Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, June 26, 2016

ခေါင်းဆောင်မှုဆိုတာ

ခေါင်းဆောင်မှုဆိုတာ
+++++++++++++++++

လေးစားရတဲ့ ဆရာတစ်ယောက်က ပြောဖူးတယ်၊ ကမ္ဘာကို ကိုင်လှုပ်နေတာ Generalist တွေပါ တဲ့။ နိုင်ငံတော်သမ္မတ၊ ၀န်ကြီးချုပ် စတဲ့ ခေါင်းဆောင်တွေဟာ ပညာရပ်တစ်ခုတည်းကို ထဲထဲဝင်ဝင် ကျွမ်းကျွမ်းကျင်ကျင်သိတဲ့ Specialist တွေမဟုတ်ကြပါဘူး။ ကဏ္ဍအားလုံးကို နားလည်သဘောပေါက်ပြီး ကိုယ့်အဖွဲ့အစည်း ကိုယ့်နိုင်ငံအတွက် အကောင်းဆုံးဖြစ်မဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နေကြတဲ့ Generalist တွေ ဖြစ်ပါတယ်။

Knowledge နဲ့ Skill ဘာကွာသလဲဆိုရင် Knowledge ဆိုတာက Knowing what to do ဘာလုပ်ရမလဲဆိုတာကို သိခြင်းဖြစ်ပြီး Skill ဆိုတာကတော့ Knowing how to do ဘယ်လိုလုပ်ရမယ်ဆိုတာကို သိခြင်းဖြစ်ပါတယ်။

ဥပမာ ကျန်းမာရေးအဖွဲ့အစည်းတစ်ခုကို ဦးဆောင်မဲ့လူဟာ ဘယ်ဒေသမှာတော့ ဘာရောဂါတွေ ဖြစ်နေတယ်၊ ဘာလုပ်ဖို့ လိုတယ် စသဖြင့် ပေါ်လစီချပေးနိုင်ဖို့ လိုပါတယ်။ သူချပေးလိုက်တဲ့ လုပ်ငန်းစဉ်တစ်ရပ်ကို ဘယ်လိုလုပ်ရမယ်ဆိုတာကို အသေးစိတ်သိတဲ့၊ တတ်ကျွမ်းနားလည်တဲ့ Specialist များက အကောင်အထည်ဖော် ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။

Leaders do the right things. Others do the things right.

ခေါင်းဆောင်များဟာ မှန်ကန်တဲ့အလုပ်၊ တစ်နည်းအားဖြင့် လုပ်သင့်လုပ်ထိုက်တဲ့အလုပ်များကို လုပ်ကြရသူတွေ ဖြစ်ပြီး၊ နောက်လိုက်များကတော့ ကိုယ်လုပ်ရမဲ့အလုပ်ကို မှန်မှန်ကန်ကန်နဲ့ ဆောင်ရွက်ကြရတဲ့သူတွေပဲ ဖြစ်ပါတယ်။

ဒါကြောင့် ခေါင်းဆောင်ကောင်းဖြစ်ချင်တဲ့သူတွေဟာ ကိုယ့်နားမှာ လူတော်တွေ တစ်နည်းအားဖြင့် ပြောရရင် Specialist တွေ ၀န်းရံနေအောင် လုပ်ထားနိုင်ဖို့ လိုပါတယ်။ နေရာဖယ်ပေးရမှာ စိုးပြီး လူတော်ကို ကြောက်နေလို့ မရပါဘူး။ လူတော်တွေ မွေးထုတ်ပေးနိုင်ရမယ်၊ လူတော်တွေကို ချစ်တတ်ရမယ်၊ ချီးမြှင့်မြှောက်စားရမယ်၊ နောက်ပြီး ကိုယ့်နောက်မှာ အမြဲတမ်းရှိနေအောင်လည်း စည်းရုံးသိမ်းသွင်းနိုင်ဖို့ လိုပါတယ်။ ခေါင်းဆောင်ဟာ သူ့ဟာသူ ဘယ်လောက်ကြီးပဲ တော်နေပါစေ၊ သူ့နောက်မှာ လူတော်အစုအဖွဲ့ မရှိရင် ဘယ်လိုမှ အောင်မြင်တဲ့ခေါင်းဆောင်တစ်ယောက် ဖြစ်မလာနိုင်ပါဘူး။

