Myanmar Model Girls added 6 new photos.
လင်းလင်း ပြောတဲ့ အလှူ အကြောင်း
( ဆုံးအောင် ဖတ်ပေးပါ )
ဒီနေ့ မန်လေးရောက်တုန်း ဟိုးအရှေ့ ရေတံခွန်တောင်ကနေ ထပ်တက်သွားရတဲ့ ထူးမတောင် အပေါ်ဆုံးနားမှာ မနှစ်က ကျနော်တို့ သူငယ်ချင်းရောင်းရင်းတွေ စုပေါင်းမတည်ပြီး အကောင်အထည်ဖော်ခဲ့တဲ့ ဘိုးဘွားရိပ်သာ ( စွန့်ပစ် ဘိုးဘွားရိပ်သာဆို ပိုမှန်ပါလိမ့်မယ် ) သွားရောက်ဖြစ်ပါတယ်,, စိတ်မကောင်းခြင်းများစွာ, မျက်ရည်ဝဲ , ခံစားချက် မျိုးစုံဖြစ်ရပါတယ်, ဘိုးဘွား ၄၇ ယောက်လောက်ရှိနေပါပြီ , အများစုက စွန့်ပစ်ခံပြီး နေစရာမရှိဘဲ လျှောက်သွားနေတဲ့ ဘိုးဘွားတွေများပါတယ်, ၉၊၁၀ တန်း အင်္ဂလိပ်စာ ကျောင်းဆရာကြီး ဦးညွန့်မောင်လဲ မျက်စိကွယ်ပြီး ရောက်နေပါတယ်, မန်လေးမှာ တော်တော်များများသိတဲ့ 'ဟယ်လိုဟယ်လို' အော်ပြီး လျှောက်သွားနေတဲ့ အဘွားအိုလဲ ရောက်နေပါပြီ, ဈေးချိုတစ်ဝိုက် ဆာလာအိတ်လွယ်ပြီး စကားတွေပြော လျှောက်သွားနေတဲ့ စိတ်သိပ်မနှံ့ရှာတဲ့ အဘွားလဲ ရောက်နေပါပြီ
(လောလောဆယ် ကျန်းမာရေးမကောင်းပါဘူး), နှလုံးဖောက်ပြီး နောက်ဆုံးအချိန်စောင့်နေတဲ့ အဘွားအိုလဲတွေ့ပါတယ်, ဘေးနားမှာ သူ့ခင်ပွန်းအဘိုးအိုက မျက်ရည်ဝဲပြီး ယပ်ခတ်ပေးနေရှာပါတယ်, ရောဂါဆိုးတစ်ခုနဲ့ဖြတ်ထားတဲ့ ခြေထောက်ထပ်ပြီးနဲနဲထပ်ဖြတ်ဖို့လိုလို့စောင့်နေတဲ့ အဘွားအိုလဲ ရှိနေပါတယ်ဗျ, ပြောရမယ်ဆိုရင် အများကြီးရှိပါသေးတယ်, အများစုက လမ်းမလျှောက်နိုင်တဲ့ ဘိုးဘိုးဘွားဘွားတွေများပါတယ်,
ကျနော်နဲ့ ထရီဇာ လင်မယားနှစ်ယောက် အခု အဆောင်ထပ်လိုလို့ ၂၅ပေ , ပေ၁၀၀ သိန်း၁၅၀ ခန့်ကုန်ကျမယ့်အဆောင်တစ်ခု လှူဖြစ်ပါတယ်, ငွေသားမဟုတ်ဘဲ ဆောက်လုပ်ရေးခေါ်ပြီး တစ်ခါထဲ ဆောက်လှူမှာပါ, မျက်ရည်ချူတာမဟုတ်ပါဘူး, ကြွားဝါတာ မဟုတ်ပါဘူး , like၊share မလုပ်လဲရပါတယ်, တစ်ခုလေးဘဲတောင်းဆိုချင်ပါတယ်, ဒါလေးဖတ်ပြီးတာနဲ့ နီးစပ်ရာကုသိုလ်ယူမယ့် ပုဂ္ဂိုလ်တွေကို အသိပေးပြီး ကိုယ်တိုင်ကိုယ်ကျ သွားလှူဖို့တိုက်တွန်းပါရစေ, လိုအပ်မှုများစွာရှိနေပါသေးတယ်,
ဘိုးဘွားရိပ်သာကို ဆရာတော်ဦးဇင်းတွေ က YGW ( yello generation wave ) နာမည်နဲ့ ဦးစီးဦးဆောင်လုပ်နေပါတယ်, မြို့တော်တော်များများလဲ အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်, ဆရာတော်တွေက ဘာသာလူမျိုး မခွဲခြားဘဲ တစ်နိုင်ငံလုံး ဘယ်မြို့ကဖြစ်ဖြစ် စွန့်ပစ်ခံဘိုးဘွားတွေကို ဆက်သွယ်အသိပေးတာနဲ့ လိုက်ခေါ်ပါတယ်, လာပို့တဲ့လူ ရှိရင်လဲ လက်ခံပါတယ်, ဘိုးဘွာတင်မက စွန့်ပစ်ခံ ကလေးတွေကိုလဲ လက်ခံပါတယ်,
( ကဲ မိန်းမရေ ,, ညည်းကိုမတိုင်ပင်ဘဲ အလှူတစ်ခုလုပ်လိုက်ပြီ, ညည်းလဲ နှစ်ခါမပြောရဘူးဆိုတာသိပြီးသားပါ, ညည်းကိုကျုပ်ခနခနပြောတာ မှတ်မိလား, ကျုပ်တို့တွေ ကားကောင်းတွေစီး တိုက်ကြီးပေါ်နေပြီး ကြုံရတဲ့ ဘဝအပူကဘာမို့လို့လဲကွာနော်, ဒီနိုင်ငံမှာ ဘဝဆိုးအပူ မျိုးစုံနဲ့ လူတွေအများကြီးရှိသေးတယ်လေ နော် )
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။