ဘာဘဲဖြစ်ဖြစ်...
ကမ္ဘာမှာ မြန်မာ ပွဲလယ်တင့်အောင် လုပ်နိုင်သူ နှစ်ဦးတည်းရှိတယ် ....
ဗိုလ်ချုပ်အောင်ဆန်း နဲ့ သမီး အောင်ဆန်းစုကြည်
*** ဒေါ်စုနှင့် BBC အင်တာဗျူး အပိုင်း - ၂***
=====================...
Friday, 25 October 2013...
Mishal Husain ။ ။ ဒါပေမယ့် လူတွေ ကိုယ့်လုပ်ရပ် အပေါ်တာဝန်
ယူမှု ရှိအောင်တော့ အစိုးရက မဆောင်ရွက်ပေးဘူးနော် ။ အထူးသဖြင့် ဗုဒ္ဓဘာသာ ဘုန်းကြီး ဦးဝီရသူလေ ။ အရင် သူက ထောင်ကျနေခဲ့တာ..... ၊ နောက်တော့ သူ့ကို လွှတ်ပေးလိုက်ကြတယ် ။ အခုကျတော့ သူက ပြည်သူတွေထဲမှာ သိပ်ကို လွှမ်းမိုးပြီး ပေါ်ပြူလာ ဖြစ်နေတယ် ။ ပြီးတော့ လူမျိုး ၊ ဘာသာနဲ့ ယုံကြည်မှု မတူသူတွေကို ခွဲခြားခြိမ်းခြောက်တဲ့ hate speech တွေ ဟောနေတယ်..... မွတ်ဆလင်တွေကို ခွေးတွေလို့ ပြောတာမျိုး ၊ မြန်မာအမျိုးသမီးတွေကို မွတ်ဆလင်တွေက ခိုးနေပါတယ်ဆိုပြီး အပြစ်တင်နေတာမျိုးတွေပေါ့ ။ အဲဒီလို hate speech မျိုးကို ဒေါ်စုအနေနဲ့ ရှုတ်ချသလား ။
Suu ။ ။ ကျမက အမုန်းနဲ့ပတ်သက်ရင် ဘယ်လို အမုန်းမျိုးကို မဆို ရှုတ်ချပါတယ် ။ ရှင်ပြောသလို အစိုးရက ဒီကိစ္စမှာ တာဝန်ယူဖြေရှင်းပေးတာမျိုး မရှိဘူးဆိုတာလည်း ဟုတ်ပါတယ် ။ ကျမအနေနဲ့ ရှင်တို့ကို တိုက်တွန်းချင်တာက အစိုးရကို မေးခွန်းထုတ်ကြဖို့ပါဘဲ.....သူတို့ရဲ့ ပေါ်လစီတွေဟာ ဘာလဲ ၊ အစိုးရအနေနဲ့ ဒီကိစ္စကို ပြေလည်စေဖို့ ဘာတွေလုပ်ဖို့ ကြိုးစားနေသလဲ ၊ ဘာတွေရော လုပ်နေသလဲ ၊ မလုပ်ဘူးလဲ စသည်ဖြင့်ပါ ။
ကျမတို့အစကတည်း ပြောခဲ့ပါတယ် ။ တရားဥပဒေစိုးမိုးမှုဟာ မရှိမဖြစ်ပါဘဲ ။ ဘာလို့လည်းဆိုတော့ မတူညီမှုတွေကို အတူတကွ အဖြေရှာဖို့ မလုပ်နိုင်ခင် အားလုံးစိတ်ထဲမှာ စိတ်ချလုံခြုံမှုရှိတယ်လို့ ခံစားမိမှ ဖြစ်မှာပါ ။ သူတို့စိတ်ထဲမှာ အိပ်နေတုန်းအသတ်ခံရမယ် လို့ ခံစားနေရရင် သဟဇာတဖြစ်မှုတို့ ၊ တစ်ယောက်ကိုတစ်ယောက် နားလည်လာအောင် ကြိုးစားဖို့ဆိုတာတွေကိုလည်း ဆွေးနွေးကြတော့မှာ မဟုတ်ပါဘူး ။
