Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, October 28, 2013

Guitar Library ရဲ့ ဥယျာဉ်မှူး (သို့) ဂီတပန်းများကို ပွင့်လန်းစေသူ

Guitar Library ရဲ့ ဥယျာဉ်မှူး (သို့) ဂီတပန်းများကို ပွင့်လန်းစေသူ
======================================

တိုးတက်ပြောင်းလဲမှုတွေနဲ့အတူ ဂီတဟာ လည်း တစ်ဖက်တစ် လမ်းက နိုင်ငံတကာနဲ့ရင် ပေါင်တန်းနိုင်ဖို့ ကိုယ်ပိုင်သံစဉ်တွေ၊ ကိုယ်ပိုင်ဖန် တီးမှုတွေက...ို ဖန်တီးလာကြတာတွေကိုလည်း အား ရစဖွယ် မြင်တွေ့နေ ရပါတယ်။ တစ်ခေတ်တစ်ခါ ကMusic ပုံစံသစ်တွေဆိုရင် ပရိသတ်ရဲ့ လက်ခံနိုင်မှုနည်းတာကစလို့၊ အနုပညာအလုပ်ဟာ လူတစ်သောင်းမှာ တစ်ယောက် အောင်မြင်ခဲတာ၊ နောက်ခိုးကူးပြဿနာစတာတွေနဲ့ အကြောင်း အမျိုးမျိုးတွေကြောင့် အမှောင်ရိပ်ပိုင်းကို အနည်း ငယ်ရောက်နေခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ဂီတလောက ဟာလည်း ပွင့်လင်းမြင်သာတဲ့ခေတ်အတိုင်း အ လင်းစတွေ့လာရပြီလို့ ဆိုရမှာပါပဲ။ ဂီတကို ဝါသနာ ပါတဲ့ Mr. ပရိသတ်တွေအတွက် ဂီတပညာတွေ ကို လေ့လာလိုက်စားရာမှာ နိုင်ငံတကာနဲ့ ရင်ပေါင် တန်းနိုင်အောင် စနစ်တကျ လေ့လာလိုက်စားနိုင်ဖို့ လိုပါတယ်။ အဲဒါကြောင့် ၁၉၉၄ ခုနှစ် မတ်လလယ် လောက်က စမ်းချောင်းမြို့နယ်၊ မင်းလမ်းမှာ စတင် ဖွင့်လှစ်ပြီး ဒီ ၂ဝ၁၃ ခုနှစ်မှာ စမ်းချောင်းမြို့နယ်၊ စမ်းချောင်းလမ်းကို ပြောင်းရွှေ့လာတဲ့ (နှစ် ၂ဝ နီးပါးဖြတ်သန်းခဲ့တဲ့) Guitar Library ဂီတ သင်တန်း ကျောင်းရဲ့
ပဲ့ကိုင်ရှင်၊ မြဝတီရုပ်မြင်သံ ကြားမှာလည်း ဂီတအကြံပေးပြုလုပ်နေသူ ဆရာ ကိုစိုင်းနဲ့ တွေ့ဆုံမေးမြန်းမှုကို Mr.ပရိသတ်တွေအ တွက် တင်ဆက်လိုက်ပါတယ်။

► ဆရာစိုင်း(ဂစ်တာ)

► ၁၉၉၄ ခုနှစ်ကနေစပြီး နှစ်နှစ်ဆယ်နီးပါး လောက် အခုလို ဂီတသင်တန်းဖွင့်ဖြစ်တဲ့ ရည်ရွယ် ချက်လေးလည်း ပြောပြပေးပါဦး။

