Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, October 24, 2013

ကျော်သူ (ရုပ်ရှင်မင်းသား - 2013 မြန်မာလူမှုရေးစံပြပုဂ္ဂိုလ်)

Murann Ezine
ကျော်သူ (ရုပ်ရှင်မင်းသား - 2013 မြန်မာလူမှုရေးစံပြပုဂ္ဂိုလ်)
ကျွန်တော်သည် စာရေးဆရာ တစ်ဦးမဟုတ် လွန်ခဲ့ပြီးသော အချိန်ကာလများတုန်းက ရုပ်ရှင်သရုပ်ဆောင် ဘဝဖြင့် ကချင်ပြည်နယ်အတွင်း တိုက်ပွဲများပြင်းထန်နေချိန်တွင် ကျွန်တော်၏သမီးငယ် မြင့်မိုရ်ဦး လူ့လောကထဲ သို့ရောက်ရှိသည့် (၂) ရက်မြောက်နေ့တွင် နိုင်ငံတော်၏ တပ်မတော်နေ့ ဇာတ်ကားအဖြစ် ထိုအချိန်က အနက် ရောင်နယ်မြေဟု သတ်မှတ်ထားသော ကချင်ပြည်နယ် မြစ်ကြီးနား၊ ဖားကန့်၊ လုံးခင်း ဒေသများသို့ ရုပ်မြင်သံကြား သွားရောက် ရိုက်ကူးရန်အတွက် ဖြစ်ပေါ်လာသည်။ အနုပညာသမားတစ်ယောက် မငြိမ်းချမ်းသော ပြည်နယ် တစ်ခုတွင် လက်နက်ဆွဲကိုင်ကာ ကျည်ဆံ၊ ဗုံးဆံများကြားထဲ၌ ရုန်ကန်လှုပ်ရှားပေးဆပ်ခဲ့ရသည်။ အချိန်ကာလ အားဖြင့် တစ်လနီးပါးကြာခဲ့သည်။ ရိုက်ကူးရေးပြီးဆုံးသွား၍ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသော အချိန်တွင် ကျွန်တော်သည် တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး ဆိုသလို စိတ်ကြမ်း၊ လူကြမ်း၊ စရိုက်ကြမ်းများ ဖြစ်ပေါ်ခဲ့ရသည်။ ကျွန်တော့်၏ နေအိမ်အတွင်းသို့ ပြန်လည်ရောက်ရှိသောအခါ ပုခက်ငယ်အတွင်း၌ ကျွန်တော်၏ ချစ်စရာသမီးငယ်လေးအား မြင်တွေ့ မိသောအခါတွင် ကျွန်တော်၏ စိတ်ရိုင်း စရိုက်ကြမ်းများ လျော့ပါးသွားမှုကို ပေါ့ပါးစွာဖြင့် ခံစားမိတော့သည်။ ထိုအကြောင်းအရာနှင့် ပတ်သက်၍ ကျွန်တော်စာရေးချင်စိတ် ပေါ်ပေါက်လာ ခဲ့တော့သည်။ ထိုစဉ်အခါက ကျွန်တော်ရေးသားလိုက်သော ဆောင်းပါးအား ယခင်က ရုပ်ရှင်အမြုတေ ဟုခေါ်သော ယခု ရွှေအမြုတေ ရုပ်ရှင်မဂ္ဂဇင်း အယ်ဒီတာချုပ် ဦးဝင်းငြိမ်းမှ ထည့်သွင်းဖော်ပြခြင်းကို ခံခဲ့ရသည်။ ဆောင်းပါးအမည်ကား “လက်ရဲဇက်ရဲနဲ့ ပုခက်လွှဲတဲ့လက်” ဟု၍ဖြစ်တော့သည်။ ထိုစဉ်အခါက ကျွန်တော်ရေးသား ဖြစ်ခဲ့သော ဆောင်းပါးများအား တတ်သိနားလည်သော စာရေးဆရာ ကြီးများအား ပြသအကူအညီတောင်း၍ တည်းဖြတ်မှုများ ပြင်ဆင်မှုများပြုလုပ် ပေးစေခဲ့သည်။

ယခုပရဟိတ လူမှုရေးသမားအဖြစ် ရောက်ရှိခဲ့သောအချိန်တွင် နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝ ဘေး၊ စစ်ဘေး စသည့် လူမှုလိုအပ်ချက်များအား ကူညီဖေးမလုပ်ကိုင်ရန် ကျွန်တော်၏ စိတ်တို့သည် ပြည်သူ/ သားတို့နှင့် ထပ်တူထပ်မျှခံစားခဲ့ရတော့သည်။ ထိုခံစားချက်များအား စာမျက်နှာပေါ်တွင် ရေးချခဲ့ကာ ကျွန်တော်၏ Facebook ပေါ်တွင်တင်ပြခဲ့သည်။ ပရဟိတ လူမှုရေးသမားစာပေများအား ကျွန်တော်တို့နှင့်အတူ လက်တွဲ၍ ပရဟိတလုပ်ငန်းများအား လုပ်ကိုင်ပေးနေသူ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်အား ပြသ၍ တည်းဖြတ် အကြံပေးမှုများအား ရယူခဲ့ရပြန်သည်။