ဒီတော့ ကျမပြောချင်တာက အတိုက်အခိုက်ပါတီဝင်တွေဖြစ်တဲ့ကျမတို့ကို ဘယ်လို ခံစားနေရသလဲ ၊ ဘာတွေလုပ်ဖို့ရှိလဲ မေးနေမယ့်အစား အစိုးရကို မေးဖို့ တိုက်တွန်းပါရစေ ။ ဘာလို့လည်းဆိုတော့ ကျမတို့အနေနဲ့ အစိုးရတစ်ရပ် လုပ်ရမယ့် ကိစ္စတွေကို လုပ်ဆောင်နိုင်တဲ့ အခြေအနေမျိုးမှာ မရှိပါဘူး ။ ရှင်တို့အနေနဲ့ လက်ရှိအစိုးရကို သူတို့ ပေါ်လစီတွေဟာ ဘာတွေလဲ ၊ သူတို့အနေနဲ့ ဒီပြသာနာကို ဘယ်လို ဖြေရှင်းကိုင်တွယ်နေသလဲ ၊ သူတို့ ဘယ်လို ကိုင်တွယ်ဖြေရှင်းဖို့ အစီအစဉ်ရှိသလဲဆိုတာ မေးသင့်ပါတယ် ။
Mishal Husain ။ ။ ပုဂိုလ်ရေးမေးခွန်းမေးရမယ်ဆိုရင် လွန်ခဲ့တဲ့နှစ်နှစ်လောက်မှာ ဘယ်အရာတွေကများ လိုက်လျောညီထွေနေဖို့ ခက်ခဲခဲ့သလဲ ။ ဒေါ်စုရဲ့ ဘ၀က အရမ်းကို ပြောင်းလဲသွားခဲ့တယ်လေ ။
Suu ။ ။ ပွင့်ပွင့်လင်းလင်းပြောရရင် ထူးထူးခြားခြားတစ်ခုခုကို လိုက်လျောညီထွေအောင် နေနေရတယ်လို့ မထင်ပါဘူး ။ အခြေအနေတွေကတော့ အသစ်တွေပေါ့လေ......ဒါပေမယ့် ကျမ ရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့ လွန်ခဲ့တဲ့ ၂၅ နှစ်တာကာလက အခြေအနေတွေထက် ပိုပြီး ထူးခြားနေတယ်လို့တော့ မဟုတ်ပါဘူး ။
Mishal Husain ။ ။ ဒါပေမယ့် ဟိုတစ်စ ဒီတစ်စ ဖြစ်နေတဲ့ မိသားစုဆက်ဆံရေးတွေ ၊ သူငယ်ချင်းမိတ်ဆွေနဲ့ ဆက်ဆံရေးတွေကို အခုပြန်ပြီး ရတာ ...... အကြာကြီး ဖြတ်တောက်ခံခဲ့ရတဲ့အဆက်အသွယ်တွေကို အခုမှ ပြန်ရတာတွေကရော......။
Suu ။ ။ မိတ်ဆွေစစ် မိတ်ဆွေမှန်ဆိုတာ ဘယ်အချိန်ဖြစ်ဖြစ် ပြန်ပြီး အဆက်အဆံလုပ်လို့ရပါတယ် ။ သိပ်ပြီး မစစ်မှန်တဲ့ သူငယ်ချင်းမိတ်ဆွေဆိုတာကတော့ ကျမနဲ့ နီးနီးကပ်ကပ်ဆက်ဆံရင် အန္တရာယ် ရှိနိုင်တယ်ဆိုတဲ့ ဟိုးအရင်ကတည်း လမ်းခွဲခဲ့ကုန်ကြပါပြီ ။ ပြန်လာတဲ့ လူတွေလည်း တခါတလေတော့ ရှိပါတယ် ။ ဒီလိုဆိုလည်း ကျမကတော့ လက်ခံတာပါဘဲ ........လူတွေကို တချိန်လုံး ကိုယ်ယုံကြည်ရာကို ပြောဆိုရဲဖို့၊ သတ္တိရှိနေဖို့ မျှော်လင့်နေလို့ မရဘူးဆိုတာ ကျမလက်ခံပါတယ် ။
Credit to > Spring Flowers

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။