Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, June 22, 2016

ယခုခေတ်ကလေးများ အလိုအပ်ဆုံးသော အရည်အချင်းများ

ယခုခေတ်ကလေးများ အလိုအပ်ဆုံးသော အရည်အချင်းများ
++++++++++++++++++++++++++++++++++++++++

အသိမိတ်ဆွေ တော်တော်များများရဲ့ ကလေးများကို လေ့လာကြည့်ပါတယ်။ စန္ဒာယားသင်တန်း၊ ပန်းချီသင်တန်း၊ ခါရာတေးသင်တန်း၊ ရေကူးသင်တန်း၊ အကသင်တန်း၊ အချက်အပြုတ်သင်တန်း၊ မူန့်ဖုတ်သင်တန်း၊ စသည်ဖြင့် အခွင့်အခါရှိတိုင်း ကလေးများ အားချိန်ကို မရှိလောက်အောင် သင်တန်းမျိုးစုံ ပို့တာကို သတိထားမိပါတယ်။ ဒါတောင် ကျူရှင်ချိန်မပါသေးပါဘူး။ ဖြစ်နိုင်ရင် ကိုယ့်သားသမီးကို အတတ်နိုင်ဆုံးပံ့ပိုး ပျိုးထောင်ချင်တဲ့ မိဘများရဲ့ စေတနာကို ကောင်းစွားနားလည်ပါတယ်။ ဒါပေမဲ့ ကလေးများရဲ့ တကယ်ရှိသင့်တဲ့ အရည်အချင်း၊ အထူးသဖြင့် ကျနော်တို့ မြန်မာနိုင်ငံမှာ ရှိတဲ့ ကလေးများ တကယ်လိုအပ်နေတဲ့ အရည်အချင်းဟု ယူဆရသော အချက်အချို့ ကို ရေးသားတင်ပြလိုက်ပါတယ်။

၁။ ပတ်ဝန်းကျင်ကို ၀င်ဆန့်နိုင်တဲ့ အရည်အချင်း

ဘယ်ပတ်ဝန်းကျင်ပဲရောက်ရောက် ၀င်ဆန့်နိင်တဲ့ အရည်အချင်းဟာ အလွန်အရေးကြီးပါတယ်။ ငယ်စဉ်ကတဲက စလို့ ကိုယ့်ချေထောက်ကို ကိုယ်ကိုယ်တိုင် ရပ်တည်တတ်အောင် လေ့ကျင့်ပေးထားဖို့ လိုပါတယ်။ ဟိုသူနဲ့ မတည့်ဘူး၊ ဒီလူကိုတော့ မပေါင်းချင်ဘူး၊ အဲဒီဟင်းကို လုံးဝမစားတတ်ဘူး၊ အိမ်ကို လုံးဝမခွဲနိုင်ဘူး၊ ဒါလုံးဝ မလုပ်တတ်ဘူး ၊ စသည်ဖြင့် မိဘများ အနားခွာလိုက်ရုံနဲ့ ပြသနာပေါင်းသောင်းခြောက်ထောင် ရင်ဆိုင်လာရပါတော့တယ်။ “ ကလေးကို ပိုးမွေးသလိုမွေးထားတယ်။” ၊ “ ချေမွေးမီးမလောင်၊ လက်မွေးမီးမလောင်အောင်ထားတယ်။” “ လိုလေသေးမရှိအောင်ထားတယ်။” “ မျက်နာမငယ်ရအောင် အကုန်းလုံးဆင်ပေးထားတယ်။” စသည်ဖြင့် ဂုဏ်ယူစွာထုတ်ပြောတတ်သောမိဘများ မကြာခဏ တွေ့ဖူးပါတယ်။ ကလေးကို အကုန်အဆင်ပြေအောင်ထားပေးတဲ့ မိဘများ တစ်ခု သတိထားရမှာက ကလေးများကို ကိုယ်တစ်သက်လုံးအဲလို ထားပေးလို့မရတဲ့ အချက်ပါပဲ။ ၀င်ဆန့်တတ်တဲ့ အရည်အချင်းကို ငယ်ငယ်ကတဲက စပြီး ကျင့်ပေးဖို့လိုပါတယ်။ ကလေးများကို ငယ်ငယ်ကတဲကစလို့ သူတို့ဖြေရှင်းနိုင်တဲ့ ပြသနာကို သူတို့ကိုယ်တိုင်သူတို့ ဆုံးဖြတ်ချက်နဲ့ ဖြေရှင်းခိုင်းမယ်။ သူတို့နိုင်တဲ့ဝန်ကို သူတို့ထမ်းခိုင်းမယ်။ တစ်ခုခု ကြုံလာရင် သူတို့ကိုယ်တိုင် စဉ်းစားခိုင်းမယ် စသည်ဖြင့် လေ့ကျင့်ပေးထားဖို့ လိုပါတယ်။

