Golden Land Myanmar
တေးသံရှင် မာမာအေး Artist Of The Year ဆုရရှိ
ထန်းရိပ်ညို Artist Of The Year တစ်နှစ် ပြည့် နှင့် ဆရာကြီး ဒဂုန်တာရာ ကွယ်လွန် ခြင်း နှစ် လ ပြည့် အထိမ်း အမှတ် အဖြစ် အနုပညာ ဆုပေးပွဲ နှင့် ဂုဏ်ပြု စာတမ်း ဖတ်ပွဲ တွင် ထန်းရိပ်ညို အနုပညာ စင်တာ ၏ Artist Of The Year ဆု ကို တေးသံရှင် မာမာအေး ရရှိခဲ့ ကြောင်း အဆိုပါ ဆု ချီးမြှင့်ခြင်း အခမ်အနား အရ သိရသည်။
အဆိုပါ ထန်းရိပ်ညို ခံစား သူ စိတ်ကြိုက် ဆုများ ချီးမြှင့်ခြ...င်း ကို ပြင်ဦးလွင် အနီး စခန်းရှိ ထန်းရိပ်ညို အနု ပညာ ပြခန်း တွင် အောက်တိုဘာ လ ၂၀ ရက်နေ့ က ပြုလုပ် ခဲ့ကြောင်း ယင်း ထန်းရိပ်ညို ထံမှ သိရ သည်။

ယင်း Artist Of The Year ဆုကို ယခု နှစ် မှ စတင် ချီးမြှင့် ခဲ့ခြင်း ဖြစ်ပြီး ပထမ ဦးဆုံး အကြိမ် အဖြစ် တေးသံရှင် မာမာအေး ကို ပေးအပ် ခဲ့ကာ ထန်းရိပ်ညို ခံစား သူ စိတ်ကြိုက် ဆု အဖြစ် ကဗျာ ဆရာ မောင်သင်းပန် နှင့် ဆရာမ မအိ တို့ကို ပေးအပ် ခဲ့သည်။ “အဆိုတော် မာမာအေး ကိုေ ပးရ တာက သူ့ကို ချစ်ခင် လို့ ရယ် မြန်မာ ပြည် ကို ပြန်လာ ပြီး မြန်မာ သံစဉ် သီချင်း တွေ ကို သိအောင် လုပ်ပေး လို့ ရွေးချယ် ခဲ့တာပါ” ဟု ထန်းရိပ်ညို အနုပညာ ပြခန်း ပိုင်ရှင် ပန်းချီ ဆရာကြီး ဦးမျိုးခင် က ဆို သည်။
ထန်းရိပ်ညို အနုပညာ စင်တာ သည် ထန်းရိပ်ညို အနု ပညာ ဆု ကို ၂၀၁၀ ပြည့်နှစ် မှ စတင်ကာ ဦးမျိုးခင် ၏ မွေးနေ့ ဖြစ်သည့် ဒီဇင်ဘာလ ၂၂ ရက်နေ့ တွင် ပြုလုပ် လေ့ ရှိသော် လည်း ယခု နှစ် တွင် ထန်းရိပ်ညို အနုပညာ ဆု အစား ထန်းရိပ်ညို Artist Of The Year ဆုနှင့် ထန်းရိပ်ညို ခံစား သူ စိတ်ကြိုက် ဆု များ ကိုသာ ပေးအပ် ဖြစ်ကြောင်း အဆိုပါ ဆု ရွေးချယ်ရေး အဖွဲ့ ထံမှ သိရသည်။
“ထန်းရိပ်ညို အနုပညာ ဆု ကို ဒီ နှစ် မှာတော့ မပေးဖြစ် တော့ဘူး။ ထန်းရိပ်ညို Creation Center တစ်နှစ် ပြည့် အခမ်း အနားနဲ့ ဆရာကြီး ဒဂုန် တာရာ ကွယ်လွန် ခြင်း နှစ်လ ပြည့် အထိမ်း အမှတ် ဂုဏ်ပြု စာတမ်း ဖတ်ပွဲ ပြုလုပ် ချင် လို့ ဒီဇင်ဘာ မှာ လုပ်မယ့် ဆုပေးပွဲ ကို ဒီနှစ် မှာ မလုပ် ဖြစ် တော့ဘူး။ Artist Of The Year ဆု ကိုတော့ နှစ်တိုင်း ပေး မှာပါ” ဟု ဆု ရွေးချယ်ရေး အဖွဲ့မှ ဆရာ စိုးဘားဒိုင် က ဆိုသည်။
တေးသံရှင် မာမာအေး သည် ၁၉၉၈ ခုနှစ် က ဥရောပ နိုင်ငံ အချို့ သို့ အလည် အပတ် ခရီး ထွက်စဉ် ပြည်ပ ရောက် အတိုက် အခံ အချို့ ကို တေး သီချင်းများ သီဆို ဖျော်ဖြေ ခဲ့ပြီးနောက် မြန်မာ နိုင်ငံ သို့ ၁၀ နှစ် ကျော်ကြာ ပြန်မလာ ဖြစ် ရာမှ ၂၀၁၂ ဒီဇင်ဘာ လ တွင် ပထမဆုံး အကြိမ် ပြန်လည် ရောက်ရှိ ခဲ့ပြီး တေးဂီတ ဖျော်ဖြေ ပွဲ များ ကျင်းပ ခဲ့သည်။
The Voice Journal

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။