အချိန်လွန်မိုး (၂)
ဒေါက်တာ စိုးလွင်
လွန်ခဲ့တဲ့ တစ်လလောက်တုန်းက ဦးဦးတို့ဆေးရုံကို အသက်၅၅နှစ်အရွယ် အဒေါ်ကြီးတစ်ယောက်ဟာ သွေးဆုံးပြီးကာမှ သွေးတွေ ပုံမမှန်ဆင်းလို့ ရောက်လာခဲ့တယ် သမီးရေ။ သူအဲဒီလို သွေးတွေဆင်းနေတာ စုစုပေါင်းလိုက်ရင် လေးလလောက်တောင် ရှိခဲ့ပြီဆိုပဲ…သေချာ စမ်းသပ်ကြည့်လိုက်တော့မှ သူ့ရဲ့မိန်းမကိုယ်ထဲက သားအိမ်ခေါင်းမှာ မှိုပွင့်ကြီးလိုပဲ အနာကြီးတစ်ခုကို တွေ့ရတော့တယ်။ ကြည့်စမ်း…သူ ပုံမမှန် သွေးဆင်းလာတာဟာ အဲဒီအနာကြီးက ထွက်လာတာ။ ဒီအနာကြီးကလည်း “သားအိမ်ခေါင်းကင်ဆာ” လို့အမည်ရတဲ့ မြန်မာအမျိုးသမီးတွေရဲ့အသက် ကို ထိပ်ဆုံးက ခြွေချပစ်နေတဲ့ ရောဂါဆိုးကြီးကြောင့်ပေါ့။ ဦးဦး သေချာစမ်းသပ် စစ်ဆေးတဲ့အခါကျ သူ့ရဲ့ကင်ဆာရောဂါဆိုးကြီးဟာ မိန်းမကိုယ် မွေးလမ်းကြောင်းထဲကိုရော၊သားအိမ်ရဲ့ဘေးဘက်တစ်လျှောက်လုံးကိုရော
ပျံ့နှံ့သွားခဲ့ပြီ။ အာထရာဆောင်းရိုက်လိုက်တော့ ညာဘက် ကျောက်ကပ်တစ်လုံးဟာ
ဆီးတွေနဲ့ ပြည့်ဖောင်းကာ အကြီးကြီး ဖြစ်လို့နေပြီ။ ညာဘက်ခြမ်း
ဆီးအိမ်ကိုသွားတဲ့ ဆီးပြွန်တစ်ဖက်ဟာ ပျံ့နှံ့လာတဲ့ ကင်ဆာအကျိတ်ကြီးရဲ့
ဖိအားဒဏ်ကြောင့် ပိတ်ဆို့သွားတဲ့အခါ ဒီလိုပဲ ကျောက်ကပ်ထဲက ဆီးတွေဟာ
ဆီအိမ်ထဲ သွားလို့မရတော့ဘဲ ကျောက်ကပ်တစ်ခုလုံး ဆီးတွေနဲ့ ဖောင်းတင်းလာတဲ့
သဘောပေါ့ကွယ်။
သွေးဆင်းနေတာ လေးလတောင်ရှိမှ ဆေးရုံကို အရောက်နောက်ကျရကောင်းလားရယ် လို့
ကရုဏာဒေါသနဲ့ ဆူပူကြိမ်းမောင်းနေမိတဲ့ ဦးဦးတစ်ယောက် လူနာရဲ့သမီးလေး
ပြောစကားတစ်ခွန်းကြောင့် ဆက်ပြီးဆူပူဖို့နေနေသာသာ နှုတ်အဆိတ်ကြီး
ဆိတ်သွားမိတော့တယ်။ သမီးက ဘာပြောသလဲဆိုတော့ သွေးဆင်းဆင်းချင်းပဲ
သူတို့လည်းစိတ်ပူပြီး သူတို့မြို့က ဆရာဝန်တစ်ဦးဆီမှာ အမြန်သွားပြကြသတဲ့။
ဆရာဝန်က နားကြပ်နဲ့နားထောင်၊ ဗိုက်ကို စမ်းသပ်ပြီး စိတ်မပူရပါဘူး၊
ဒီဆေးတွေပဲ သောက်ပါလို့ ပြောသတဲ့။ ပေးလိုက်တဲ့ဆေးတွေ သောက်လိုက်တော့
သွေးဆင်းတာက ရပ်သွားသတဲ့။ အဲသလိုနဲ့ပဲ နေလာလိုက်တာ အခုသွေးတွေ ပြန်ဆင်း၊
ကိုက်ခဲလာတော့မှ မဖြစ်ချေတော့ဘူးဆိုပြီး ရန်ကုန်
