“Harvard Modelကို ချဉ်းကပ်ခြင်း”
လူ့စွမ်းအားစုစီမံခန့်ခွဲခြ င်းနှင့်ပတ်သက်ပြီး Harvard Business Schoolမှ ထုတ်ပြန်သည့် ထုတ်ပြန်ချက်တစ်ခုသည် လူ့စွမ်းအားစုစီမံခန့်ခွဲမှု နယ်ပယ်တွင် အလှုပ်ခတ်ဆုံးနှင့်အငြင်းအပွားဆုံး ထုတ်ပြန်ချက်တစ်ခုဖြစ်ခဲ့သည်။
ယင်းထုတ် ပြန်ချက်မှာ Harvard Model ပင်ဖြစ်သည်။ ယင်းထုတ်ပြန်ချက်အရ
အဖွဲ့အစည်းများအနေဖြင့် ၀န်ထမ်းများကို စွမ်းအားစုများအဖြစ်
ရှုမြင်ရန်ဖြစ်သည်။ လူ့စွမ်းအားစုများသည်
အခြားစွမ်းအားစုများနှင့် သဘောသဘာဝချင်း လုံးဝ မတူညီပေ။ ထို့ကြောင့်
လူ့စွမ်းအားစုကို စီမံခန့်ခွဲရာတွင် တစ်သတ်မှတ်တည်း သတ်မှတ်ချက်ဖြင့်
စီမံခန့်ခွဲခြင်း မရနိုင် ပေ။ အဖွဲ့အစည်းများအနေဖြင့် အပြန်အလှန်ဖြင့်သာ
စီမံခန့်ခွဲဆောင်ရွက်သင့်သည်။
ဝန်ထမ်းနှင့် အဖွဲ့အစည်းကြား ရည်မှန်းချက်၊ ဦးတည်ချက်၊ ယုံကြည်မှုနှင့် နားလည်မှုစသည်ဖြင့် အပြန်အလှန်ထားရှိဖို့ လိုအပ်ကြောင်း ထုတ်ပြန်သည်။ အဖွဲ့အစည်းများအနေဖြင့် ၀ယ်ယူသူ၊ ဖောက်သည်၊ အစုရှယ်ယာရှင်များကို တန်ဖိုးထားသကဲ့သို့ မိမိတို့၏ ၀န်ထမ်းများကိုလည်း တန်ဖိုးထားရန် လိုအပ်ပေသည်ဟု ဖော်ပြထားသည်။ Harvard Modelအရ လူ့စွမ်းအားစုစီမံခန့်ခွဲရာ တွင် အောက်ပါအချက်(၄)ချက်နှင့် ကိုက်ညီရန်လိုအပ်ကြောင်း အကြံပြု ထုတ်ပြန် ထားပေသည်။
(၁) လူ့စွမ်းအားစုများကို အစီအစဉ်တကျ စီမံခန့်ခွဲရန်(Human Resource Flows)
အဖွဲ့အစည်းများအနေဖြင့် လူ့စွမ်းအားစုများကို စီမံခန့်ခွဲရာတွင် အစီအစဉ်တကျဖြစ်စေရန် အရေးကြီးပေသည်။ လူသစ်စုဆောင်းရှာဖွေခြင်း၊ ရွေးချယ်ခန့်အပ်ခြင်း၊ လူမှန်နေရာမှန်ဖြစ်စေခြင်း၊
အရည်အချင်းရှိသူကို အဆင့်တိုးမြှင့်ပေး ခြင်း၊ ကာလအပိုင်းအခြားအလိုက်
အကဲဖြတ်သုံးသပ်ခြင်း၊ အရည်အချင်းပြည့်သူကို တိုးမြင့်စေရန် ဆောင်ရွက်ပေး
ခြင်း၊ အပြစ်ရှိသူကို ထိုက်သင့်သည့် အပြစ်ဒဏ်ပေးခြင်း စသည်ဖြင့်
လူ့စွမ်းအားစုစီမံခန့်ခွဲခြ င်းနှင့်
ပတ်သက်သည့် လုပ်ဆောင်ချက်များကို အစီအစဉ်တကျ လုပ်ဆောင်ရန် လိုအပ်ကြောင်း
ထောက်ပြသည်။ ထိုသို့ မလုပ်ဆောင်နိုင်ပါ က အဖွဲ့အစည်းများအနေဖြင့်
ရှုံးဆုံးမှုအန္တရာယ် များပြားကြောင်း သုံးသပ်ထားပေသည်။
လူ့စွမ်းအားစုစီမံခန့်ခွဲမှု
