Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, December 31, 2016

အ ၊ အာ ၊ အား ၊ အိ ၊ အီ ၊ အီး ၊ အို့ ၊ အို ၊ အိုး ၊ အေ့ ၊ အေ ၊ အေး ၊ အု ၊ အူ ၊ အူး ၊ အဲ့ ၊ အယ် ၊ အဲ ၊ အေ့ ၊ အော် ၊ အေ

 
 
အ ၊ အာ ၊ အား ၊ အိ ၊ အီ ၊ အီး ၊ အို့ ၊ အို ၊ အိုး ၊ အေ့ ၊ အေ ၊ အေး ၊ အု ၊ အူ ၊ အူး ၊ အဲ့ ၊ အယ် ၊ အဲ ၊ အေ့ ၊ အော် ၊ အေ

ကမ္ဘာပေါ်တွင် ဘာသာစကားနှင့် စာပေယဉ်ကျေးမှုများစွာရှိသည့် အနက် မြန်မာ့စာပေ သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များစွာတို့ အဓွန့်ရှည်တည်တံ့လာခဲ့သည်မှာ နှစ်ပေါင်းထောင်ချီတိုင်အောင် ကြာမြင့်စွာ ထိန်းသိမ်းလာခဲ့ပေသည်။ ထိုမြန်မာစာနှင့် စကားသည် ကမ္ဘာ့အလက်တွင် တင့်တယ်စွာ ရပ်တည်နိုင်ခဲ့သည့်အပြင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ပြဌာန်းလျှက် သင်ကြားပို့ချပေးလျှက်ရှိသော ကမ္ဘာ့တန်းဝင် ဘာသာစကား တစ်ခုဖြစ်သည်။

''မိမိသီချင်းဆိုသံကောင်းအောင် ဘယ်လိုလုပ်မလဲ''


New Level Records added 9 new photos.

''မိမိသီချင်းဆိုသံကောင်းအောင် ဘယ်လိုလုပ်မလဲ''
အဆိုပညာရှင်တွေအများစုဟာ သီဆိုခြင်းသင်ခန်းစာတွေပို လုပ်ကြရတယ်. ဒါပေမဲ့ သင့်အနေနဲ့ အဲ့လိုလုပ်ဖို့အခြေနေလဲ မပေးဘူး ဆရာတွေလဲမရှိခဲ့ဘူးဆိုရင် အောက်ပါဖော်ပြချက်တွေက သီချင်းဆိုသံကောင်းအောင် အထောက်အကူပေးပါလိမ့်မယ်...

Friday, December 30, 2016

သင့်အလုပ်ရှင်ကို လုံးဝမပြောသင့်တဲ့ စကား (၉) ခွန်း

သင့်အလုပ်ရှင်ကို လုံးဝမပြောသင့်တဲ့ စကား (၉) ခွန်း

======================================

သင့်ရဲ့အလုပ်ရှင်နဲ့ စကားပြောတဲ့အခါ အမှားအယွင်းပါပြီး သင့်ရဲ့အသက်မွေးဝမ်းကျောင်းကို ထိခိုက်တာမျိုး မဖြစ်ရလေအောင် အလုပ်သဘောဆန်ဆန် စကားအသုံး အနှုန်းမျိုးကိုသာ ရွေးချယ်ပါ။ အထူးသဖြင့် ဒီစကားကိုးခွန်းကို ဘယ်တော့မှ မပြောမိအောင် ရှောင်ကြဉ်ပါ။

(၁) အချိန်မရှိဘူး

သင့်ကို တစ်ခုခုလုပ်ဖို့ တာဝန်ပေးလာတဲ့အခါ လုပ်ဖို့ အချိန်မရှိဘူးလို့ ဘယ်တော့မှ မပြောမိပါစေနဲ့။ လက်ထဲမှာ အလုပ်တွေ သိပ်များနေတယ် ဆိုရင်တောင် အဲဒီလိုပြောမယ့်အစား ဘယ်ဟာကို အရင်ဦးစားပေး လုပ်သင့်သလဲလို့သာ ပြန်မေးပါ။

ယင်းမာတေးသံသွင်း


Maung Maung Nee added 16 new photos — with Myo Naung and 36 others.

ယင်းမာတေးသံသွင်း
-------------------------
ယင်းမာတေးသံသွင်း ( ဘားလမ်း / မဟာဗန္ဓု လပန်းခြံလမ်း ) ဟာ ခေတ်ဦး စတီရီယို တေးသံသွင်းဆိုင်တော့ မဟုတ်ဘူး ။ စတီရီယိုပေါ်ဦးစဆိုင်တွေက ဒဂုန် ၊ တေးရိပ်သာ ၊ မာဇဒါ ၊ ပုဂံ ၊ မိသားစု ၊ ဇော် ၊ ဂစ်တာဥယျာဉ် ၊ စိုးစံတေးသံသွင်းတွေဖြစ်မယ်ထင်တယ် ။ ရန်ကုန်မှာ စုစုပေါင်း ၁၅ ဆိုင်လောက် ရှိတယ်ပြောတယ် ၊ မန်းလေးမှာ ကိုးဆိုင်တဲ့ ။

ဂျက်ကီချန်း (Jackie Chan)



Myat Soe Htun added 3 new photos.

Jackie Chan
ဂျက်ကီချန်း (Jackie Chan) လို့ နာမည်ကြားလိုက်တာနဲ့ ကလေး၊ လူငယ်၊ လူကြီး အကုန်သိပြီးဖြစ်မှာပါ။ သိုင်းပညာမှာ ထူးချွန်သလို စတန့်ပြကွက်များကို ဟာသနှောပြီး ရိုက်ကူးတတ်လို့ ကမ္ဘာ့ အအောင်မြင်ဆုံး အက်ရှင် မင်းသားတွေထဲမှာ ထိပ်ဆုံးမှာရှိနေတဲ့သူ တစ်ယောက်ပါ။ မိခင်နိုင်ငံဖြစ်တဲ့ ဟောင်ကောင်၊ တရုတ်ပြည်မကြီးမှာသာမက ဟောလီးဝုဒ်မှာပါ အောင်မြင်ကျော်ကြားတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ ဖြစ်ရပ်မှန် လူသိနည်း ဂျက်ကီချန်း (Jackie Chan) ရဲ့အကြောင်းများကို ဖော်ပြလိုက်ပါတယ်။
အချက်အလက်များကို သင်သိရဲ့လား? မှ ကူးယူဖော်ပြပါတယ်။
Jackie Chan