၂ဝဝ၇ စက်တင်ဘာ သံဃာ့အရေးအခင်းနောက်ပိုင်း ကျွန်တော်အနုပညာ လုပ်ငန်းများ လုပ်ခြင်းများကို ပိတ်ပင်တားစီးခံခဲ့ရတော့သည်။ ရုပ်ရှင်ပိတ်ကားတွင်သာမက စာမျက်နှာများ (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ဗီနိုင်းကားချပ်)တို့ပေါ်တွင် ကျော်သူဓါတ်ပုံမသုံးရ၊ ကျော်သူ့ပန်ချီးမပြရ၊ ကျော်သူ့ ဆောင်းပါးမသုံးရ ကျော်သူ ဟူသော နာမည်ပါ တင်ပြခွင့်မရှိခဲ့။ ကျွန်တော်၏ ဆရာကြီးဖြစ်သူ ဆရာမင်းသိင်္ခ ကွယ်လွန်စဉ်က ဝမ်းနည်းဆုံးရှုံး မှုဖြစ်ရကြောင်းနှင့် ကျွန်တော်၏သမီး မင်္ဂလာပွဲအခမ်းအနား ကြေငြာခြင်းတို့ ဖြစ်သော (နာရေး၊ သာရေး) ကိစ္စရပ်များကိုပင် (ကျော်သူ)ဟူသော အမည်ပါ၍ သတင်းစာထဲတွင် ကြေငြာထည့်ခွင့်ပင်မရခဲ့ချေ။ ထို့ကြောင့် ကျွန်တော်သည် လူသားအကျိုးပြုလုပ်ငန်းများ လုပ်ကိုင်ရင်း တွေ့ကြုံခံစားခဲ့ရသော အဖြစ်အပျက်များ ခံစားချက်များအား ကျွန်တော်၏ Facebook ပေါ်တွင် လွတ်လပ်စွာ ရေးသားရင်ဖွင့်ခြင်းကို တစ်ကိုယ်တော် ပြုလုပ်ခဲ့တော့သည်။

ကျွန်တော်၏ ခံစားမှုဆောင်းပါးများ၊ ကဗျာများအား ဖတ်ရှုမိသူ၊ သတိပြုမိသူ၊ စုဆောင်းထားခဲ့သူ ပညာရှင်တစ်ဦးပေါ်ပေါက်လာခဲ့သည်။ ထိုသူသည် ပြည်ပနိုင်ငံတွင် နိုင်ငံတကာဆက်ဆံရေးဘွဲ့ကို ဆွတ်ခူးခဲ့သူ အလင်းဆက် (IR) ပင်ဖြစ်တော့သည်။ အလင်းဆက် (IR)သည် မြန်မာပြည်သို့ ပြန်လည်ရောက်ရှိသောအခါ ကျွန်တော်နှင့် တွေ့ဆုံ ရင်းနှီးခဲ့ပြီး ကျွန်တော်၏ ဆောင်းပါးများအား စာအုပ်ထုတ်ဝေရန် တိုက်တွန်းခဲ့သည်။ သူ၏ တိုက်တွန်းမှုနှင့်အတူ ထုတ်ဝေသူ ဦးအောင်သူ (မန္တလေးမြို့ ထွန်းဦးစာပေတိုက်၊ ပဉ္စဂံစာပေတိုက်ပိုင်ရှင်)အား ကျွန်တော့်ဆီ အရောက် ခေါ်လာခဲ့တော့သည်။ ထိုထိုသော အကြောင်းအရပ်များ ပေါင်းစည်းပြီးသကာလ ကျွန်တော်၏ “ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင်” ဟူသော စာအုပ်ထွက်ပေါ်လာခဲ့တော့သည်။ ထိုသို့ ကျွန်တော်၏ လူ့သက်တမ်းတွင် မှတ်တိုင် တစ်တိုင်အဖြစ် ထပ်မံစိုက်ထူပေးခဲ့သော အလင်းဆက် (IR)၊ စာရေးဆရာ ဟိန်းလတ်၊ ဦးထွန်းဦး၊ ဦးအောင်သူ (ထွန်းဦး စာပေ တိုက်၊ ပဉ္စဂံ စာပေတိုက်)နှင့် ကျွန်တော်၏ ခံစားချက်စကားလုံးများအား ကွန်ပျူတာ စာရိုက်ကူညီပေးခဲ့သော ကျော်ဟိန်း (FFSS)၊ ဇော်စိုင်း (FFSS)၊ ဝံသ (FFSS)၊ ဇူးဇူး (FFSS)နှင့် လိုအပ်သော အချက်အလက်များအား ရှာဖွေစုဆောင်းပေးခဲ့သော ဇာနည်ထက် (FFSS)၊ မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးပေးခဲ့သော ရောဘတ်အောင် (FFSS) တို့အပြင် အမှာစာ ရေးသားကူညီပေးခဲ့သော ဘဘဦးဝင်းတင်၊ ဘကြီးမိုး (ဦးမိုးသူ)၊ ဦးဝင်းငြိမ်း (အလင်းတန်း၊ ရွှေအမြုတေ အယ်ဒီတာချုပ်)တို့အား၎င်း မျက်နှာဖုံးပန်းချီဖန်တီးပေးခဲ့သော ပန်းချီဆရာ ဦးတင်ထွန်း၊ အတွင်းပန်းချီများအား ဖန်တီးရေးဆွဲပေးခဲ့သော ပန်းချီဆရာ မင်းကျော်ခိုင်(USA-NY)၊ မမွှေး၊ ပန်းချီ လင်းဝဏ္ဏ၊ ကာတွန်း မောင်မောင်အောင်တို့နှင့် ဇာတ်ညွှန်း လွင်မင်းအံ့တို့အားလည်း ကျွန်တော်၏ နှလုံးသားထက်မှ ကျေးဇူး တင်မိပါတော့သည်။ ထုတ်ဝေသူ ဦးအောင်သူ (မန္တလေးမြို့ ထွန်းဦးစာပေတိုက်၊ ပဉ္စဂံစာပေတိုက်ပိုင်ရှင်)၏ အကြံပြုချက်အရ ကျွန်တော်၏မွေးနေ့ဖြစ်သော နိုဝင်ဘာလ (၂)ရက်နေ့ မတိုင်မီ မွေးနေ့အကြိုအဖြစ် နိုဝင်ဘာ (၁)ရက်နေ့အား စာအုပ်ထုတ်ဝေရန် ဆုံးဖြတ်ခဲ့ကြတော့သည်။