လုပ်ဆောင်ချက်များကို နည်းမှန်လမ်းမှန် လုပ်ဆောင်သည့်
အဖွဲ့အစည်းများအနေဖြင့် ကောင်းကျိုးအသီးအပွင့်ကို ခံစားရမှု အခွင့်အလမ်းများ
ပိုမိုများပြားကြောင်း ထောက်ပြထားပေသည်။
(၂) ချီးမြှင့်မြှောက်စားမှုစနစ် (Reward Systems)
အဖွဲ့အစည်းများအနေဖြင့် အထူးသတိပြုရမည်မှာ ၀န်ထမ်းများအနေဖြင့် ၄င်းတို့၏ ကိုယ်ပိုင်အချိန်၊ ကိုယ်ပိုင်စွမ်းအား နှင့် တတ်ထားသည့် အသိပညာ/ အတတ်ပညာတို့ကို
မိမိတို့အဖွဲ့အစည်း တိုးတက်းမြင့်မားရေးအတွက် လာရောက်
လုပ်ကိုင်နေခြင်းဆိုသည့် အချက်ပင်ဖြစ်သည်။ ထို့ကြောင့် မိမိတို့၏
ဝန်ထမ်းများ၏ လုပ်ကိုင်ဆောင်ရွက်မှုနှင့် ပတ်သက်ပြီး အသိအမှတ်ပြု
ချီးမြှင့်မြှောက်စားရန် လိုအပ်ပေသည်။ သင့်တင့်သည့် လုပ်ခနှင့်လုပ်စာ၊
အကျိုးခံစားခွင့်နှင့် အခြားသောအရာများကို အဖွဲ့အစည်းများအနေဖြင့်
ပေးအပ်ရန် လိုအပ်သည်။ ၀န်ထမ်းများ၏ အလုပ်လုပ်ချင်စိတ် ကိုင်ချင်စိတ်ကိုလည်း
အစဉ်မပြတ် ထည့်သွင်းစဉ်းစားရန် လိုအပ်ပေသည်။ လိုအပ်သည့်
ချီးမြှင့်မြှောက်စားမှုကို အချိန်ရွှေ့ဆိုင်းရန် မသင့်ပေ။ မိမိတို့၏
ဝန်ထမ်းများကို လိုအပ်သလို ချီးမြှင့် မြှောက်စားခြင်းသည် ၀န်ထမ်းများ၏
အလုပ်လုပ်ချင်စိတ် ကိုင်ချင်စိတ်ကို ပိုမိုမြင့်မားစေပြီး အဖွဲ့အစည်း၏
ပုံရိပ်ကိုလည်း တိုးတက်ကောင်းမွန်စေသည်။ သို့သော် မလိုလားအပ်သည့်
ချီးမြှင့်မြှောက်စားမှုကိုမူ မပြုလုပ်စေရန် လိုအပ်သည်။ ပြုမူမိပါက
ဝန်ထမ်းများကြား စိတ်ဝမ်းကွဲမှုများနှင့် အခြားသောမလိုအပ်သည့် ပြဿနာများကို
ရလဒ်အဖြစ် ရရှိမည်ဖြစ်ကြောင်း သတိပေးထားသည်။
(၃) ၀န်ထမ်းများအပေါ် လွှမ်းမိုးနိုင်စွမ်း (Employee Influence)
အဖွဲ့အစည်းတစ်ခုတွင် ၀န်ထမ်းများ ရေရှည်လုပ်ကိုင်ဆောင်ရွက်စေ ရန် အဖွဲ့အစည်းများအနေဖြင့် ၀န်ထမ်းများအပေါ် လွှမ်းမိုးနိုင်မှုရှိရန် လိုအပ်ပေသည်။ ထိုသို့ လွှမ်းမိုးနိုင်မှုရှိစေရန်အတွက်
ငွေကြေးတစ်ခုတည်းကိုသာ အဓိကအချက် အဖြစ်ကိုင်တွယ် မဖြေရှင်းသင့်ပေ။
ငွေကြေးသည် ၀န်ထမ်းများအပေါ် တစ်စိတ်တစ်ဒေသအဖြစ်သာ လွှမ်းမိုးနိုင်ပေ
လိမ့်မည်။ ထို့ကြောင့် အခြားအခြေအနေနှင့် အချက်အလက်များကို
စဉ်းစားသင့်ကြောင်း ထောက်ပြထားသည်။ ထို အချက်များမှာ လုပ်ပိုင်ခွင့်၊