၂။ နေရာချင်းလှဲလှယ်ပြီး စဉ်းစားပေးတတ်တဲ့ အကျင့်

အခုခေတ်ကလေးများဟာ စားစရာမူန့်ကများ၊ ကစားစရာအရုပ်လည်းများ၊ အထူးသဖြင့် အားရုံကို ချက်ချင်းလွှဲသွားစေတဲ့ လက်ကိုင်ဖုန်းတို့၊ အိုက်ဘက်တို့၊ ဂိမ်းမျိုးစုံတို့ အရမ်းပေါများပါတယ်။ တစ်ခုသတိထားမိပါတယ်။ ကလေးများဟာ ဘာမဆို ဖောဖောသီသီရတော့ ဘာကိုမှ တန်ဖိုးသိပ်မထားတတ်ကို တွေ့ရပါတယ်။ နောက်တစ်ခု သတိထားမိတာကတော့ ကလေးချင်းအတူတူဆော့ကစားတာမျိုး နည်းလာတော့ ကလေးများ အတ္တပိုဆန်နေသလိုပဲ။ ဒါကြောင့်မိဘများအနေနဲ့ ကလေး အချင်းချင်းဖြစ်စေ၊ အိမ်က မောင်နှမ၊ ညီအကို အချင်းချင်းဖြစ်စေ၊ ပြသနာတစ်စုံတစ်ခု ဖြစ်ခဲ့လို့ရှိရင် “ မင်းသာသူ့နေရာမှာဆိုရင်၊ မင်းဘယ်လိုလုပ်မလဲ” ဆိုတဲ့မေးခွန်းမျိုးဖြင့် နေရာချင်းလဲလှယ်စဉ်းစားတတ်ဖို့ သင်ကြားပေးထားရပါမယ်။ နေရာချင်းလှဲပြီး စဉ်းစားတတ်ပါမှ ကိုယ်ချင်းစာတရား သိလာပြီး ဆက်ဆံရေး အချိုးပြေမှာဖြစ်ပါတယ်။

၃။ မေးခွန်းမေးတတ်တဲ့ အရည်အချင်း

အင်တာနက်ပေါ်မှာလိုအပ်တဲ့ အချက်အလက်အားလုံးနီးပါးကို ချက်ချင်းစစ်လို့ ရရှိနိုင်တဲ့ ယနေ့ခေတ်ကြီးမှာ မေးခွန်းမေးတတ်တဲ့ အရည်အချင်းဟာ မှတ်ဥာဏ်ကို အခြေခံတဲ့ ဖြေဆိုတတ်တဲ့ အရည်အချင်းထက် များစွာ ပိုအရေးကြီးလာပါတယ်။ ကျနော်တို့ဆီက ကလေးတော်တော်များများဟာ ပြောသမျှ ငြိမ်ငြိမ်နားထောင်တဲ့ အကျင့်ရှိကြပြီး မေးခွန်းမေးဖို့ ကြောက်နေတတ်ပါတယ်။ ဒါကြောင့် မိဘများအနေနဲ့ ကိုယ့်ကလေးမေးလာတဲ့ မေးခွန်းမှန်သမျှ ကလေးဆန်ဆန် မဆန်ဆန် ဘယ်လောက်ပဲ နိုက်နိုက်ချွတ်ချွတ်၊ စိတ်ရှည်ရှည်နဲ့ ဖြေကြားပေးဖို့ လိုပါတယ်။ သို့ မှသာ ကလေးများဟာ မေးရဲတဲ့ သတ္တိရှိသွားပြီး မေးခွန်းမေးတတ်သွားမှာဖြစ်ပါတယ်။ အမှန်တော့ စဉ်းစားခြင်းဆိုတာ ကိုယ့်ကိုယ်ကို မေးခွန်းထုတ်တာမို့ ကိုယ့်ကိုယ်ကို မေးခွန်းမေးတတ်လေလေ စဉ်းစားဥာဏ်ကောင်းလေလေ ဖြစ်ပါတယ်။

