Nine Nine Sanay @ နိုင်းနိုင်းစနေ
(၁၂) မိဘအုပ်ထိန်းသူရဲ့ ပညာရေးအတွေးအမြင်နဲ့ ခင်ဗျားရဲ့ပညာရေးအတွေးအမြင် ကွဲလွဲတဲ့အခါ ဘယ်လိုလုပ်သလဲ။ မိဘအုပ်ထိန်းသူတွေ ခင်ဗျားရဲ့အတွေးအမြင်ကို ထောက်ခံသလား။
Rafe Esquithး စစတုန်းက ကျွန်တော်ရဲ့အတွေးအမြင်ကို မိဘတွေ သံသယဖြစ်ကြတယ်။ စောစောအတန်းတက်ရင်၊ နောက်ကျမှ အတန်းဆင်းရင် သူတို့စိတ်တိုကြတယ်။ အိမ်စာတွေမပေးလို့ဆိုပြီး မိဘတွေက ကျွန်တော့်အပေါ် မကျေနပ်ကြဘူး။ အိမ်စာဆိုတာ ဘာအတွက်မှကောင်းတာမဟုတ်ဘူးလို့ ကျွန်တော်...ထင်တယ်။ အဲဒီတုန်းက ကျွန်တော့်ကိုရူးနေတယ်လို့ အုပ်ထိန်းသူတွေက ထင်ကြတယ်။ ကျွန်တော့်ကို သူတို့လာပြောရင် သူတို့နဲ့ ကျွန်တော်အငြင်းမပွားဘူး။ သူတို့ အတန်းစောစောမလာချင်ရင် ကျွန်တော်သဘောတူလိုက်တယ်။ တကယ်လို့ အုပ်ထိန်းသူတွေနဲ့ အချိန်ကုန်ခံပြီး ကျွန်တော်အငြင်းပွားနေရင် ကလေးတွေနဲ့ ကျွန်တော်အတူနေရချိန် ပုပ်သွားလိမ့်မယ်။ အခုဆိုရင် လွယ်သွားပြီ… ကျွန်တော့်ဆီကိုပဲ လာချင်နေကြပြီ။ အဓိက,က သော့ချက်က အုပ်ထိန်းသူတွေ သင့်ကိုယုံကြည်ဖို့ပါပဲ။
(၁၃) တရုတ်ကလေးတွေရဲ့ ပညာသင်ယူရေးက ဝန်လေးလွန်းတယ်၊ ဖိအားများလွန်းတယ်။ ဒီ ဝန်နဲ့ဖိအားက အဖက်ဖက်ကလာတာဖြစ်တယ်။ လူမူဝန်းကျင်၊ မိဘအုပ်ထိန်းသူ၊ ကျောင်းနဲ့ ဆရာတွေဆီက အပါအဝင်ပေါ့။ တကယ်လို့ ခင်ဗျားဟာ တရုတ်ပညာရေးဝန်ကြီးဆိုရင် ဒီအခက်အခဲကို ခင်ဗျားဘယ်လိုဖြေရှင်းမလဲ။
Rafe Esquithး တကယ်လို့ ကျွန်တော်က ပညာရေးဝန်ကြီးဆိုရင် ၉ဝ%သော စာမေးပွဲကို ကျွန်တော်ပယ်ဖျက်လိုက်ပြီး ဂီတကို တစ်နာရီအချိန်ပေးလေ့ကျင့်မယ်။ ဂီတသင်ယူတဲ့ကျောင်းသားတွေက ပိုပျော်ရွှင်ကြတယ်။ တခြားဘာသာရပ်တွေလည်း ကောင်းသွားတာပဲ။ ပြဌာန်းသင်ရိုးညွှန်းတမ်းတွေအပေါ် သူတို့ အရမ်းကြိုးစားကြတယ်။ ဒါပေမယ့် အဲဒီကြိုးစားမှုကို အနုပညာဘာသာရပ်ပေါ်မှာလည်း ကျွန်တော်တို့ထားရမယ်။ ဆရာတွေကိုလည်း အရေးကြီးတဲ့အချက် ကျွန်တော်သင်ပေးဦးမယ်။ စာသင်ခန်းထဲမှာ ကလေးတွေ ကြောက်ရွံ့တယ်လို့မခံစားရအောင် ထားရမယ်။ တကယ်လို့ ကျွန်တော်က ပညာရေးဝန်ကြီးဆိုရင် ကျွန်တော်အရင်ဆုံးလုပ်မှာက ဆရာတွေကို သင်တန်းပေးလေ့ကျင့်မယ်။ ကျောင်းသားတွေကို အကြောက်တရားပပျောက်စေပြီး ယုံကြည်မှုအခြေခံတဲ့ အတွေးအခေါ်နဲ့ တည်ဆောက်မယ်။ ဒီလိုဆိုရင် ပညာရေးမှာ ကြီးမားတဲ့ပြုပြင်ပြောင်းလဲရေးတွေ ဖြစ်လာနိုင်ပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။