တာဝန်ယူမှုနှင့် သြဇာအာဏာတို့ပင်ဖြစ်သည်။ ထိုက်သင့်သည့် လုပ်ပိုင်ခွင့်
မပေးထားပါက ၀န်ထမ်းများအနေဖြင့် ၄င်းတို့၏ နေရာအခန်းကဏ္ဍ ပျောက်ဆုံးစေသည်ဟု
ခံစားရရှိစေပြီး လုပ်ငန်းခွင်တွင် မကျေနပ်မှုများကို ဖြစ်ပေါ်စေလိမ့်မည်။
ထို့ကြောင့် လုပ်ပိုင်ခွင့်၊ တာဝန်ယူမှုနှင့်သြဇာအာဏာတို့ သည်
ဝန်ထမ်း၏ အခန်းကဏ္ဍနှင့်အခြားသော အချက်များကို သုံးသပ်ပြီး
လိုအပ်သည့်အတိုင်း ညီညီမျှမျှ ပေးအပ်ရန် လိုပေသည်။ သို့မှ သာ
လုပ်ငန်းခွင်တွင် အဆင်ပြေချောမွေ့မှု ဖြစ်စေမည်။ ၀န်ထမ်းများ၏ အရည်အသွေးလည်း
မြင့်တက်လာမည်ဖြစ်ပြီး လုပ်ရည်ကိုင်ရည် တိုးတက်လာစေမည်။ သို့မဟုတ်ပါက
မဆုံးနိုင်သည့် ပဋိပက္ခများကို ကြုံတွေ့ရလိမ့်မည်။
(၄) လုပ်ငန်းခွင်စနစ် (Work Systems)
အဖွဲ့အစည်းများအနေဖြင့် လူ့စွမ်းအားစုစီမံခန့်ခွဲရာ တွင်
ကောင်းမွန်သည့်အစီအစဉ် ရေးဆွဲရန်လိုအပ်သည်။ ထားရှိရန် လိုအပ်ပေသည်။
ဥပမာအားဖြင့် ၀န်ထမ်းရှာဖွေသည့် အစီအစဉ်၊ ၀န်ထမ်းရွေးချယ် ခန့်အပ်သည့်
အစီအစဉ်၊ ရာထူးတိုးမြှင့်သည့် အစီအစဉ်၊ ဆုပေး/ဒဏ်ပေး အစီအစဉ် စသည်တို့ကို
စနစ်တကျ ခိုင်ခိုင်မာမာ ရေးဆွဲထား သင့်သည်။ ထိုကဲ့သို့
ကောင်းမွန်ခိုင်မာသည့် အစီအစဉ်တစ်ရပ် ချမှတ်ပြီး တကယ့်လက်တွေ့
အသုံးချတတ်ရန် လည်း လိုအပ်ပေသည်။ ၀န်ထမ်းရေးရာစီမံခန့်ခွဲမှု
အစီအစဉ်တစ်ရပ်သည် အဖွဲ့အစည်း၏ မဟာဗျူဟာ၊ ရည်မှန်းချက်၊ ပန်းတိုင်နှင့်
အလှမ်းမကွာဝေးသင့်ဘဲ ကိုက်ညီမှုရှိရန် လိုအပ်ပေသည်။ ထို့ပြင်
အဖွဲ့အစည်ုးအတွက် လိုအပ်သည့် ၀န်ထမ်းအင်အား၊ ပိုလျှံနေသည့် ၀န်ထမ်းအင်အား
စသည်တို့ကို စနစ်တကျ တွက်ချက်ခန့်မှန်း သုံးသပ်သင့်ပေသည်။ သို့မဟုတ်ပါက
မလိုအပ်သည့် နေရာများတွင် ၀န်ထမ်းအင်အား ပိုလျှံနေခြင်း၊
လိုအပ်သည့်နေရာတွင် မဖြည့်ဆည်းမိ ခြင်းတို့ ဖြစ်ပေါ်လာပါက
ဝန်ထမ်းအသုံးစရိတ်များ ဆုံးရှုံးနစ်နာရတတ်သည်။
Harvard Business Schoolမှ အထက်ပါ အချက်(၄)ချက်ကို အတိုကောက်အနေဖြင့် စီ(၄)လုံး (4C)ဖြင့် မှတ်သားရန် အကြံပြုထားသည်။ ၄င်းမှာ (၁) Commitment (ကတိက၀တ် တည်စေခြင်း) (၂) Congruence (လုပ်အားနှင့် ခံစားခွင့် အချိုးတူစေခြင်း (၃) Competence (လုပ်ရည်ကိုင်ရည်မြင့်မားခြ င်း) နှင့် (၄) Cost Effectiveness (၀န်ထမ်း အသုံးစရိတ် အထိရောက်ဆုံးဖြစ်စေခြင်း)တို့ဖြစ်သည်။ အခြားသတိပြုရမည့်အချက်မှာ အဖွဲ့အစည်းများအနေဖြင့် ၀န်ထမ်းများကို မိမိတို့၏ရင်းနှီးမြှုပ်နှံ မှုတွင် ထည့်သွင်းစဉ်းစားရန်ဖြစ်သည် ။ ဆိုလိုသည်မှာ လူ့စွမ်းအားစုကို လုပ်ငန်းများ၏ အရင်းအနှီးတွင် ထည့်သွင်းစဉ်းစားစေခြင်းဖြစ်သည်။
ထိုသို့ စဉ်းစားစေခြင်းဖြင့် မိမိတို့၏ ၀န်ထမ်းများ၏ အသက်မွေးဝမ်းကျောင်း
တိုးတက်မြင့်မားရေးကို မြင့်တက်စေမည်ဖြစ်ပြီး လူ့အဖွဲ့အစည်းတစ်ရပ်လုံး၏
တိုးတက်ရေးကို ရှေးရှူနိုင်မည်ဖြစ်သည်။
အငြင်းပွားမှုတစ်ရပ်အနေဖြင့် ရှိနေသည်မှာHarvard Modelသည် အဖွဲ့အစည်း၏ ပြင်ပအကျိုးသက်ရောက်မှုများကို ထည့်သွင်းစဉ်းစားရန် အားနည်းနေခြင်းဖြစ်သည်။ လူ့စွမ်းအားစုစီမံခန့်ခွဲရာ တွင် ထည့်သွင်းစဉ်းစားရမည့် အချက်များ တွင် ပြင်ပအကျိုးသက်ရောက်မှုများလ ည်း
ပါဝင်နေခြင်းဖြစ်သည်။ ဥပမာအားဖြင့် ဆိုရသော် နိုင်ငံရေးအခြေအနေ၊
စီးပွားရေးအခြေအနေ၊ လူမှုရေးအခြေအနေနှင့် နည်းပညာတို့၏
အကျိုးသက်ရောက်မှုများပင်ဖြစ်သည်။ အဖွဲ့အစည်း များသတိပြုသင့်သည်မှာ ၄င်းပြင်ပအကျိုးသက်ရောက်မှုများကြောင့် ၀န်ထမ်းရေးရာစီမံခန့်ခွဲရာတွင် အပြုသဘော (သို့မဟုတ်) အနှုတ်သဘောများ ကြုံတွေ့ရတတ်ခြင်းပင်ဖြစ်သည်။ အဖွဲ့အစည်းတစ်ခုသည် အထက်တွင် ဖော်ပြခဲ့သည့် အချက်(၄)ချက်ကို အင်အားကောင်းမွန်စေရန် မည်မျှပင်ဆောင်ရွက်ထားသော်လ ည်း မမျှော်လင့်သည့် နိုင်ငံရေးအခြေ အနေတစ်ရပ်ကြောင့် အဖွဲ့အစည်းသို့ တစ်စုံတစ်ရာ ရိုက်ခတ်မှုရှိလာပြီး ၀န်ထမ်းရေးရာစီမံခန့်ခွဲရာတွင် အခက်အခဲတစ်ခုအဖြစ် ကြုံတွေ့ရနိုင်ခြင်းမျိုးကို ဆိုလိုသည်။
နိဂုံးချုပ်ဆိုရသော် အဖွဲ့အစည်းများအနေဖြင့် Harvard Model၏ အားသာချက်များကို ရယူအသုံးချတတ်ရန် လိုအပ်သည်။ အားနည်းချက်ကို သုံးသပ်တတ်ပြီး ပြင်ဆင်နိုင်ဖို့ လိုအပ်ပေသည်။ မည်သည့်သီအိုရီ၊ စနစ်တို့တွင်မျှ အားသာချက်ချည်း ရှိနေသည်မဟုတ်ပေ။ အားနည်းချက်သည် ဒွန်တွဲလျက်ပင်။ ၀န်ထမ်းရေးရာစီမံခန့်ခွဲမှုကို ဆောင်ရွက်နေသူများအနေဖြင့် Harvard Modelမှ ဆောင်ရန်နှင့်ရှောင်ရန်များ ကို ဆင်ခြင်သတိပြုမိပြီး မိမိတို့၏အဖွဲ့ အစည်းတိုးတက်ရေးမြင့်မားရေကို တတ်စွမ်းသမျှ ဆောင်ရွက်နိုင်ပါစေဟု ဆန္ဒပြုလိုက်ပါသည်။