ကိုကိုဂျပန်နဲ့တော့ ခက်ပြီ



Thanlay Ko

ကိုကိုဂျပန်နဲ့တော့ ခက်ပြီ
မြန်မာပြည်ကိုရောက်တာ ၆ လလောက်ကြာတော့ မြန်မာစကားကို မတောက်တခေါက်ပြောတတ်လာတယ်။
ဘယ်က သင်နေလဲတော့မသိဘူး။
မြီးရှည်တို့ မုန့်တီတို့ ခေါ်တတ်နေပြီ။
မနက်အစော ရုံးမှာတွေ့ရင် 'အိုဟိုင်းရိုး ဂိုဇိုင်းမတ်​' မလုပ်ဘဲ 'မင်္ဂလာဘား' တွေ ဘာတွေ နှုတ်ဆက်တတ်နေပြီ။

ရုံးဝန်ထမ်းတဝက်လောက်က အင်္ဂလိပ်လိုမရတော့ သူမြန်မာစကားသင်တာနေမှာ။
ခုနကတော့....
ရုံးဝန်ထမ်း သန့်ရှင်းလုပ်တဲ့ ကလေးမကို သူက မြန်မာလိုပြောပြီး ခိုင်းနေတာကြားလိုက်တယ်... ...
"!*&^%$#@"
"ရှင်..."

ဆေးလိပ်ရဲ့ သမိုင်းကြောင်း (သို့) ဆေးလိပ်အကြောင်း သိကောင်းစရာ


 ဆေးရွက်ကြီးသည် လူ၏ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေပါသည်။ ဆေးရွက်ကြီးမီးခိုးကို အဝတ်ဖြူပေါ်တွင် မှုတ်တင်လိုက်ပါက အဝတ်ဖြူတွင် အမည်းစွန်းများ ထင်နေသည်ကို တွေ့မြင်ရမည်ဖြစ်ပါသည်။ အဆိုပါ အမည်းစွန်းများတွင် နီကိုတင်းခေါ် ပြင်းထန်သော အဆိပ်တစ်မျိုး ပါဝင်နေပါသည်။ အဆိုပါ နီကိုတင်း အဆိပ်သည် မည်မျှပြင်းထန်သနည်းဆိုပါလျှင် အဆိပ်တစက်ကိုယူပြီး ယုန်၏အရေပြားကို တို့လိုက်ရုံဖြင့် ယုန်သေစေနိုင်ပါသည်။

သမိုင်းကြောင်း

၁၉၈၉ နဝတ စစ်အစိုးရလက်ထက် ခရိုနီ အဖြစ်သို့ ကူးပြောင်းခဲ့သူ ဘိန်းဘုရင် လော်စစ်ဟန်



မောင်(စွယ်စုံကျမ်း) added 3 new photos.

၁၉၈၉ နဝတ စစ်အစိုးရလက်ထက် ခရိုနီ အဖြစ်သို့ ကူးပြောင်းခဲ့သူ ဘိန်းဘုရင် လော်စစ်ဟန်
Bertil Lintner
BurmaDemocracy, 30 December 2016
တော်လှန်ရေး ကောင်စီလက်ထက်တွင် လွယ်မော် ကာကွယ်ရေး ခေါင်းဆောင်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ သူမှာ ခွန်ဆာ ဖြစ်သည်။ ခွန်ဆာသည် တန့်ယန်း၊ ကျိုင်းတုံ ဒေသများတွင် ကာကွယ်ရေး တာဝန် ယူခဲ့ပြီး ဘိန်းလုပ်ငန်းများ လုပ်ဆောင်ခြင်း၊ နိုင်ငံရေး ကစားခြင်း၊ စီးပွားရေး သောင်းကျန်းခြင်း အပြင် ကေအိုင်အေ တို့နှင့် နားလည်မှု ယူခဲ့ခြင်း တို့ကြောင့် အစိုးရက ၁၉၆၉ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့ နောက်ဆုံး ထားပြီး လက်နက် ပြန်အပ်ရန် အမိန့်ထုတ် ခဲ့သည်။

ပျောက်ကွယ်သွားတော့မည့် မြန်မာ့ရိုးရာ တိုက်ကြက်ဆိုင်ရာ အခေါ်ဝေါ်များ

ပျောက်ကွယ်သွားတော့မည့် မြန်မာ့ရိုးရာ တိုက်ကြက်ဆိုင်ရာ အခေါ်ဝေါ်များ

ပုဂံခေတ်ကပင်ရှိခဲ့သော ကြက်တိုက်ခြင်းဓလေ့သည် ယနေ့မြန်မာနိုင်ငံ ၏ လောင်းကစားဥပဒေနှင့် ငြိစွန်းသဖြင့် နိုင်ငံတော်မှ တားမြစ်ထားပါသည်။ သို့ရာတွင် မြန်မာနိုင်ငံအရပ်ရပ်ရှိ ကျေးလက်ဒေသအများစုတွင် နှစ်စဉ် စပါးရိတ်သိမ်းပြီးအချိန်များ၌ မြန်မာ့ရိုးရာ ဓလေ့ စစ်စစ် ပျော်ပွဲရွှင်ပွဲအဖြစ် ကျင်းပသော ကြက်ပွဲများမှာ လောင်းကြေးအရ မများသော်လည်း မြန်မာ့တိုက်ကြက်မျိုးရိုး စစ်စစ်များ မတိမ်ကောစေရေးအတွက် ထိန်းသိမ်းသည့် အနေဖြင့် ဝါသနာရှင်များမှ ပြုလုပ်သည့် ကြက်ပွဲများလည်းရှိကြောင်း လေ့လာသိရှိရပါသည်။

ဂျူးလူမျိုးများ ကလေးပျိုးထောင်နည်း

ဂျူးလူမျိုးများ ကလေးပျိုးထောင်နည်း
__________________________

အစ္စရေး လူမျိုးလိုလည်း ခေါ်ကြပါတယ်။

ဂျူးလူမျိုးများဟာ ကမ္ဘာ့ရှေးအကျဆုံးသော လူမျိုးထဲမှာ ပါဝင်ပါတယ်။

သမိုင်းတစ်လျှောက်မှာလည်း အမျိုးမျိုးဖိနိပ်ခံရပြီး

တိုင်းပြည်ပျောက်ဆုံးသွားတဲ့အထိ ဆုံးရူံးခဲ့ကြပါတယ်။

ဒါပေမဲ့ ဂျူးလူမျိုးကို ကမ္ဘာမှာ ဥာဏ်ပညာအကောင်းဆုံးလူမျိုးလို့

သတ်မှတ်ကြပါတယ်။

၂၀၁၅ခုနှစ် ကမ္ဘာတစ်ခွင်မှာ ဂျူးလူမျိုး လူဦးရေး ၁၄.၂ သန်းရှိပါတယ်။

အာရှထိပ်သီးမြို့ ကြီးများနည်းတူ ရန်ကုန်တွင် မြေအောက်ရထားလမ်း၊ ကားလမ်းများဖောက်လုပ်ရန် Master Plan ရေးဆွဲထားပြီးဟု ဆောက်လုပ်ရေးဝန်ကြီးပြော

