Nyein Chan Win with ချစ် မိုး ရင့်ရင့် and 47 others
ဘာရွေးမလဲ ?
=======
=======
တစ်ခါတုန်းကပေါ့…
ကုမ္ပဏီတစ်ခုက အရေးကြီးတဲ့ ရာထူးတစ်နေရာအတွက်…ဝန်ထမ်းတစ်ယောက်ကိုရှာဖွေနေခဲ့ပါတယ်…။ လူ ၂၀၀ လောက်လာလျှောက်ကြတော့… သူတို့တွေကို စာမေးပွဲစစ်ပါတယ်…။ မေးခွန်းကတော့ အောက်ပါအတိုင်းဖြစ်ပါ…။

သင်ဟာ မုန်တိုင်းထန်နေတဲ့ ညတစ်ညမှာ ကားမောင်းလာတယ်ဆိုပါစို့…
သင်ဟာ ဘတ်စ်ကားမှတ်တိုင်တစ်ခုကို ရောက်တဲ့အချိန်မှာတော့ ကားမှတ်တိုင်မှာ လူသုံးယောက်ကားစောင့်နေပါတယ်…။
၁။ ရောဂါဝေဒနာခံစားနေရတဲ့.. အဖွားအိုတစ်ယောက်
၂။ သင့်အသက်ကို ကယ်ခဲ့ဖူးတဲ့ ဆရာဝန်တစ်ယောက်. နဲ့
၃။ နောက်ဆုံးတစ်ယောက်ကတော့ သင့်စိတ်ကူးအိပ်မက်ထဲက သင်ချစ်တဲ့သူ တို့ပါပဲ…
သင့်ကားဟာ လူတစ်ယောက်ကိုပဲ တင်ခေါ်နိုင်မယ်ဆိုလျှင် သင်ဘယ်သူ့ကိုရွေးမလဲ…။
ကဲ…သယ်ရင်းရေ ဒီစာလေးဆက်မဖတ်ခင်…မင်းလည်း ရွေးကြည့်ပါဦး ။
ဒီပုစ္ဆာလေးကတော့ ကိုယ့်အမြင်နဲ့ကိုယ် အဖြေအသီးသီးရှိကြမှာပါပဲ…အဖြေတိုင်းဟာလည်း သူ့အကြောင့်ပြချက်နဲ့သူ ရှိကြမှာပါပဲ…။
အဖွားကြီးကိုရွေးချင်ရွေးနိုင်တယ်…သူကသေလုမျောပါးဖြစ်နေတာဆိုတော့ သူ့ကိုအရင်ကယ်ရမယ်…။ နောက်ပြီး ဆရာဝန်ကိုရွေးချင်ရွေးနိုင်တယ်…သူက မင်းအသက်ကိုကယ်ခဲ့ဖူးတဲ့ အသက်သခင်ကျေးဇူးရှင်...။ ခုလိုအခြေအနေမျိုးမှာ သူ့ကိုကျေးဇူးပြန်ဆပ်ဖို့အခွင့်ကောင်းပဲ။ ဒါပေမယ့် ဆရာဝန်ရဲ့ ကျေးဇူးကိုနောင်တစ်ချိန်ချိန်မှာပြန်ဆပ်နိုင်ပါသေးတယ်…။ ဒီတစ်ကြိမ်အခွင့်အရေးဆုံးရှုံးသွားရင်တော့ သင့်မျှော်လင့်ထားတဲ့ ချစ်သူကို လက်လွတ်ဆုံးရှုံးရပါလိမ့်မယ်…။
နောက်ဆုံးမှာတော့ အကောင်းဆုံးဖြေနိုင်ခဲ့တဲ့ တစ်ယောက်ကို ရွေးချယ်လိုက်ပါတယ်… ။
သယ်ရင်းရဲ့  အဖြေကရော ဘာဖြစ်မလဲ…
သူဖြေခဲ့တဲ့အဖြေကတော့ ရိုးရိုးလေးပါ…
.
.
.
.
.
.
.
.
.
.
.
.
.
.
သယ်ရင်းရော စဉ်းစားပြီးပြီလား…သူ့အဖြေက အောက်မှာပါ
.
.
.
.
.
.
.
.
.
.အဖြေကတော့…
“ ကားသော့ကို ဆရာဝန်ကိုပေးလိုက်ပါ…အဖွားကြီးကိုသူကိုယ်တိုင်ဆေးရုံပို့ပေးပါလိမ့်မယ်…ကျနော်ကတော့ ကျနော့အိပ်မက်နတ်သမီးလေးနဲ့ အတူ ခက်ထန်တဲ့ မုန်တိုင်းတွေကြားမှာ ဘတ်စ်ကားအလာကို အတူထိုင်စောင့်ပေးလိုက်ပါမယ်…”
## တစ်ခါတလေမှာ တို့ရဲ့  ကပ်သီးကပ်သပ် ကန့်သတ်ချက်တွေကို ဖောက်ထွက်နိုင်ရင်…ထင်ထားတာထက်တောင် အကျိုးရှိနိုင်ပါတယ်… ##
Nyein Chan Win စကားလုံးဖလှယ်သည်...
https://www.facebook.com/ForTheSoul

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။