ကျွန်တော်တို့လည်း အစတုန်းကတော့ ဂစ် တာသမားတစ်ယောက်ဖြစ် ချင်ခဲ့တာပါ။ ဟိုးငယ် ငယ်တုန်းက ကျွန်တော်တို့ ဂစ်တာပညာနဲ့ ပတ် သက်ပြီး လေ့လာခဲ့တဲ့အခါမှာ အများကြီးခက်ခဲ တယ်။ ဥပမာ- စာအုပ် စာတမ်းအခက်အခဲတို့၊ သေ ချာစနစ်တကျသင်ပေးနိုင်မယ့် သူတို့ အဲဒါမျိုးတွေက ရှားပါးခဲ့တယ်။ နောက်ပြီးတော့ သင်တန်းတွေက လည်း အဲဒီတုန်းက သိပ်မရှိဘူးလေ။ ကိုယ့်ဘာသာ ကိုယ် စနစ်တကျ အပတ်တကုတ်လေ့လာပြီးတဲ့အခါ နည်းနည်းလည်းသိလာတဲ့အခါကျတော့ ဒါတွေကို ပြန်ပြီးတော့ လူငယ်တွေကို စနစ်တကျနဲ့ သင်ပေး ချင်တဲ့ ရည်ရွယ်ချက်တွေ၊ ဆန္ဒတွေဖြစ်လာတယ်။ အဲဒီနောက်ပိုင်းမှာ ကျွန်တော့် သူငယ်ချင်းတစ် ယောက်နဲ့ စံရိပ်ငြိမ်မှာ ၁၉၈၉ ခုနှစ်ကစပြီး ဖွင့်ခဲ့ တာ (အခုန ၁၉၉၄ ဆိုတာ စမ်းချောင်းက ကျွန် တော့်သီးသန့်သင်တန်း ကိုပြောတာ)၊ ၁၉၉ဝ ခုနှစ် လောက်မှာ ဦးစောနုအဆိုသင်တန်းက ကျွန်တော် တို့နဲ့လာပူးပေါင်းတယ်။ ကျွန်တော်တို့က ဂစ်တာ ၊ ဦးစောနုက အဆိုပေါ့နော်။ အဓိကရည်ရွယ်ချက်က တော့ လူငယ်တွေကို ဂစ်တာတီးတဲ့အခါမှာ International Note နဲ့ သေချာ စနစ်တကျ တတ် စေချင်တယ်။ အဲဒီကတည်းက ကျွန်တော်တို့က International Note နဲ့ပဲ သီးသန့်သင်လာတာ။ တချို့က International Note (ပဲပင်ပေါက်နုတ်) ကို ကြောက်ကြတယ်။ သူတို့က လောလောဆယ် ဒီဂီတလောကထဲမှာပဲ အသုံးပြုနေတဲ့ Oriental Note (1234 Note)ကိုပဲ သင်ချင်တယ်။ အဲဒီ လိုမျိုး မသင်ဘူးလားလို့ ပြောလာတဲ့အခါမျိုးတွေ မှာလည်း ကျွန်တော်က သင်ပေးလို့ရပေမယ့် မသင် ခဲ့ဘူး။ အစကတည်းက မူကိုမဖျက်ဘဲ International Note နဲ့ပဲ သင်ခဲ့တာပါ။