 
အာရှထိပ်သီးမြို့ ကြီးများနည်းတူ ရန်ကုန်တွင် မြေအောက်ရထားလမ်း၊ ကားလမ်းများဖောက်လုပ်ရန် Master Plan ရေးဆွဲထားပြီးဟု ဆောက်လုပ်ရေးဝန်ကြီးပြော

------------------------------

တိုးပွားလာမည့် လူဦးရေနှင့် ယာဉ်ကြောကျပ်တည်းမှု ပြဿနာများ ဖြေရှင်းနိုင်ရန်အတွက် ရန်ကုန်မြို့၌ မြေအောက်ရထားလမ်း၊ ကားလမ်းများ ဖောက်လုပ်ရန် Master Plan ရေးဆွဲထားပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။

အလုပ်မှာ ပျော်စေရန် နည်းလမ်း

အလုပ်မှာ ပျော်စေရန် နည်းလမ်း

ယခု ဒီစာကို လာဖတ်နေသူ အများစုဟာ အလုပ်မှာ ပျော်ရွှင်မှုများ ပျောက် ဆုံး နေတယ်ဆိုတာ ဖြစ်နိုင်ချေ အများဆုံး အဖြေတစ်ခု ဖြစ်ပါတယ်။ အလုပ်မှာ ပျော်မှာ လူဆိုတာကလည်း ပျော်တာ ဖြစ်ပါတယ်။ အလုပ်မှာမပျော်ပဲ အမြဲ စိတ်ညစ်နေသူ တစ်ဦးဟာ သူကိုယ်တိုင်ကလည်း မတိုးတက်သလို၊ သူ့အလုပ် လုပ်တဲ့ လုပ်ငန်း၊ ကုမ္မဏီကလည်း တိုးတက်လာမှာ မဟုတ်ပါဘူး။

2016 က ကျွန်တော့်ကို သင်ပေးသော သင်ခန်းစာနဲ့ ဗဟုသုတ ၂၇ ချက်

2016 က ကျွန်တော့်ကို သင်ပေးသော သင်ခန်းစာနဲ့ ဗဟုသုတ ၂၇ ချက်

1. ရှုထားတဲ့လေကို မထုတ်ပဲနဲ့ လေအသစ်ကို ရှုလို့ မရဘူး။ တစ်ခုလိုချင်ရင် တစ်ခုကို စွန့်လွှတ်ရမယ်။ ရမယ့်တစ်ခုကဟာ စွန့်လွှတ်လိုက်တဲ့တစ်ခုထက် မြင့်ရမယ်။

2. ဘယ်သူနဲ့ဖြစ်ဖြစ် ဘာအကြောင်းကြောင့်ဖြစ်ဖြစ် စိုတဲ့လက်ကို အတတ်နိုင်ဆုံး မခြောက်စေအပ်ဘူး။

3. မိတ်ဆွေကောင်းတွေ ရှိခြင်းဟာ မင်္ဂလာဖြစ်သလို အရေးကြုံလာတဲ့အခါမှာ ဘယ်သူက ကိုယ့်ဆီက အကျိုးရှိနေလို့ ကိုယ့်ကိုပေါင်းတယ်၊ ဘယ်သူက ကိုယ့်ကို တကယ်စေတနာရှိတယ်ဆိုတာ သိရှိနိုင်တယ်။

ပိုက်ဆံနဲ့ ပက်သက်တဲ့ အမှား ၁၀ ခု


shared by knight on 30/12/16  -  myanmarlatestnews.com  -  Other

ချမ်းသာမှုနဲ့ အောင်မြင်ကျော်ကြားတဲ့သူတွေ ဘယ်တော့မှ လုပ်လေ့မရှိတဲ့ ပိုက်ဆံနဲ့ ပက်သက်တဲ့ အမှား ၁၀ ခု

ပိုက်ဆံကို အကျိုးရှိရှိ စီမံခန့် ခွဲနိုင်ခြင်းဟာ အလွန် အရေးပါပြီး ခက်ခဲလှတဲ့ အရည်အချင်းတစ်ခုဖြစ်ပါတယ်။ ပိုက်ဆံကို သုံးရတာက လွယ်ပါတယ်။ ဘယ်သူ မဆို ပိုက်ဆံကို သုံးတတ်ပါတယ်။ ဒါပေမယ့် အကျိုး ရှိရှိ သုံးတတ်ဖို့ ဆိုတာ အလွန်ပဲခဲယဉ်းပါတယ်။ အထူးသဖြင့် ငယ်ရွယ်စဉ် တိုးတက်ဖို့ အလားအလာ ရှိနေတဲ့ အချိန်အခါမှာ ပိုပြီးမှ ခဲယဉ်းပါတယ်။ အတတ်ပညာတွေ ရှိလာလို့ ပိုက်ဆံကို ရှာဖွေနိုင်လာတဲ့ တတ်သစ်စ အရွယ်မှာ ပိုက်ဆံကို အကျိုးရှိရှိ စီမံခန့် ခွဲနိုင်ဖို့ ရာ အင်မတန်ပဲ လိုအပ်လှပါတယ်။ အဲ့ဒီလိုမှ မဟုတ်ယင်တော့ လူချမ်းသာ တစ်ယောက် ဖြစ်လာဖို့ ခဲယဉ်းသွားပြီး သာမန် အလယ်အလတ် လူတစ်ယောက် အနေနဲ့ ပဲ ရပ်တည်သွားပါလိမ့်မယ်။ အောက်မှာ ရေးမယ် အချက် ၁၀ ချက်ကတော့ ချမ်းသာမှု နဲ့ အောင်မြင်ကျော်ကြားတဲ့ ကမ္ဘာကျော် သူဌေးကြီးတွေရဲ့ ပိုက်ဆံကို ဘယ်လို အကျိုးရှိရှိ စီမံခန့် ခွဲ လေ့ ရှိသလဲ ဆိုတာကို ရေးထားတာပါ။

