယ် ။ ဥပမာအားဖြင့် - စားသောက်ဆိုင်နှစ်ဆိုင်ရှိတယ်ဆိုပါစို့ ။ ပထမဆိုင်ကရိုးရိုးစားပွဲခုံရယ် ၊ ၀န်ထမ်းတစ်ယောက်ရယ်နဲ့ စားစရာအချို့ပဲရပါတယ် ။ ဒုတိယဆိုင်ကတော့ စားပွဲခုံတွေမှာလည်းအခင်းလေးတွေနဲ့ဝန်ထမ်းတွေလည်းသန့်ရှင်းသပ်ရပ်စွာဝတ်ဆင်ထားပြီးအစားအသောက်တွေကိုလည်းနိုင်ငံကျော်စားဖိုမှူးတွေကချက်ပြုတ်ပေးပါတယ် ။ဒါဆိုသင့်အနေနဲ့ဘယ်ဆိုင်ကိုရွေးမလဲ ။
အဖြေကတော့ရှင်းပါတယ် ။ ဈေးနှုန်းတူဆိုင် ၂ ဆိုင်မှာဘယ်သူမဆို ဒုတိယဆိုင်ကိုရွေးချယ်မိမှာပါ ။ အဲ့ဒါကို Physical evidence လို့ခေါ်ပါတယ် ။ကုန်ပစ္စည်းထုတ်သလိုထိတွေ့ကိုင်တွယ်လို့မရတဲ့ Service ရဲ့အရည်အသွေးကို Customer တွေသိရှိအောင် Physical evidence တွေကပြေသကြပါတယ် ။

Credit Pacemaker Research Organization က Marketing Mix မှာအရေးပါတဲ့ 7 P အကြောင်းကိုလေ့လာနိုင်ဖို့စုစည်းတင်ပြပေးထားတာ
ပဲဖြစ်ပါတယ် ..

Reshare by:
www.EntrepreneurSME.com

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။