Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, June 29, 2016

Present Perfect and Past Simple .. သုံးရမယ့်နေရာ လွဲနေတတ်လို့ပါ

Present Perfect and Past Simple .. သုံးရမယ့်နေရာ လွဲနေတတ်လို့ပါ
................................................................................
ဒီတစ်ခါမှာတော့ နှိုင်းယှဉ်ချက်ကို ရေးရင်းနဲ့ပဲ Tense နှစ်ခုလုံးရဲ့ သုံးစွဲပုံနဲ့ ဆိုလိုရင်းသဘောကို ရှင်းလင်းတင်ပြသွားဖို့ စိတ်ကူးမိပါတယ် ..
................................................................................
(1.1) Present Perfect : A finished action with a result in the present
လောလောဆယ်အချိန်မှာ အကျိုးသက်ရောက်မှု ရှိနေတဲ့ အတိတ်က လုပ်ဆောင်မှု/အဖြစ်အပျက် အတွက် သုံးပါ
I've lost my key! (The result is that I can't get into my house now).
ကျနော့်သော့ ပျောက်သွားပြီ
(သော့ပျောက်သွားလို့ အခု အိမ်ထဲကို ၀င်လို့မရဘူး.. စသည်ဖြင့် ဖြစ်လာတဲ့ အကျိုးဆက်သဘောကို သိသာစေချင်တာ)
အကျိုးဆက် ရလဒ် တစ်ခုရှိတယ် ၊ အဲဒီ အကျိုးဆက်ဟာ ပစ္စုပ္ပန်နဲ့ ဆက်စပ်နေတယ် ..လို့ သိရပါမယ် ။
.
(1.2) Past Simple: A finished action with no result in the present
I lost my key yesterday. (Now there is no result).
မနေ့က ကျနော့်သော့ပျောက်သွားတယ်
(မနေ့တုန်းက ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကို ပြောပြခြင်းသာဖြစ်ပါတယ် ၊ ဒုက္ခရောက်သွားတယ် စသည်ဖြင့် .. သော့ပျောက်လို့ ဆက်ဖြစ်သွားတဲ့ အကျိုးဆက်သဘောကို ပြောချင်တာ မဟုတ်ပါဘူး)
အကျိုးဆက်ဟာ ပစ္စုပ္ပန်ထိ လိုက်မလာဘူး ဆက်ဖြစ်မနေဘူး..လို့ သိရပါမယ် ။
............................................................................................
အင်္ဂလိပ်စာရဲ့ ထူးခြားချက်ကလေးတွေ ထူးဆန်းမှုလေးတွေပေါ့
..
(2.1) Present Perfect : A finished action (life experience) in someone's life (when the person is still alive)
ပြီးခဲ့တဲ့ ဘ၀အတွေ့အကြုံကို ဖေါ်ပြရာမှာလည်း သုံးနိုင်ပါတယ် (ပိုင်ရှင်က အသက်ရှင်နေသေးလျှင်)
My brother has been to Mexico three times.
ကျနော့်အကိုက မက္ကဆီကို နိုင်ငံကို သုံးကြိမ် ရောက်ပြီးပါပြီ ။
.
(2.2) Past Simple: A finished action in someone's life (when the person is dead)
ပြီးခဲ့တဲ့ ဘ၀အတွေ့အကြုံကို ဖေါ်ပြရာမှာလည်း သုံးနိုင်ပါတယ် (ပိုင်ရှင်က သေးဆုံးပြီးဖြစ်လျှင်)
My grandmother went to Mexico three times.
ကျနော့်အဖွားက မက္ကဆီကို နိုင်ငံကို သုံးကြိမ် သွားရောက်ခဲ့ပါတယ်။
...............................................................................................
(3.1) Present Perfect : Unfinished actions that started in the past and continue to the present.
အတိတ်တစ်ချိန်က စတင်ခဲ့ပြီးလောလောဆယ်အချိန်ထိ ဆက်လက်လုပ်ဆောင်နေသော အပြုအမူများအတွက် သုံးနိုင်ပါတယ်
I’ve lived in Brazil for three years. (and I live in Brazil now)
ကျနော် ဘရာဇီးနိုင်ငံမှာနေလာတာ သုံးနှစ်ရှိပါပြီ (ခုထိလည်း နေဆဲပါပဲလို့ ဆိုလိုပါတယ်)
(လုပ်ဆောင်မှုဟာ ပစ္စုပ္ပန်ကာလအထိ ဆက်နေတာကို သတိထားရပါမယ်)
.................