► ဆရာ့သင်တန်းမှာ ဘာပညာရပ်တွေ သင်လို့ ရနိုင်မ လဲ။

ကျွန်တော့်သင်တန်းမှာက ဂစ်တာနဲ့ ပတ်သက် ပြီးတော့ အစုံရှိပါ တယ်။ ဒီဘက်ရောက်လာတဲ့အ ခါ သင်တန်းကလည်း နည်းနည်းကျယ် သွားတဲ့ အတွက် Keyboard လည်း သင်နိုင်အောင် စီစဉ်ထားပေး တယ်။ နောက်အဆိုပေါ့။ အဆိုဆို ပေမယ့် Vocal Traning ပေါ့။ တကယ့် အဆိုပုံစံ မျိုးတော့ မဟုတ်ပေမယ့် အဆိုအတွက် အများကြီး အထောက်အကူပြုမယ့် Intervalic လေ့ကျင့် ခန်းတွေကို မော်နီတာနဲ့ ဖွင့်ပေးတယ်။ International Note နဲ့ ဖွင့် ပေးတယ်။ အဲဒါကို အသံ ထွက်ပြီး လိုက်ဆိုရတယ်။ ဂစ်တာရော ကီးဘုတ်ရော အစုံသင်နိုင်ပါတယ်။ ဂီတ Style တွေနဲ့ပတ်သက်ပြီး ပြောမယ်ဆိုရင် အများအားဖြင့်တော့ Pop တို့ Rock တို့ Blues တို့ Jazz တို့ Classical တို့ အဲဒါတွေ သေချာလေ့ လာနိုင်ပါတယ်။ Classical တို့Jazz တို့နဲ့ ပတ် သက်တဲ့ဟာတွေကို စနစ်တကျ သင်ပေးတယ်။ တာဝန်ယူပြီးတော့လည်းသင် ပေးတယ်။ ဟိုးတုန်းကတည်းက အဲဒါတွေပါ သင် နေခဲ့တာပါ။ အလင်္ကာမှာရေး တုန်းကရခဲ့တဲ့Guitar Library ဆိုတဲ့ နာမည်လေးကိုပဲ သင်တန်း နာမည်အဖြစ် ဆက်ပြီးသုံးခဲ့တယ်။ အဲဒီအောက်မှာ Polychromatic Guitar
Centre ဆိုပြီး တပ်ထားတာ။ Polychromatic ဆိုတဲ့ သဘောက အမျိုးစုံတယ်ဆိုတဲ့ သဘောပေါ့နော်။ Polychromatic ရဲ့ အောက် မှာ စောစောတုန်းက ကျွန်တော်ပြောခဲ့တဲ့ Jazz တို့ Classical တို့Rock တို့ Blues တို့ ဒါတွေရှိတယ်။ အဲဒီမှာတင် ဂစ်တာနဲ့ပတ်သက်ပြီးတော့ စတိုင်တွေ အများကြီး ရှိတယ်။ Jazz ဆို လည်းJazz Fingerpicking ရှိတယ်။ Jazz Solo ရှိတယ်။Blues ဆိုလည်း Blues Fingerpicking ရှိတယ်။ Country ဆိုလည်း Country Fingerpicking ရှိတယ်။ ဒါမျိုးတွေပေါ့။ အမျိုးကတော့ အများကြီးစုံတယ်။ အဲဒါကြောင့်လည်း Polychromatic လို့တပ်တား ထာ။ ဒါပေမဲ့ အများအားဖြင့် ဒီမှာသင်ရတာက Basic တွေပဲ များပါတယ်။Basic မှာRhythm ဂစ်တာသင်ရတယ်။ Classical သင်ရတယ်။ Lead ဂစ်တာသင်ရတယ်။ Rock တို့ Blues တို့သင်ရတယ်။
တော်တော်လေးလာသင်ကြပါတယ်။

► ဆရှာ့Specialized ဆိုရင်ရော ဘာဖြစ်မ လဲ။

ကျွန်တော့် Specialized ကတော့ Jazz ပေါ့။Jazz ဆိုပေမယ့် ဟိုးတုန်းကလို Oldies တွေ တီးတဲ့ Jazz ပုံစံမျိုး မဟုတ်ဘူး။ ခေတ် နည်း နည်းဆန်တယ်။ အယူအဆလေးတွေ နည်းနည်း ပါမယ်။ အဲဒါမျိုးတွေ ပိုပြီးတော့ စိတ်ဝင်စားတယ်။ ဥပမာ- Jazz ဂစ်တာတီးတယ်ဆိုပေမယ့် Lead ဂစ်တာပုံစံမျိုး Single Line Note တွေချည်းပဲ တီး တာမျိုးလည်း မဟုတ်ဘူး။ Melody ကိုChord အတွဲလေးတွေနဲ့ သွားတဲ့ ပုံစံမျိုးလေးတွေကို ပို စိတ်ဝင်စားတယ်။ အဲဒါမျိုးနဲ့ပတ်သက်ပြီး Band ပုံစံမျိုးလည်း လုပ်ထားပါတယ်။ တစ်ယောက်ထဲ Solo ပုံစံမျိုးလည်း လုပ်ထားတာမျိုးရှိတယ်။ နောက်ပိုင်းဆိုရင်တော့ အပြင်ထွက်ပြီး တီးဖို့ ကျွန် တော်တို့ ရည်ရွယ်ထားပါတယ်။


► ဆရာတစ်ယောက်တည်းပဲ သင်တာလား၊ လက်ထောက်ရောရှိသေး လား။

လက်ထောက်မထားဖြစ်သေးဘူး။ လောလော ဆယ် ကျွန်တော် တစ်ယောက်ပဲ သင်ပေးနေတာပေါ့။

► ဆရာ့ဆီမှာ တက်တဲ့သင်တန်းသားတွေကို ဂီတလောကထဲ ဝင်နိုင်ဖို့ရော ဆရာက ဘယ်လိုမျိုး တွေ ပံ့ပိုးဆောင်ရွက်ပေးလဲ။