ကျွန်တော်၏ “ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင်” ဟူသော ခေါင်းစီးနှင့်ပတ်သတ်၍ ကျွန်တော်ရှင်းလင်း ထားချက်အားလည်း ယင်းစာအုပ်တွင်ပါရှိသည်။ “ဖြစ်ချင်တယ်” နှင့် “ဖြစ်ခဲ့ရင်”တို့သည် အဓိပ္ပါယ်ချင်း ကွာခြားမှု ရှိသည်ကို သတိထားစေချင်တော့သည်။ ကျွန်တော်သည် အများပြည်သူလူထု မြန်မာပြည်သူ/သားများအတွက် စွန့်လွှတ်အနစ်နာခံမှုများစွာဖြင့် ပေးဆပ်နေရသော၊ မြန်မာပြည်ကြီးအား ကျေးဇူးဆပ်နေသော သူတစ်ယောက် ဖြစ်သည်နှင့်အညီ မြန်မာပြည်သူလူထုတို့၏ ဘဝပေါင်းများစွာ၊ အသက်ပေါင်းများစွာ၊ လူမှုဒုက္ခပေါင်းများစွာတို့ သည် ကျွန်တော့်နှလုံးသားထဲ ထပ်တူထပ်မျှ ခံစားလာခဲ့ရသည်။

“ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင်” စာအုပ်သည်ကား “ပြည်သူ့အသံ … ကျော်သူ့အသံ” “ကျော်သူ့အသံ … ပြည်သူ့အသံ” ဖြစ်တော့သည်။ ထိုထိုသော အကြောင်းများကြောင့် “ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင်”စာအုပ်၏ အမည်မှာ “ပြည်သူတွေသာ သမ္မတကြီးဖြစ်ခဲ့ရင်” ဟူ၍ ဖြစ်သင့်တော့သည်။အသက်ပေါင်းများစွာ၊ လူမှုဒုက္ခပေါင်းများစွာတို့ သည် ကျွန်တော့်နှလုံးသားထဲ ထပ်တူထပ်မျှ ခံစားလာခဲ့ရသည်။

“ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင်” စာအုပ်သည်ကား “ပြည်သူ့အသံ … ကျော်သူ့အသံ” “ကျော်သူ့အသံ … ပြည်သူ့အသံ” ဖြစ်တော့သည်။ ထိုထိုသော အကြောင်းများကြောင့် “ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင်”စာအုပ်၏ အမည်မှာ “ပြည်သူတွေသာ သမ္မတကြီးဖြစ်ခဲ့ရင်” ဟူ၍ ဖြစ်သင့်တော့သည်။