တကယ်တော့ ခေါင်းဆောင်မှုဆိုတာ ပစ္စည်းတွေအပြည့်တင်ထားတဲ့ လှည်းတစ်စီးကို လိုချင်တဲ့နေရာ အရောက်ပို့ပေးနိုင်ဖို့ ကြိုးစားရသလိုပါပဲ။ ခေါင်းဆောင်ဟာ ဒီလှည်းကြီးကို လမ်းမှန်ပေါ်မှာ ရှိနေအောင် ဦးဆောင်လမ်းညွှန်ပေးရသူ ဖြစ်ပါတယ်။ ကိုယ်တိုင် ၀င်တွန်းနေလို့ မရပါဘူး။ ခေါင်းဆောင်ဖြစ်တဲ့သူဟာ ဘယ်လမ်းကသွားရင် အနီးဆုံးဖြစ်မယ်ဆိုတဲ့ လမ်းကို ရွေးချယ်နိုင်ဖို့ လိုပါတယ်။ ဒီအတွက် မရှိမဖြစ် လိုလာတာက နောက်လိုက်တွေထက် ပိုဝေးဝေးမြင်နိုင်တဲ့ စွမ်းအား။ နောက်တစ်ခုက ကိုယ်တစ်ယောက်တည်း မြင်နေလို့လည်း မရသေးဘူး၊ ကိုယ်မြင်သလို နောက်လိုက်တွေလည်း မြင်လာအောင်၊ ကိုယ်ခံယူသလို၊ ကိုယ်မျှော်မှန်းထားသလို သူတို့တွေ တစ်ထပ်တည်း ခံယူလာအောင် မျှော်မှန်းလာအောင် ဆက်သွယ်ပြောဆိုနိုင်ဖို့လည်း လိုပါတယ်။ ဒါမှလည်း ကိုယ့်နောက်လိုက်တွေဟာ ဒီအလုပ်လုပ်ရတဲ့အတွက် စိတ်ကျေနပ်မှု ရှိမှာပါ။ လုပ်ချင်ကိုင်ချင်စိတ်အပြည့်နဲ့ တက်ကြွနေတော့မှာပါ။

ခေါင်းဆောင် ဆိုတာဟာ ရာထူးတစ်ခု မဟုတ်ပါဘူး။ တာဝန်တစ်ရပ်သာ ဖြစ်ပါတယ်။ ခေါင်းဆောင်တွေမှာ ပါဝါ၂မျိုး၂စား ရှိပါတယ်။ ကိုယ်ရထားတဲ့ ရာထူးကြောင့် ဖြစ်လာတဲ့ Positional power နဲ့ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကြောင့် ရလာတဲ့ Personal power တွေပဲ ဖြစ်ပါတယ်။ Positional power အရ သူတို့မှာ အပြစ်ပေးပိုင်ခွင့်ရှိတယ်။ အမိန့်ပေးပိုင်ခွင့်ရှိတယ်။ ဒါပေမဲ့ ဒီပါဝါတွေဟာ ရာထူးပျောက်သွားတဲ့နေ့မှာ သူတို့လည်း ပျောက်ဆုံးသွားတတ်ပြီး နောက်လိုက်တွေအပေါ်မှာလည်း ကြီးမားတဲ့လွှမ်းမိုးမှု ဖြစ်မလာပါဘူး။ ရှေ့တင်တော့ မကောင်းတတ်လို့ နာခံနေပေမဲ့ နောက်ကွယ်မှာကျ သူကတော့ လှည်းပေါ်မှာ ထိုင်နေတယ်၊ ငါတို့ကျတော့ နောက်ကနေ ပင်ပန်းတကြီး တွန်းနေရတယ် ဆိုပြီး ပြောကြမှာပါ။ ဒါကြောင့် ခေါင်းဆောင်တစ်ယောက်မှာ အရေးကြီးတာက Personal power ဖြစ်ပါတယ်။

အဲဒီမှာမှ ကိုယ့်ရဲ့ အရည်အချင်းကြောင့် ရလာတဲ့ Expert power နဲ့ ကိုယ့်ရဲ့ စိတ်ဓါတ်၊ ခံယူချက်ကောင်းတာတွေကြောင့် နောက်လိုက်တွေစိတ်ထဲ ချစ်ခင်နှစ်သက်ပြီး လိုက်တုပချင်လာစေတဲ့ Referent power ဆိုပြီး ထပ်ရှိပါသေးတယ်။ ခေါင်းဆောင်ဆိုတာဟာ နောက်လိုက်တွေအပေါ်မှာ လွှမ်းမိုးနိုင်ရပါမယ်၊ အဲဒီအတွက် ငါက ဘာရာထူး နင်က ဘာအဆင့်လုပ်နေလို့ မရပါဘူး။ စစ်မှန်တဲ့ လွှမ်းမိုးမှုဆိုတာဟာ ရာထူးကနေ မလာပါဘူး။ အရည်အချင်းကနေသာ လာပါတယ်။ အသက်ငယ်ငယ်နဲ့ ရာထူးတစ်ခု ရထားတဲ့အခါမှာ (အဖေ့ကုမ္ပဏီမှာ သားက အလိုလိုနေရင်း မန်နေဂျာဖြစ်လာကြတဲ့အခါမျိုးမှာ) ဖြစ်တတ်ကြတဲ့ “ကိုယ့်ထက်လုပ်ငန်းခွင်အရင်ရောက်နေတဲ့သူတွေဆီက လေးစားမှု မရဘူး” ဆိုတဲ့ကိစ္စဟာ ဒါကြောင့်ပါ။ Personal power ရလာအောင် ကြိုးစားဖို့ လိုပါတယ်။ အဲဒီပါဝါသာရှိနေရင် ဘယ်သူကမှ ကိုယ့်ကို လှည်းလာမတွန်းလို့ ဆိုပြီး အပြစ်တင်နေမှာ မဟုတ်သလို၊ ကိုယ်က လာတွန်းပေးမယ်ဆိုရင်တောင် အားလုံးက ၀ိုင်းတားကြမှာပါ။ ဘာလို့ဆိုတော့ ဒီခေါင်းဆောင်နေရာမှာ သူသာ မရှိရင် ဒီလှည်းကြီးဟာ ဘယ်ကိုမှ မရောက်နိုင်ဘူးလို့ အားလုံးက သဘောပေါက်ထားကြလို့ပါပဲ။