ကျွန်တော့်ဆီမှာ သင်ပြီးသွားတဲ့လူငယ်တွေ သို့မဟုတ်လည်း သင်နေဆဲလူငယ်တွေ ဂီတလော ကထဲဝင်ချင်တယ်ဆိုရင် ကျွန်တော့်မှာ လည်း အ ဆက်အသွယ်တွေရှိပါတယ်။ ကျွန်တော့်လူတော် တော်များ များကလည်း အပြင်လောကမှာ တီးနေ တဲ့သူတွေရှိတယ်လေ။ ဥပမာ- ထိပ်ဆုံးကဆိုရင် ချစ်စမ်းမောင်တို့ ဘာတို့ပေါ့။ အခွေတွေဘာတွေ သွင်းချင်တယ်ဆိုရင် PTL မှာသွင်းချင်တယ်ဆိုရင် ကျွန်တော်က ချစ်စမ်းမောင်နဲ့ တိုက်ရိုက်ပြောပေး လို့ရတယ်။ နောက်ပြီးတော့ တချို့လည်း အခွေကြမ်း တီးတာမျိုးဆိုရင်လည်း ဒီကလိုက်မီတဲ့ Advanced ဖြစ် တဲ့သူတွေက တီးမယ်ဆိုရင် ကျွန်တော်က စီစဉ် ပေးလို့ရတယ်။ တချို့ မင်္ဂလာဆောင်တွေရှိတယ် ဆိုရင်လည်း စီစဉ်ပေးလို့ရတယ်။ လောလော ဆယ် ဂီတလောကထဲမှာ တီးနေတဲ့ ကျွန်တော်လူတွေဆီမှာ လည်း
ကျွန်တော်က လွှတ်ပေးလို့ ကျွန်တော့် နာမည်ပြောပြီးသွားမယ်ဆိုရင်လည်း အမြင်အား ဖြင့်ရော အကြားအားဖြင့်ပါ အတွေ့အကြုံယူလို့ရပါ တယ်။ ဒီမှာက လုပ်ပေးလို့ ရတာအများကြီးရှိပါတယ်။

► ဆရာ့ဆီမှာ သင်တန်းတက်တဲ့ သင်တန်းသား တွေကိုရော ဘယ်လိုခံယူချက်၊ ရည်ရွယ်ချက်မျိုး ထားစေချင်လဲ။

