Burmar Pyi Thar
ဘယ်သူ ပြော သလဲ ငါတို့ နိုင်ငံဆင်းရဲ တယ်လို့........
နိုင်ငံတော် သမ္မတ ကြီး သိန်းစိန်ရဲ့ တရားဝင်လာစာဟာ သိန်း(၅၀) ရှိပါတယ်(အောက်ဆိုက်မပါ)... တခြားနိုင်ငံတွေ နဲ့ ယှဉ် ကြည့် လိုက်ရင်....
အမေရိကန်သမ္မတ ကြီး အိုဘားမားရဲ့ တလ ၀င်ငွေထက် ၂၅ ဆ များနေသလို တလ ဒေါ်လာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ထက်လဲ ၄ ဆနီးပါး များနေပါတယ်။

မှောင်ခိုငွေလဲနှုန်းနဲ့ဆိုရင်တောင် အိန္ဒိယ၀န်ကြီးချုပ် မန်းမိုဟန်ဆင်း လစာထက် ဒေါ်လာ တထောင်များနေပါသေးတယ်။ အာဆီယံအဖွဲ့ဝင် ဗီယက်နမ် သမ္မတ ရဲ့ လစာက ဒေါ်လာ ၂၄၀ သာရှိတာမို့ မှောင်ခိုငွေလဲနှုန်းနဲ့ဆိုရင်တောင် သမ္မတ ကြီး ဦးသိန်းစိန်ရဲ့လစာက ဗီယက်နမ်သမ္မတ လစာထက် အဆ ၂၀ များနေပါတယ်။
၁။အိမ်တော်ဝန်နဲ့ အိမ်တော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (ပစ္စည်းထိန်း၊ စားဖိုမှူး၊ စားပွဲထိုး၊ ခ၀ါ၊ အိမ်အကူ၊ သန့်ရှင်းရေး စသည်များ)
၂။ အိမ်တော်နဲ့ အိမ်တော်ဝန်း ထိန်းသိမ်းစောင့်ရှောက်ရေး အခမဲ့ ခံစားခွင့်၊
၃။ အိမ်တော်ဆိုင်ရာ လိုအပ်တဲ့ ပရိဘောဂနဲ့ ထိန်းသိမ်းစောင့်ရှောက်မှု စရိတ်
၎။ လုံခြုံရေးအစောင့်အရှောက်၊
၅။ ကိုယ်ရံတော် အရာရှိနှစ်ဦးနဲ့ ကိုယ်ရေးအရာရှိ ၂ ဦး
၆။ ရေအခမဲ့ သုံးစွဲခွင့်၊
၇။ လျှပ်စစ်ဓါတ်အား အခမဲ့ သုံးစွဲခွင့်
၈။ ပြည်တွင်း ပြည်ပ ဖုန်းအခမဲ့ပြောဆိုခွင့်
၉။ မော်တော်ယာဉ် ၆ စီး။
၁၀။ ယာဉ်မောင်း ၆ ဦး။
၁၁။ မော်တော်ယာဉ် ၆ စီးအတွက် အမှန်ကုန်ကျသည့် စက်သုံးဆီ၊
၁၂။ မော်တော်ယာဉ် ၆ စီးအတွက် အမှန်ကုန်ကျသည့် စက်ဆီနှင့် ချောဆီ။
တနေ့ တဒေါ်လာအောက် ဆင်းရဲတွင်းနက်နေတဲ့ ပြည်သူတွေက တိုင်းပြည်လူဦးရေရဲ့ ၃၂% ရှိနေတဲ့ မြန်မာနိုင်ငံမျိုးမှာ၊ တဦးချင်းGDP469 ဒေါ်လာသာရှိတဲ့ မြန်မာလို နိုင်ငံမျိုးမှာ
သမ္မတဦးသိန်းစိန်ရဲ့လစာက ပြည်သူတဦးချင်း ဂျီဒီပီထက် ဆယ်ဆကျော် များနေတာမို့ နိုင်ငံတကာကကြည့်ရင် အမြင်မတော် ဆင်တော်နဲ့ခလောက်ဆိုတဲ့ကိန်း ဖြစ်နေပါတယ်...
ဒါတောင်သမ္မတ တစ်ယောက် ထဲ တွက်ထားတာပါ..စဉ်းစားသာကြည့် ပေတော့ဗျာ
ဒါတောင် ဘတ်ကီး မန်းနီး တွေ မပါသေးဘူးနော်...
ဟဲဟဲ ဒို့ နိုင်ငံ ဆင်းရဲတယ် လို့ ဘယ်သူပြော မလဲ....???
#BurmarPyiThar

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။