ထင်ရှားကျော်ကြားသူများ၏ အဆိုအမိန့်များ
“ဘ၀ဆိုတာ”
ဘ၀ဆိုတာ အမြဲတမ်း ကြိုးစား ရုန်းကန်နေခြင်းပါပဲ။
ဖြစ်ပေါ်လာတဲ့ အခက်အခဲတွေ စိန်ခေါ်မှုတွေကို လူတစ်ဦးစီက ဘယ်လိုရင်ဆိုင် ဖြတ်သန်းခဲ့သလဲ ဆိုတာကတော့ ဘ၀ရဲ့ဇတ်လမ်းလေးတွေပေါ့။

ဒါတွေကို အောင်မြင်ကျော်လွှားနိုင်ဖို့ အားထုတ်ကြိုးစားအလုပ်လုပ်ဖို့ ယုံကြည်မှု၊ စိတ်ရှည်ရှည်နဲ့ ဇွဲရှိဖို့ အရေးကြီးပါတယ်။
ဘ၀မှာ ချစ်ခြင်းမေတ္တာ၊ သစ္စာ၊ ဂုဏ်သိက္ခာ စည်းမျဉ်းတွေပေါ်အခြေခံတဲ့ လူမှုဘ၀တည်ဆောက်ဖို့လည်း အရေးကြီးတာပါပဲ။
ကျွန်မအတွက်ကတော့ ဘ၀ဆိုတာ ပေးဆပ်ခြင်းပါပဲ။
ကျွန်မရဲ့ အပြုအမှုလေးတစ်ခုဟာ အခြားလူတစ်ယောက်ကို ပျော်ရွှင်စေနိုင်တယ်ဆိုရင် အဲ့ဒါ ကျွန်မရဲ့ နေ့ရက်တွေကို လင်းလက်စေတာပါပဲ။
(ဘီနဇာဘူတို)
ပါကစ္စတန်ဝန်ကြီးချုပ်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။