လျှံဇွဲကို(စီးပွားရေးတက္ကသိုလ်)
၁၄.၆.၂၀၁၆ (အခွင့်အလမ်းဂျာနယ်)
လူ့စွမ်းအားစုစီမံခန့်ခွဲခြ
ဝန်ထမ်းနှင့် အဖွဲ့အစည်းကြား ရည်မှန်းချက်၊ ဦးတည်ချက်၊ ယုံကြည်မှုနှင့် နားလည်မှုစသည်ဖြင့် အပြန်အလှန်ထားရှိဖို့ လိုအပ်ကြောင်း ထုတ်ပြန်သည်။ အဖွဲ့အစည်းများအနေဖြင့် ၀ယ်ယူသူ၊ ဖောက်သည်၊ အစုရှယ်ယာရှင်များကို တန်ဖိုးထားသကဲ့သို့ မိမိတို့၏ ၀န်ထမ်းများကိုလည်း တန်ဖိုးထားရန် လိုအပ်ပေသည်ဟု ဖော်ပြထားသည်။ Harvard Modelအရ လူ့စွမ်းအားစုစီမံခန့်ခွဲရာ
(၁) လူ့စွမ်းအားစုများကို အစီအစဉ်တကျ စီမံခန့်ခွဲရန်(Human Resource Flows)
အဖွဲ့အစည်းများအနေဖြင့် လူ့စွမ်းအားစုများကို စီမံခန့်ခွဲရာတွင် အစီအစဉ်တကျဖြစ်စေရန် အရေးကြီးပေသည်။ လူသစ်စုဆောင်းရှာဖွေခြင်း၊ ရွေးချယ်ခန့်အပ်ခြင်း၊ လူမှန်နေရာမှန်ဖြစ်စေခြင်း၊
(၂) ချီးမြှင့်မြှောက်စားမှုစနစ်
အဖွဲ့အစည်းများအနေဖြင့် အထူးသတိပြုရမည်မှာ ၀န်ထမ်းများအနေဖြင့် ၄င်းတို့၏ ကိုယ်ပိုင်အချိန်၊ ကိုယ်ပိုင်စွမ်းအား နှင့် တတ်ထားသည့် အသိပညာ/
(၃) ၀န်ထမ်းများအပေါ် လွှမ်းမိုးနိုင်စွမ်း (Employee Influence)
အဖွဲ့အစည်းတစ်ခုတွင် ၀န်ထမ်းများ ရေရှည်လုပ်ကိုင်ဆောင်ရွက်စေ
(၄) လုပ်ငန်းခွင်စနစ် (Work Systems)
အဖွဲ့အစည်းများအနေဖြင့် လူ့စွမ်းအားစုစီမံခန့်ခွဲရာ
Harvard Business Schoolမှ အထက်ပါ အချက်(၄)ချက်ကို အတိုကောက်အနေဖြင့် စီ(၄)လုံး (4C)ဖြင့် မှတ်သားရန် အကြံပြုထားသည်။ ၄င်းမှာ (၁) Commitment (ကတိက၀တ် တည်စေခြင်း) (၂) Congruence (လုပ်အားနှင့် ခံစားခွင့် အချိုးတူစေခြင်း (၃) Competence (လုပ်ရည်ကိုင်ရည်မြင့်မားခြ
အငြင်းပွားမှုတစ်ရပ်အနေဖြင့်
နိဂုံးချုပ်ဆိုရသော် အဖွဲ့အစည်းများအနေဖြင့် Harvard Model၏ အားသာချက်များကို ရယူအသုံးချတတ်ရန် လိုအပ်သည်။ အားနည်းချက်ကို သုံးသပ်တတ်ပြီး ပြင်ဆင်နိုင်ဖို့ လိုအပ်ပေသည်။ မည်သည့်သီအိုရီ၊ စနစ်တို့တွင်မျှ အားသာချက်ချည်း ရှိနေသည်မဟုတ်ပေ။ အားနည်းချက်သည် ဒွန်တွဲလျက်ပင်။ ၀န်ထမ်းရေးရာစီမံခန့်ခွဲမှုက
လျှံဇွဲကို(စီးပွားရေးတက္ကသု
၁၄.၆.၂၀၁၆ (အခွင့်အလမ်းဂျာနယ်)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။