Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, June 28, 2016

လစဉ် ငွေ (၁၀) သိန်း ယူနေကြတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ခိုင်းဖို့ မေ့မထားကြပါနဲ့။



Bamaw Thein Pe added 2 new photos.

လစဉ် ငွေ (၁၀) သိန်း ယူနေကြတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ခိုင်းဖို့ မေ့မထားကြပါနဲ့။
လူတွေဟာ အမှန်တရားအတွက် အစိုးရုံးကို ပြောတယ်။ ပိုက်ဆံ မပေးရင် လုပ်မပေးဘူး။ ရဲစခန်းတိုင်တယ်။ ရဲက အရေးမယူဘူး။ တရားရုံး တိုင်တယ်။ တရားရုံးက အမှုကို လက်မခံဘူး။
ဒီတော့ ဘာလုပ်ကြသလဲ။ စိတ်ပြေရာ ပြေကြောင်း ဖေ့ဘုတ်မှာ ပို့စ်တင်ပြီး ရင်ဖွင့်တယ်။ လူတွေက ကွန်မင့်တွေမှာ ထောက်ခံကြတယ်။ အားပေးကြတယ်။ ဝိုင်းဆဲကြတယ်။ ပို့စ်တင်တဲ့သူ ကျေနပ်သွားတယ်။ ဒါပေမဲ့ အမှန်တရား မပေါ်ပေါက်လာဘူး။ အတိုင်ခံရသူတွေကလဲ ဖေ့ဘုတ်ဖတ်ရင်း သဘောကျနေကြတယ်။ ငါတို့ မဖြေရှင်းပေးတော့ရော မင်းတို့ ဖေ့ဘုတ်ပေါ် တင်တာကလွဲလို့ ဘာတတ်နိုင်သေးလဲလို့ စိတ်ထဲက ကြိတ်ပြုံးနေကြတယ်။ ဒါမျိုး ဒီလိုအရပ်သားအစိုးရလက်ထက်မှာ မဖြစ်သင့်ပါ။