နေပူပူထဲမှာ ဒီလှည်းကြီးကို တွန်းနေရတယ်၊ လှည်းပေါ်မှာ ထိုင်နေတဲ့ခေါင်းဆောင်ကတော့ သူတို့လှည်း ဘယ်နေရာရောက်နေပြီ၊ ဘယ်လောက်ဝေးသေးတယ်၊ ဘယ်လောက်ဆက်သွားရဦးမယ် မြင်နေပေမဲ့ နောက်ကတွန်းနေရတဲ့ နောက်လိုက်တွေကတော့ ဒါတွေမြင်မနေရပါဘူး။ ကြာလာတဲ့အခါကျတော့ လုပ်သာလုပ်နေရတယ် ဘာမှလည်း မထူးပါဘူးဆိုပြီး စိတ်ဓါတ်ကျလာတတ်ပါတယ်။ အဲဒီအတွက် ခေါင်းဆောင်လုပ်တဲ့သူဟာ သူတို့မျှော်မှန်းထားတဲ့ အနာဂတ်ရည်မှန်းချက်ကို အမြဲတမ်းသက်ဝင်လှုပ်ရှားနေအောင် လှုံ့ဆော်ထားနိုင်ဖို့ လိုပါတယ်။ အဲဒါမှ ကိုယ်တကယ်မျှော်မှန်းထားတဲ့ နေရာကို အားလုံးရဲ့ ပူးပေါင်းပါဝင်မှုနဲ့ အရောက်သွားနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် Leadership ဆိုတဲ့ ခေါင်းဆောင်မှုကို အနှစ်ပြန်ချုပ်ရရင်

ခေါင်းဆောင်မှုဆိုတာဟာ အဖွဲ့အစည်းတစ်ရပ်ကို ကျစ်လျစ်ခိုင်မာစွာနဲ့ စနစ်တကျဖြစ်အောင် လမ်းညွှန်ပေးပြီး ရည်မှန်းချက်တစ်ခု အောင်မြင်အောင် လုပ်ဆောင်ပေးရတဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။

ဒီအတွက် ခေါင်းဆောင်လုပ်မဲ့သူဟာ ဘာလုပ်ရင် အကောင်းဆုံးဖြစ်မယ်ဆိုတဲ့ Knowledge ရှိဖို့ လိုပါတယ်။ ဝေးဝေးမြင်နိုင်ဖို့ Vision ရှိဖို့ လိုတယ်။ အပြောင်းအလဲတွေ ဖော်ဆောင်နိုင်ဖို့ လိုပါတယ် (Change)။

အဲဒီ Vision ကို နောက်လိုက်တွေပါသိအောင် စည်းရုံးပြောဆိုနိုင်ဖို့ လိုပါတယ် (Sharing the vision)။ အပြောအဟော ကောင်းရမယ် (Leadership communication)။ နောက်လိုက်တွေရဲ့ စိတ်ဓါတ်ကို တက်ကြွနေစေရပါမယ် (Motivation)။

အဲဒီ Vision ကိုလည်း အမြဲတစေ အသက်ဝင်နေအောင် လှုံ့ဆော်နိုင်ရပါမယ် (Inspiration)။

အဲဒီ Vision ကို အကောင်အထည်ဖော်ပေးမဲ့ လူတော်အစုအဖွဲ့ကိုလည်း ပိုင်ဆိုင်ထားရပါမယ်။ နောက်လိုက်တွေအပေါ် လွှမ်းမိုးနိုင်စွမ်း ရှိရမယ် (Influence)။ အဲဒီအတွက် ကိုယ့်မှာ ကိုယ်ရည်ကိုယ်သွေး ထက်မြက်ဖို့ လိုပါတယ်၊ Personal power ရှိရပါမယ်။

ဒါကြောင့် ခေါင်းဆောင်မှုဆိုတာဟာ Change Motivation Inspiration နဲ့ Influence ဆိုတဲ့ ဒေါက်တိုင်(၄)ခုကို အခြေပြုပြီး အကောင်အထည်ဖော်နေရတဲ့ လုပ်ငန်းစဉ်တစ်ခုပဲ ဖြစ်ပါတယ်။

Credit;ဒေါက်တာဖြိုးသီဟ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။