၎။ ကိုယ့်ကိုယ်ကို ဖေါ် ပြတတ်ပြီး ဆက်ဆံရေး ကောင်းမွန်တဲ့ အရည်အချင်း
အဖြေမှန်မှ ပြောရဲတာမျိုး၊ သူများအမြင်နဲ့ ကိုယ့်အမြင် မတူရုံနဲ့ မပြောရဲတော့တာမျိုး၊ ကိုယ့်အကြောင်းကို ပြောခိုင်းပြီဟေ့ဆိုရင် စာရွတ်သလိုလို၊ အလွတ်ကျက်ထားသလိုလို ပြောဆိုတာမျိုး မကြာခဏတွေ့ဖူးပါတယ်။ အဲဒါ ကိုယ့်ကိုယ်ကို မဖေါ်ပြတတ်ခြင်းပါ။ ဆက်ဆံရေးကောင်းမွန်ဖို့၊ ကိုယ့်ကိုယ်ကို လည်းဖေါ်ပြတတ်ဖို့ စာများများ ဖတ်ဖို့ လိုပါတယ်။ စာဖတ်တဲ့ အခါမှာလည်း ကိုယ့်ကြိုက်တဲ့ စာသားတွေ့ရင် မှတ်စုထုတ်မှတ်ထားတတ်ဖို့ လိုပါတယ်။ ပြောဆိုဖို့၊ မေးမြန်းဖို့ အခွင့်ကြုံလာရင် ပြောရဲ မေးရဲဖို့ လိုပါတယ်။ စကားနည်း ရန်စဲ၊ တိတ်တိတ်နေ ထောင်တန်တယ်လို့ ဆိုထားပေမဲ့ များများပြောမှ များများမှားဖူးမှ များများပြု ပြင် လိုက်ရင် စကားပြောကောင်းသွားပါတယ်။ ဆက်ဆံရေး ကောင်းမွန်သွားပါတယ်။

၅။ ပိုင်းခြား စိပ်ဖြာတတ်တဲ့ အရည်အချင်း

အထက်ပါအရည်အချင်း ၄ ခုကို တစ်ဖြည်းဖြည်း ကျင့်သားရလာပြီဆိုရင် ခြုံငုံသုံးသပ်တဲ့ အကျင့်၊ ပိုင်းခြားစိပ်ဖြာတဲ့ အကျင့် ရရှိသွားမှာဖြစ်ပါတယ်။ ဘယ်အခြေအနေ ဘယ်အနေအထားမှာ ပဲရောက်ရောက်၊ ပတ်ဝန်းကျင်တစ်ခုလုံး အနေအထားကို သေသေချာချာ ဆန်းစစ်တတ်မယ်။ အချက်အလက်တွေကို စုစည်းတတ်မယ်။ ကိုယ့်အတွက် အကျိုးရှိတဲ့ ပွိုင့်ကို နိုက်ထုတ်တတ်မယ်။ ဆုံးဖြတ်ချက်ချရဲမယ်ဆိုရင် ကလေးများရဲ့ ဘ၀တစ်လျှောက်လုံးမှာ တွေ့ကြုံရမဲ့ အခက်အခဲများအားလုံးကို ကျော်လွှားနိုင်မှာဖြစ်ပါတယ်။
အသုံးဝင်နိုင်ကြပါစေ။

Ref: WeChat

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။