တကယ်မှန်တဲ့ ကိစ္စတွေအတွက် အစိုးရရုံး၊ ရဲစခန်း၊ တရားရုံးက ဘာမှ မလုပ်ပေးလို့ စိတ်ပျက်လက်မလျှော့လိုက်ပါနဲ့။ နည်းလမ်းရှိပါတယ်။
အဲဒါက ကျနော်တို့ အခက်အခဲတွေ ပြေလည်အောင် ဖြေရှင်းပေးရန် ခိုင်းဖို့ ရွေးချယ်တင်မြောက်ထားတဲ့ လွတ်တော်ကိုယ်စားလှယ်တွေ ရှိပါတယ်။ သူတို့ကို အရေးယူဆောင်ရွက်ပေးဖို့ ပြောပါ။ အရေးယူဆောင်ရွက်တာ လုပ်မပေးရင် ဖေ့ဘုတ်ကနေ လွှတ်တော်ကိုယ်စားလှယ်က အလုပ်မလုပ်ဘူး၊ ဘာမှ မဖြေရှင်းပေးဘူးလို့ ရေးပြမယ့်အပြင် နောက်လာမဲ့ ရွေးကောက်ပွဲမှာ မဲမပေးတော့ဘူးလို့လဲ ပြောပြလိုက်ပါ။
တချို့ လွှတ်တော်ကိုယ်စားလှယ်တွေ ဘာလုပ်နေမှန်းတောင် မသိရပါဘူး။ အားနေသူများပါတယ်။ လစဉ် ငွေ (၁၀) သိန်းပေးထားရတာနဲ့ တန်အောင် လူထုက သူတို့ကို များများခိုင်းဖို့ လိုပါတယ်။
အလုပ်ဖြစ် မဖြစ် အဖြေကို စောင့်ကြည့်ပါ။
ဒီနည်းဟာ စင်္ကာပူမှာ အရမ်းအလုပ်ဖြစ်တယ်။ သူတို့ လွှတ်တော်ကိုယ်စားလှယ် (MP) တွေဟာ ဒီလို တိုင်ကြားခဲ့လို့ရှိရင် အစွမ်းကုန် ကူညီကြတယ်။ ဘာကြောင့်လဲ နောက်လာမဲ့ ရွေးကောက်ပွဲမှာ မဲမရမှာကြောက်လွန်းလို့။
စင်္ကာပူက လွှတ်တော်ကိုယ်စားလှယ် MP (Member of Parliament) ဟာ မိမိတို့ မြို့နယ်က လူထု အခက်အခဲကို ဖြေရှင်းဖို့ သူတို့ ရုံးခန်းမှ တပါတ်ကို အနည်းဆုံး ၂ ကြိမ် လာတိုင်သူတွေကို ကိစ္စကြီးကြီးဆိုရင် MP ကိုယ်တိုင်နဲ့ အမှုသေးသေးဆိုရင် သူ့စာရေးက နားထောင်ပြီး တိုင်တာကို နားထောင်မှတ်တမ်းယူတယ်။ ည ၈ နာရီလောက်ကနေ တခါတလေ ညသန်းခေါင်ယံထိ နားထောင်ကြတယ်။ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ တင်ပြလာရင် MP က ဘာဆက်လုပ်သလဲ။ သက်ဆိုင်ရာ အစိုးရဋ္ဌါနကို စာရေးပြီး ပို့လိုက်တယ်။ ဒီလူက အခုလို မတရားလုပ်ခံရတယ်လို့ တိုင်ကြားလာပါတယ်။ လူကြီးမင်းတို့ ဋ္ဌါနက အရေးယူစုံစမ်းပြီး ပြေလည်အောင် ဖြေရှင်းပေးပါ လို့ ရေးလိုက်တယ်။ အဲဒီဋ္ဌါနကလဲ အမြန်ဆုံး ဖြေရှင်းပေးကြတယ်။ ဖြေရှင်းပြီးတာနဲ့ အဲဒီဋ္ဌါနက ဖြေရှင်းပြီးကြောင်း အကြောင်းကြားစာကို MP ဆီကို စာပြန်လိုက်ပြီး တိုင်ကြားသူကို မိတ္တူတစ်စောင် ပို့ပေးပါတယ်။
လွယ်လှချည်လား။ တကယ်လို့ အဲဒီ MP ဟာ အစိုးရဋ္ဌါနက အကြီးအကဲတစ်ယောက် မဟုတ်ပဲ မူလတန်းကျောင်းဆရာ တစ်ယောက်ဆိုရင်ရော အစိုးရဋ္ဌါနက ဂရုစိုက် အလေးထား ဖြေရှင်းပေးပါ့မလား။ ဂရုမစိုက်ဘူးဆိုရင် ဘာဆက်လုပ်မလဲ။ MP ဟာ အဲဒီဋ္ဌါနကို သွားရောက်ပြီး ငါ ဘာကောင်လဲ သိလားကွဆိုပြီး ကြိမ်းမောင်းဆူဆဲနေစရာ မလိုပါ။ နောက်တစ်ကြိမ် လွှတ်တော်အစည်းအဝေး ကျင်းပချိန်ကို အေးအေးဆေးဆေး စောင့်နေပါတယ်။
လွှတ်တော်အစည်းအဝေးမှာ အစိုးရဝန်ကြီးတွေအားလုံး မပျက်မကွက် တက်ရောက်ရတယ်။ လွှတ်တော်အတွင်း MP တွေ မေးမြန်းတာကို ပြန်လည်ဖြေကြားပေးရပါတယ်။ အဲဒီတော့ စောစောက ပြောတဲ့ ကျောင်းဆရာ MP က ထိုင်ရာက ထပြီး သူတိုင်တဲ့ ဋ္ဌါနရဲ့ ဝန်ကြီးကို တိုက်ရိုက်မေးခွန်းပါတော့တယ်။ သူ ဘယ်နေ့ ဘယ်ရက်က သူ့ဋ္ဌါနကို တိုင်ကြားစာ တစ်စောင် ပို့ထားပါတယ်။ အဲဒါ ဘာမှ မဖြေရှင်းပေးတဲ့အပြင် ဘာဆောင်ရွက်ထားသလဲ သိချင်ပါတယ်လို့ (ဝန်ကြီးချုပ်အပါအဝင်) လွှတ်တော်ကိုယ်စာလှယ်တွေ အားလုံးရှေ့မှာ မေးလိုက်ပါတယ်။ သေချာတာကတော့ အောက်ခြေက လုပ်တာကို အဲဒီဝန်ကြီး အသေးစိပ် ဘယ်မှာ သိပါ့မလဲ။ ဒါတော့ ငါ ဘယ်သိမလဲကွလို့ ပြန်ချဲမရပါ။ လွှတ်တော်အတွင်းမှာ လွှတ်တော်ကိုယ်စားလှယ်က သခင်ပါ။ ဝန်ကြီးက အစေခံအဆင့်ပါ။