ဗဟိုအမျိုးသမီးဆေးရုံကြီးကို အရောက်လာခဲ့တော့တာဆိုပဲ သမီးရေ။ ကြည့်ပါဦးကွယ်…ဦးဦး သူတို့ကို ဆက်ပြီး မဆူပူနိုင်ရတဲ့အကြောင်းကို သမီး သိပြီမဟုတ်လား။
“သားအိမ်ခေါင်းကင်ဆာ” ဆိုတာက အမြန်ဆုံး၊ အစောဆုံး၊ အနုဆုံး အချိန်မှာ စောစောသိလိုက်ရင် တစ်ခါတည်း အမြစ်ပြတ်သွားအောင် ခွဲစိတ်ကုလို့ရတဲ့ ရောဂါဖြစ်တယ်။ အသိနောက်ကျပြီး ဘေးတွေကို၊ ပြီးတော့ ခန္ဓာကိုယ်အနှံ့ကို ပျံ့နှံ့သွားတော့မှ ဆေးရုံရောက်လာခဲ့ရင် ခွဲစိတ်ကုသလို့လည်း မရတော့ဘဲ ကုသရခက်ခဲ့တဲ့ အဖြစ်ဆိုးနဲ့ ကြုံရတတ်တယ်။ (ဆက်လက်ဖော်ပြပေးပါမည်)
ဒေါက်တာ စိုးလွင် ရဲ့ “မိန်းမသားတို့ဘ၀မှာမရှိမဖြ စ် အရေးပါ အဲဒါ ဓမ္မတာ” စာအုပ်မှ ဆောင်းပါးကို ဆရာ့၏ခွင့်ပြုချက်ဖြင့် ပြန်လည်တင်ဆက်ပေးခြင်းဖြစ်ပါသည်။ အမျိုးသမီးများအတွက် အကောင်းဆုံးအဖော်မွန်ဖြစ်တဲ့  Favorite (အမျိုးသမီးလစဉ်သုံးပစ္စည်း) မှ တင်ဆက်ပါသည်။
ဒေါက်တာ စိုးလွင်
လွန်ခဲ့တဲ့ တစ်လလောက်တုန်းက ဦးဦးတို့ဆေးရုံကို အသက်၅၅နှစ်အရွယ် အဒေါ်ကြီးတစ်ယောက်ဟာ သွေးဆုံးပြီးကာမှ သွေးတွေ ပုံမမှန်ဆင်းလို့ ရောက်လာခဲ့တယ် သမီးရေ။ သူအဲဒီလို သွေးတွေဆင်းနေတာ စုစုပေါင်းလိုက်ရင် လေးလလောက်တောင် ရှိခဲ့ပြီဆိုပဲ…သေချာ စမ်းသပ်ကြည့်လိုက်တော့မှ သူ့ရဲ့မိန်းမကိုယ်ထဲက သားအိမ်ခေါင်းမှာ မှိုပွင့်ကြီးလိုပဲ အနာကြီးတစ်ခုကို တွေ့ရတော့တယ်။ ကြည့်စမ်း…သူ ပုံမမှန် သွေးဆင်းလာတာဟာ အဲဒီအနာကြီးက ထွက်လာတာ။ ဒီအနာကြီးကလည်း “သားအိမ်ခေါင်းကင်ဆာ” လို့အမည်ရတဲ့ မြန်မာအမျိုးသမီးတွေရဲ့အသက်
သွေးဆင်းနေတာ လေးလတောင်ရှိမှ ဆေးရုံကို အရောက်နောက်ကျရကောင်းလားရယ်
“သားအိမ်ခေါင်းကင်ဆာ” ဆိုတာက အမြန်ဆုံး၊ အစောဆုံး၊ အနုဆုံး အချိန်မှာ စောစောသိလိုက်ရင် တစ်ခါတည်း အမြစ်ပြတ်သွားအောင် ခွဲစိတ်ကုလို့ရတဲ့ ရောဂါဖြစ်တယ်။ အသိနောက်ကျပြီး ဘေးတွေကို၊ ပြီးတော့ ခန္ဓာကိုယ်အနှံ့ကို ပျံ့နှံ့သွားတော့မှ ဆေးရုံရောက်လာခဲ့ရင် ခွဲစိတ်ကုသလို့လည်း မရတော့ဘဲ ကုသရခက်ခဲ့တဲ့ အဖြစ်ဆိုးနဲ့ ကြုံရတတ်တယ်။ (ဆက်လက်ဖော်ပြပေးပါမည်)
ဒေါက်တာ စိုးလွင် ရဲ့ “မိန်းမသားတို့ဘ၀မှာမရှိမဖြ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။