(3.2) Past Simple: Finished actions
I lived in Brazil for three years. (and I don’t live in Brazil now)
ကျနော် ဘရာဇီးနိုင်ငံမှာ သုံးနှစ်နေခဲ့ပါတယ် (အရင်ကနေခဲ့တာပါ အခုမနေတော့ပါဘူး)
(လုပ်ဆောင်မှုဟာ ပစ္စုပ္ပန်ကာလအထိ ဆက်ရှိမနေတာကို သတိထားရပါမယ်)
...............................................................................................
(4.1) Present Perfect : With an unfinished time word (this week, this month, today)
မပြီးဆုံးသေးသော အချိန်ပြစကားရပ်များနဲ့ တွဲဖက်အသုံးပြုပါတယ်
( ဥပမာ this week (ဒီတစ်ပတ်) ..ဆိုလျှင် ဒီနေ့ကလည်းပါနေဆဲမို့ မပြီးဆုံးသေးဘူးလို့ သတ်မှတ်ပါတယ်)
I've seen John this week.
ဒီတစ်ပတ်မှာ ဂျွန်နဲ့ တွေ့ပြီးသွားပါပြီ
(ဖေါ်ပြထားတဲ့ အချိန်ဟာ ပစ္စုပ္ပန်နဲ့ ဆက်စပ်နေတယ်လို့ သတိထားရပါမယ်)
..
(4.2) Past Simple: With a finished time word (last week, last month, yesterday)
ပြီးဆုံးသွားပြီဖြစ်သော အချိန်ပြစကားရပ်များနဲ့ တွဲဖက်အသုံးပြုပါတယ်
( ဥပမာ last week (ပြီးခဲ့တဲ့ တစ်ပတ်က) ..ဆိုလျှင် ယခု ပစ္စုပ္ပန်ကာလဖြစ်တဲ့ ဒီနေ့က အကျုံးမ၀င်တော့ဘူး ဒါဆိုလျှင် ဒီအချိန်ပြစကားလုံးက ပြီးဆုံးလွန်မြောက်သွားတဲ့ အချိန်ကို ဖေါ်ပြတယ်လို့ သတ်မှတ်ရပါမယ်)
I saw John last week.
ပြီးခဲ့တဲ့ တစ်ပတ်က ကျနော် ဂျွန်နဲ့တွေ့ခဲ့ပါတယ်
(ဖေါ်ပြထားတဲ့ အချိန်ဟာ အတိတ်မှာ ကျန်ခဲ့ပြီလို့ သတိထားရပါမယ်)
....
ဥပမာ ..ဒီလိုမှတ်နိုင်ပါတယ်
I've seen John LAST week.(မှား) I've seen John THIS week.(မှန်)
.................................................................................................
(5.1) The PRESENT PERFECT is used when the time is not specific.
အချိန်ကို တိတိကျကျ ဖေါ်ပြမထားလျှင် သုံးပါတယ်
I have seen that movie already.
အဲဒီရုပ်ရှင်ကားကို ကျနော် ကြည့်ပြီးသွားပါပြီ
(ဘယ်အချိန်က ကြည့်ပြီးတာလဲ တိကျတဲ့ အချိန်မပါဘူး)
.
(5.2) The SIMPLE PAST is used when the time is clear.
တိကျရှင်းလင်းတဲ့ အချိန်ပါလျှင် သုံးပါတယ်
I saw that movie on Thursday.
ကျနော် အဲဒီရုပ်ရှင်ကားကို ကြာသပတေးနေ့က ကြည့်ပြီးပါပြီ
........................................................................
(6.1) The PRESENT PERFECT is often used when giving recent news.
လောလောဆယ်ဆယ် ဖြစ်တဲ့ သတင်းကိုဖေါ်ပြလျှင်သုံးပါတယ
Martin has crashed his car again.
မာတင်က နောက်တစ်ကြိမ် သူကားနဲ့ တိုက်ပြန်ပြီ
.
(6.2) The SIMPLE PAST is used when giving older information.
သတင်းအချက်အလက် အဟောင်းကို ပေးချင်လျှင် သုံးပါတယ်
Martin crashed his car last year.
ပြီးခဲ့တဲ့ နှစ်က မာတင် သူ့ကားနဲ့ ကားတိုက်မှု ဖြစ်ခဲ့တယ်
.............................................................................................
Present Perfect Tense ရဲ့အသုံးက ပိုများလို့ သူတစ်ခုတည်းရဲ့ သုံးစွဲနိုင်မှုတွေကို ဆက်လက် တင်ပြလိုက်ပါတယ် ..
..
