Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, October 29, 2013

မိမိကိုယ်သာအားကိုးရာ

 
Today at 1:53pm
လုပ်ငန်းကိစ္စတစ်ခုလုပ်တဲ့အခါမှာ ကိုယ်တိုင်လုပ်မှ အဆင်ပြေသွားတာမျိုးကြုံဖူးကြပါလိမ့်မယ်... တခြားသူတွေကို ခိုင်းရတာ သိပ်အဆင်မပြေဘူး... တစ်ခါတစ်လေမှာ သူများကို လူကြုံပါးလိုက်တဲ့အခါမှာလည်း လိုသလို မရလာ.. မဖြစ်လာပြန်ဘူး... ဒီလိုအခက်အခဲတွေကို နေ့စဉ်နဲ့အမျှ ကြုံနေရပါတယ်...

လူဆိုတဲ့သဘောကလည်း ကိုယ့်ကိစ္စမဟုတ်ရင် သိပ်လေးလေးနက်နက်မရှိတတ်ကြပါဘူး... ကိုယ်လုပ်ရမယ့်အလုပ်ဟာ ကိုယ့်အတွက် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သော်လည်းကောင်း အကျိုးရှိမှသာ အင်တိုက်အားတိုက်လုပ်ချင်ကြပါတယ်... တစ်ခုခု မှားယွင်းချွတ်ချော်သွားတဲ့အခါမှာလည်း ကိုယ့်ကို တိုက်ရိုက်ဒါမှမဟုတ် သွယ်ဝိုက်ပြီး ထိခိုက်မှုမရှိဘူးဆိုရင် ဂရုတစိုက်မလုပ်ချင်ကြပြန်ပါဘူး... အမှားအယွင်းကြုံလာခဲ့ရင်လည်း ကိုယ့်ကိုသာ အပြစ်ပုံချလာမှာပါပဲ...

ဒါကြောင့် အရေးကြီးတဲ့ ကိစ္စမှန်သမျှကို ကိုယ်တိုင်လုပ်ဖို့လိုပါတယ်... ကိုယ်လုပ်တဲ့ကိစ္စရဲ့ အတိမ်အနက်ကို ကိုယ်တိုင်မှသာလျှင် သိမြင်နားလည်တဲ့အတွက် ဂရုစိုက်ရမယ့်အတိုင်းအတာ... ကြိုးစားအားထုတ်ရမယ့်အတိုင်းအတာတွေကို ခန့်မှန်းချင့်တွက်ပြီး လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်... ကိုယ့်အလုပ်ကို ကိုယ်တိုင်မလုပ်ချင်ဘဲ တခြားသူကို အားကိုးနေမယ်... လွှဲချနေမယ်ဆိုရင်တော့ လုပ်ငန်းကိစ္စက အထမြောက် အောင်မြင်ဖို့မလွယ်ကူပါဘူး...

တစ်ခါတစ်လေကျတော့လည်း ကိုယ်တိုင်မလုပ်နိုင်တဲ့အခြေအနေတွေကြုံရတတ်ပါတယ်... ကျန်းမာရေး၊ လူမှုရေးအခက်အခဲကြောင့်ဖြစ်ဖြစ်... တခြားလုပ်ငန်းတာဝန်တွေများပြားနေတဲ့အခါမှာဖြစ်ဖြစ် တစ်စုံတစ်ယောက်ကို မဖြစ်မနေခိုင်းရမယ့် အခါမျိုးလည်း တွေ့ရနိုင်ပါတယ်... ဒီလိုအချိန်မျိုးမှာဆိုရင် ကိုယ်တာဝန်ပေးမယ့်သူကို လုပ်ငန်းရဲ့ သဘောသဘာဝကို နားလည်အောင်ရှင်းပြရပါမယ်... ရလာမယ့် အကျိုးနဲ့ အပြစ်ကို မြင်အောင်ရှင်းပြရပါမယ်... နောက်တစ်ချက်က အဲ့ဒီအကျိုးဆက်တွေအရ သူ့အပေါ် ဘယ်လိုအကျိုးသက်ရောက်မှု အပြစ်ပေးအရေးယူမှုတွေ ရှိလာနိုင်မယ်ဆိုတာကိုလည်း ရှင်းလင်းပြောကြားထားရပါမယ်...

