"မိဘဟူသည် စံပြပုဂ္ဂိုလ် ဖြစ်ရမည်"
အသက် ၄ဝအရွယ် မိန်းမကြီးတစ်ဦးက သူမနှင့်ရွယ်တူလူတစ်ယောက်အား အဆဲစကားလုံးများနှင့် မိတ်ဆက်လိုက်သံ..။နေရာကား ရန်ကုန်မြို့၏ လမ်းဘေးတစ်နေရာ...ထမင်းဆိုင်လေးတစ်ဆိုင်တွင်ဖြစ်သည်။
သူမ၏ မကြားဝံ့မနာသာ အဆဲစကားလုံးကို မနားထောင်ချင်ဘဲ ကြားလိုက်ရသည့်အတွက် ဒေါသက ချောင်းခနဲ ထွက်လာမိသည်။ ငယ်ငယ်ကတည်းက ဆဲဆိုခြင်းမရှိအောင် ဆုံးမခဲ့သည့် အသိုင်းအဝိုင်းတွင် ကြီးပြင်းလာ၍လားမသိ ထိုသို့သော ဖရုသဝါစာ စကားလုံးများ ကြားရတိုင်း ဒေါသဖြစ်ရစမြဲ။ ထားပါ ကျွန်မပြောချင်တာက ထိုအကြောင်းနဲ့သက်ဆိုင်သော အခြားအကြောင်းတစ်ခုဖြစ်သည်။
ခုနက ကျွန်မပြောခဲ့သော မိန်းမကြီး၏ ဆဲသံအပြီးတွင် သူမ၏ သမီးဖြစ်မည်ဟုခန့်မှန်းရသော
အသက် ၃နှစ်အရွယ် ဘာမသိ ညာမသိသေးသော ကလေးသည် မတုမြင်အတတ်သင်လွယ်သော
ကလေးတို့ သဘာဝအတိုင်း စောစောက ဆဲသံနှင့် တသွေမတိမ်း ဆက်ကာဆက်ကာ
အော်ပါလေတော့၏..။ ထိုအခါ မိခင်ဖြစ်သူ ထိုမိန်းမကြီးကလည်း တုတ်တစ်ချောင်းကို
ဆွဲပြီး ပြောဦးမလား ပြောဦးမလားဟု ပြောကာ ရိုက်လေတော့မှ ကလေး၏
ဆဲသံတိတ်သွားလေတော့၏။
မိခင်က ကလေးငယ်၏ မကောင်းသည့်အကျင့်အား ဆုံးမသည်ကို အပြစ်မပြောလိုပါ။ ထိုမြင်ကွင်းကို မြင်လိုက်ရသည့်ခဏတွင် ကျွန်မ စိတ်ထဲသို့ အတွေးတစက မဖိတ်ခေါ်ဘဲ ဝင်ရောက်လာတော့၏။ မြန်မာမိဘများလိုလိုပင် မိမိသားသမီးအား ဆုံးမလေ့ရှိကြပါသည်။ မဆုံးမသူဟူ၍ ခပ်ရှားရှားပင် ဖြစ်ပါသည်။ သို့သော် မိဘဟူသည် သားသမီးအတွက် စံပြပုဂ္ဂိုလ်ဖြစ်နေရမည်ဟု ထင်မိပါသည်။ မိမိကိုယ်တိုင်ပင် မကြိုက်၍ သားသမီးအား တင်းကျပ်ထားသော စည်းကမ်းကို မိမိကိုယ်တိုင်လည်း လိုက်နာဖို့ လိုအပ်ပါသည်။ လိုက်နာရန်လိုအပ်လှပါသည်။ သားသမီးဆဲတာကိုမကြိုက်လျှင် မိမိလည်း မဆဲဖို့လိုသည်.။ မိမိကိုယ်တိုင်က ဆဲနေပြီးမှ သားသမီးကျ မဆဲဖို့တားမြစ်ခြင်းသည် စံပြပုဂ္ဂိုလ်ကောင်းတစ်ယောက် ၏
အပြုအမူမဖြစ်ထိုက်ဟု ယူဆမိပါသည်။ ဤ post ကိုလည်း သားသမီးများဘက်မှ ကာကွယ်၍