အသက် ၂၀ ကျော် ငယ်ရွယ်တဲ့အချိန်မှာ မြန်မြန်ဆန်ဆန် ရာထူးတက်ပြီး အောင်မြင်မှုရစေဖို့ CEO တစ်ယောက် ပေးတဲ့အကြံဥာဏ်


Written By သီဟ( SFJ Strategy First Journal )

အလုပ်ခွင်နဲ့ အလုပ်နဲ့ ပတ်သက်တဲ့ ပတ်ဝန်းကျင်ဆိုတာ တစ်ခါတလေကျရင် အဆင်ပြေအောင် နေထိုင်နိုင် ဖို့ ခက်ခဲပါတယ်။ လူငယ်တွေနဲ့ အခုမှအလုပ်စလုပ်တဲ့ လူတွေဆိုရင် ပိုဆိုးပါတယ်။ အလုပ်တစ်ခုရသွား တာနဲ့ မပြီးသေးပါဘူး၊ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် ကြိုးစားဖို့နဲ့ နှစ်အနည်းငယ် အတွင်းမှာ ရာထူးတက်ပြီး နေရာကောင်းကောင်းရဖို့ဆိုတာ အများကြီးပိုခက်ခဲပါတယ်။

အသေချာဆုံး ရင်းနှီးမြှုပ်နှံမှုကတော့ ကိုယ့်ကိုကိုယ် ရင်းနှီးမြှုပ်နှံတာပါပဲ..

အသေချာဆုံး ရင်းနှီးမြှုပ်နှံမှုကတော့ ကိုယ့်ကိုကိုယ် ရင်းနှီးမြှုပ်နှံတာပါပဲ..

ကျွန်တော်တို့တွေ ဖုန်းအသစ်တွေဝယ်ကြတယ်၊ အဝတ်အစားအသစ်တွေဝယ်တယ်၊ မိန်းကလေးတွေဆို အလှပြင်ပစ္စည်း၊ အိတ်၊ ဖိနပ် အသစ်တွေဝယ်တယ်.. ကျွန်တော်ပြောချင်တာက လိုအပ်တဲ့အခါမှာ ဝယ်ပါ.. အကျီ င်္ဝတ်စရာမရှိတော့ဘူး.. ကိုင်နေတဲ့အိတ်က စုတ်နေပြီ.. အလှပြင်ပစ္စည်းကုန်သွားလို့.. အဲလို လိုအပ်လို့ဝယ်တာ သုံးတာပါ.. ဖြုန်းတာမဟုတ်ဘူး…

'' ဟဲ့ပေါ်ဦး ''

 
 
'' ဟဲ့ပေါ်ဦး ''

'' ဘုရား ''

'' ချစ်လို့ တောင်းပန်တယ် ဆိုတော့ ငါကိုယ်တော် မြတ် ကျေနပ်ရမှာလား ဟဲ့။ ''

'' FB ပေါ်မှာ စွပ်စွဲလို့ အားမရလို့ သတင်းစာထဲထည့် ။ အာဆီယံ နိုင်ငံတွေ အထင်လွဲအောင် ဘာသာပြန် နဲ့ စင်ကာပူ သတင်းစာ ထဲ က နှိပ်ပြီးတော့မှ ချစ်လို့ တောင်းပန်တယ် ဆိုတော့ စဉ်းစားစရာ တော့ ဖြစ်နေပြီ မင်းကြီး ''

'' ရှိစေတော့ ရှိစေတော့ ဒါနဲ့ ခွင့်လွှတ်သင့် လား ပေါ်ဦး ရဲ့ ''

နှစ်ခါ မရှုံးပါစေနဲ့ ...

နှစ်ခါ မရှုံးပါစေနဲ့ ...

=========

ကိုယ့်ကို သူများက အပြစ်ပြောလာ၊ ကဲ့ရဲ့ ရှုတ်ချလာ၊ တိုက်ခိုက်နှောက်ယှက်လာတဲ့အခါ အဲဒီအရာတွေအပေါ်မှာ လိုက်ခံစားပြီး တုန်လှုပ်ခြောက်ခြားမှုတွေ မဖြစ်ပါစေနဲ့။ ဖြစ်သွားရင် တိုက်ခိုက်သူတွေရဲ့  တိုက်ပွဲမှာ ကိုယ်ကကျရှုံးသွားတာပါပဲ။ သူတို့က ကိုယ့်ကိုအဲဒီလိုဖြစ်အောင် တမင်လုပ်နေတာဖြစ်တဲ့အတွက် ကိုယ်ကပါသွားရင် သူတို့အနိုင်ရသွားမှာဖြစ်ပြီး ကိုယ်ကတော့ ကိုယ့်ရဲ့ခံနိုင်ရည်ရှိမှုလည်းရှုံး၊ သူတို့တိုက်ပွဲမှာလည်း ရှုံးသွားတာဖြစ်တဲ့အတွက် နှစ်ခါရှုံးသွားတော့တာပါ။

သင့်ဘဝကို သင်ကိုယ်တိုင်ထုဆစ်ပုံဖော်ပါ

သင့်ဘဝကို သင်ကိုယ်တိုင်ထုဆစ်ပုံဖော်ပ
+++++++++++++++++++++++++++++
~လူတော်တော်များက ကိုယ့်ဘဝကိုပြောင်းလဲစေနိုင်မယ့်အရာတွေကို
~မျှော်လင့်ရင်း ရှင်သန်နေကြတယ်
~ ဒါက မှားယွင်းပြီးကလေးဆန်တဲ့အတွေးသက်သက်တွေပါ

~အမှန်တကယ်ဖြစ်ရမှာက---
~သင်ကိုယ်တိုင် ပြောင်းလဲလာဖို့ အတွက်သင်ကိုယ်တိုင်ပဲပုံဖော်ရမှာပါ
~ဒါမှသင်မျှော်လင့်တဲ့ ဘဝတွေကို ပိုင်ဆိုင်စေနိုင်မှာ

သိုက်တူးမလို့ အဖိုးကြီးကိုလက်ထပ်ခဲ့ပေမယ့် ဘာတစ်ပြားမှမရဘဲ အရှုံးကြီးရှုံးခဲ့ရသူ

 
 