(7) Accomplishments
တစ်စုံတစ်ခုကို ပြီးမြောက် အောင်မြင်မှုကို ဖေါ်ပြဖို့အတွက်လည်း သုံးနိုင်ပါတယ်
We often use the PRESENT PERFECT to list the accomplishments of individuals and humanity. You cannot mention a specific time.
.
Man has walked on the Moon.
လကမ္ဘာပေါ်မှာ လူသားတွေ လမ်းလျှောက်နိုင်ခဲ့ပြီ
(လူသားတွေရဲ့ အောင်မြင်မှု လုပ်ဆောင်နိုင်မှုကို မှတ်တမ်းတင်တဲ့သဘော)
I have learned how to speak English.
ကျနော် အင်္ဂလိပ်စကားပြောနည်းကို သင်ယူလေ့လာပြီးပါပြီ
(သူလုပ်စရာရှိတာကို ပြီးမြောက်အောင် လုပ်လိုက်ပြီးပြီလို့ ဖေါ်ပြချင်တာပါ)

....................
(8) Change
အချိန်တစ်ခုကြာပြီး ပြောင်းလဲသွားတဲ့ ပြောင်းလဲမှုတွေကို ဖေါ်ပြဖို့အတွက်လည်း သုံးနိုင်ပါတယ်
We often use the PRESENT PERFECT to talk about change that has happened over a period of time.
The government has become more interested in education.
အစိုးရက ပညာရေးကို ပိုပြီး စိတ်ဝင်စားလာခဲ့ပါပြီ
(အရင်က အဲလိုမဟုတ်ဘူး ၊ အချိန်တစ်ခုကြာပြီး အခုမှပြောင်းလဲသွားတဲ့ သဘောကို ဖေါ်ပြချင်တာဖြစ်ပါတယ်)
......................................
(9) Multiple Actions at Different Times
The process is not complete and more actions are possible.
အချိန်အမျိုးမျိုးမှာ တစ်ကြိမ်ထက်ပိုပြီးပြုလုပ်ခဲ့တဲ့ အပြုအမူတွေရှိမယ် .. နောက်ထပ်လည်း အဲလိုမျိုး လုပ်လာနိုင်တယ်လို့ ယူဆတဲ့ အပြုအမူ လုပ်ဆောင်ချက်တွေကို ဖေါ်ပြဖို့ အတွက်လည်း သုံးနိုင်ပါတယ်
.
The army has attacked that city five times.
စစ်တပ်က အဲဒီမြို့ကို ငါးကြိမ် ထိုးစစ်ဆင်ခဲ့ပြီးပြီ
(၀င်တိုက်လိုက်....၀င်တိုက်လိုက် လုပ်တယ် ၊ နောက်ထပ်လည်း တိုက်ဦးမယ်ဆိုတဲ့ သဘောမျိုး ဖြစ်ပါတယ် )
....................................
အနှစ်ချုပ်မှတ်စေချင်တာက ..
.
အချိန်(time) ၊ လုပ်ဆောင်မှု(action) ၊ ရလဒ်(result) ..စသည်ဖြင့် တစ်ခုခုဟာ ယခုလောလောဆယ် ပစ္စုပ္ပန် နဲ့ ဆက်စပ်နေလျှင် Present Perfect ကိုသုံးပါ ။ အဲဒီတစ်ခုခုဟာ ပစ္စုပ္ပန် နဲ့ အဆက်အစပ်ပြတ်နေလျှင် Past Simple ကိုသုံးပါ ..လို့
Present Perfect Tense ဆိုတဲ့ နာမည်ရဲ့ ရှေ့ဆုံးမှာ Present ဆိုတဲ့စကားလုံး ရှိနေတာ အလကားထည့်ထားတာ မဟုတ်ပါဘူး ၊ အတိတ်ကိုရည်ညွှန်းတာ မဟုတ်ဘဲ ပစ္စုပ္ပန်ကိုပဲ ရည်ညွှန်းတာဖြစ်လို့ပါ ။
ကဲ..ဒီလောက်ဆို ရလောက်ပြီ ထင်ပါရဲ့ ..
.......................................
ကျနော်ချစ်သော နိုင်ငံသားများအတွက်
ကျနော် ပေးချင်တဲ့ ဆိုလိုရင်းသဘောတရားလေးတွေ အသိအဓိပ္ပါယ်လေးတွေ .. ကို ရသွားကြတယ်ဆိုလျှင် ရေးရကျိုးနပ်ပါတယ် .. ပီတိဖြစ်ပါတယ်
..
မေတ္တာဖြင့်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။