ဒီတော့ ဝန်ကြီးက ဘယ်လို ဖြေရသလဲ။ ဒီကိစ္စအတွက် အမြန်ဆုံး စုံစမ်းပြီး ဖြေရှင်းပေးပါမယ်ပေါ့။ ဝန်ကြီး အရှက်ကွဲပြီပေါ့။ လွှတ်တော်အစည်းအဝေးပြီးသွားတော့ ဘာဖြစ်မလဲ။ စဉ်းစားကြည့်ပေတော့။ စောစောက MP တိုင်တဲ့ ဋ္ဌါန ညွှန်ချုပ်ကစလို့ အားလုံး တန်းစီအဟောက်ခံရပြီ။ တာဝန်ရှိသူဟာ အကြောင်းပြချက် မကောင်းရင်တော့ သေပြီပေါ့။ ချက်ချင်း အလုပ်ပြုတ်ပြီ။ တကယ်လို့ ဝန်ကြီးက သူပြောထားသလို မစုံစမ်းဘူးဆိုရင်ကော။ MP က နောက်တစ်ကြိမ် လွှတ်တော်အစည်းအဝေးကို စောင့်ပြီး ဝန်ကြီးကို ဒီမေးခွန်း ထပ်မေးပါလိမ့်မယ်။ ဒုတိယအကြိမ် အမေးခံရတဲ့ ဝန်ကြီး မရှိသေးပါဘူး။ ဒုတိယအကြိမ် လွှတ်တော်အစည်းမှာ ၂ ခါ အလုပ်မလုပ်ဘူးလို အပြောခံရရင် ဝန်ကြီးချုပ်က ချက်ခြင်း ဖြုတ်လိုက်မှာပါ။
ခုလို လူတွေက အစိုးရဋ္ဌါနရဲ့ ပေါ့လျော့ချက်တွေ၊ မတရားမှုတွေကို MP တွေကို တိုင်တယ်။ MP တွေကလဲ လွှတ်တော်မှာ အစိုးရကို မေးခွန်းတွေ ထုတ်တယ်။ အစိုးရမဟုတ်တာ မလုပ်ရဲတော့ စလုံးနိုင်ငံ တိုးတက်တာ အဆန်းလားဗျာ။
မြန်မာနိုင်ငံက လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများဟာ မိမိတို့မှာ အခွင့်အာဏာ အပြည့်ရှိနေတယ်ဆိုတာ မမေ့ပါနဲ့။ ပြည်သူလူထုကလဲ လွှတ်တော်ကိုယ်စားလှယ်တွေကို လစဉ် ငွေ (၁၀) သိန်းပေးပြီး လွှတ်တော်ထဲ သွားအိပ်ဖို့ မဲပေးထားတာ မဟုတ်ဘူး၊ ပြည်သူတွေကလဲ သူတို့ကို လူထုကိုယ်စား ဆောင်ရွက်ပေးဖို့၊ ခိုင်းဖို့ ရွေးချယ်တင်မြောက်ထားတာ ဆိုတာကို မမေ့ကြပါနဲ့။ တချို့ လွှတ်တော်ကိုယ်စားလှယ်တွေဆိုရင် ရွေးကောက်ပွဲ ပြီးသွားကတဲက မြင်တောင် မမြင်ရတော့ဘူး။ သူတို့ ဘာလုပ်နေမှန်းလဲ လူထု မသိရဘူး။
ဖေ့ဘုတ်မှာ တင်ပြီး ဘာမှလဲ မလုပ်ပေးဘူးလို့ အော်မနေပါနဲ့။ ဘာမှကို ဖြစ်လာမှာ မဟုတ်ပါဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေကို အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ ပြောပြ ဖြေရှင်းခိုင်းပါ။ အကူအညီတောင်းတာ မဟုတ်ပါ။ ခိုင်းပါ။ ဘာမှ ဖြေရှင်းမပေးဘူးဆိုရင် နောက်လာမဲ့ ရွေးကောက်ပွဲမှာ သူ့ကို လုံးဝ မဲ မထဲ့ပါနဲ့တော့။ လစဉ် ရနေကျ ငွေ (၁၀) သိန်းကို လက်လွှတ်ဆုံးရှုံးလိုက်ရမှာကိုတော့ သူတို့လဲ ကြောက်ကြပါတယ်။
ဒီမိုကရေစီနိုင်ငံမှာ တကယ့်အာဏာဟာ လူထုလက်ထဲမှာ ရှိပါတယ်။ လူထုမကြိုက်ရင် ရွေးချယ်တင်မြောက်ထားသူကို ဖြုတ်ချနိုင်ခွင့် ရှိတယ်။ လူထုက အဲဒါကို သိမှ အသုံးချမှ တိုင်းပြည် မြန်မြန်ပြောင်းလဲမှာပါ။
မှတ်ချက်။ ကိုယ့်ကိုယ်ကို ပြန်မေးကြပါ။ ရွေးကောက်ပွဲပြီးကတဲက ကိုယ့်မြို့နယ်က လွှတ်တော်ကိုယ်စားလှယ်ကို ဘယ်နှစ်ခါ မြင်ဖူးပြီလဲလို့။
ဗန်းမော်သိန်းဖေ
၂၈-၀၆-၁၆

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။