**********
ကျော်သူ ဘဝဖြစ်စဉ်အကျဉ်း

နိုဝင်ဘာ-၁၉၅၉) သည် မြန်မာ့ အကယ်ဒမီ ဆုရှင်တစ်ဦးဖြစ်သလို ရုပ်ရှင်သရုပ်ဆောင် နှင့် ရုပ်ရှင် ဒါရိုက်တာ တစ်ဦးလည်းဖြစ်သည်။ ၁၉၈၀နှစ်များမှစ၍ ၁၉၉၀ ဝန်းကျင်အထိ မြန်မာ့ ရုပ်ရှင်လောက၏ အကောင်းဆုံး သရုပ်ဆောင် တစ်ဦးဖြစ်ခဲ့သည်။ ၂၀၀၀ ခုနှစ် အစော ပိုင်းမှစ၍ ကျော်သူသည် သူဘဝ၏ အဖိုးတန် အချိန်များအား လူမှုရေးလုပ်ငန်းများတွင် မြုပ်နှံခဲ့သည်။

အစောပိုင်း ဘဝ

ကျော်သူ၏ အမည်ရင်းမှာ ကျော်ဝင်းဖြစ်သည်။ ကျော်သူကို အဖဦးစိန်တင်နှင့် အမိ ဒေါ်မေသန်း တို့က ရန်ကုန်မြို့တွင် ဖွားမြင်သည်။ ငယ်စဉ်က အ.ထ.က(၁) ဒဂုံတွင် ပညာသင်ကြားခဲ့သည်။ သူသည် ရန်ကုန်တက္ကသိုလ် တွင် တက်ရောက်ခဲ့သော်လည်း ရုပ်ရှင်လုပ်ငန်ကို အားစိုက်လုပ်နိုင်ရန် နောက်ဆုံးနှစ်တွင် ကျောင်းမှထွက်ခဲ့သည်။

အနုပညာ လှုပ်ရှားမှုများ

၁၉၈၄-ခုနှစ်တွင် "နှောင်ကြိုးလေး တစ်မျှင်" ဇာတ်ကားဖြင့် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့သည်။ ၁၉၈၅-ခုနှစ် ကရိုက်ကူးခဲ့သော"နေရာချင်းတော့ မလဲနိုင်ပါ" ရုပ်ရှင်ဇာတ်ကားဖြင့် အောင်မြင်ခဲ့သည်။ ၁၉၉၄-ခုနှစ်တွင် “တပြည်သူမရွှေထား” ရုပ်ရှင်ဇာတ်ကားဖြင့် အကယ်ဒမီ ရရှိခဲ့သည်။
ကျော်သူသည် ပန်းချီပညာကိုလည်း ၀ါသနာပါသဖြင့် ပန်းချီကားများ ရေးဆွဲပြီး ပြပွဲများ ပြုလုပ်ခဲ့သည်။ မိမိ ဘ၀တစ်လျောက် ကြုံခဲ့ရသော ခံစားမှုများကို ပန်းချီကားတွေအဖြစ် စူးစူးစိုက်စိုက် ဖန်တီးလာဖြစ်ခဲ့သည်။ အသက် ၅၀-ပြည့် ရွှေရတုမွေးနေ့အဖြစ် ၂၀၀၉-ခုနှစ်၊ နိုဝင်ဘာ ၂ ရက်နေ့ တွင် သူ၏ အနုပညာလက်ရာများကို Kyaw Thu's Art Zone တကိုယ်တော် ပန်းချီပြပွဲ အဖြစ် သူ၏နေအိမ်၌ ခင်းကျင်းပြသခဲ့သည်။

လက်ရှိအခြေအနေ (၂၀၁၃)
မြန်မာနာရေးအသင်းကြီးသည် မျက်ရည်များစွာဖြင့် စတင်ခဲ့ရသောလူမှုရေးအဖွဲ့ကြီးဖြစ်သည်။ ရုပ်ရှင်မင်းသားကျော်သူနှင့်ဇနီးသည်တို့သည် မိသားစုဝင်များသေဆုံးရာတွင် အသုဘစရိတ်ပင်မတတ်နိုသူ အလွန်များပြားလာသည်ကို မြင်တွေ့ဖန်များသောအခါ မတတ်နိုင်သူများအတွက် ကုန်ကျစရိတ်အနည်းဆုံးဖြင့် သေသောသူ၏ နောက်ဆုံးခရီးကို ပို့ဆောင်ပေးသည် လုပ်ငန်းဖြစ်သည်။ နာမည်ကျော် အကယ်ဒမီ လူချစ်လူခင်များပြားလှသော ရုပ်ရှင်မင်းသားကျော်သူတို့ဇနီးမောင်နှံကို မြင့်မြတ်သောစိတ်ထားရှိသူ စံပြအဖြစ်မှတ်တမ်းတင်ပါသည်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။