"မောင်ကောင်းကျော် နာမည်ကြီး"
1.
ဟာသတော့ မဟုတ်ပါဘူး
လူ့သဘာဝလေးတွေကို စဉ်းစားကြည့်နေရင်း ကောင်းကျော်ကို သတိရသွားလို့ပါ...
ကျနော်တို့ငယ်ငယ်က ရပ်ကွက်ထဲမှာ ကောင်းကျော်ဆိုတဲ့ လူတစ်ယောက်ရှိတယ်
လူက လေးတန်းလောက်နဲ့ ကျောင်းထွက်လာတာ
ဈေးဂိတ်မှာ ဆိုက်ကားနင်းတဲ့ အလုပ်လုပ်တယ်
စာလေးပေလေးဖတ်တာ ဝါသနာပါတယ်
မီးကြိုးလည်းဆင်တတ်တယ်၊ အင်ဂျင်လည်းနှိုက်တတ်တယ်
မယ်ဒလင်လည်းတီးတယ်၊ ဂစ်တာလည်းခေါက်တယ်
ကျားလည်းထိုးတယ်၊ စစ်တုရင်လည်းကစားတယ်
ခြင်းလည်းခတ်တယ်၊ ဘော်လီဘောလည်းပုတ်တယ်
ဟိုစပ်စပ်ဒီစပ်စပ် အကုန်လုပ်တယ်
ဒီတော့ မသိတာလည်း ဘာမှမရှိ၊ ဘာသိလည်းဆိုတော့ ဘာမှလည်း မသိဘူး။
လူကြားထဲရောက်ရင် လူအထင်ကြီးအောင် လျှောက်လျှောက်ပြော လျှောက်လျှောက်လုပ်ပေမယ့် ကလေးတွေတောင် သူ့အကြောင်းသိနေတော့ ရက်ကွက်ထဲကလည်း ဘယ်သူမှ သူ့ကို အထင်မကြီးဘူး
2.
တရက်က…
ရပ်ကွက်ဗီဒီယိုရုံမှာ နိုင်ငံခြားကားပြလို့ သွားကြည့်မိတယ်။
ဇာတ်ကားလေးက ကောင်းတော့ နောက်မှာကြည့်နေတဲ့ လူကြီးပိုင်းက ငြိမ်ပြီးကြည့်နေတယ်
ရှေ့ဆုံးက ဖျာတန်းမှာ ကြည့်နေတဲ့ ကလေးတွေကတော့ ကလေးသဘာဝ ငြိမ်ငြိမ်ထိုင်ပြီး မကြည့်ကြဘူး။
အော်ငိုတဲ့သူကငို၊ ရန်ဖြစ်တဲ့သူကဖြစ်၊ ဂျွမ်းထိုးတဲ့သူကထိုးနဲ့ ဆူညံပွက်လောရိုက်နေတာ
ဒါကို သည်းမခံနိုင်တော့တဲ့ ကောင်းကျော်က ထငေါက်ပါလေရော… …
“ဟေ့… မိမဆုံးမ ဖမဆုံးမကလေးတွေ၊ တိတ်တိတ်နေကြစမ်း၊ တကတည်းဗျာ၊ ရုပ်ရှင်ကြည့်ရတာ ဇာတ်ကားထဲ ဘာပြောနေတယ်ဆိုတာကို မကြားရဘူး”
ဒီတော့ ကလေးတစ်ယောက်က ပြန်ပြောတယ်… …
“အမ်မယ်… အသံကြားတော့ရော ခညားက နားလည်တာကျလို့”
“ဘာကွ… တေနာလေး မင်းက င့ါကို အထင်သေးတာပေါ့လေ”
“ဟုတ်ပူးရား… ခညား အေဘီရှီတောင် အဆိုတတ်ပဲနဲ့”
“တယ်… ဒီမအေပေးလေး ငါလုပ်လိုက်ရ”
3.