အလုပ်မှန်သမျှ ကိုယ်တိုင်လုပ်ရမယ်ဆိုတဲ့နေရာမှာ အောက်ခြေသိမ်းအလုပ်တွေကအစ ကိုယ်တိုင်လိုက်လုပ်နေရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး... အကြောင်းနဲ့အကျိုးကို သိရပါမယ်... အဓိကအချက်ကို သိရပါမယ်... အခြေအနေကို သုံးသပ်နိုင်ရပါမယ်... ကိုယ့်လက်အောက်ငယ်သားရဲ့ သဘောသဘာဝကို သိရပါမယ်... ကိုယ့်လုပ်ငန်းသဘာဝကိုနားလည်ရပါမယ်... အဲ့ဒီလိုအချက်တွေကို သိမြင်နားလည်ပြီး လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ကို သင့်တော်တဲ့သူတစ်ဦးဦးက လုပ်နိုင်အောင်စီမံခန့်ခွဲနိုင်တာကလည်း ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှု၊ လုပ်ဆောင်မှုပဲဖြစ်ပါတယ်....

လူတစ်ယောက်ကို တာဝန်ပေးထားပြီးပြီဆိုတာနဲ့ မျက်နှာလွှဲ ခဲပစ် လုပ်လို့မရပါဘူး... ဘယ်လောက်ပဲ ယုံကြည်ရတဲ့သူဖြစ်ပါစေ ကိုယ့်ရဲ့ ကြီးကြပ်လုပ်ကိုင်မှု လျော့ရဲသွားတဲ့အခါမှာ အလေးထားမှု နည်းပြီး ပေါ့သွားတတ်ပါတယ်... ဒါဆိုရင် အလုပ်ကိစ္စမှာလည်း ပြီးသင့်သလောက် ရသင့်သလောက် ဖြစ်လာတော့မှာမဟုတ်ပါဘူး... မှားယွင်းချွတ်ချော်မှုတွေလည်း ကြုံလာရနိုင်ပါတယ်... မိမိကိုယ်တိုင်က အခါအားလျော်စွာ စစ်ဆေးခြင်း ဖြည့်ဆည်းခြင်းတို့ကို ပြုလုပ်ပေးသွားဖို့လိုပါတယ်... အပြစ်ပေးအရေးယူတဲ့အပိုင်းရှိဖို့လိုသလို အသိအမှတ်ပြု ချီးကျူးမှုကိုလည်း အခါအားလျော်စွာလုပ်သင့်ပါတယ်... ဒီအချက်တွေကလည်း ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်တိုင်လုပ်ရမယ့် ကိစ္စတွေဖြစ်ပါတယ်...

လူတွေကို ယုံကြည်တဲ့နေရာမှာလည်း အကန့်အသတ်ရှိဖို့လိုပါတယ်... အရင်ကမကောင်းတဲ့သူဟာ အခုကောင်းရင်ကောင်းသွားနိုင်သလို... အရင်ကသစ္စာရှိတဲ့သူတွေကလည်း အခြေအနေအရပ်ရပ်ကြောင့် ဖောက်လွဲဖောက်ပြန်ဖြစ်သွားနိုင်ပါတယ်... ဒါကြောင့် မိမိကိစ္စမှန်သမျှကို တခြားသူကို အကုန်လုံးအသိမပေးထားသင့်ပါဘူး... လုပ်ငန်းသဘောသဘာဝအရ အသိပေးသင့်သလောက်ပဲ အသိပေးထားတာက အကောင်းဆုံးဖြစ်ပါတယ်... ကိုယ်ကကျူး ကိုယ့်ဒူးမယုံရဆိုတဲ့ စကားလည်းရှိပါတယ်... ယုံသင့်သလောက်ပဲ ယုံကြည်မှုထားသင့်ပါတယ်...

လောကရဲ့ သဘောသဘာဝကိုက ကိုယ်လုပ်မှ ကိုယ်ရတာဖြစ်ပါတယ်... ကိုယ်စိုက်ပျိုးသလောက်သာ ကိုယ်ရိတ်သိမ်းနိုင်မှာဖြစ်ပါတယ်... တခြား ဘယ်သူ့ကိုမှ အားကိုးလို့မရပါဘူး... စီမံခန့်ခွဲတဲ့ အဆင့်မှာလည်း လုပ်ငန်းသဘောသဘာဝနဲ့အညီ သင့်တော်တဲ့ အချိန်နဲ့ သင့်တော်တဲ့ နေရာတိုင်းမှာ သက်ဆိုင်ရာပုဂ္ဂိုလ်တွေအပေါ် စစ်ဆေးဖြည့်ဆည်းလုပ်ကိုင်သွားဖို့လိုပါတယ်... ဒီအချက်မှာလည်း မိမိကိုယ်သာ အားကိုးလုပ်ကိုင်ရပါမယ်... ကိုယ့်လက်အောက်ငယ်သားတွေကိုလည်း မိမိကိုယ်အားကိုးတဲ့ စိတ်မျိုးရှိအောင် ပြုစုပျိုးထောင်ပေးသွားရပါမယ်...

