Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, October 21, 2013

ကမ္ဘာ့ကုလသမဂ္ဂနေ့

Ko Nyo
ကမ္ဘာ့ကုလသမဂ္ဂနေ့

ကမ္ဘာ့ကုလသမဂ္ဂနေ့ဟာ အောက်တိုဘာလ ၂၄ ရက်မှာ ကျရောက်မှာဖြစ်ပါတယ်။ ကုလသမဂ္ဂနဲ့ပါတ်သက်ပြီး အလေးထားဆုံးနိုင်ငံတွေထဲမှာ နော်ဝေက ထိပ်ဆုံးကလို့ ပြောရင်မှားမယ်မထင်ပါဘူး။ မူလတန်းကလေးတယောက်က ကုလသမဂ္ဂ ဘာလဲဆိုတာ အတော်အသင့်သိနေပါပြီ။ သက်သေလေးပြောချင်ပါတယ်။ ကျွန်တော်က မြန်မာပြည်က စစ်အာဏာရှင်တွေမကောင်းကြောင်း ၈ နှစ်သား တတိယ တန်းကျောင်းသား ကျွန်တော်သားကို မကြာမကြာပြောပြဖြစ်ပါတယ်။ ပြည်သူတွေဆင်းရဲပြီး စစ်ဗိုလ်ကြီးတွေက ချမ်းသာနေကြောင်း ၊ ပြီးတော့ကျောင်းသားတွေ ဘုန်းကြီးတွေကိုလဲ သေနတ်နဲ့ ပစ်သတ်တဲ့အကြောင်းပြောပြတာပေါ့။

ကျွန်တော်သားက မေးခွန်းနှစ်ခုကို အလေးအနက်မေးပါတယ်။ အဲဒီစစ်ဗိုလ်ကြီးတွေက သူတို့ ချမ်းသာတာတွေကို ဘာဖြစ်လို့ မခွဲဝေတာလဲတဲ့။ သူတို့တွေက သေနတ်နဲ့ဖေဖေတို့ကို ပစ်သတ်နေတာ ဘာကြောင့် ဖေဖေတို့က ကုလသမဂ္ဂကို မတိုင်တာလဲတဲ့။ ကုလသမဂ္ဂဘယ်လောက်လုပ်နိုင်တယ်ဆိုတာ သူတို့ မသိပါဘူး ဒါပေမဲ့ ကုလသမဂ္ဂဆိုတာ နိုင်ငံတကာနဲ့ဆိုင်တယ် ယုံကြည်ထိုက်တဲ့ ကမ္ဘာ့ အဖွဲ့အစည်းကြီး လို့ သူတို့ သင်ပေးခံထားရတယ် ဆိုတာ ဒုတိယ မေးခွန်းက ပြောလိုက်တာပါ။ ကျွန်တော်သား အရွယ်နဲ့နားလည်အောင်ကျွန်တော်ဖြေခဲ့တာရှည်မှာမို့ ချန်ခဲ့ပါရစေ။

ပထမ သူမေးတဲ့စစ်ဗိုလ်ကြီးတွေက ဘာကြောင့် သူတို့ပိုင်ဆိုင်တာကို ခွဲဝေသုံးဆွဲခြင်းမပြုတာလဲဆိုတာကိုတော့ နဲနဲရှည်ရှည်လျားလျား ရှင်းပြချင်ပါတယ်။ ဆိုလိုတာက ကျွန်တော်သားက ဘာကြောင့် ဒီမေးခွန်းမေးသလဲဆိုတာကို သိစေချင်လို့ပါ။

အားလုံးသိတဲ့အတိုင်း စကင်ဒီနေဗီးယန်းနိုင်ငံတွေဆိုတာက လူမှုရေးညီမျှမှုကို ဦးစားပေးလုပ်ဆောင်တဲ့ Sosial States နိုင်ငံတွေပါ။ ကျွန်တော်ကမူကြိုကျောင်းလေးတခုမှာ အလုပ်သင်လုပ်ရင်းကျောင်းတက်နေသူပါ။ မှုကြို ကျောင်းက တနှစ်ကနေ ခြောက်နှစ်အရွယ်အထိပါ။ ကုလသမဂ္ဂနေ့ မရောက်ခင် တပါတ် နှစ်ပါတ်ကြိုပြီး အတန်းကြီး ( ၃-၆) နှစ် ကလေးတွေကို သီချင်းတိုက်ကြပါတယ်။ အငယ်တန်း (၁-၃) နှစ်တွေလဲ လိုက်ဆိုကြတာပါပဲ။ သီချင်းလေး အဓိပ္ဗါယ်က "ငါတို့ဟာ တဦးနဲ့ တဦး မတူညီကြပါဘူး" တဲ့။ ဆိုလိုချင်တာကတော့ ဒီကမ္ဘာကြီးမှာ မတူတဲ့ လူမျိုးတွေ အတူနေထိုင်ကြတယ်ဆိုတဲ့ အသိကို ပေးလိုက်တာပါ။ ပြီးတော့ အဲဒီမှုကြိုကလေးတွေ ဟာနေ့တိုင်း ကစားစရာတွေကို ကလေးသဘာဝအရ လုတာမျိုး၊ အငြင်းပွားတာမျိုး ဖြစ်ပြီဆိုရင် ဆရာ၊ဆရာမတွေက ( ဒီမှာတော့ လူကြီးတွေလို့ပဲ ပြောရပါတယ်) အဲဒီလိုမလုပ်ရဘူး တယောက်တလှည့် အလှည့်ကျ ကစားရမယ်၊ ဝေမျှ သုံးရမယ်။ စတဲ့ စကားတွေကို နေ့တိုင်းသွန်သင်ခံကြရတယ်။ ကိုယ့်အိမ်က ကိုယ်ပိုင် အရုပ်ကလေးတွေ ယူလာခွင့်ရှိတယ် ဒါပေမဲ့ ကျောင်းမှာတော့ တခြားသူကို ပေး ကစားကြရပါတယ် ။ မကြိုက်ရင် အဲဒီကလေးလဲ ကစားခွင့် မရပါဘူး သူကစားစရာကလေးကို သူ့လွယ်အိတ်မှာပဲ သိမ်းဆည်းပေး လိုက်ပါတယ်။

