Golden Land Myanmar
အိန္ဒိယ - မြန်မာ နယ်စပ် တွင် မီးတောင် ပေါက်ကွဲ
အိန္ဒိယ - မြန်မာ နယ်စပ် မှတ်တိုင် ၁၂၉ တွင် မီးတောင် ပေါက်ကွဲမှု တစ်ခု ဖြစ်ပွား နေကြောင်း အိန္ဒိယ နိုင်ငံ အခြေစိုက် သတင်း မီဒီယာ များ တွင် ဖော်ပြ ထားသည်။ အိန္ဒိယ နိုင်ငံ မဏိပူရ ပြည်နယ် ဥကရု ခရိုင် တပ်ဆမ် ကျေးရွာ အနီး ရှိ တောင်ထိပ် မှ ချောရည် ပူများ၊ ကျောက် ဆိုင် ကျောက်ခဲ များ အောက်တိုဘာ လ ၁၃ ရက်နေ့မှ စတင် ၍ စီးဆင်း နေ ကြောင်း မဏိပူရ ပြည်နယ် အစိုးရ အရာရှိ မျ...ားက ထုတ်ပြန် ပြောကြား ထားသည်။
အဆိုပါ ပေါက် ကွဲ မှု ကြောင့် တောင်နှင့် အနီးတစ်ဝိုက် ရှိ ရွာများ သို့ ချော်ရည်ပူ များနှင့် အခြား ကျောက်ဆိုင် ကျောက်ခဲ များ စီးဆင်း နေ၍ ဒေသ ခံ ပြည်သူများ ကို လုံခြုံ သည့် ဒေသများ သို့ ပို့ဆောင် ထားပြီး ဖြစ်ကြောင်း ယင်း သတင်း ဌာနများ တွင် ဖော်ပြ ထားသည်။
ထို့အပြင် ယခင် က အဆိုပါ ဒေသ အတွင်း တွင် မီးတောင် များ ရှိသည် ဟု မှတ်တမ်း များ မရှိခဲ့သော ကြောင့် ယင်း ပေါက်ကွဲမှု သည် မီးတောင် ပေါက်ကွဲခြင်း ဟုတ် မဟုတ် အစိုးရ အဖွဲ့က သံသယ ရှိနေကြောင်း သတင်း ထုတ်ပြန် သည်။
အိန္ဒိယ - မြန်မာ နယ်စပ် မှတ်တိုင် ၁၂၉ အနီး တွင် မီးတောင် ပေါက်ကွဲမှု ကြောင့် နှစ်နိုင်ငံ နယ်စပ် တစ်လျှောက် ရှိ လမ်းမ များ ပိတ်ပင် ထား ကြောင်း ယင်း သတင်းများ တွင် ဖော်ပြ ထားသည်။
The Voice Journal

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။