ကျွန်တော့်ဆီအများစုလာတာကBeginners တွေ လာတာဆိုတော့ သူတို့မှာ ရည်ရွယ် ချက် ကြီးကြီးမားမား မရှိသေးပါဘူး။ သူတို့က ဂစ်တာတီးတတ်ချင်တယ်။ သီချင်းလေးငါးဆယ်ပုဒ် တီးတတ်ရင် တော်ပြီ ဆိုပြီးတော့ ရည်မှန်းချက် မျိုးလောက်နဲ့ပဲ လာတာလည်းရှိတယ်။ အဲဒါမျိုးကျ တော့ ကျွန်တော်က မင်းတို့ ဘယ်လိုရည်ရွယ်ချက် တွေ ထားရမယ်၊ ဘယ်လိုရည်မှန်းချက်တွေ ထားရ မယ်။ ဒါတွေက ဘယ်လိုရှိတယ်ဆိုပြီးတော့ ကြိုပြီး တော့ ပြောတာမျိုးတော့ မလုပ်ဘူး။ တစ်ခုတော့ သတိပေးတယ်။ စနစ်တကျသင်တယ်ဆိုရင် အရေး ကြီးကြောင်း၊ အသိပညာလေးပေးတယ်။ စနစ်တ ကျသင်မှသာ နောက် ပိုင်းကိုယ့်ဟာကိုယ် ဒီလောက ထဲ ဝင်ချင်ဝင်၊ အပျော်တီးချင်လည်းတီး၊ သူငယ်ချင်း မွေးနေ့ မှာပဲ သီချင်းဆိုပြီး တီးရင်လည်းတီး၊ ဒါပေမဲ့ ကိုယ် က
စနစ်တကျဖြစ်တယ်ဆိုရင် လူက ပိုပြီး ထင်သာမြင်သာရှိတယ်လေ။ အဲဒါမျိုးလေးတွေ ပြောပြတာပေါ့နော်။Lesson တက်ဖို့ထက်Lesson တစ်ခုကို ကျေညက်ဖို့ သေချာစိတ်ရှည် ရှည်နဲ့ သင်ရမယ်။ ဒါမျိုးတွေ ဆုံးမပေးပါတယ်။ ကျွန်တော်ကလည်း ကျွန်တော်စိတ်ကျေနပ်မှ Lesson တစ် ခုကို တက်ပေးတယ်။ စနစ်ပိုင်း ဦးစားပေးတယ်။ အသံထွက်ပိုင်း ဦးစားပေးတယ်။ Tone Production ကောင်းရမယ်၊ ဘယ်လက် ညာလက်မှန်ရမယ်၊ Position မှန်ရမယ်။ ကြိုးအ ယူအဆတွေ မှန်ရမယ်။ Plectrun ခတ်တာ မှန်ရ မယ်။ Lead ဂစ်တာတီးတီးPlectrun ဂစ်တာ တီးတီး Plectrun အယူအဆတွေမှန်ရမယ်။ သူ့ဟာသူ ချောချောေ မွ့မွေ့ရှိရမယ်။ ဂစ်တာတီးတာ က သူ့ လှုပ်ရှားမှုတိုင်းက သူ့ဟာနဲ့သူ သက်သောင့် သက်သာရှိပြီးတော့ အမှန်ဖြစ်တဲ့ ပုံစံမျိုးဆိုတာ ရှိတယ်။
နောက်အဆင့်အတန်းမြင့်ရမယ်။ အဲဒါတွေ ဦးစားပေးပြီး သင်ပေးတယ်။ တစ်လလာတက်ရင် စနစ်တကျတတ်သွားမယ်။ တစ်နှစ်လောက်ဆိုတဲ့ အချိန် ပေးနိုင်မယ်ဆိုရင် တချို့ဆိုရင်အပြင်မှာ နည်းနည်း ပါးပါးထွက်တီးလို့ရနိုင်တဲ့ အနေအထား မျိုးထိရောက်သွားတာပေါ့။
အဲဒီတော့မှ သူတို့က အတွေး အခေါ်တွေက ရင့်ကျက်လာတဲ့အခါကျတော့ သူတို့ဘာသာ ဒီလိုင်းထဲ ဝင်ချင်းလည်းဝင်၊ မဝင်ချင် ဘူး ဒါပဲ ဆယ်နှစ်လောက် ဆက်လေ့လာချင်တယ် ဆိုလည်း လေ့လာပေါ့။ အမျိုးမျိုးကွဲသွားကြတာ ပေါ့။

► Music Theoryရော သင်ပေးလား။ ဘာ သာရပ်တစ်ခုတက် တဲ့သူတိုင်းကို Music Theory ပါတွဲသင်ပေးတာမျိုးလားဆရာ။

အင်း ဟုတ်တယ်။ အဲဒါလေး အခုနပြောဖို့ ကျန်သွားတယ်။ ဒီမှာကMusic Theory လည်း သင်ပေးတယ်။ Basic မှာတည်းက တွဲသင်ပေးတာ တော့ မဟုတ်ဘူး။ Theory က သီးသန့်ဘာသာ ရပ်ဖြစ်တဲ့အတွက် သီးသန့် အတန်းတစ်ခု ဖန်တီး ပေးရတယ်။ တစ်ဦးချင်းစီ သင်ချင်တယ်ဆိုလည်း သင်ပေးတယ်။ ဒီလို Theory ကို အနည်းဆုံး တစ်ယောက်နှစ်ယောက်လောက်ကို သင်ပေးနိုင်မှ နောင်နောက်ပိုင်း Generation တွေ အတွက်က စိတ်ချရမှာ။ ဒါမျိုးတွေက အရမ်းတန်ဖိုး ရှိတယ်ဆို တာ သိစေချင်တယ်။ ဒီMusic Theory မှာကျ တော့ စာချည်းပဲ မဟုတ်ဘူး။ လက်တွေ့ပိုင်းတွေ အများကြီးပါတဲ့အခါကျတော့ တချို့က ဂစ်တာ Lesson တောင်မှ မအားတဲ့သူ၊ တချို့က ကျောင်း သားတွေရှိ တယ်။ ကျောင်းတက်ရတာနဲ့ ကျူရှင် တက်ရတာနဲ့ မအားတဲ့လူတွေရှိ တဲ့အခါကျတော့ ဂစ်တာ Lesson တစ်ခုတည်းကိုတောင်မှ အိမ် စာမကြေဘူး။ အနိုင်နိုင်လုပ်နေရတဲ့လူတွေရှိ တယ်။ အဲဒါကြောင့်Theory ကို မသင်မနေရပုံစံမျိုးတွေ ဘာတွေတော့မပြောဘူး။ ဒါပေမဲ့ Rhythm ဂစ် တာမှာပဲဖြစ်ဖြစ် တကယ့်Theory ကြီး မဟုတ် တာတောင်မှ Theory နဲ့
ပတ်သက်နေတဲ့ နွယ် နေတဲ့ ဆက်စပ်နေတဲ့ ကိစ္စတွေ မှန်သမျှတော့ တွဲပြီး ရှင်းပြ၊ တွဲပြီး သင်ပေးနေတာပဲ။ Music Theory ကိုတော့ သီးသန့်ဘာသာရပ်အနေနဲ့တော့ သက် သက်သင်ပေးပါတယ်။

