Myanmar-Rock-Organization
လူအဂီတ MTV နဲ့ ရေမွန်(idiots)
ရေမွန်တို့ idiots အဖွဲ့ က သူတို့ရဲ့ လူအဂီတ MTV ကိုပရိသတ်ဆီအမြန်ဆုံးရောက်ရှိနိုင်ဖို့ အပြီးသတ်ရိုက်ကူးမှု တွေပြုလုပ်နေပါတယ်။ MTV ရိုက်ကူး မှုတွေ ပြု လုပ်ဖြစ်နေ တဲ့ ရေမွန်နဲ့တွေ့ဖြစ်ချိန်မှာ MTV အကြောင်းပဲ စကားစပ်မိပါတယ်။နိုင်ငံတကာနဲ့ ယှဉ်တဲ့အခါမှာ မြန်မာ MTV တွေ နဲ့က ဘာတွေကွာခြားမှုတွေ လိုအပ် မှုတွေ ရှိတာလဲဆိုတာ လူငယ်တစ်ယောက်ရဲ့ သဘောကိုမေးတော့ ” အဓိကကတော့ ဘတ်ဂျက်ပေါ့။ ဒီ့ထက်နည်း နည်းလေးပိုပြီး ရိုက်ပြနိုင်ရင် တော့ကောင်းပြီပေါ့။ ပြီးတော့ ဘယ်နိုင်ငံမှာမှ MTV တစ် ခွေလုံးမရိုက်တဲ့အချိန်မှာ ကျွန်တော်တို့ မြန်မာပြည်မှာ တစ်ခွေလုံးရိုက်နေရတယ်။ သူတို့ ဆီမှာက MTV တစ်ပုဒ်ရိုက်တယ် ဆိုရင် ဘီလီယံနဲ့ချီပြီးသုံးလို့ရတယ်။
ပြန်ရလို့ရှိရင်လည်း ချန်နယ်တွေ ရောင်းတာနဲ့ ဘာနဲ့ တစ်ကမ္ဘာလုံးစာပြန်ရတယ်။ ကျွန်တော်တို့ဆီမှာသူတို့ လောက် ကောင်းအောင်လုပ်ဖို့အတွက်က ဘတ်ဂျက်တွေ အများကြီးလိုတယ်။ MTV ရိုက်နေတဲ့ သူတွေကိုကိုယ်ချင်းလည်း စာပါတယ်။ဒီမှာက အိုင်ဒီယာတွေ တော့ရှိတယ်။ဒါပေမဲ့ တစ်ခွေ လုံးရိုက်နေရတဲ့ အခါကောင်း အောင် ဘယ်လိုရိုက်မလဲပေါ့။ ကျွန်တော်ပရိသတ်ကို request လုပ်ချင်တာက နောက်ပိုင်းဆိုရင် ကျွန်တော်တို့အနေနဲ့ လည်း တစ်ခွေလုံးဆိုတာထက် Hit ဖြစ်တဲ့ သီချင်းတွေေ လာက်ကိုပဲ ချန်နယ်တွေမှာ လွှင့်တာတို့၊ ဖြန့်တာတို့လုပ်ဖြစ်မှာပါ။ အရှေ့ကသူတွေက MTV ဆို တဲ့အရာကို တစ်ခွေလုံးရိုက်လာ ကြတဲ့ အခါနောက် ပိုင်းမှာ တိုင် ပတ် ကုန်ကြတာ။ ကျွန်တော်တို့ အရည်အသွေးကောင်းကောင်း လိုချင်ရင်တော့အရည်အတွက်ကို လျှော့မှရမယ်” လို့ ရေမွန် က ပြောပါတယ်။
မြန်မာပြည်မှာ MTV ယဉ်ကျေးမှုအနေနဲ့ကော ဘာကြောင့် မထွန်းကားသေးတာလဲ။ အရင်ကရိုက်ခဲ့တဲ့ ပုံစံမျိုးတွေနဲ့ အခုပုံစံတွေမှာကော ဘာတွေကွာခြားသွားပြီလဲ ဆိုတာတွေရေမွန်နဲ့စကားဆက်မိတော့ ” ကျွန်တော်တို့”လူအဂီတ” စထွက်တုန်းကလူသိပ်မသိခင်က ဆိုင်တစ်ဆိုင်မှာ သွားစားရင်းဆိုင်ကအဒေါ်ကြီးကိုအခွေ လက်ဆော င်ပေးတော့ အရုပ်ပါလားတဲ့။ အရုပ်မပါရင် မယူချင်ဘူး။ အဲဒီတော့ အကျင့်ပါသွားပြီ။ တခြားနိုင်ငံမှာလည်း MTV တစ်ခွေလုံး ရိုက်ပြလာခဲ့ရင် ပရိသတ်ကလည်း တစ်ခွေ လုံး ရိုက်ဖို့တောင်းဆိုမှာပဲ။ ကျွန်တော်တို့ ကာရာအိုကေဆိုတာက ဒီလိုရိုက်ပြစရာမလိုပါဘူး။ ဆိုချင်တဲ့သူ သက်သက်အတွက် နောက်ကပုံသည် ငှက် ပုံဖြစ်ဖြစ် ရှုခင်းပုံဖြစ်ဖြစ်ရပါတယ်။ အဲ့ဒီလိုသတ်သတ် ခွဲပြီးလုပ်ကြမယ်ဆိုရင် MTV ဆိုတာလေးကိုအဆင့်ရှိရှိ ရိုက်ပြကြမယ်ဆိုရင်အရှေ့တောင် အာရှ မှာတော့ေ ကာင်းကောင်း မီပါ တယ်။ အဲ့ဒီလိုဘတ်ဂျက်သုံးနိုင်ပြီးကွာလတီ ကိုအဓိကထားရင်တော့ပိုကောင်းမှာပါ” လို့ MTV တွေနဲ့ပတ်သက်ပြီးပြောပါတယ်။ရေမွန်တို့ idiots အဖွဲ့ရဲ့ လူအဂီတ MTV ကိုတော့ ဒီဇင်ဘာလအတွင်းမှာ ရုပ်သံလိုင်းတွေက တစ်ဆင့် အရင်ဦးဆုံး ထုတ်လွှင့်ပြသသွားမှာဖြစ်ပြီး ပြသပြီး ၆ လဝန်းကျင် အကြာမှာေ တာ့သိမ်းထားချင်စရာ အမှတ်တရများနဲ့ MTV အခွေကို ဖြန့်ချိမှာ ဖြစ်တယ်ဆိုတာကိုလည်း ပြောခဲ့ပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။