သိုက်တူးမလို့ အဖိုးကြီးကိုလက်ထပ်ခဲ့ပေမယ့် ဘာတစ်ပြားမှမရဘဲ အရှုံးကြီးရှုံးခဲ့ရသူ

shared by knight on 27/12/16 - shwemom.com - အဖွဲ့အစည်း

Marchel Amphoux ဆိုတာက အလွန်ရုပ်ဆိုးတဲ့ အဖိုးကြီးဖြစ်ပါတယ်။ အကြောင်းကတော့ သူရဲ့ ထိုးထိုးထောင်ထောင် သွားတွေကြောင့် သူ့ကို ယူမယ့်သူ မရှိပါဘူး။ ဒါပေမယ့် သူကလည်း ရိုးစင်းစွာနေထိုင်ရင်း တူမလေး လာလာပို့တဲ့ ထမင်းလေး ဟင်းလေးကို စားပြီး အသက်ရှင်နေသူပါ။ မိန်းမလည်း ယူဖို့ စိတ်ကူးရှိသူ မဟုတ်ပါဘူး။

သူခိုး​တွေ​တော့မကြိုက်​ဘူး


Khant Naing

လရဲ့အလင်း​ရောင်​ကို
လူတိုင်းကြိုက်​တယ်
"​အေးမြလို့"
သူခိုး​တွေ​တော့မကြိုက်​ဘူး
"ခိုးမရလို့"
သူခိုး​ဆိုတာ အ​မှောင်​အမိုက်​ကိုပဲ
လိုလားတယ်
ဒါ​ကြောင့်​....
ပြည့်​ပြည့်​ဝန်းဝန်း လကိုမြင်​တိုင်း
စိတ်​ဆိုးတယ်​ ။

Thursday, December 29, 2016

#သေမင်းပွဲစားမှ ကမ္ဘာ့အကျိုး ထမ်းရွက်သူ

#သေမင်းပွဲစားမှ ကမ္ဘာ့အကျိုး ထမ်းရွက်သူ

၁၈၆၄ ခုနှစ်ကပါ။ လူတစ်ယောက်ဟာ ဒိုင်းနမိုက်ဆိုတဲ့ ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းကို တီထွင်လိုက်တယ်။ တနေ့ သူ့စက်ရုံထဲမှာ တခြားပေါက်ကွဲစေနိုင်တဲ့ ဗုံးတွေ စမ်းသပ်နေရင်း ပေါက်ကွဲမှုကြီး ဖြစ်ပွားတယ်။ စက်ရုံက အလုပ်သမား ၄ ယောက်နဲ့ သူ့ညီပါ သေဆုံးသွားကြတယ်။

နောက်တနေ့ထုတ်သတင်းစာတွေမှာ "ဒိုင်းနမိုက်ဘုရင် ကွယ်လွန်ခြင်း" နဲ့ "သေမင်းပွဲစား သေဆုံးခြင်း"လို့ ခေါင်းစဉ်တပ်ထားတဲ့ သတင်းတွေကို ရေးသားဖေါ်ပြကြတယ်။ ဒါပေမဲ့ သေဆုံးသူနာမည်ဟာ သူ့ညီနာမည် မဟုတ်ဘဲ သူ့နာမည် ဖြစ်နေတယ်။ သတင်းစာတွေက သူ့ညီသေတာကို သူသေတယ်ထင်ပြီး ရေးလိုက်တာပါ။

သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်အောင် စွမ်းဆောင်ပေးမယ့် တန်ဖိုးရှိတဲ့ အချက် (၁၀) ချက်

 
သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်အောင် စွမ်းဆောင်ပေးမယ့် တန်ဖိုးရှိတဲ့ အချက် (၁၀) ချက်

လူအများစုဟာ ဒေါ်လာသန်းချီပြီး ပိုက်ဆံရှာနိုင်ဖို့ အရမ်းခက်ခဲတယ်လို့ တွေးထားကြပါတယ်။

ကံအရမ်းကောင်းပြီး ထီတွေပေါက်မှသာ ငွေပမာဏအများကြီးရှာနိုင်မယ်လို့ ထင်တတ်ကြပါတယ်။

ဒါပေမယ့် လက်ရှိ သန်းကြွယ်သူဌေးတွေဟာ သူတို့ရဲ့ ချမ်းသာကြွယ်ဝမှုကို တစ်ညတည်းနဲ့ ပိုင်ဆိုင်ခဲ့ကြတာ မဟုတ်သလို
မတော်တဆ ချမ်းသာသွားတာလည်း မဟုတ်ပါဘူး။

အခုဖော်ပြပေးမယ့် အချက် (၁၀) ချက်ဟာ သင့်ကို သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်လာအောင် အကူအညီပေးပါလိမ့်မယ်။

အောင်မြင်လိုသော်

အောင်မြင်လိုသော်
**********************

တခါတုန်းကသားအဖနှစ်ယောက်ရှိသတဲ့..
အဖေဖြစ်သူကတော့ ..ထမင်းဆိုင်ကြီးတစ်ခုမှာ..စားဖိုမှူးကြီးတဲ့..
သားဖြစ်သူကတော့ ကုမ္မဏီ ဝန်ထမ်းပေါ့ သူတို့ကနှစ်ယောက်ထည်းနေတယ် ..

ခေတ်ကာလလဲကျပ်တော့ သားအဖ နှစ်ယောက် စလုံး အလုပ်လုပ်မှ ..ရပ်တည်နိုင်မှာမလား စားဖိုမှူး ကြီးမိန်းမ ကတော့မရှိရှာတော့ပါဘူး .

စားဖိုမှူး ကြီးကတော့ ပုံမှန်ပါပဲ သူ့အလုပ်လေးသူ လေတချွန်ချွန်နဲ့..လုပ်လိုက် ကြော်စရာလှော်စရာတွေ တရှဲရှဲလုပ်လိုက် အားရင် နောက်ဖေးသွား စီးကရက်ကလေး ဖွာ လိုက်အေးဆေးပဲ ..သူ့အလုပ်က ပုံမှန်ပဲ ဆိုင်ကလဲ သူ့ကိုပဲအားကိုးနေရတာဆိုတော့ အလုပ်လဲများသလို အဆင်လဲပြေပါသတဲ့..