နောက်တခါက…
ဗီဒီယိုရုံမှာ ဇာတ်ကားမပြခင် လူစောင့်တဲ့အနေနဲ့ နိုင်ငံခြားစတိတ်ခ်ျရှိုးတွေ
တနေ့တော့ အဲဒီခေတ်က နာမည်ကြီးဝိုင်းတစ်ခုဖြစ်တ့
ဒါကို ပါလေရာကိုကောင်းကျော်က ကြည့်နေရင်းပေးလိုက်တဲ့ မှတ်ချက်ကြောင့် ဘေးကသူငယ်ချင်းတွေက ဝိုင်းဆဲတာကို ခံလိုက်ရတယ်
သူပြောတာက… …
“ABBA, ABBA နဲ့ နာမည်ကြီးမယ့်သာကြီးနေတာ၊ ခု ကြည့်၊ တီးနေတဲ့ ဂစ်တာက နံပတ်သုံးကြိုး မညီဘူး”… တဲ့။
လူကဖြင့် ဂစ်တာလေး မတောက်တခေါက် တီးတတ်တာ
ကမ္ဘာကျော်တီးဝိုင်းက ဂစ်တာကို အသံနားထောင်ယုံနဲ့ သူက အကဲဖြတ်နိုင်တဲ့ အဆင့်မျိုး ပြောထည့်လိုက်တယ်
4.
တခါကတော့ ကျနော့်စက်ဘီးပျက်နေလို့ သူ့ဆိုက်ကားငှားပြီး ဈေးဘက်ကို သွားမိတယ်
စာအုပ်ဆိုင်မှာ လိုချင်တဲ့စာအုပ်လေးတွေ သွားရှာတာ
စာအုပ်ဆိုင်ဆိုတော့ ဆရာကောင်းကျော်ကလည်း လိုက်လာပြီး စာအုပ်တွေကို လျှောက်ကြည့်တယ်
ခဏနေတော့…
စာရေးဆရာ H. Fielding ရဲ့ စုဖုရားလတ်အကြောင်းရေးထားတ့
“ဒီစာအုပ်က ဘယ်လောက်လဲ” တဲ့
ပြောရအုံးမယ်
ကောင်တာထိုင်တဲ့ ကောင်မလေးက ပိုင်ရှင်ရဲ့သမီးချောချောလေ
ကျနော်နဲ့က အထက်တန်းကျောင်းမှာကတည်းက သူငယ်ချင်းတွေ
ဆိုတော့…
ကောင်မလေးက ပြောတယ်… …
“စာအုပ်က ဈေးနည်းနည်းများတယ်၊ ဖတ်ချင်ရင် ခဏငှားပေးလိုက်မယ်လေ၊ စာရွက်တွေ မတွန့်မကြေရင် ရပါတယ်၊ ကိုဦးသူငယ်ချင်းဆိုတော့ အားနာလို့”
“ရတယ်၊ ဝယ်သွားလိုက်မယ်”
မနေနိုင်တော့ ကိုယ်က ဝင်ပြောရတယ်… …
“မဟုတ်ဘူးလေကွာ၊ ဝယ်တော့ မင်းပိုက်ဆံကုန်တာပေါ့”
ဒါကို ဆရာကောင်းကျော်က ဘာပြန်ပြောတယ်မှတ်လဲ… …
“မဟုတ်ဘူး၊ ဒီစာရေးဆရာရဲ့ အရေးအသားကို ကြိုက်လို့ ဝယ်တာ”… တဲ့
အင်္ဂလိပ်စာရေးဆရာတစ်ယောက်ရဲ့
ကောင်မလေးတစ်ယောက်ရှေ့မှာ အထင်ကြီးခံရအောင်များ ပိုက်ဆံအကုန်ခံပြီး အိုက်တင်ခံသေးတယ်
5.
လုပ်ကြံခံရတဲ့ အမေရိကန်သမ္မတရဲ့ နာမည်တော့ မေ့နေလို့ဗျာ
အဲဒါ…
သူ့ကို လုပ်ကြံတဲ့ တရားခံကို မိတော့ စစ်ဆေးကြတာပေါ့
“သမ္မတကို ဘာလို့ လုပ်ကြံရတာလဲ”
ဆိုတော့… …
“နာမည်ကြီးချင်လို့”… တဲ့
ဒါ ကောင်းကျော်အကြီးစားပေါ့ဗျာ
အင်း… ….
ကျနော်လည်း ကောင်းကျော်ပေါက်စလေး တွေ့လိုက်မိသလားလို့
သန်၎ကို-ပေါက်ကရရေးသည်
https://www.facebook.com/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။