Interview with Pu Ngai Sak (Chin Legal Network), Part 1
CW - ချင်းဓလေ့ထုံးစံနှင့် မြန်မာဓလေ့ ထုံးစံကွာခြားချက်လေးကို အရင်ပြောပြပါလား။
UNS- မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေ က တကယ်တန်း အမြစ်တွယ်ခဲ့တာ အိန်္ဒိယ ၊ ဟိန္ဒူ ဥပဒေကနေ အမြစ်တွယ်ခဲ့တာ ဖြစ်တယ်။ အရင်တုန်းက မြန်မာဓလေ့ဥပဒေထုံးတမ်း လို့မခေါ်ဘူး၊ ဗုဒ္ဓဘာသာဝင်များရဲ့ ဓလေ့ ဥပဒေ ထုံးတမ်း လို့ခေါ်တယ်။ နောက်ပိုင်း ကျမှ မြန်မာဓလေ့ ဥပဒေ ထုံးတမ်းလို့ ခေါ်တယ်။ အဲဒီတော့ ဘာသာရေးပေါ်မှာ အခြေခံပြုတဲ့ ဥပဒေဖြစ်တယ်။ချင်းဓလေ့ထုံးတ
ဗုဒဘာသာကို ကိုးကွယ်တဲ့လူမျိုးအားလုံးက
CW - ချင်းဓလေ့ထုံးတမ်းဥပဒေက ဘာကြောင့် အမျိုးသမီးကို အမွေမပေးတာလဲ ၊ ချင်းလူမျိုးမှာ အမျိုးသမီးတွေကို ဦးစားပေးမှုနည်းတယ်ဆိုတာ ဟုတ်ပါသလား
UNS- အမျိုးသမီးကို အမွေမပေးတဲ့ အကြောင်းက အရင်တုန်းကလည်း ဆောင်းပါးမှာ ခဏခဏရေးဖူးတယ်။ တက္ကသိုလ်တုန်းကပေါ့။ ဘာဖြစ်လို့ အမွေမပေးခဲ့သလဲ ဆိုတော့ ချင်းအမျိုးသမီးတစ်ယောက်က အိမ်ထောင်ပြု လိုက်ရင် အမျိုးသတ်မှတ်ချက်ကိုက ကိုယ့်လူမျိုးမဟုတ်တော့ပဲ လင်ယောက်ျားရဲ့ အမျိုးဖြစ်သွားတယ်။
အမျိုးဖြစ်သွားတဲ့ အတွက်ကြောင့် သမ္မီးမိန်းခလေးကို အမွေပေးလိုက်ရင် အဲဒီဘိုးဘွားစဉ်ဆက်ပိုင်ဆို
CW အဲတော့ တစ်ခုပြောချင်တာက သားဆိုတာ တရုတ်လူမျိုးတွေရဲ့ သားကိုတန်ဖိုးထားတဲ့ စံနှုန်းနဲ့ ချင်းတွေ သားကိုတန်ဖိုးထားတဲ့ စံနှုန်းသွားပြီး တူမနေဘူးလား။ ခေတ်အဆက်ဆက်ပေါ့ အရင်တုန်းကလူတွေက သားကို ဘာလို့ တန်ဖိုးထားရတာလဲ အမျိုးသမီးတွေကိုလဲ တန်ဖိုးမထားသင့်ဘူးလား။
UNS-ထားသင့်တာပေါ့။ ဒါပေမဲ့ ချင်းရဲ့ ဓလေ့ထုံးတမ်းမှာက လူ့အခွင့်အရေးအပေါ်မှာ မတွက်ဘူး။ နဲနဲ နက်နဲတယ်။ ချင်းလူမျိုးတွေက လူတစ်ဦးချင်းနဲ့ မဆက်ဆံဘူး ။
CW - ချင်းလူမျိုးတွေရဲ့ မျိုးနွယ်စုအပေါ် သဘောထားကို ပြောပြပါဦး
UNS- ချင်းလူမျိုးတွေက အမျိုးနွယ်လိုက်ပဲ ဆက်ဆံတယ်။ ဒါကြောင့် ချင်းလူမျိုးမှာ သူခိုးမရှိသလောက် နည်းတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီလူတစ်ယောက်ဟာ ခိုးလိုက်တာနဲ့ သူတစ်ယောက်ထဲ နာမည်ပျက်တာ မဟုတ်ဘူး။ အမျိုးအလိုက် နာမည်ပျက်တဲ့အတွက်ကြောင့် မျိုးနွယ်ကို အင်မတန်မှ စောင့်ထိန်းတဲ့ လူမျိုးဖြစ်တယ်။ ဒါကြောင့် ချင်းလူမျိုးထဲမှာ တော်ရုံတန်ရုံ သူတောင်းစားမရှိဘူး။ သူခိုးမရှိဘူး။ သူ တောင်းစားလိုက်တာနဲ့ သူတောင်းစားမျိုး ဖြစ်သွားမယ်။ သူခိုးလိုက်တာနဲ့ သူခိုးမျိုးဖြစ်သွားမယ်။ ဒါကြောင့် အမျိုးအနွယ်ကို သားစဉ်မြေးဆက် ထိပါးမဲ့အလုပ်ကို လူတွေက သိပ်မလုပ်ကြဘူး။
ဒါကြောင့်ဒီအပေါ်မှာပဲ မျိုးနွယ်စု စိတ်ဓါတ်တအားကြီးမားလာတဲ့ အတွက်ကြောင့် ဘာဖြစ်လာလဲ ဆိုရင် ကိုယ့်ရဲ့ အမွေပစ်္စည်းတွေကိုလဲ လူတစ်ဦးချင်းရဲ့ လွတ်လပ်ခွင့် အပေါ်မှာ မဟုတ်တော့ပဲနဲ့ လူမျိုးစုရဲ့ ရပိုင်ခွင့် မျိုးနွယ်တွေရဲ့ ရပိုင်ခွင့်နဲ့ပဲ တွက်တယ်။
ဒါကြောင့် ချင်းလူမျိုးတွေရဲ့ တွက်ချက်ပုံသည် လူတစ်ဦးချင်းရဲ့ ရပိုင်ခွင့်မဟုတ်ဘူး မျိုးနွယ်စုရဲ့ ရပိုင်ခွင့်။ အချင်းချင်း ဆက်ဆံတဲ့အခါမှာလည်း မျိုးနွယ်လိုက်ပဲ ဆက်ဆံတယ်။ ပူမျိုး၊ ဦးလေးမျိုး၊ သမက်မျိုး သွေးသောက်မျိုး၊ ဒီလိုပဲ မျိုးနွယ်လေးမျိုးပဲ ခွဲထားတယ်။ဒါပေမဲ့ သူတို့ကို သီးသန့်ကြီး မခွဲခြားထားဘူး။ ဆွေမျိုးဆိုလိုက်တာနဲ့ အမေဘက်ကအမျိုးကော ၊အဖေဘက်ကမျိုးကော အမျိုးလို့ တပေါင်းထဲ သတ်မှတ်လိုက်တယ်။
ဒါကြောင့် ချင်းလူမျိုးတွေရဲ့ မျိုးနွယ်စုရဲ့ မျိုးနွယ်စုတန်ဖိုးထားပုံနှ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။