စအိုယားယံခြင်းကို ဖြစ်စေသော တုတ်ကောင်များ

စအိုယားယံခြင်းကို ဖြစ်စေသော တုတ်ကောင်များ
================================
ဆေးပညာအရ အဲဒီတုတ်ကောင်ကို Entrobius vermicularis လို့ခေါ်ပါတယ်။ သူတို့က အူသိမ်၊ အူမကြီးတွေထဲမှာ နေတာပါ။ ဒါပေမဲ့ ညကျမှ စအိုကနေ အပြင်ထွက်ပြီး စအိုဝန်း
ကျင်မှာ အုချတော့တာပါပဲ။ ဥတွေ ထောင်ချီပြီး ဥတော့တာပါ။ တုတ်ကောင်တွေက အူတွေထဲပြန်မ၀င်တော့ဘဲ အပြင်မှာ အုပြီးတာနဲ့ ခြောက်ကပ်ပြီး သေတော့တာပါပဲ။

Off နှင့် ပက်သက်ပြီး အင်္ဂလိပ်စကားပြောကြည့်ရအောင်။


Saya San

Off နှင့် ပက်သက်ပြီး အင်္ဂလိပ်စကားပြောကြည့်ရအောင်။
*****************
• Off you go!
သွားတော့နော်။
• Off we go!
သွားကြမယ်။
• Be off with you!
မျက်စိရှုပ်တယ် သွားစမ်း။
• I'm off now.
ကိုင်း ငါသွားမယ်။

လွယ်လွယ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဖြစ်လာတာ မဟုတ်။မမေ့စေချင်ပါ (၁) (၂) (၃)

 
 
မမေ့စေချင်ပါ (၁) (၂) (၃)
———————
လွယ်လွယ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဖြစ်လာတာ မဟုတ်။

(၁)

ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၈၉ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့ တွင် ဖမ်းဆီးခဲ့ပြီး ၁၉၉၅ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့ တွင် ပြန်လည်လွတ်မြောက်လာခဲ့ပါသည်။ ထို့ နောက် ခြံရှေ့  အမေး- အဖြေ လူထုတွေ့ ဆုံပွဲများ ပြုလုပ်ခဲ့ပါသည်။ တနင်္ဂနွေက နေ့ လည်ဘက် တွေ့ ဆုံပွဲဖြစ်ပြီး စနေက အပတ်စဉ် စာဖတ်ဝိုင်းများ ပြုလုပ်ခဲ့ ပါသည်။ နောက်ပိုင်းတွင် ခြံရှေ့ လူထုနှင့် တွေ့ဆုံ ပွဲကို ခွင့်မပြု ခဲ့တော့ပါ။ စနေ စာဖတ်ဝိုင်း ကတော့ ဟံသာဝတီ ဦးဝင်းတင်၏ အကြံဥာဏ် ဖြစ်မည်ဟု ထင်ပါသည်။ မန္တလေးတွင် ရှိစဉ်ကလည်း စနေ စာဖတ်ဝိုင်း စတင်ပြုလုပ် ခဲ့သဖြင့် ထိုအချိန်က အုပ်ချူ ပ်သူဖြစ်သော ဦးနေဝင်းက ဟံသာဝတီ သတင်းစာကို ရပ်နား ခဲ့ပြီး အလုပ် ပြုတ်ခဲ့ ရခြင်းလည်း ဖြစ်ပေသည်။

* စိတ်ဓာတ်ကြောင့်ဘဝမသေစေနဲ့ *

 
 
* စိတ်ဓာတ်ကြောင့်ဘဝမသေစေနဲ့ *

=======================

အမြင့်ဆုံးကို တက်ချင်တယ်ဆိုပြီး သုံးဆင့်တက်လို့
တဆင့်မျှ ပြန်ကျရုံနဲ့ ငါတက်မနိုင်တော့ဘူးလို့ စိတ်ဓာတ်ကို ပစ်ချလိုက်ရင် အောက်ဆုံးထိ ပြန်ရောက်သွားနိုင်တယ်

မနက်ဖြန်ဆိုတဲ့ ခရီးကို သွားချင်တယ်
အကြောင်းကြောင်းကြောင့် မရောက်ခဲ့လို့ ငါမရောက်
နိုင်တော့ဘူးလို့ မျှော်လင့်ချက်တွေ စွန့်လွှတ်လိုက်ရင်
သင့်အတွက် မနက်ဖြန်ဆိုတာ ပျောက်သွားနိုင်တယ်

"ဘဝနေဝင်ခါနီးပြီ တရားဘာဝနာနဲ့နေချင်ရှာပေမယ့် စားဝတ်နေရေးအတွက် ခုချိန်ထိ ဆင်းဆင်းရဲရဲ ပင်ပင်ပန်းပန်းရှာဖွေနေရတာ ဘာကြောင့်လဲ"

 
 
"ဘဝနေဝင်ခါနီးပြီ တရားဘာဝနာနဲ့နေချင်ရှာပေမယ်
စားဝတ်နေရေးအတွက် ခုချိန်ထိ
ဆင်းဆင်းရဲရဲ ပင်ပင်ပန်းပန်းရှာဖွေနေရတာ ဘာကြောင့်လဲ"
<><><><><>

ဘဝထဲမှာ လူတိုင်းဟာ ဆင်းဆင်းရဲရဲမနေချင်ကြပါဘူး..
အကုန်လုံး ချမ်းချမ်းသာသာပဲ နေချင်ကြတာပါ..
ဒါပေမယ့်လည်း ဆင်းရဲတဲ့သူက ဆင်းရဲနေပြီး
ချမ်းသာတဲ့သူက ချမ်းသာသထက်ချမ်းသာနေကြတာဟာ ဘာကြောင့်လဲဆိုတာ
ဒီနေရာမှာ စဉ်းစားစရာဖြစ်လာပါပြီ..
အကြောင်းကြောင့် အကျိုးဖြစ်ရတယ်ဆိုတာကို
လက်မခံချင်လို့ မရပါဘူး..

***မြန်မာစာကိုကယ်တင်ဖို့ရာ***

***မြန်မာစာကိုကယ်တင်ဖို့ရာ***

ငြိမ်းချမ်းအေး

တိုင်းပြည်မှာ “ဧရာဝတီကိုကယ်တင်ပါ”၊ “ရေဘေးဒုက္ခသည်တွေကိုကယ်တင်ပါ” ကနေနောက်ဆုံး “ပုဂံကိုကယ်တင်ပါ” အထိကယ်တင်စရာတွေကများလှပါတယ်။ ဒီအထဲကလူကြီးများအပြောများလှတဲ့ “မြန်မာစာကိုကယ်တင်ပါ”၊ “လူငယ်တွေ အွန်လိုင်းမှာ မြန်မာစကားကိုဖျက်နေကြတယ်” စတဲ့ ကြားနေရတဲ့ အော့ သံ၊ ဆူသံ၊ ငေါက်သံလေးတွေကိုတော့ နည်းနည်း ပြန်လည်ဆွေးနွေးချင်ပါတယ်။