► သင်တန်းတွေထဲမှာ နစ်မြုပ်ထားရတဲ့ ဆရာ အတွက်ရော ပညာရပ်တွေတိုးတက်ဖို့ ဘယ်လို အ ချိန်ပေးပြီး ဘယ်လိုလေ့လာ လိုက်စားရလဲ။

ကျွန်တော်တို့လည်း အခုထက်ထိ ပြည့်စုံ တယ်ဆိုတာ မရှိသေး ဘူးလေ။ ဆက်ပြီး လေ့လာ နေဆဲပါပဲ။ အထူးသဖြင့်တော့ ကိုယ့်ဟာကိုယ် ဖန် တီးဖို့ ပိုဦးစားပေးပြီး လုပ်တာပေါ့။ Jazz အသံ တွဲလေးတွေနဲ့ တီးရတာ ကျွန်တော်က ဝါသနာပါ တဲ့ အခါကျတော့ Melody တစ်ခုကို ဂစ်တာပေါ် မှာ ရှာလိုက်ပြီဆိုရင် အဲဒီလို ရှာရင်းရှာရင်းနဲ့ အဲဒီ အပေါ်မှာ ကျွန်တော် က လေ့လာသလို ဖြစ်ဖြစ် သွားတယ်။ အဲဒီမှာ ပညာတွေအများကြီးရတယ်။ ဒီကြားထဲမှာ အပံ့အပိုးအချက်အလက်တွေကတော့ လိုအပ်တဲ့ စာအုပ်စာတမ်းတွေဖတ်၊ Download လုပ်ထားတဲ့ စာအုပ်စာတမ်းတွေ ဖတ်ပေါ့။ အဲဒါနဲ့ တင် ကျွန်တော့်ကိုယ်ကျွန်တော် တိုးတက်အောင် လုပ်ခဲ့ရတာပေါ့။ လုပ်လည်းလုပ်နေတုန်းပါပဲ။

တင်ထက်

2 comments:

  1. ဂီတာသင်တန်းက ဘယ်မှာ တည်ရှိတာ သိချင်ပါတယ် ခင်ပျား

    ကျွှန်တော်လည်း ဂီတာသင်တန်းတက်ချင်လို့ပါ

    ReplyDelete
  2. ကိုမောင်ချိုခင်ဗျာ ... အစ်ကိုခွင့်ပြုမယ်ဆိုရင် ဒီပို့စ်နဲ့ ဂီတနဲ့ပတ်သတ်တဲ့ပို့စ်တစ်ချို့ကို ကျွန်တော်တို့ ဝဘ်ဆိုက်မှာ ဖော်ပြချင်ပါတယ် ။ ဒီဆိုက်လိပ်စာကို ခရက်ဒစ်ပေးပြီး ဖော်ပြမှာပါ ။ ဂီတနဲ့ပတ်သတ်သမျှကို တစ်နေရာတည်းမှာ စုထားပေးချင်လို့ပါ ။ ကျေးဇူးပါ ။ ကျွန်တော်တို့ ဝဘ်ဆိုက်လိပ်စာ - http://www.musicalblossom.com/

    ReplyDelete

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။