Golden Land Myanmar
သင့် ချစ်သူ ဆေးလိပ်သောက်နေလျှင်
သင်ချစ် တဲ့သူ ဆေးလိပ် သောက်တာ ကြောင့် သောက်တဲ့ သူ ကိုယ်တိုင် သာမက တစ်ဆင့်ခံ ဆေးလိပ် ငွေ့ကို ရှူရှိုက် နေရတဲ့ သင်နဲ့ သင့် ပတ်ဝန်းကျင် က လူတွေ ကိုပါ ကျန်းမာရေး ထိခိုက်မှု ဖြစ်စေ နိုင်ပါတယ်။ ဒါကြောင့် ဆေးလိပ် သောက်တတ် တဲ့ သင့် ချစ်သူ ဆေးလိပ်ပြတ် သွားစေ ဖို့ ဆေးလိပ် ဖြတ်တာ ကြောင့် ချက်ချင်း ရရှိ နိုင်တဲ့ ကျန်းမာရေး အကျိုး ကျေးဇူး တွေ နဲ့ ရေရှည် ရရှိ နိုင်တဲ့ ကျန်းမာရေး အက...ျိုး ကျေးဇူး တွေ ကို ပြောပြ ကြည့်ဖို့ အကြံပြု ပါရစေ။
ဆေးလိပ် ကို ဖြတ်ခြင်း ကြောင့် ချက်ချင်း ရရှိ နိုင်သည့် ကျန်းမာရေး အကျိုး ကျေးဇူးများ
ဆေးလိပ် သောက်တဲ့ အခါ ပုံမှန် မဟုတ်ဘဲ မြင့်တက် နေတဲ့ နှလုံး ခုန်နှုန်း နဲ့ သွေးဖိအား က ဆေးလိပ် ဖြတ်လိုက်စဉ် မှာ ပုံမှန် အနေ အထား ကို ပြန်ရောက် စ ပြုလာ ပါတယ်။ ဆေးလိပ်ဖြတ် ပြီး နာရီ အနည်း ငယ် အတွင်း သွေး ထဲက ကာဗွန် မိုနော့ဆိုက် အဆင့် က စတင် လျော့ကျ လာပါ တယ်။ ( ကာဗွန် မိုနော့ဆိုက် က အောက်ဆီဂျင် သယ်ယူ နိုင်တဲ့ သွေးရဲ့ အရည် အသွေး ကို လျော့ကျ စေပါ တယ်။ ) ဆေးလိပ် ဖြတ်ပြီး သီတင်း ပတ် အနည်းငယ် အတွင်းမှာ သွေး လှည့်ပတ်မှု ကောင်း လာပြီး သလိပ် ထွက်နှုန်း လျော့နည်း ကာ မကြာ ခဏ ချောင်းဆိုး နှုန်း လျော့ကျ လာပါ တယ်။ ဆေးလိပ်ဖြတ် ပြီး လ အနည်းငယ် အတွင်း အဆုတ် ရဲ့ လုပ်ငန်း ဆောင်တာ သိသိ သာသာ ကောင်းမွန် လာပါ တယ်။ ဆေးလိပ် ဖြတ်တဲ့ သူတွေ က အရသာ ခံနိုင်စွမ်း ကောင်းမွန် လာတာ ကြောင့် သူတို့ စားတဲ့ အစားအစာ တွေက ပိုမို အရသာ ကောင်းလာ ပါတယ်။
ဆေးလိပ်ကို ဖြတ်ခြင်း ကြောင့် ရရှိနိုင် သည့် ရေရှည် ကျန်းမာရေး အကျိုး ကျေးဇူးများ
ဆေးလိပ် ဖြတ်တာ ကြောင့် ကင်ဆာ၊ နှလုံး ရောဂါနဲ့ အဆုတ် ပွ ပန်းနာ ( COPD ) ဖြစ်နိုင် ချေ လျော့ကျ သွား ပါတယ်။ ဆေးလိပ် ဖြတ်ရာ မှာ အသက် အရွယ် ကြီးရင့် နေပြီ ဆိုတာမျိုး မရှိ ပါဘူး။ ဆေးလိပ် ဖြတ်သူ တွေက ဆေးလိပ် သောက်သူ တွေ ထက် ဆေးလိပ် နဲ့ ဆက်စပ် နေတဲ့ နာမကျန်း မှု ကြောင့် သေဆုံး နိုင်ခြေ လျော့နည်း တာ ကြောင့်ပါ။
အသက် ၃၀ အရွယ် တွင် ဆေးလိပ်ဖြတ်ခြင်း
လေ့လာမှု တွေ အရ အသက် ၃၀ အရွယ် မှာ ဆေးလိပ် ဖြတ်တဲ့ ဆေးလိပ် သောက်သူ တွေ ဟာ ဆေးလိပ် နဲ့ ဆက်စပ် နေတဲ့ ရောဂါ ဝေဒနာ တွေ ကြောင့် အရွယ် မတိုင်ခင် သေဆုံး နိုင်ခြေ ကို ၉၀ ရာခိုင်နှုန်း ကျော် လျော့ကျ စေကြောင်း သိရ ပါတယ်။
အသက် ၅၀ အရွယ် တွင် ဆေးလိပ် ဖြတ်ခြင်း
လေ့လာမှု အရ အသက် ၅၀ အရွယ် မှာ ဆေးလိပ် ဖြတ်သူ တွေက ဆေးလိပ် ဆက်သောက် နေသူ တွေ နဲ့ နှိုင်းယှဉ်ရင် အရွယ် မတိုင်ခင် သေဆုံး နိုင်ခြေ ၅၀ ရာခိုင် နှုန်း လျော့ကျ မှု ရှိကြောင်း သိရပါတယ်။
အသက် ၆၀ အရွယ်တွင် ဆေးလိပ် ဖြတ်ခြင်း
လေ့လာမှု အရ အသက် ၆၀ နဲ့ အထက်မှာ ဆေးလိပ် ဖြတ်သူတွေ က ဆေးလိပ် ဆက်သောက် သူတွေ ထက် ပိုပြီး အသက် ရှည်ရှည် နေရနိုင်ခြေ ရှိတယ် လို့ သိရ ပါတယ်။
ကေအမ်
Good Health

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။