ရေးနေခြင်းမဟုတ်ရပါ။ "သားသမီးကို လိမ္မာစေချင်လို့ ဆုံးမသည်
မိမိကတော့မိဘဖြစ်သည့်အတွက် ကြိုက်တာလုပ်မည်" ဟူသော လက်သုံးစကားသည်
အကြောက်တရားနှင့်တည်ဆောက်သော မိသားစုများတွင် တွေ့ရများတတ်ပါသည်။
မိမိကိုယ်တိုင်ကသာ စံပြဖြစ်အောင်နေပါက မိမိသားသမီးအား ရိုက်နှက်ဆုံးမနေစရာမလိုပါ ။ လေသံသာသာဖြင့် နားလည်မှုရှိသော မိသားစုကိုသာ တည်ဆောက်နိုင်ပေမည် ဖြစ်ပေသည်။
Credit;ရှင်မိုးနွယ်
အသက် ၄ဝအရွယ် မိန်းမကြီးတစ်ဦးက သူမနှင့်ရွယ်တူလူတစ်ယောက်အာ
သူမ၏ မကြားဝံ့မနာသာ အဆဲစကားလုံးကို မနားထောင်ချင်ဘဲ ကြားလိုက်ရသည့်အတွက် ဒေါသက ချောင်းခနဲ ထွက်လာမိသည်။ ငယ်ငယ်ကတည်းက ဆဲဆိုခြင်းမရှိအောင် ဆုံးမခဲ့သည့် အသိုင်းအဝိုင်းတွင် ကြီးပြင်းလာ၍လားမသိ ထိုသို့သော ဖရုသဝါစာ စကားလုံးများ ကြားရတိုင်း ဒေါသဖြစ်ရစမြဲ။ ထားပါ ကျွန်မပြောချင်တာက ထိုအကြောင်းနဲ့သက်ဆိုင်သော အခြားအကြောင်းတစ်ခုဖြစ်သည်။
ခုနက ကျွန်မပြောခဲ့သော မိန်းမကြီး၏ ဆဲသံအပြီးတွင် သူမ၏ သမီးဖြစ်မည်ဟုခန့်မှန်းရသော
မိခင်က ကလေးငယ်၏ မကောင်းသည့်အကျင့်အား ဆုံးမသည်ကို အပြစ်မပြောလိုပါ။ ထိုမြင်ကွင်းကို မြင်လိုက်ရသည့်ခဏတွင် ကျွန်မ စိတ်ထဲသို့ အတွေးတစက မဖိတ်ခေါ်ဘဲ ဝင်ရောက်လာတော့၏။ မြန်မာမိဘများလိုလိုပင် မိမိသားသမီးအား ဆုံးမလေ့ရှိကြပါသည်။ မဆုံးမသူဟူ၍ ခပ်ရှားရှားပင် ဖြစ်ပါသည်။ သို့သော် မိဘဟူသည် သားသမီးအတွက် စံပြပုဂ္ဂိုလ်ဖြစ်နေရမည်ဟု ထင်မိပါသည်။ မိမိကိုယ်တိုင်ပင် မကြိုက်၍ သားသမီးအား တင်းကျပ်ထားသော စည်းကမ်းကို မိမိကိုယ်တိုင်လည်း လိုက်နာဖို့ လိုအပ်ပါသည်။ လိုက်နာရန်လိုအပ်လှပါသည်။ သားသမီးဆဲတာကိုမကြိုက်လျှင်
မိမိကိုယ်တိုင်ကသာ စံပြဖြစ်အောင်နေပါက မိမိသားသမီးအား ရိုက်နှက်ဆုံးမနေစရာမလိုပါ ။ လေသံသာသာဖြင့် နားလည်မှုရှိသော မိသားစုကိုသာ တည်ဆောက်နိုင်ပေမည် ဖြစ်ပေသည်။
Credit;ရှင်မိုးနွယ်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။