Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, October 21, 2013

မြန်မာ သီချင်း များ ကို အင်တာနက် ပေါ်၌ ပထမ ဦးဆုံး ရောင်းချ

 
Golden Land Myanmar
မြန်မာ သီချင်း များ ကို အင်တာနက် ပေါ်၌ ပထမ ဦးဆုံး ရောင်းချ
မြန်မာ သီချင်း များ ကို ပြည်တွင်း ပြည်ပမှ အခပေး ၍ ဝယ်ယူ နားဆင် နိုင်မည့် http://www.myanmarmusicstore.com ကို ပထမ ဦးဆုံး အနေ ဖြင့် စတင် လုပ်ဆောင် နိုင်ခဲ့ ကြောင်း Legacy Music Network မှ မန်နေဂျင်း ဒါရိုက်တာ ဒေါကတာ ကိုကိုလွင် က ပြော သည်။ ပြည်တွင်း အနေဖြင့် တေး သီချင်း များ ဝယ်ယူ ရာတွင် မိုဘိုင်းဖုန်း ဘီလ် ဖြင့် ဝယ်ယူ ခြင်း၊ Myan Pay စနစ် ...ဖြင့် ဝယ်ယူခြင်း၊ Y Pay စနစ် ဖြင့် ဝယ်ယူ ခြင်း၊ SMS စနစ် ဖြင့် ဝယ်ယူ ခြင်း၊ ၁၈၈၉၉ သို့ ဆက်သွယ် ဝယ်ယူ ခြင်း တို့ ပြုလုပ် နိုင်ပြီး ပြည်ပ နိုင်ငံ များ မှ ဝယ်ယူ လိုပါ က Paypal စနစ် ဖြင့် ဝယ်ယူ နိုင်ကြောင်း သိရသည်။
ထို့ အပြင် တေး သီချင်း သီးသန့် ဝယ်ယူ နိုင်မည့် ငွေဖြည့် ကတ် များ ကိုလည်း LEGACY Music Network မှ ရောင်းချ သွားမည် ဖြစ် သည်။ တေးသီချင်း ထုတ်လုပ် ရေး လုပ်ငန်း များ အပါ အဝင် မြန်မာ့ ဆက်သွယ် ရေး လုပ်ငန်း နှင့် အကျိုး တူ ပူးပေါင်း ဆောင်ရွက် ထားခြင်း ဖြစ်ပြီး ဝက်ဘ်ဆိုက် ကို အောက်တိုဘာ ၂၇ ရက် နေ့ ၌ စတင် မိတ်ဆက် သွားမည် ဖြစ် သည်။ “မိတ်ဆက် တဲ့ အခါမှာ လေးဖြူ ရဲ့ သီချင်း သစ် တစ်ပုဒ် ကို အွန်လိုင်း သီးသန့် အနေနဲ့ ရောင်းချ ပေးမယ်။ ဒီ သီချင်း က အပြင်မှာ ထွက်လာ မယ့် သီချင်း မဟုတ် ဘူး။ တစ်လ တစ်ခါ လောက်တော့ နာမည် ကြီး အဆိုတော် တွေရဲ့ သီချင်း အသစ် တစ်ပုဒ် လောက် ကို အွန်လိုင်း တင်ပြီး ရောင်းချ ပေးသွား မယ်” ဟု ဒေါက်တာ ကိုကိုလွင် က ပြော သည်။
တေး သီချင်း များ ရောင်းချ ရာ၌ ၂၀၁၃ ခုနှစ် အသစ် ထွက် တေး စီးရီး တစ်ခွေ လျှင် ၁၈၀၀ ကျပ် နှုန်း သတ်မှတ် ထားပြီး တစ်ပုဒ် ချင်း ဝယ်ယူ လိုပါက ၃၀၀ ကျပ် သတ်မှတ် ထားသည်။ တေး စီးရီး အဟောင်း များ ဆိုပါ က တစ်ခွေ လျှင် ၁၅၀၀ ကျပ် သတ်မှတ် ပေးထား ပြီး တစ်ပုဒ် လျှင် ၂၅၀ ကျပ် သတ်မှတ် ထားသည်။ ထို့ပြင် ပြည်ပ နိုင်ငံ များမှ ဝယ်ယူ လိုပါက တေး စီးရီး အသစ် တစ်ခွေ လျှင် ၂.၉၉ ဒေါ်လာ၊ တစ်ပုဒ် လျှင် ၁.၄၉ ဒေါ်လာ သတ်မှတ် ထားပြီး တေး စီးရီး အဟောင်း များ ဆိုပါ က တစ်ခွေ လျှင် ၂.၄၉ ဒေါ်လာ၊ တစ်ပုဒ် လျှင် ၀.၃၉ ဒေါ်လာ သတ်မှတ် ထား သည်။ တေး သီချင်း များ ကို မဝယ် ယူ ခင်၌ တစ်မိနစ် အခမဲ့ နားဆင် နိုင်ပြီး ကြိုက် နှစ်သက် သည့် အခါ ငွေ ပေးချေ ၍ ဝယ်ယူ ရမည် ဖြစ်သည်။ တစ်ကြိမ် ဝယ်ယူ ပြီးသည့် တေး သီချင်း ကို ထပ်မံ ရယူ လိုပါက ငွေကြေး ပေးချေ ရန် မလို အပ် ကြောင်း ဒေါက်တာ ကိုကိုလွင် က ပြောသည်။
“ဝက်ဘ်ဆိုက် မှာ ပထမ ဦးဆုံး အကောင့် တစ်ခု လုပ်ရ မယ်။ အကောင့် လုပ်တဲ့ အခါ နိုင်ငံ နေရာ မှာ မြန်မာ လို့ ရွေးချယ် ခဲ့ရင် ငွေပေး ချေ တဲ့ စနစ် တွေက ကျပ်ငွေ တွေ ပြလိမ့် မယ်။ တခြား နိုင်ငံ တစ်ခုခု ကို ရွေးချယ် ခဲ့မယ် ဆိုရင်တော့ ဈေးနှုန်း တွေက ဒေါ်လာ နဲ့ ပြမယ်။ ထူးခြား တာက မြန်မာ အနေ နဲ့ ဆိုရင် သီချင်း အားလုံး မြင်ရ တယ်။ ပြည်ပ က ဆိုရင်တော့ ကော်ပီ သီချင်း တွေကို မြင်ရ တော့ မှာ မဟုတ် ဘူး။ ဘာကြောင့် လဲ ဆိုတော့ မူပိုင်ခွင့် တွေ နဲ့ ငြိသွား မှာ စိုး လို့ပါ” ဟု ၄င်း က ပြော သည်။ ဝက်ဘ်ဆိုက် စမ်းသပ် လွှင့်တင် သည့် ၂ ရက်တာ ကာလ အတွင်း ပြည်တွင်း ပြည်ပ မှ တေး သီချင်း ဝယ်ယူ မှု ရာဂဏန်း နှင့် ချီ၍ ရှိခဲ့ ကြောင်း တရားဝင် အနေ ဖြင့် ပထမ ဦးဆုံး ရောင်းချမှု သည် မျှော်မှန်း ထားသည် ထက် ပိုမို အောင်မြင် ခဲ့ကြောင်း သိရ သည်။
Internet Journal

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။