လူတွေကို အခြေအနေကြည့်ပြီး ယုံကြည်လို့ရပါတယ်... ဒါပေမဲ့ အလုံးစုံပုံပြီး ယုံကြည်အားကိုးဖို့ဆိုတာကတော့ အတော်စွန့်စားရမယ့် ကိစ္စဖြစ်ပါတယ်... သံသယကို ထိုက်သင့်သလိုထားပြီး သတိနဲ့ ထိန်းသိမ်းကြပ်မတ်သွားရပါမယ်... အဲ့ဒီလိုလုပ်ဆောင်ဖို့လည်း ဝီရိယရှိရပါမယ်... လုံ့လစိုက်ထုတ်လုပ်ကိုင်သွားဖို့လိုသလို ဇွဲရှိရှိလုပ်သွားနိုင်မှ ရေရှည်အောင်မြင်နိုင်မှာဖြစ်ပါတယ်... ကိုယ့်စိတ်ရဲ့ ဖောက်လွဲဖောက်ပြန်မှုတွေကို ကိုယ်တိုင်စဉ်းစားကြည့်ရင် သိမြင်နိုင်ပါတယ်... အရိယာမဟုတ်တဲ့ သာမန်ပုထုဇဉ်လူသားတိုင်းမှာ ဒီလိုဖောက်လွဲဖောက်ပြန်မှုတွေဟာ မလွဲမသွေရှိပါတယ်... ဒါကြောင့် တစ်ယောက်ယောက်ကို လုပ်ငန်းတာဝန်ပေးတဲ့အခါမှာ စိတ်ရဲ့ဖောက်ပြန်တတ်တဲ့သဘောကို ထည့်သွင်းစဉ်းစားဖို့လိုပါတယ်... ဘယ်သူမှ ခြောက်ပစ်ကင်းသဲလဲစင် မဖြစ်ဘူးဆိုတာကို သတိပြုပါ...

မိမိကိုယ်အားကိုးဖို့ကိစ္စဟာ နေ့စဉ်လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်တဲ့အချိန်ကစပြီး သံသရာက လွတ်မြောက်ဖို့ ကြိုးစားအားထုတ်တဲ့အထိ အရေးကြီးဆုံးအချက်ပဲဖြစ်ပါတယ်... ကိုယ်ဖြစ်ချင် လုပ်ချင်တဲ့ ကိစ္စကို တခြားဘယ်သူ့ကိုမှ အားကိုးလို့မရပါဘူး... ဘယ်တန်ခိုးရှင်မှလည်း ပြည့်စုံအောင်မဖြည့်ဆည်းပေးနိုင်ပါဘူး... ကိုယ်တိုင်လုပ်ကိုင်ဆောင်ရွက်မှုကို မဖြစ်မနေလိုအပ်ပါတယ်... ကိုယ့်ရဲ့ဖြစ်မြောက်စေချင်တဲ့ ဆန္ဒပြင်းပြမှု၊ လုပ်ကိုင်ဆောင်ရွက်တဲ့ ဝီရိယထက်သန်မှု၊ အကြောင်းအကျိုးကို ဆင်ခြင်သုံးသပ်နိုင်တဲ့ ပညာမြင့်မားမှုတို့ကသာ ကိုယ့်ရဲ့အောင်မြင်မှုကို အဆုံးအဖြတ်ပေးသွားမှာဖြစ်ပါတယ်...

နောက်ဆုံးအနေနဲ့ ထပ်မံတိုက်တွန်းချင်တာကတော့ အရေးကြီးတဲ့ ကိစ္စမှန်သမျှ ကိုယ်တိုင်လုပ်ပါ.... တခြားသူတွေကို အားမကိုးပါနဲ့... ယုံကြည်မှုကိုလည်း အတိုင်းအတာတစ်ခုထိပဲထားပါ... အသိပေးသင့်သလောက်ပဲ အသိပေးပါ... အခါအားလျော်စွာစစ်ဆေးကြပ်မတ်ပါ.... တာဝန်ယူတတ်တဲ့စိတ်ရှိအောင် လေ့ကျင့်ပျိုးထောင်ပေးပါ... ကိုယ်လုပ်မှ ကိုယ်ရမယ်ဆိုတာကို သဘောပေါက်ပါ... ဆုပေး ဒဏ်ပေးစနစ်နဲ့ အသိအမှတ်ပြု အရေးယူတာတွေ လုပ်ဆောင်သွားပါလို့ အကြံပြုလိုက်ပါတယ်...
---------------------------------------------------------------
နှိုင်းရင့်နွေမှတင်ဆက်သည်...
https://www.facebook.com/hnaingyintnway

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။