ရွှေခဲကြက်တူရွေး



Tin Nyunt

ရွှေခဲကြက်တူရွေး
ကြက်တူရွေးတစ်ကောင် လက်ဆောင်ရလာတယ်။ နှုတ်သီးနီနီ တစ်ကိုယ်လုံးအစိမ်း လှတပတလေးမို့ ဂျက်ဆီက အရမ်းကို ချစ်သွားမိတယ်။
“ရွှေခဲလေးရေ”
“ဘာလဲ … သောက်ကောင်မ”
ဂျက်ဆီနည်းနည်း စိတ်ပျက်သွားတယ်။ ကြက်တူရွေးလေးက မကောင်းတဲ့ဝန်းကျင်၊ မကောင်းတဲ့စရိုက် တောထဲမှာ မွေးဖွား ကြီးပြင်းလာပုံရတယ်။
“ရွှေခဲလေး … မမကို အဲဒီလို မပြောနဲ့နော် … ရွှေခဲလေးလို့ခေါ်ရင် … ရှင် … လို့ကောင်းကောင်းပြန်ထူး။ ရွှေခဲလေးရေ”
“ဘာလဲ … သောက်ကောင်မ”
ဂျက်စီက ရွှေခဲကို ပညာပေးဦးမှပဲဆိုပြီးတော့ အဲဒီနေ့ ဘာမှ မကျွေးဘူး။ ရေလည်း မတိုက်ဘူး။ ပစ်ထားလိုက် တယ်။
“ဟဲ့ … သောက်ကောင်မ ငါ့ကို ရေတိုက်”
“ဟဲ့ … သောက်ကောင်မ ငါ့ကို အစာကျွေး”

ကမ္ဘာအရက်ရောဆုံးအားကစားသမား စီရော်နယ်ဒို

ကမ္ဘာအရက်ရောဆုံးအားကစားသမား စီရော်နယ်ဒို

စီရော်နယ်ဒိုလို့ပြောလိုက်ရင် မသိသူမရှိဘူး။ အသက် ၃၁ နှစ်အရွယ် အရင်မန်ယူကစားသမားဟောင်း၊ အခုရီရယ်မက်ဒစ်ရယ်တိုက်စစ်မှူးနဲ့ပေါ်တီဂူအသင်းခေါင်းဆောင်။ ကမ္ဘာကျော်ဘောလုံးသမား၊ ကွင်းထဲမှာပရိသတ်ကိုဖမ်းစားလို့မ၀ဘူး။ ကွင်းပြင်မှာ ပရိသတ်ကို ဖမ်းစားနိုင်တဲ့ ဘောလုံးသမား။ အခုလည်း ကမ္ဘာသူကမ္ဘာသားတွေရဲ့ အသည်းနှလုံးကို သိမ်းပိုက်လိုက်ပြန်ပြီ။

လက်ရှိမှာ ကိုယ်အကြိုက်ဆုံး ဘောလုံးသမားဖြစ်တဲ့ ရော်နယ်ဒိုက အခုလိုစိတ်ဓာတ်မြင့်မြတ်တာသိရတော့ ပိုလို့တောင် အားပေးမိပါတယ်။

Wednesday, December 28, 2016

ကျမ နေ့တိုင်းဖတ်ဖို့....

ကျမ နေ့တိုင်းဖတ်ဖို့....
___________________
(1)

မိန်းမတစ်ယောက်ဟာ ... ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ရမယ်။
ကိုယ်ပိုင်အတွေးအခေါ်နဲ့ ကိုယ့်ဘဝကို ပဲ့ကိုင်နိုင်ရမယ်။
ယောကျာ်း ယူသည်ဖြစ်စေ .. မယူသည်ဖြစ်စေ ... ဘဝမှာ ယောကျာ်းဆိုတာ ကိုယ့်အတွက် မရှိမဖြစ် ဆိုတဲ့ စိတ်ဓါတ်မျိုးကို ဖျောက်ဖျက်ပစ်နိုင်ရမယ်။
ယောကျာ်းတစ်ယောက် ပေးသွားတဲ့ သင်ခန်းစာကို ဘဝရဲ့ တိုးတက်မှုအတွက် ပြောင်းလဲပစ်ရမယ်။
တမြေ့မြေ့ခံစားပြီး ကြေကွဲတမ်းတ မနေရဘူး။

ဘ၀ မြေသြဇာ


သုတဇုန် added 4 new photos.

ဘ၀ မြေသြဇာ
==========
ဘာသာပြန် - နိုင်းနိုင်းစနေ
တစ်ခါက ကလေးငယ်တစ်ဦးသည် သူ့ကိုယ်သူ ကမ္ဘာပေါ်တွင် ကံအဆိုးဆုံး ကလေးဟု ထင်နေသည်။ အကြောင်းမှာ သူတွင် ကျောရိုးနာ ရောဂါကြောင့် ခြေထောက် မသန်စွမ်း ဖြစ်ခဲ့ရပြီး သွားများလည်း အထပ်ထပ် မညီမညာ ပေါက်နေသောကြောင့်ဖြစ်သည်။ သူသည် အခြားကလေး သူငယ်များနှင့် ပျော်ပါး ဆော့ကစားခြင်း မရှိဘဲ တဦးတည်း ထီးထီးနေတတ်သည်။ ဆရာ စာမေးတိုင်းလည်း ပြန်ဖြေခြင်း မရှိ ခေါင်းငုံ့ကာ နေတတ်သူဖြစ်သည်။

အလုပ်မှာ တိုက်ခိုက်နေသူတွေကို တုံ့ပြန်နည်း (၆) နည်း



လုပ်ငန်းခွင်မှာ၊ ကုမ္ပဏီမှာ၊ ကျောင်းမှာ ၊အဖွဲ့အစည်းတစ်ခုခုအတွင်းမှာ အကြောင်းရေရေရာရာမရှိဘဲ လိုက်လံတိုက်ခိုက်နေသူတွေရှိတတ်ပါတယ်။ ဒီလိုလူမျိုးတွေကို တုံ့ပြန်ဖို့နည်းလမ်းတွေဖြစ်ပါတယ်။

၁ - မတုံ့ပြန်နဲ့
ဘာပြောပြော ဂရုမစိုက်ပါနဲ့။

ကရင် ဆိုတာ



အောင်ကောင်းစံ added 4 new photos.