ကျွန်တော်သားတို့လို မူလတန်းအရွယ်ရောက်ပြီဆိုတာနဲ့ ကုလသမဂ္ဂအကြောင်း သင်ပေးပါတယ်။ ဒါကြောင့်ကျွန်တော်သားသိနေတာပါ။ ဒါ့အပြင် ချမ်းသာတဲ့ နော်ဝေလို နိုင်ငံတွေက ကုလသမဂ္ဂ အထဲမှာ ရှိတဲ့ ဆင်းရဲတဲ့ နိုင်ငံတွေ ကို ကူညီရမယ်ဆိုတာကိုလဲ လက်တွေ့သင်ပေးပါတယ်။ ချမ်းသာသူက ဆင်းရဲတဲ့သူတွေအတွက် ကိုယ်တတ်နိုင်သလောက် မျှဝေရတယ်ဆိုတာ သူတို့ပါတ်ဝန်းကျင်မှာ တချိန်လုံးမြင်တွေ့နေကြရတာပါ။ ဘတ်စကားပေါ်တွေမှာ ကျောင်းသားလေးတွေက ပါကစ္စတန်က ရေဘေးဒုက္ခသည်တွေအတွက်ဖြစ်စေ၊ ဟေတီက မုန်တိုင်းဒါဏ်ခံရတဲ့သူတွေအတွက်ဖြစ်စေအလှုခံနေကြတာ သူတို့ မြင်နေကြမြင်ကွင်းတွေပါ။ ဒါကြောင့် ကျွန်တော်သားအနေနဲ့ စစ်ဗိုလ်ကြီးတွေ တိုင်းပြည်ပိုက်ဆံတွေ သူတို့ပဲ ယူပြီးချမ်းသာနေတာကို နားမလည်နိုင်တာပါ။ သူတို့က လူမှုရေးညီမျှမှုဆိုတာ လူတိုင်းလုပ်ရမဲ့ တာဝန်လို့ နားလည်ထားကြတာပါ။

ကျွန်တော်သမီးက ၆ တန်းပါ။ သူ့ကျောင်းက သံပြိုင်သီချင်းဆိုအဖွဲ့ (Choir) အဖွဲ့မှာပါ ပါတယ်။ မနေ့က (၁၉ .၁၀.၁၃) မှာ ကျွန်တော်တို့ မြို့နယ်အတွင်မှာရှိတဲ့ ကျောင်းတွေက သီချင်းဆိုအဖွဲ့တွေစုပေါင်းပြီး ရံပုံငွေ ပွဲကျင်းပကြပါတယ်။ ရရှိတဲ့ ရံပုံငွေကို ကင်ညာနိုင်ငံမှာ သောက်ရေသန့်ရရှိဘို့နဲ့ နော်ဝေနိုင်ငံက အယ်လ်ဇိုင်းမား (Alzhimer) ရောဂါသည်တွေ အတွက်လှုတန်းကြမှာပါ။

(၁၁-၁၃) တန်း တက္ကသိုလ်ဝင်တန်းတွေကတော့ တနှစ်တခါ ကုလသမဂ္ဂနေ့ မတိုင်ခင် ရက်သတ္တပါတ်တပါတ်မှာ အလုပ် ၃ရက် လုပ်ကြရပါတယ် ရတဲ့ လုပ်အားခ ကို လှုတန်းကြရပါတယ်။ အဲဒီအရွယ်တွေကတော့ ကျောင်းသားတိုင်း မဖြစ်မနေ ပေးကြရတာပါ။ ကိုယ်က အလုပ်ရှာတာ အဆင်မပြေရင်တော့ အနဲဆုံး မိဘဆီက ငွေ ၃၀၀ တောင်းပြီးပေးကြရပါတယ်။ နိုင်ငံအလိုက်ပြောရင်လဲ ကုလသမဂ္ဂအတွက် ဒီနိုင်ငံက ထည့်ဝင်ငွေက ထိပ်ဆုံးပိုင်းမှာရှိနေပါတယ်။
ကျွန်တော်တို့ငယ်ငယ်ကတော့ ကျွန်တော်သား အရွယ်မပြောနဲ့ တက္ကသိုလ် တက်တဲ့ အထိ ကုလသမဂ္ဂ ဘာလုပ်တာလဲ ဆိုတာ သေသေချာချာ မသိခဲ့ပါ။ ကျွန်တော်ညံ့တာလဲဖြစ်နိုင်ပါတယ်။

တကယ်လို့သာ ဒီနိုင်ငံလို ကုလသမဂ္ဂကို အလေးထားပြီး ကလေးအရွယ်က စလို့ ကမ္ဘာကြီးအတွက် ဆင်းရဲနွမ်းပါးသူတွေ ၊ ဒုက္ခရောက်နေသူတွေ အတွက် တခုခု လုပ်ပေးရမယ်ဆိုတဲ့ အသိပေးနိုင်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ရဲ့ ကမ္ဘာကြီး ပို လှလာမယ် ပိုပြီးငြိမ်းချမ်းသာယာလာလိမ့်မယ်လို့ ယုံကြည်မိပါတော့တယ်။


အောင်စံအေး

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။