ကရင် ဆိုတာ
-------
ကရင်ဆိုတဲ့အမည်ဟာ မြန်မာတို့က ခေါ်ဝေါ်တဲ့ အမည်တာ ဖြစ်ပါတယ် ။ အမှန်မှာတော့အဲ့ဒီ့ကိစ္စနဲ့ပတ်သတ်လို့ အဓိပ္ပါယ်အရင်းအမြစ်ကို အတိအကျ မသိရှိကြပါဘူး ။ ယူဆထားကြတာကို ပြောရရင်တော့ ကမ်းယံဆိုတဲ့ ဝေါဟာရ ဗေါ်ညိုကျွန်းရှိ ဒယက်လူမျိုးတစ်မျိုးရဲ့ အမည်ဖြစ်တဲ့ ကယန်ဟူသော ဝေါ်ဟာရ တိဗက် မြန်မာ အစုဝင်တို့ တရုတ်ပြည်မှာရှိစဉ် ခေါ်ဝေါ်တဲ့ " ချန် " ဆိုတဲ့ အမည်ဝေါ်ဟာရကနေ ဆင်းသက်လာတဲ့ အမည်ဖြစ်လိမ့်မယ်လို့ ဒီလို ဆိုကြပါတယ်။ ကရင်တွေဟာ အမျိုးအလိုက် ခေါ်ဝေါ်တဲ့အမည်ရှိတဲ့အလျှောက် ကရင်နီတွေဟာ မိမိကိုယ်ကိုမိမိ ကယားဆိုပြီး ခေါ်ဝေါ်ကြပါတယ် ။ ကရင်ဝေါဟာရနဲ့ကယားဝေါဟာရဟာ နီးစပ်လျက်ရှိတယ် ။

ဖော်မလင်နှင့် လူသား အန္တရာယ်

ဖော်မလင်နှင့် လူသား အန္တရာယ်

ဖော်မလင်ဓာတုဆေးဝါးကို အသား ငါး၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ လူသေကောင်တွေမပုပ်မသိုးစေဖို့ အသုံးပြုရာကနေ အခုနောက်ပိုင်းမှာ မုန့်တီ၊ မုန့်ဖတ်နဲ့ ပဲပြားတွေမှာပါ ဖော်မလင်ဆေးကို အသုံးပြုထားတာ တွေ့လာရပါတယ်။ ဒီလိုတွေ့ရှိခဲ့ရင် ၁၉၇၂ ပြည်သူ့ကျန်းမာရေးဥပဒေ၊ ၁၉၉၇ ခုနှစ်အမျိုးသား အစားအသောက် ဥပဒေ၊ စားသုံးသူကာကွယ်ရေးဥပဒေ သုံးရပ်ပါသတ်မှတ်ထားတဲ့အတိုင်း ထောင်ဒဏ် သုံးနှစ်ကနေ ငါးနှစ်အထိ ချမှတ်နိုင်ကြောင်းကိုလည်း သိရပါတယ်။

မကြာခဏမြင်နေရတဲ့ @ ဆိုတာဘာလဲ

မကြာခဏမြင်နေရတဲ့ @ ဆိုတာဘာလဲ

==========================

အီးမေးလ်လိပ်စာများမှာပါတဲ့ အင်္ဂလိပ်အက္ခရာ အေ ကို ၀ိုင်းထားတဲ့ ဟာလေးကို ခေါ်ကြတာတော့ @ " at sign" ဖြစ်ပါတယ်။

ဒါပေမယ့်သူမှာလည်းသမိုင်းကြောင်းလေးနဲ့ပါ။ ဘာပုံနှိပ်စက်များမှ မပေါ်ခင်မှာ ဟိုးအရင်တုန်းကပေါ့။ စာသမားပေသမားများဟာ ဘာသာရေးနဲ့ ပတ်သက်တဲ့ စာတွေ ရေးကြပြီဆိုရင် လက်ကိုဘဲ အသုံးပြုကြရတယ်။ အဲ့ဒီ အခါမှာ အင်္ဂလိပ်စာလုံးကို ရေးတဲ့ အခါ အတွန့်အတက်တွေနဲ့ပေါ့ ။ ကျွန်တော်တို့ မြန်မာလိုဆို ပန်းစာလုံးပုံစံမျိုးလေးတွေပါ။ လှလှပပပေါ့။ အဲလို ရေးတဲ့ အခါမှာ at ဆိုတဲ့စာလုံးကို အတွန့် အတက်များနဲ့ ရေး တဲ့ အခါ a ကို ရေးပြီးတာနဲ့ t ကိုသီးခြားမရေးတော့ဘဲ a ကနေ တဆက်တည်း ပြန်ဝိုင်းလိုက်တယ်။ at ဟာ အများသုံးစာ လုံးဖြစ်တာကတစ်ကြောင်း သူ့ကို ဒီအတိုင်းရေးရင် ( a + ထောင်လျက်+အချောင်း+ မျဉ်းတို) လို့ သုံးကြိမ် ရေးရတာကို တကြိမ်တည်း နဲ့ ရေးလိုက်ရာကနေ ပုံသေစာလုံး တစ်လုံးဖြစ်လာလို့ဆိုကြပါတယ်။

လျှို့ဝှက်စာ


Khin May Wynn

#လျှို့ဝှက်စာ
____________
ခွေးသေ၀က်သေ သေကြရတာတွေ
ခွေးလိုဝက်လို နေကြရတာတွေ
ဒါဟာ ဘ၀ပဲ
ဒါဟာလောကဓံပဲ
ဒါဟာ အတိတ်ကံပဲ
ဒါဟာ ပယောဂပဲ လို့
ရွာခေါင်ခေါင်က ရွှေကျောင်းပြောင်ပြောင်မှာ အိုင်ဖုန်းလေးပွတ်ရင်း
ဟောကြားသွားတဲ့ ဆရာတော်ဘုရားရဲ့သင်္ခါရတရားမှာ
နေတတ် ကျေနပ် အသေမြတ်လိုက်ကြတယ်
ပလက်ဖေါင်းခေါင်းအုံးနေတဲ့ ဗေဒင်ဆရာဆီမှာ
ဘ၀ရှေ့ရေး အဖြေရှာလိုက်ကြတယ်

အထင်နှင့်အမြင်

အထင်နှင့်အမြင်
✿✿✿✿✿✿✿

တခါက ဆင်းရဲသားရပ်ကွက် ထဲကို အပျိုကြီးတစ်ယောက် အိမ်ပြောင်းလာတယ် ။ သူပြောင်းလာတဲ့ အိမ်ဘေး ကပ်ရပ်မှာ ဆင်းရဲနုံချာတဲ့မိသားစုလေးတစု ရှိပါတယ် ။
မုဆိုးမတစ်ယောက်နဲ့ သူ့ကလေးနှစ်ယောက်ပေါ့..

အပျိုကြီးက "မတတ်နိုင်ဘူးလေ..ဒီနေရာရောက်မှတော့..
ဒီလိုလူမျိုးတွေနဲ့ ပတ်သတ်ရဦးမှာပေါ့.."
လို့ သူ့ဘာသာတွေးပြီး စိတ်ပျက်သွားမိတယ်။